ဘီပိုးစီပိုးHIVပိုး အမျိုးမျိုးကူးသွားနိုင်တဲ့ မက်ဂလောင်ခြစ်ခြင်း

ဘီပိုးစီပိုးHIVပိုး အမ်ိဳးမ်ိဳးကူးသြားႏိုင္တဲ့ မက္ဂေလာင္ျခစ္ျခင္း

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံလို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက လူတခ်ိဳ႕တဝက္ေလာက္ဟာ ဖ်ားတာ၊ေနမေကာင္းတာျဖစ္ၿပီဆိုရင္ ဆရာဝန္နဲ႔အရင္ျပသေလ့မရွိၾကဘဲ ငန္းေဆးေသာက္ေခြၽးထုတ္တာ၊ႏွင္းႏွိပ္ခံတာ၊ဂ်င္းျပဳတ္ရည္ေသာက္တာ စတဲ့အရပ္နည္းေတြကို အရင္စမ္းၾကည့္ၾကေလ့ရွိပါတယ္။

မက္ဂေလာင္ျခစ္တာဟာလည္း အရပ္နည္းေတြထဲက အသုံးမ်ားေလ့ရွိၿပီး ေပၚျပဴလာျဖစ္တဲ့ နည္းတခုျဖစ္ပါတယ္။မက္ဂေလာင္ျခစ္တာကို ရွားျခစ္တယ္လို႔လည္းေခၚၾကပါတယ္။မက္ဂေလာင္ေဖာက္တာနဲ႔မတူပါဘူး။သပ္သပ္စီပါ။မက္ဂေလာင္ေဖာက္တဲ့အေၾကာင္းကိုေတာ့ သပ္သပ္ေဆာင္းပါးတပုဒ္အေနနဲ႔ေရးသားတင္ျပပါမယ္။ေတာင္ေပၚေဒသနဲ႔ေက်းလက္ေဒသေတြ မွာေနတဲ့သူေတြၾကား မက္ဂေလာင္ျခစ္တာမ်ားေလ့ရွိၿပီး အထူးသျဖင့္ ရွမ္း၊ကခ်င္ တိုင္းရင္းသားေတြဟာ အမ်ားဆုံးမက္ဂေလာင္ျခစ္ေလ့ရွိတတ္ပါတယ္။

တကယ္ေတာ့ မက္ဂေလာင္ျခစ္နည္းဟာ ျမန္မာတိုင္းရင္းနည္းမဟုတ္ပါဘူး။တ႐ုတ္႐ိုးရာအပ္စိုက္နည္းကေနဆင့္ပြားဆင္းသက္လာတဲ့ တ႐ုတ္႐ိုးရာနည္းတမ်ိဳးပဲျဖစ္ပါတယ္။တ႐ုတ္လို Gua Sha လို႔ေခၚပါတယ္။

 

မက္ဂေလာင္ျခစ္တဲ့အခါလိုက္နာရမယ့္ စည္းကမ္းေတြကိုလည္းတ႐ုတ္႐ိုးရာအပ္စိုက္က်မ္းထဲမွာ ေအာက္ပါအတိုင္းေရးထားပါတယ္။အရင္ဆုံး ျခစ္မယ့္ေနရာအေရျပားေပၚကို ဆီတခုခု(အုန္းဆီ၊ႏွမ္းဆီ)သုတ္လိမ္းရပါမယ္။ၿပီးမွ အေႂကြေစ့၊ေႂကြဇြန္း၊ေက်ာက္စိမ္းျပား စတဲ့ပစၥည္းတခုခုသုံးၿပီးသုံးတဲ့ပစၥည္းရဲ႕အနားညီညာၿပီး ၾကမ္းရွမႈမရွိတဲ့ အသြားခပ္တုံးတုံးဖက္နဲ႔ပဲ အေရျပားကိုနီရဲလာတဲ့အထိ ဆက္တိုက္ျခစ္ရပါမယ္။အထက္ဖက္ကေန ေအာက္ဖက္ကို(ႏွလုံးကေနေဝးရာဖက္ကို) ပဲ ဆြဲျခစ္ရၿပီး ျခစ္တဲ့အျခစ္ရာတခုစီရဲ႕အရွည္ဟာ ေလးလက္မကေန ေျခာက္လက္မရွိရပါမယ္။

