မိသားစုအတွက် ဆေးလိပ်ဖြတ်ပါ

မိသားစုုအတြက္ ေဆးလိပ္ျဖတ္ပါ

ေက်ာ္မင္း ေမြးေန႔မို႔ သူငယ္ခ်င္းေတြ ေတြ႔ဆံုၾကသည္။

ေက်ာင္းျပီးကတည္းက ကြဲကြာသြားၾကသည္မွာ ဆယ္စုနွစ္တစ္စု ၾကာခဲ့ျပီျဖစ္သည္။ ရန္ဖန္ ရန္ခါသာ တစ္ခါ တစ္ေလ ေတြ႔ျဖစ္သည္။

တကၠသိုလ္ ေက်ာင္းသားဘ၀ကား အမွတ္ရစရာမ်ားႏွင့္ ျပည့္စံုေနသည္။

ငယ္ဘ၀ ကို တမ္းတ လြမ္းဆြတ္မိသည္။ သူငယ္ခ်င္မ်ားစုကာ ေက်ာင္းေျပးၾကသည္။ ရုပ္ရွင္ၾကည့္ၾကသည္။  ဂစ္တာ တီးၾကသည္။ အင္းယားကန္ေဘာင္သြားၾကသည္။ ပဲခူး ဘုရားဖူးဆိုကာ သြားၾကသည္။ KTV မွာ သီခ်င္းသြားဆိုၾကသည္။ တကၠသိုလ္ေက်ာင္းသားဘ၀ကား အေတြ႔အၾကံဳ ေပါင္းစံုႏွင့္ ခံစားမွဳ ေပါင္းစံုကို ေပးစြမ္းႏိုင္သည္္။  အပူအပင္ကင္းကင္းနွင့္ ေပ်ာ္ရႊင္ခဲ့ရသည္။

” ေဆးလိပ္ေသာက္ဦးမလား ” ေက်ာ္မင္းသည္ စီးကရက္ဗူးကို ဖြင့္ျပီး ေဘးမွ သူငယ္ခ်င္းမ်ားအား လွမ္းေပးလိုက္သည္။ တစ္ေယာက္တစ္လိပ္ယူၾကသည္။

ထြန္းလွ က မယူ။  ေစာေအာင္ ကမယူ။

” မေသာက္ေတာ့ဘူးလား ” ေက်ာ္မင္းကား ထြန္းလွကို ေမးလိုက္သည္။

” ငါ ေဆးလိပ္ျဖတ္ထားတယ္။ ဆရာ၀န္က ေဆးလိပ္ျဖတ္ခိုင္းတာနဲ႔ ေဆးလိပ္ျဖတ္လိုက္ရတယ္ ” ထြန္းလွ သည္ လက္ထဲမွ ဖန္ခြက္ကို နွဳတ္ခမ္းႏွင့္ ေတ႔ျပီး ျပန္ခ်လိုက္သည္။

” ဟုတ္လား။ ဘာလို႔ ေဆးလိပ္ျဖတ္လိုက္တာလဲ ” ေက်ာ္မင္း တစ္ေယာက္ အံေၾသာ္ သြားသည္။ ထြန္းလွဆိုသည့္ေကာင္က ငယ္ငယ္ကတည္းက သူတို႔အားလံုးကို ေဆးလိပ္ေသာက္တတ္ေအာင္ သင္ၾကားေပးခဲ့သူ။ ထြန္းလွ က အဖြဲ႔ထဲတြင္ ေဆးလိပ္ အရင္ေသာက္သူ။ အေသာက္လည္း အမ်ားဆံုးသူ။ ထြန္းလွကို ၾကည့္လိုက္လွ်င္ လက္ထဲတြင္ ေဆးလိပ္တစ္လိပ္ေတာ့ အျမဲ ကိုင္ထားေနက်။ တျခားသူငယ္ခ်င္းမ်ားအားလံုးက သူ႔ကို ဆရာ တင္ထားရသူ။

” ေမာေမာေနလို႔ေဆးခန္းသြားျပတာ။ ႏွလံုးေသြးေၾကာက်ဥ္းေနလို႔ေဆးလိပ္ျဖတ္ပါဆိုလို႔ ေဆးလိပ္ျဖတ္လိုက္ရတယ္။  ”

” ေအးကြာ။ မင္း က စိတ္ႏိုင္တယ္ထင္တယ္။  ”

