ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အစားအစာ ၆ ခု

ဘယ္ေတာ့မွ အစိမ္းမစားသင့္တဲ့ အစားအစာ ၆ ခု

အသားအစိမ္းေတြ ၾကက္ဥအစိမ္းေတြ မစားသင့္မေသာက္သင့္ဘူးဆိုတာကို သိတဲ့သူေတြ အမ်ားၾကီးရိွၾကပါလိမ့္မယ္။ဒါေပမဲ့ မစားခင္ ခ်က္ျပဳတ္ျပီးမွ စားသင့္တဲ့ အျခားအစားအစာေတြ ရိွပါေသးတယ္။တခ်ိဳ႕အစားအစာေတြကို သိရရင္ ခင္ဗ်ား အံ့ေတာင္အံ့ၾသသြားနိုင္ပါတယ္။

၁)အာလူး

အာလူးကို ဘယ္ေတာ့မွ အစိမ္း မစားသင့္ပါဘူး။ရင္ျပည့္ရင္ကယ္တာ နဲ႔ အစာမေၾကတဲ့ျပသနာေတြ ျဖစ္နိုင္တယ္။အာလူးတုတ္ထိုးဆိုလည္း က်က္ေနေအာင္ ျပဳတ္ထားမွ စားသင့္ပါတယ္။အာလူးမွာပါတဲ့ ကစီဓာတ္ေတြက က်က္ေအာင္ခ်က္ျပဳတ္မွ ျပိဳကြဲနိုင္တာမို႔ပါ။ပိုေၾကာက္ဖို႔ေကာင္းတာတခု ရိွပါေသးတယ္။အာလူးအစိမ္းဟာ ေႏြးေထြးစိုစြတ္တဲ့ေနရာမွာထားတာၾကာသြားရင္ အစိမ္းေရာင္ေျပာင္းသြားျပီး Solanine လို႔ေခၚတဲ့ အဆိပ္တခု ျဖစ္လာပါတယ္။တကယ္လို႔ အာလူးေပၚမွာ အစိမ္းေရာင္ အကြက္ေတြ ေတြ႕ရင္ လံုးဝမစားသင့္ပါဘူး။Solanine က အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစနိုင္ပါတယ္။

၂)ေျမေထာက္နီပဲ(သို႔မဟုတ္)kidney beans

ဒီ ပဲကလည္း က်န္းမာေရးအတြက္ေကာင္းေပမဲ့ စားပံုစားနည္း မမွန္ရင္ ဒုကၡေပးနိုင္ပါတယ္။အသားဓာတ္ အမွ်င္ဓာတ္ေတြ ၾကြယ္ဝစြာပါဝင္တဲ့ ေျမေထာက္နီပဲဟာ အစိမ္းစားမိမယ္ဆိုရင္ေတာ့ အစာအိမ္ကို ရွယ္ဒုကၡေပးပါလိမ့္မယ္။က်က္ေအာင္ ခ်က္ျပဳတ္မထားတဲ့ ေျမေထာက္နီပဲမွာ phytohemagglutinin ဆိုတဲ့ အဆိပ္ဓာတ္ပါျပီး ဗိုက္ေအာင့္ဗိုက္နာမအီမသာစတဲ့ အစာအဆိပ္သင့္တဲ့ျပသနာေတြျဖစ္ေစပါတယ္။ဒါေၾကာင့္ မစားခင္မွာ ဒီပဲကို အနည္းဆံုး ဆယ္မိနစ္ေလာက္ ျပဳတ္ဖို႔ေတာ့ လိုပါလိမ့္မယ္။

၃)ေဟာ့ေဒါ့အသားေခ်ာင္း

သိတဲ့အတိုင္း ဒီအသားေခ်ာင္းေတြက အာဟာရသိပ္ရတဲ့အထဲ မပါပါဘူး။ဒါေပမဲ့ အစိမ္းစားမိရင္ေတာ့ ဒုကၡေရာက္နိုင္ပါတယ္။ဒီကလူေတြ မွားေနတာတခုက အဲဒီ အကင္ေခ်ာင္းေတြကို အစိမ္းစားလို႔ရတယ္လို႔ထင္ေနတာပါပဲ။အက်က္ေတြလို႔ ထင္ေနတတ္ၾကတယ္။တျခားနိုင္ငံ FDA ေတြရဲ႕အဆိုအရ ထုပ္ပိုးျပီးသား အသားေခ်ာင္းေတြမွာListeria လို႔ေခၚတဲ့ ဘက္တီးရီးယားေတြ တြယ္ကပ္ေနတတ္ပါတယ္။ဒီဘက္တီးရီးယားေတြ ေသသြားေအာင္က မစားခင္မွာ  ျပန္ျပီးအပူေပးတာ ေၾကာ္တာ ကင္တာေတြ လုပ္ဖို႔လိုပါလိမ့္မယ္။

