အားရပါးရငိုတာ ကျန်းမာရေးကောင်းတယ်တဲ့လား

အားရပါးရငိုတာ က်န္းမာေရးေကာင္းတယ္တဲ့လား

ဒီေလာကမယ္ ေယာက်ာ္းမိန္းမအယုတ္အလတ္အျမတ္မေရြး မငိုဖူးတဲ့သူရယ္လို႔ေတာ့ ရိွၾကမယ္မထင္ပါဘူး။လူ႕ေလာကၾကီးကို စဝင္ကတည္းကိုက အူဝဲ ဆိုတဲ့ငိုသံေလးနဲ႔ပဲ မဟုတ္လား။အဲဒီကစလို႔ ကေလးဘဝကေန လူၾကီးျဖစ္တဲ့အထိ အမ်ိဳးမ်ိဳးေသာအေၾကာင္းေတြနဲ႔ ငိုလာလိုက္ၾကတာ ရည္းစားနဲ႔ျပတ္လို႔ အလုပ္အဆင္မေျပလို႔ အေမဆူလို႔ စသျဖင့္ေပါ့။ေနာက္ဆံုး  ရုပ္ရွင္ထဲမယ္ မင္းသားေသလို႕ မင္းသမီးနဲ႔ကြဲလို႔ ဆိုျပီးေတာင္ ငိုၾကီးခ်က္မေတြျဖစ္ၾကရေသးတယ္ မဟုတ္လား။မ်က္ရည္က်တာဟာ ခင္ဗ်ားကို မ်က္လံုးေတြနီရဲမို႔အစ္ေနယံုပဲ ျဖစ္ေစတယ္ထင္ေနရင္ေတာ့ မွားသြားပါလိမ့္မယ္။မ်က္ရည္က်ျခင္းေၾကာင့္ ရနိုင္တဲ့က်န္းမာေရးဆိုင္ရာ အက်ိဳ းေက်းဇူးေတြ ရိွပါသတဲ့ဗ်ာ။ကဲ ဖတ္ၾကည့္ရေအာင္။

တနွစ္တႏွစ္ကို ခင္ဗ်ားဟာ မ်က္ရည္ဂါလံ ၃၀ ေလာက္ ပံုမွန္က်ေလ့ရိွျပီး တရက္ခ်င္းေျပာမယ္ဆိုရင္ေတာ့ တေန႔ ၁၀ ေအာင္စ ေလာက္ ရိွပါသတဲ့။တေန႔တေန႔ ၁၀ ေအာင္စ ေလာက္ ငိုေနတာေတာ့ ဘယ္ဟုတ္ပါ့မလဲ။ပံုမွန္မ်က္ေတာင္ခတ္တာေၾကာင့္ ထြက္တဲ့မ်က္ရည္ ဖုံမႈန္႔ဘာညာဝင္တာေၾကာင့္ျပန္လည္တံု႔ျပန္လို႔ထြက္တဲ့မ်က္ရည္ နဲ႔ စိတ္ခံစားမႈေၾကာင့္က်တဲ့မ်က္ရည္ သံုးမ်ိဳးေပါင္းကို ေျပာတာပါ။ဒီေဆာင္းပါးမွာအဓိကေျပာခ်င္တာက စိတ္ခံစားမႈေၾကာင့္ၾကတဲ့မ်က္ရည္ေပါ့။Emotional tear လို႔ေခၚပါတယ္။

Sharon Martin လို႔ ေခၚတဲ့ စိတ္ေရာဂါကုပညာရွင္တစ္ေယာက္က အားရပါးရ စိတ္ပါလက္ပါ ငိုတာဟာ ေကာင္းတဲ့အခ်က္ေတြအမ်ားၾကီးရိွတယ္လို႔ ေျပာပါတယ္။ငိုေၾကြးျခင္းဟာ မေကာင္းတဲ့အရာေတြကို သြန္ထုတ္လႊင့္ပစ္လိုက္ျပီး ေကာင္းမြန္တဲ့အသစ္အသစ္ေတြအတြက္ ေနရာရေစပါတယ္။တခ်ိဳ႕က ငိုရတာ ရွက္စရာလို႕ထင္တတ္ပါတယ္။အထူးသျဖင့္ လူထူထူရိွတဲ့ေနရာမ်ိဳးေတြမွာေပါ့။တကယ္က ငိုေၾကြးတယ္ဆိုတာ ပံုမွန္အရာတခုသာျဖစ္ျပီး ဘာေၾကာင့္မွရွက္စရာ မလိုပါဘူး။