” အရင္ကေတာ့ ေဆးလိပ္မျဖတ္ႏိုင္ဘူးလို႔ထင္ေနတာ။ စိတ္ပါပဲေလ။ ေမာေနတာေတြ ေတာ့ သက္သာသြားတယ္။ ကေလးေတြကလည္း ငယ္ေသးေတာ့ အသက္ရွည္ရမယ္ဆိုတာလည္း သိေနတယ္ေလ။ ဒါေၾကာင့္ေဆးလိပ္ျဖတ္လိုက္တာ။ မျဖတ္လို႔မရေတာ့ဘူး။ ”

“ငါကေတာ့ ေဆးလိပ္ျဖတ္တာ ဘယ္ႏွစ္ခါမွန္းမသိဘူး။ ခဏခဏ ျဖတ္ေနတာပဲ   ”

ေက်ာ္ေမာင္သည္ အရြမ္း၀င္ေဖာက္သည္။ ေက်ာ္ေမာင္တစ္ေယာက္ ေဆးလိပ္ျဖတ္လိုက္ ျပန္ေသာက္လိုက္ႏွင့္ သံသရာလည္ေနသည္မွာ ေက်ာင္းသားဘ၀ကတည္းက ျဖစ္သည္။

” ေမာတာ အျပင္ အသိသာဆံုးကေတာ့ အစားအေသာက္ စားရတာ အရင္ကထက္ ပိုေကာင္းလာတာေတာ့ အမွန္ပဲ။ ေဆးလိပ္ျဖတ္ျပီး တစ္ပတ္ေလာက္အၾကာကစျပီး ပါးစပ္ထဲမွာ စားရေသာက္ရတာေတြက ပိုျပီး ခံတြင္းေတြ႔လာတယ္။ ဒါကေတာ့ သိပ္ကို သိသာလြန္းတဲ့ အျဖစ္ပဲ။စားရေသာက္ရလည္း အရင္ကထက္ ပို အဆင္ေျပလာတယ္။ ျပီးေတာ့ အရင္ကထပ္ ပိုျပီး အေမာခံႏိုင္လာတယ္။ လူလည္း ေပါ့ေပါ့ပါးပါးနဲ႔ သြက္သြက္လက္လက္ ပိုျဖစ္လာတယ္။ ” ထြန္းလွသည္ သူ႔ အျဖစ္အပ်က္ကို ေျပာျပေနသည္။ အာေျခာက္သြားလို႔ထင္သည္။ ႏွဳတ္ခမ္းႏွင့္ ဖန္ခြက္ ေနာက္တစ္ၾကိမ္ထိလိုက္သည္။

“သိေတာ့ သိပါတယ္။ ဒါေပမဲ့ မျဖတ္ႏိုင္ေသးဘူးကြာ  ” ေက်ာ္မင္းသည္ အရိုးသားဆံုး၀င္ခံလိုက္သည္။ “အခုထိေတာ့ ေဆးလိပ္ျဖတ္ဖို႔ မစဥ္းစားခ်င္ေသးဘူးကြာ။”

” ေစာေအာင္လည္းေဆးလိပ္ျဖတ္ထားတယ္မလား ” ထြန္းလွသည္ ေစာေအာင္ကို လွမ္းေမးသည္။ ေစာေအာင္သည္ စားလက္စကို ရပ္ကာ

”  ငါ ေဆးလိပ္ျဖတ္ထားတာ ၾကာလွျပီ။ အငယ္ဆံုးသမီးေလး ေမြးျပီးကတည္းက ေဆးလိပ္ျဖတ္ထားတာ ”

“ေဟ။ ဟုတ္လား။ သမီးက ျဖတ္ခိုင္းလို႔လား ” ေက်ာ္ေမာင္သည္ ေနာက္ တစ္ၾကိမ္ ၀င္ ေနာက္ျပန္သည္။

အားလံုး၀ိုင္းရီၾကသည္။

“သားေတြထက္ သမီးကို ပိုခ်စ္တယ္ထင္တယ္ ” ေက်ာ္မင္းသည္ ေစာေအာင္ကို ေမးလိုက္သည္။

” အရင္ က သားေတြ ေမြးတုန္းက သားေယာက်္ားေလးေတြ က ဘာမွ မျဖစ္ခဲ့ဘူး။  က်န္းမာေရးကေတာ့ ေဒါင္ ေဒါင္ ျမည္ေနတာပဲ။ ေအး ေနာက္ဆံုးသမီးက ရင္က်တ္ေရာဂါရွိတယ္ကြာ။ ငါေဆးလိပ္ေသာက္ရင္ ကေလး က ရင္က်တ္တတ္တယ္။ ”