၄)ႏြားနို႔

ႏြားနို႔အစိမ္းဆိုတာ ႏြားမဆီကေန ဒီအတိုင္းညွစ္ထားျပီး သန္႔စင္ေအာင္က်ိဳခ်က္ထားျခင္းမရိွေသးတဲ့နို႔ကို ဆိုလိုပါတယ္။သူ႕မွာ အလြန္အႏၱရာယ္မ်ားတဲ့ E.coli နဲ႔ Salmonella လို႔ေခၚတဲ့ပိုးေတြ ပါဝင္ပါတယ္။အဲဒီ ႏြားနို႔အစိမ္းဟာ အျခားနို႔ထြက္ပစၥည္းေတြထက္ အဆေပါင္း ၁၅၀ ေလာက္ ပိုျပသနာေပးနိုင္ပါတယ္။ဒါေၾကာင့္ နို႔ဝယ္မယ္ဆို Pasteurized Milk ဟုတ္ မဟုတ္ ေသခ်ာစစ္ျပီးမွ ဝယ္ဖို႔လိုပါလိမ့္မယ္။

၅)ပဲပင္ေပါက္ မုန္လာပင္ေပါက္

ပဲပင္ေပါက္ဟာ က်န္းမာေရးအတြက္ အရမ္းေကာင္းပါတယ္။ျပသနာက သူတို႔မွာလည္း E.coli ,Salmonella နဲ႔ Listeria စတဲ့ ဘက္တီးရီးယားေတြ ရိွေနတတ္တာပါ။ဒါေၾကာင့္ ဝယ္မယ္ဆိုရင္ အလတ္ဆတ္ဆံုးကို ေရြးဝယ္သင့္ပါတယ္။ မစားခင္ ေဆးေၾကာျပီး အနည္းဆံုးေတာ့ ျပဳတ္ေပးဖို႔လိုပါလိမ့္မယ္။

၆)ခရမ္းသီး

သူ႕မွာလည္း အာလူးလိုပဲ Solanine ဆိုတဲ့အဆိပ္အေတာက္ပါပါတယ္။ျမန္မာေတြအမ်ားဆံုး ငပိရည္နဲ႔ တို႔ေလ့ရိွတဲ့ ခရမ္းၾကြပ္သီးလိုမ်ိဳး မရင့္မွည့္ေသးခင္ခူးဆြတ္ထားတာမ်ိဳးေတြဆိုရင္ ပိုျပီး Solanine ပါဝင္မႈမ်ားပါတယ္။အစာအဆိပ္သင့္ဖို႔ဆိုတာက ဒီခရမ္းသီးအစိမ္းေတြကို အမ်ားၾကီးစားမွျဖစ္တယ္ဆိုေပမဲ့ က်က္ေအာင္ခ်က္ျပဳတ္ျပီးမွ စားတာမ်ိဳးက ပိုအဆင္ေျပပါလိမ့္မယ္။

Dr.KG

Unicode Version

ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အစားအစာ ၆ ခု

အသားအစိမ်းတွေ ကြက်ဥအစိမ်းတွေ မစားသင့်မသောက်သင့်ဘူးဆိုတာကို သိတဲ့သူတွေ အများကြီးရှိကြပါလိမ့်မယ်။ဒါပေမဲ့ မစားခင် ချက်ပြုတ်ပြီးမှ စားသင့်တဲ့ အခြားအစားအစာတွေ ရှိပါသေးတယ်။တချို့အစားအစာတွေကို သိရရင် ခင်ဗျား အံ့တောင်အံ့သြသွားနိုင်ပါတယ်။

၁)အာလူး

အာလူးကို ဘယ်တော့မှ အစိမ်း မစားသင့်ပါဘူး။ရင်ပြည့်ရင်ကယ်တာ နဲ့ အစာမကြေတဲ့ပြသနာတွေ ဖြစ်နိုင်တယ်။အာလူးတုတ်ထိုးဆိုလည်း ကျက်နေအောင် ပြုတ်ထားမှ စားသင့်ပါတယ်။အာလူးမှာပါတဲ့ ကစီဓာတ်တွေက ကျက်အောင်ချက်ပြုတ်မှ ပြိုကွဲနိုင်တာမို့ပါ။ပိုကြောက်ဖို့ကောင်းတာတခု ရှိပါသေးတယ်။အာလူးအစိမ်းဟာ နွေးထွေးစိုစွတ်တဲ့နေရာမှာထားတာကြာသွားရင် အစိမ်းရောင်ပြောင်းသွားပြီး Solanine လို့ခေါ်တဲ့ အဆိပ်တခု ဖြစ်လာပါတယ်။တကယ်လို့ အာလူးပေါ်မှာ အစိမ်းရောင် အကွက်တွေ တွေ့ရင် လုံးဝမစားသင့်ပါဘူး။Solanine က အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂)မြေထောက်နီပဲ(သို့မဟုတ်)kidney beans