ဒါေၾကာင့္ တစ္ရႈးေကာင္းေကာင္းတစ္ဘူးေလာက္ အနားမွာေဆာင္ထားျပီး ငိုစရာရိွရင္ အားရေအာင္သာ ငိုပစ္လိုက္ပါ။ျပီးရင္ ခု က်ေနာ္ေျပာျပမဲ့ ငိုေတာ့ဘာေတြေကာင္းသလဲဆိုတာကို ေသခ်ာဖတ္ၾကည့္ေပါ့။

၁။အဆိပ္အေတာက္မ်ားကင္းစင္ေစျခင္း

အားရပါးရ ငိုပစ္လိုက္ရင္ စိတ္ထဲမွာေပါ့သြားရွင္းသြားတတ္တာ သိၾကမွာပါ။တကယ္ေတာ့ အဲ့ဒီေလာက္တင္မကပါဘူး။ငိုေၾကြးျခင္းဟာ ခႏၶာကိုယ္ကိုက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးနိုင္ပါသတဲ့။အသက္ရႈထုတ္ျခင္း ဆီးသြားျခင္း ေခြ်းထြက္ျခင္းစတဲ့ျဖစ္စဥ္ေတြလိုပဲ ငိုေၾကြးျခင္းဟာ ခႏၶာကိုယ္ကမလိုအပ္တာေတြကို စြန္႔ထုတ္ေစပါတယ္။

၂။ဘက္တီးရီးယားမ်ားကို ေသေစျခင္း

မ်က္ရည္ဟာ ဘက္တီးရီးယားေတြကိုေတာင္ ေသေစပါသတဲ့။သူ႔မွာပါတဲ့ lysozyme ဆိုတဲ့ဓာတ္ဟာ ဘက္တီးရီးယား ၉၀ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ကို ငါးမိနစ္ကေန ဆယ္မိနစ္အတြင္းေသေစနိုင္တဲ့ အစြမ္းရိွပါတယ္။

၃။အျမင္အာရံုပိုေကာင္းေစျခင္း

မ်က္ရည္ဟာ မ်က္လံုးနဲ႔မ်က္ခြံေတြေကာင္းေကာင္းအလုပ္လုပ္နိုင္ဖို႔ လိုအပ္တဲ့ေခ်ာဆီတမ်ိဳးပါပဲ။မ်က္လံုးမွာေရဓာတ္ခမ္းေျခာက္ရင္ အျမင္ေတြေဝဝါးလာတတ္ပါတယ္။ဒါ့အျပင္ မ်က္ရည္ဟာ မ်က္လံုးအိမ္ကိုေခ်ာေမြ႕ေစျပီး အမႈန္အမႊားေတြသန္႕စင္ေစပါတယ္။

၄။စိတ္ဖိစီးမႈေလ်ာ့က်ေစျခင္း

စိတ္ေတြအရမ္းတင္းၾကပ္ေနတဲ့အခါမ်ိဳးမွာ အားပါးတရငိုခ်လိုက္တာမ်ိဳးက အမ်ားၾကီးသက္သာရာရေစပါတယ္။အနည္းဆံုးေတာ့ အုတ္နံရံကိုလက္သီးနဲ႔ထိုးတာ ခံစားခ်က္ေတြကိုရင္ထဲမွာထည့္သိမ္းထားတာေတြထက္ ငိုလိုက္တာက ပိုသာပါတယ္။အနာတရလည္း မျဖစ္ဘူး။ေခါင္းကိုက္တာ ေသြးတိုးတာေတြလည္း မျဖစ္ေတာ့ဘူးေပါ့။မေကာင္းတဲ့အရာေတြကို ခႏၶာကိုယ္ကေန သြန္ခ်လိုက္တဲ့သေဘာမ်ိဳးပါပဲ။