ေစာေအာင္ သူ႔ သမီး အငယ္ဆံုးေလးကို ေသ ေလာက္ေအာင္ ခ်စ္သည္ဆိုတာ အားလံုးအသိ။

”  ကေလး အနားမွာ ေဆးလိပ္မေသာက္ရဘူးေလ။  ဒါေလးေတာင္ မသိဘူးလား” ေက်ာ္မင္း အျပစ္တင္လိုက္သည္။

“ဟာ ကေလး အနားမွာ ေတာ့ ေဆးလိပ္ေသာက္မလားကြာ။ ငါ သိပါတယ္။ ငါလည္း  အိမ္ျပင္ထြက္ေသာက္တာပဲ။ ဒါေပမဲ့ ေဆးလိပ္ေသာက္ထားရင္ အိကၤ် ီေတြ ခႏၶာကိုယ္မွာ ေဆးလိပ္ေငြ႔ေတြ စြဲ ေနတတ္တယ္။ ငါကေလးကို ခ်ီလိုက္ရင္ ကေလးနားသြားရင္ ကေလးက ရင္က်တ္တယ္။ အရင္ စျဖစ္တုန္းကေတာ့ သတိမထားမိပါဘူး။ ေနာက္က်ေတာ့ သတိထားမိလာတယ္။ ကေလးရင္က်တ္ေနတာ ငါ့ ေဆးလိပ္ေငြ႔ေတြေၾကာင့္ဆိုေတာ့ ေဆးလိပ္ကို တစ္ခါ တည္းျဖတ္ျဖစ္လိုက္တယ္ကြာ။ ေဆးလိပ္မေသာက္လည္း ေနႏိုင္ေနတာပဲေလ  ” ေစာေအာင္သည္ ေအးေအးရွင္းရွင္းရွင္းျပေနသည္။

” မင္းစိတ္ဓာတ္ကို ေတာ့ ငါၾကိဳက္တယ္။  ” ထြန္းလွက ေစာေအာင္ကို ေထာက္ခံသည္။

” အရင္ကေတာ့ ေဆးလိပ္ဆိုတာ စြဲတယ္။ မျဖတ္ႏိုင္ဘူးလို႔ထင္တာပဲ။ အခု ေတာ့ လည္း ေဆးလိပ္က ျဖတ္လို႔ရတာပဲေလ။ က်န္းမာေရးအတြက္ဆိုေတာ့ ေဆးလိပ္ကို ျဖတ္ရတာပဲ။ ငါ့အတြက္ ေဆးလိပ္ျဖတ္တာလဲ မဟုတ္ဘူး။ လူပဲကြာ ေသတစ္ေန႔ ေမြးတစ္ေန႔ေပါ့။ ငါက ဒီလိုခံယူထားျပီးသားပါ။ ငါေသရမွာ မေၾကာက္ေပမဲ့ ငါေသသြားရင္ ငါ့သမီးႏွစ္ေယာက္ ဆင္းဆင္းရဲရဲ ျဖစ္ျပီးက်န္ခဲ့မွာကိုေတာ့ ေတြးမိရင္ ေၾကာက္တယ္ကြာ။ ငါတာ၀န္မေက်ပဲ ေသမသြားခ်င္ဘူး။ သမီးႏွစ္ေယာက္ အတြက္ ငါ အသက္ရွိေနေသးဖို႔လိုေသးတယ္။ ဒါေၾကာင့္ ငါ ေဆးလိပ္ျဖတ္လိုက္တာပဲ။ ” ထြန္းလွ ကလည္း သူေဆးလိပ္ျဖတ္သည့္ အေၾကာင္းရင္းကို  ရွင္းျပသည္။

” ငါကေတာ့ မျဖတ္ႏိုင္ေသးလို႔ ေလွ်ာ့ေတာ့ ေသာက္ေနျပီကြာ။ ငါတို႔အသက္အရြယ္က က်န္းမာေရးကို ဂရုစိုက္ရမဲ့ အရြယ္ေရာက္ေနျပီဆိုေတာ့ ဂရုစိုက္ေနရတယ္။ ” ေက်ာ္ေမာင္သည္လည္း ေဆးလိပ္ကို ေလွ်ာ့ေသာက္ေနျပီ။