ဒီ ပဲကလည်း ကျန်းမာရေးအတွက်ကောင်းပေမဲ့ စားပုံစားနည်း မမှန်ရင် ဒုက္ခပေးနိုင်ပါတယ်။အသားဓာတ် အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ မြေထောက်နီပဲဟာ အစိမ်းစားမိမယ်ဆိုရင်တော့ အစာအိမ်ကို ရှယ်ဒုက္ခပေးပါလိမ့်မယ်။ကျက်အောင် ချက်ပြုတ်မထားတဲ့ မြေထောက်နီပဲမှာ phytohemagglutinin ဆိုတဲ့ အဆိပ်ဓာတ်ပါပြီး ဗိုက်အောင့်ဗိုက်နာမအီမသာစတဲ့ အစာအဆိပ်သင့်တဲ့ပြသနာတွေဖြစ်စေပါတယ်။ဒါကြောင့် မစားခင်မှာ ဒီပဲကို အနည်းဆုံး ဆယ်မိနစ်လောက် ပြုတ်ဖို့တော့ လိုပါလိမ့်မယ်။

၃)ဟော့ဒေါ့အသားချောင်း

သိတဲ့အတိုင်း ဒီအသားချောင်းတွေက အာဟာရသိပ်ရတဲ့အထဲ မပါပါဘူး။ဒါပေမဲ့ အစိမ်းစားမိရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ဒီကလူတွေ မှားနေတာတခုက အဲဒီ အကင်ချောင်းတွေကို အစိမ်းစားလို့ရတယ်လို့ထင်နေတာပါပဲ။အကျက်တွေလို့ ထင်နေတတ်ကြတယ်။တခြားနိုင်ငံ FDA တွေရဲ့အဆိုအရ ထုပ်ပိုးပြီးသား အသားချောင်းတွေမှာListeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ တွယ်ကပ်နေတတ်ပါတယ်။ဒီဘက်တီးရီးယားတွေ သေသွားအောင်က မစားခင်မှာ  ပြန်ပြီးအပူပေးတာ ကြော်တာ ကင်တာတွေ လုပ်ဖို့လိုပါလိမ့်မယ်။

၄)နွားနို့

နွားနို့အစိမ်းဆိုတာ နွားမဆီကနေ ဒီအတိုင်းညှစ်ထားပြီး သန့်စင်အောင်ကျိုချက်ထားခြင်းမရှိသေးတဲ့နို့ကို ဆိုလိုပါတယ်။သူ့မှာ အလွန်အန္တရာယ်များတဲ့ E.coli နဲ့ Salmonella လို့ခေါ်တဲ့ပိုးတွေ ပါဝင်ပါတယ်။အဲဒီ နွားနို့အစိမ်းဟာ အခြားနို့ထွက်ပစ္စည်းတွေထက် အဆပေါင်း ၁၅၀ လောက် ပိုပြသနာပေးနိုင်ပါတယ်။ဒါကြောင့် နို့ဝယ်မယ်ဆို Pasteurized Milk ဟုတ် မဟုတ် သေချာစစ်ပြီးမှ ဝယ်ဖို့လိုပါလိမ့်မယ်။

၅)ပဲပင်ပေါက် မုန်လာပင်ပေါက်

ပဲပင်ပေါက်ဟာ ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ပြသနာက သူတို့မှာလည်း E.coli ,Salmonella နဲ့ Listeria စတဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်တာပါ။ဒါကြောင့် ဝယ်မယ်ဆိုရင် အလတ်ဆတ်ဆုံးကို ရွေးဝယ်သင့်ပါတယ်။ မစားခင် ဆေးကြောပြီး အနည်းဆုံးတော့ ပြုတ်ပေးဖို့လိုပါလိမ့်မယ်။

၆)ခရမ်းသီး

သူ့မှာလည်း အာလူးလိုပဲ Solanine ဆိုတဲ့အဆိပ်အတောက်ပါပါတယ်။မြန်မာတွေအများဆုံး ငပိရည်နဲ့ တို့လေ့ရှိတဲ့ ခရမ်းကြွပ်သီးလိုမျိုး မရင့်မှည့်သေးခင်ခူးဆွတ်ထားတာမျိုးတွေဆိုရင် ပိုပြီး Solanine ပါဝင်မှုများပါတယ်။အစာအဆိပ်သင့်ဖို့ဆိုတာက ဒီခရမ်းသီးအစိမ်းတွေကို အများကြီးစားမှဖြစ်တယ်ဆိုပေမဲ့ ကျက်အောင်ချက်ပြုတ်ပြီးမှ စားတာမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

Dr.KG