ဒါေၾကာင့္ ငိုစရာရိွရင္ အားပါးတရငိုခ်လိုက္တာဟာ စိတ္ပိုင္းဆိုင္ရာအရေရာ ရုပ္ပိုင္းဆိုင္ရာအရပါ အက်ိဳးရိွေၾကာင္း ေျပာလိုက္ပါရေစ။

Dr.KG

Unicode Version

အားရပါးရငိုတာ ကျန်းမာရေးကောင်းတယ်တဲ့လား

ဒီလောကမယ် ယောကျာ်းမိန်းမအယုတ်အလတ်အမြတ်မရွေး မငိုဖူးတဲ့သူရယ်လို့တော့ ရှိကြမယ်မထင်ပါဘူး။လူ့လောကကြီးကို စဝင်ကတည်းကိုက အူဝဲ ဆိုတဲ့ငိုသံလေးနဲ့ပဲ မဟုတ်လား။အဲဒီကစလို့ ကလေးဘဝကနေ လူကြီးဖြစ်တဲ့အထိ အမျိုးမျိုးသောအကြောင်းတွေနဲ့ ငိုလာလိုက်ကြတာ ရည်းစားနဲ့ပြတ်လို့ အလုပ်အဆင်မပြေလို့ အမေဆူလို့ စသဖြင့်ပေါ့။နောက်ဆုံး  ရုပ်ရှင်ထဲမယ် မင်းသားသေလို့ မင်းသမီးနဲ့ကွဲလို့ ဆိုပြီးတောင် ငိုကြီးချက်မတွေဖြစ်ကြရသေးတယ် မဟုတ်လား။မျက်ရည်ကျတာဟာ ခင်ဗျားကို မျက်လုံးတွေနီရဲမို့အစ်နေယုံပဲ ဖြစ်စေတယ်ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။မျက်ရည်ကျခြင်းကြောင့် ရနိုင်တဲ့ကျန်းမာရေးဆိုင်ရာ အကျို းကျေးဇူးတွေ ရှိပါသတဲ့ဗျာ။ကဲ ဖတ်ကြည့်ရအောင်။

တနှစ်တနှစ်ကို ခင်ဗျားဟာ မျက်ရည်ဂါလံ ၃၀ လောက် ပုံမှန်ကျလေ့ရှိပြီး တရက်ချင်းပြောမယ်ဆိုရင်တော့ တနေ့ ၁၀ အောင်စ လောက် ရှိပါသတဲ့။တနေ့တနေ့ ၁၀ အောင်စ လောက် ငိုနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ပုံမှန်မျက်တောင်ခတ်တာကြောင့် ထွက်တဲ့မျက်ရည် ဖုံမှုန့်ဘာညာဝင်တာကြောင့်ပြန်လည်တုံ့ပြန်လို့ထွက်တဲ့မျက်ရည် နဲ့ စိတ်ခံစားမှုကြောင့်ကျတဲ့မျက်ရည် သုံးမျိုးပေါင်းကို ပြောတာပါ။ဒီဆောင်းပါးမှာအဓိကပြောချင်တာက စိတ်ခံစားမှုကြောင့်ကြတဲ့မျက်ရည်ပေါ့။Emotional tear လို့ခေါ်ပါတယ်။