တစ္ျခားသူေတြကေတာ့ အရင္အတိုင္း ေသာက္ျမဲ။

” တစ္ေန႔က်ရင္ေတာ့ ျဖတ္မွာေပါ့ကြာ။ ဘယ္ေန႔မွန္းေတာ့ မသိေသးပါဘူး။  ”

ေက်ာ္မင္းကား ေဆးလိပ္ မီးခိုးေငြ႔မ်ားကို မွဳတ္ထုတ္ရင္း ေျပာသည္။ က်န္သူမ်ားကလည္း ေထာက္ခံၾကသည္။ ဒီေန႔ ေတြ႔ဆံုမွဳတြင္ေတာ့ ေဆးလိပ္ အေၾကာင္းေျပာရင္းသာ အခ်ိန္ကုန္သြားေတာ့သည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

မိသားစုအတွက် ဆေးလိပ်ဖြတ်ပါ

ကျော်မင်း မွေးနေ့မို့ သူငယ်ချင်းတွေ တွေ့ဆုံကြသည်။

ကျောင်းပြီးကတည်းက ကွဲကွာသွားကြသည်မှာ ဆယ်စုနှစ်တစ်စု ကြာခဲ့ပြီဖြစ်သည်။ ရန်ဖန် ရန်ခါသာ တစ်ခါ တစ်လေ တွေ့ဖြစ်သည်။

တက္ကသိုလ် ကျောင်းသားဘဝကား အမှတ်ရစရာများနှင့် ပြည့်စုံနေသည်။

ငယ်ဘ၀ ကို တမ်းတ လွမ်းဆွတ်မိသည်။ သူငယ်ချင်များစုကာ ကျောင်းပြေးကြသည်။ ရုပ်ရှင်ကြည့်ကြသည်။  ဂစ်တာ တီးကြသည်။ အင်းယားကန်ဘောင်သွားကြသည်။ ပဲခူး ဘုရားဖူးဆိုကာ သွားကြသည်။ KTV မှာ သီချင်းသွားဆိုကြသည်။ တက္ကသိုလ်ကျောင်းသားဘဝကား အတွေ့အကြုံ ပေါင်းစုံနှင့် ခံစားမှု ပေါင်းစုံကို ပေးစွမ်းနိုင်သည်။  အပူအပင်ကင်းကင်းနှင့် ပျော်ရွှင်ခဲ့ရသည်။

” ဆေးလိပ်သောက်ဦးမလား ” ကျော်မင်းသည် စီးကရက်ဗူးကို ဖွင့်ပြီး ဘေးမှ သူငယ်ချင်းများအား လှမ်းပေးလိုက်သည်။ တစ်ယောက်တစ်လိပ်ယူကြသည်။

ထွန်းလှ က မယူ။  စောအောင် ကမယူ။

” မသောက်တော့ဘူးလား ” ကျော်မင်းကား ထွန်းလှကို မေးလိုက်သည်။

” ငါ ဆေးလိပ်ဖြတ်ထားတယ်။ ဆရာဝန်က ဆေးလိပ်ဖြတ်ခိုင်းတာနဲ့ ဆေးလိပ်ဖြတ်လိုက်ရတယ် ” ထွန်းလှ သည် လက်ထဲမှ ဖန်ခွက်ကို နှုတ်ခမ်းနှင့် တေ့ပြီး ပြန်ချလိုက်သည်။

” ဟုတ်လား။ ဘာလို့ ဆေးလိပ်ဖြတ်လိုက်တာလဲ ” ကျော်မင်း တစ်ယောက် အံသြော် သွားသည်။ ထွန်းလှဆိုသည့်ကောင်က ငယ်ငယ်ကတည်းက သူတို့အားလုံးကို ဆေးလိပ်သောက်တတ်အောင် သင်ကြားပေးခဲ့သူ။ ထွန်းလှ က အဖွဲ့ထဲတွင် ဆေးလိပ် အရင်သောက်သူ။ အသောက်လည်း အများဆုံးသူ။ ထွန်းလှကို ကြည့်လိုက်လျှင် လက်ထဲတွင် ဆေးလိပ်တစ်လိပ်တော့ အမြဲ ကိုင်ထားနေကျ။ တခြားသူငယ်ချင်းများအားလုံးက သူ့ကို ဆရာ တင်ထားရသူ။

” မောမောနေလို့ဆေးခန်းသွားပြတာ။ နှလုံးသွေးကြောကျဉ်းနေလို့ဆေးလိပ်ဖြတ်ပါဆိုလို့ ဆေးလိပ်ဖြတ်လိုက်ရတယ်။  ”

” အေးကွာ။ မင်း က စိတ်နိုင်တယ်ထင်တယ်။  ”

” အရင်ကတော့ ဆေးလိပ်မဖြတ်နိုင်ဘူးလို့ထင်နေတာ။ စိတ်ပါပဲလေ။ မောနေတာတွေ တော့ သက်သာသွားတယ်။ ကလေးတွေကလည်း ငယ်သေးတော့ အသက်ရှည်ရမယ်ဆိုတာလည်း သိနေတယ်လေ။ ဒါကြောင့်ဆေးလိပ်ဖြတ်လိုက်တာ။ မဖြတ်လို့မရတော့ဘူး။ ”

“ငါကတော့ ဆေးလိပ်ဖြတ်တာ ဘယ်နှစ်ခါမှန်းမသိဘူး။ ခဏခဏ ဖြတ်နေတာပဲ   ”

ကျော်မောင်သည် အရွမ်းဝင်ဖောက်သည်။ ကျော်မောင်တစ်ယောက် ဆေးလိပ်ဖြတ်လိုက် ပြန်သောက်လိုက်နှင့် သံသရာလည်နေသည်မှာ ကျောင်းသားဘဝကတည်းက ဖြစ်သည်။

” မောတာ အပြင် အသိသာဆုံးကတော့ အစားအသောက် စားရတာ အရင်ကထက် ပိုကောင်းလာတာတော့ အမှန်ပဲ။ ဆေးလိပ်ဖြတ်ပြီး တစ်ပတ်လောက်အကြာကစပြီး ပါးစပ်ထဲမှာ စားရသောက်ရတာတွေက ပိုပြီး ခံတွင်းတွေ့လာတယ်။ ဒါကတော့ သိပ်ကို သိသာလွန်းတဲ့ အဖြစ်ပဲ။စားရသောက်ရလည်း အရင်ကထက် ပို အဆင်ပြေလာတယ်။ ပြီးတော့ အရင်ကထပ် ပိုပြီး အမောခံနိုင်လာတယ်။ လူလည်း ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက် ပိုဖြစ်လာတယ်။ ” ထွန်းလှသည် သူ့ အဖြစ်အပျက်ကို ပြောပြနေသည်။ အာခြောက်သွားလို့ထင်သည်။ နှုတ်ခမ်းနှင့် ဖန်ခွက် နောက်တစ်ကြိမ်ထိလိုက်သည်။

“သိတော့ သိပါတယ်။ ဒါပေမဲ့ မဖြတ်နိုင်သေးဘူးကွာ  ” ကျော်မင်းသည် အရိုးသားဆုံးဝင်ခံလိုက်သည်။ “အခုထိတော့ ဆေးလိပ်ဖြတ်ဖို့ မစဉ်းစားချင်သေးဘူးကွာ။”

” စောအောင်လည်းဆေးလိပ်ဖြတ်ထားတယ်မလား ” ထွန်းလှသည် စောအောင်ကို လှမ်းမေးသည်။ စောအောင်သည် စားလက်စကို ရပ်ကာ

”  ငါ ဆေးလိပ်ဖြတ်ထားတာ ကြာလှပြီ။ အငယ်ဆုံးသမီးလေး မွေးပြီးကတည်းက ဆေးလိပ်ဖြတ်ထားတာ ”

“ဟေ။ ဟုတ်လား။ သမီးက ဖြတ်ခိုင်းလို့လား ” ကျော်မောင်သည် နောက် တစ်ကြိမ် ဝင် နောက်ပြန်သည်။

အားလုံးဝိုင်းရီကြသည်။

“သားတွေထက် သမီးကို ပိုချစ်တယ်ထင်တယ် ” ကျော်မင်းသည် စောအောင်ကို မေးလိုက်သည်။

” အရင် က သားတွေ မွေးတုန်းက သားယောကျ်ားလေးတွေ က ဘာမှ မဖြစ်ခဲ့ဘူး။  ကျန်းမာရေးကတော့ ဒေါင် ဒေါင် မြည်နေတာပဲ။ အေး နောက်ဆုံးသမီးက ရင်ကျတ်ရောဂါရှိတယ်ကွာ။ ငါဆေးလိပ်သောက်ရင် ကလေး က ရင်ကျတ်တတ်တယ်။ ”