Sharon Martin လို့ ခေါ်တဲ့ စိတ်ရောဂါကုပညာရှင်တစ်ယောက်က အားရပါးရ စိတ်ပါလက်ပါ ငိုတာဟာ ကောင်းတဲ့အချက်တွေအများကြီးရှိတယ်လို့ ပြောပါတယ်။ငိုကြွေးခြင်းဟာ မကောင်းတဲ့အရာတွေကို သွန်ထုတ်လွှင့်ပစ်လိုက်ပြီး ကောင်းမွန်တဲ့အသစ်အသစ်တွေအတွက် နေရာရစေပါတယ်။တချို့က ငိုရတာ ရှက်စရာလို့ထင်တတ်ပါတယ်။အထူးသဖြင့် လူထူထူရှိတဲ့နေရာမျိုးတွေမှာပေါ့။တကယ်က ငိုကြွေးတယ်ဆိုတာ ပုံမှန်အရာတခုသာဖြစ်ပြီး ဘာကြောင့်မှရှက်စရာ မလိုပါဘူး။

ဒါကြောင့် တစ်ရှုးကောင်းကောင်းတစ်ဘူးလောက် အနားမှာဆောင်ထားပြီး ငိုစရာရှိရင် အားရအောင်သာ ငိုပစ်လိုက်ပါ။ပြီးရင် ခု ကျနော်ပြောပြမဲ့ ငိုတော့ဘာတွေကောင်းသလဲဆိုတာကို သေချာဖတ်ကြည့်ပေါ့။

၁။အဆိပ်အတောက်များကင်းစင်စေခြင်း

အားရပါးရ ငိုပစ်လိုက်ရင် စိတ်ထဲမှာပေါ့သွားရှင်းသွားတတ်တာ သိကြမှာပါ။တကယ်တော့ အဲ့ဒီလောက်တင်မကပါဘူး။ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်ကိုက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါသတဲ့။အသက်ရှုထုတ်ခြင်း ဆီးသွားခြင်း ချွေးထွက်ခြင်းစတဲ့ဖြစ်စဉ်တွေလိုပဲ ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်ကမလိုအပ်တာတွေကို စွန့်ထုတ်စေပါတယ်။

၂။ဘက်တီးရီးယားများကို သေစေခြင်း

မျက်ရည်ဟာ ဘက်တီးရီးယားတွေကိုတောင် သေစေပါသတဲ့။သူ့မှာပါတဲ့ lysozyme ဆိုတဲ့ဓာတ်ဟာ ဘက်တီးရီးယား ၉၀ ရာခိုင်နှုန်းကျော်ကျော်ကို ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်းသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

၃။အမြင်အာရုံပိုကောင်းစေခြင်း

မျက်ရည်ဟာ မျက်လုံးနဲ့မျက်ခွံတွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ချောဆီတမျိုးပါပဲ။မျက်လုံးမှာရေဓာတ်ခမ်းခြောက်ရင် အမြင်တွေဝေဝါးလာတတ်ပါတယ်။ဒါ့အပြင် မျက်ရည်ဟာ မျက်လုံးအိမ်ကိုချောမွေ့စေပြီး အမှုန်အမွှားတွေသန့်စင်စေပါတယ်။

၄။စိတ်ဖိစီးမှုလျော့ကျစေခြင်း

စိတ်တွေအရမ်းတင်းကြပ်နေတဲ့အခါမျိုးမှာ အားပါးတရငိုချလိုက်တာမျိုးက အများကြီးသက်သာရာရစေပါတယ်။အနည်းဆုံးတော့ အုတ်နံရံကိုလက်သီးနဲ့ထိုးတာ ခံစားချက်တွေကိုရင်ထဲမှာထည့်သိမ်းထားတာတွေထက် ငိုလိုက်တာက ပိုသာပါတယ်။အနာတရလည်း မဖြစ်ဘူး။ခေါင်းကိုက်တာ သွေးတိုးတာတွေလည်း မဖြစ်တော့ဘူးပေါ့။မကောင်းတဲ့အရာတွေကို ခန္ဓာကိုယ်ကနေ သွန်ချလိုက်တဲ့သဘောမျိုးပါပဲ။

ဒါကြောင့် ငိုစရာရှိရင် အားပါးတရငိုချလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အကျိုးရှိကြောင်း ပြောလိုက်ပါရစေ။

Dr.KG