စောအောင် သူ့ သမီး အငယ်ဆုံးလေးကို သေ လောက်အောင် ချစ်သည်ဆိုတာ အားလုံးအသိ။

”  ကလေး အနားမှာ ဆေးလိပ်မသောက်ရဘူးလေ။  ဒါလေးတောင် မသိဘူးလား” ကျော်မင်း အပြစ်တင်လိုက်သည်။

“ဟာ ကလေး အနားမှာ တော့ ဆေးလိပ်သောက်မလားကွာ။ ငါ သိပါတယ်။ ငါလည်း  အိမ်ပြင်ထွက်သောက်တာပဲ။ ဒါပေမဲ့ ဆေးလိပ်သောက်ထားရင် အိင်္ကျ ီတွေ ခန္ဓာကိုယ်မှာ ဆေးလိပ်ငွေ့တွေ စွဲ နေတတ်တယ်။ ငါကလေးကို ချီလိုက်ရင် ကလေးနားသွားရင် ကလေးက ရင်ကျတ်တယ်။ အရင် စဖြစ်တုန်းကတော့ သတိမထားမိပါဘူး။ နောက်ကျတော့ သတိထားမိလာတယ်။ ကလေးရင်ကျတ်နေတာ ငါ့ ဆေးလိပ်ငွေ့တွေကြောင့်ဆိုတော့ ဆေးလိပ်ကို တစ်ခါ တည်းဖြတ်ဖြစ်လိုက်တယ်ကွာ။ ဆေးလိပ်မသောက်လည်း နေနိုင်နေတာပဲလေ  ” စောအောင်သည် အေးအေးရှင်းရှင်းရှင်းပြနေသည်။

” မင်းစိတ်ဓာတ်ကို တော့ ငါကြိုက်တယ်။  ” ထွန်းလှက စောအောင်ကို ထောက်ခံသည်။

” အရင်ကတော့ ဆေးလိပ်ဆိုတာ စွဲတယ်။ မဖြတ်နိုင်ဘူးလို့ထင်တာပဲ။ အခု တော့ လည်း ဆေးလိပ်က ဖြတ်လို့ရတာပဲလေ။ ကျန်းမာရေးအတွက်ဆိုတော့ ဆေးလိပ်ကို ဖြတ်ရတာပဲ။ ငါ့အတွက် ဆေးလိပ်ဖြတ်တာလဲ မဟုတ်ဘူး။ လူပဲကွာ သေတစ်နေ့ မွေးတစ်နေ့ပေါ့။ ငါက ဒီလိုခံယူထားပြီးသားပါ။ ငါသေရမှာ မကြောက်ပေမဲ့ ငါသေသွားရင် ငါ့သမီးနှစ်ယောက် ဆင်းဆင်းရဲရဲ ဖြစ်ပြီးကျန်ခဲ့မှာကိုတော့ တွေးမိရင် ကြောက်တယ်ကွာ။ ငါတာဝန်မကျေပဲ သေမသွားချင်ဘူး။ သမီးနှစ်ယောက် အတွက် ငါ အသက်ရှိနေသေးဖို့လိုသေးတယ်။ ဒါကြောင့် ငါ ဆေးလိပ်ဖြတ်လိုက်တာပဲ။ ” ထွန်းလှ ကလည်း သူဆေးလိပ်ဖြတ်သည့် အကြောင်းရင်းကို  ရှင်းပြသည်။

” ငါကတော့ မဖြတ်နိုင်သေးလို့ လျှော့တော့ သောက်နေပြီကွာ။ ငါတို့အသက်အရွယ်က ကျန်းမာရေးကို ဂရုစိုက်ရမဲ့ အရွယ်ရောက်နေပြီဆိုတော့ ဂရုစိုက်နေရတယ်။ ” ကျော်မောင်သည်လည်း ဆေးလိပ်ကို လျှော့သောက်နေပြီ။

တစ်ခြားသူတွေကတော့ အရင်အတိုင်း သောက်မြဲ။

” တစ်နေ့ကျရင်တော့ ဖြတ်မှာပေါ့ကွာ။ ဘယ်နေ့မှန်းတော့ မသိသေးပါဘူး။  ”

ကျော်မင်းကား ဆေးလိပ် မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ပြောသည်။ ကျန်သူများကလည်း ထောက်ခံကြသည်။ ဒီနေ့ တွေ့ဆုံမှုတွင်တော့ ဆေးလိပ် အကြောင်းပြောရင်းသာ အချိန်ကုန်သွားတော့သည်။

Dr.အေးချမ်းမိုး