မက္ဂေလာင္ျခစ္တာကို ေက်ာကုန္း၊လည္ပင္း၊ဂုတ္၊ေျခ၊လက္၊တင္ပါးေနရာေတြမွာလုပ္ႏိုင္ပါတယ္။မက္ဂေလာင္ျခစ္တဲ့အခါ ဆံျခည္မွ်င္ေသြးေၾကာထဲကေသြးေတြထြက္လာတဲ့အတြက္ အေရျပားေပၚမွာ ေသြးေျခဥသလို အနီစင္းေၾကာင္းအနီကြက္အမွတ္ေတြ ထင္က်န္ေနတတ္ပါတယ္။အၾကမ္းအားျဖင့္ေတာ့ မက္ဂေလာက္ျခစ္ၿပီးေနာက္၂ရက္ကေန၄ရက္ေလာက္ၾကာရင္ အနီစင္းေၾကာင္း၊အနီကြက္ေတြဟာ ေမွးမွိန္ေပ်ာက္ကြယ္သြားတတ္ပါတယ္။

ေသြးေျခဥတာမ်ားရင္မ်ားသလို အနီစင္းေၾကာင္းအနီကြက္ေတြဟာပိုအေရာင္ရင့္ပိုႀကီးၿပီး ေပ်ာက္တာ ၾကာႏိုင္ပါတယ္။တ႐ုတ္႐ိုးရာေဆးနည္းမွာ ခႏၶာကိုယ္က်န္းမာေနဖို႔ဆိုရင္ ခ်ီစြမ္းအင္ဓါတ္ဟာ ခႏၶာကိုယ္တေလွ်ာက္လြတ္လပ္စြာစီးဆင္းေနဖို႔လိုၿပီး အေၾကာင္းေၾကာင္းေၾကာင့္ ခ်ီစြမ္းအင္ဓါတ္ဟာ ခႏၶာကိုယ္တေနရာမွာပိတ္ဆို႔သြားတဲ့အခါမွာ နာက်င္ကိုက္ခဲတာေနမေကာင္းတာေတြျဖစ္လာတယ္လို႔ ယုံၾကည္ထားပါတယ္။

အေရွ႕တိုင္းရင္းေဆးပညာအျမင္အရလည္း ေနမေကာင္းျဖစ္တာ၊ထိုင္းမႈိင္းေလးလံေနတာဟာေသြးလွည္ပတ္မႈအားနည္းၿပီး ေသြးပုတ္ေတြစုေနလို႔လို႔ ယူဆၾကပါတယ္။မက္ဂေလာင္ျခစ္ျခင္းျဖင့္ ပိတ္ေနတဲ့ခ်ီဓါတ္ကိုလည္းပြင့္ေစကာ ေသြးပုပ္ေတြ၊ေသြးညစ္ေတြထြက္သြားၿပီး ေသြးလည္ပတ္မႈေကာင္းသြားေစတဲ့အတြက္ ဖ်ားတာ၊ေနမေကာင္းတာ၊ေခါင္းကိုက္တာ၊ႂကြက္သားေတြတင္းတာ၊နာက်င္ကိုက္ခဲတာေတြကို သက္သာေပ်ာက္ကင္းေစတယ္လို႔ မက္ဂေလာင္ျခစ္တဲ့သူေတြက ယုံၾကည္ထားၾကပါတယ္။

အေနာက္တိုင္းသုေတသနပညာရွင္ေတြကေတာ့ မက္ဂေလာင္ျခစ္လို႔ခံစားရတဲ့ေရာဂါေဝဒနာသက္သာေပ်ာက္ကင္းတယ္ဆိုတာဟာ ႐ိုးရာအစြဲယုံၾကည္စိတ္ေၾကာင့္ နဲ႔ မက္ဂေလာင္ျခစ္ထားတဲ့ေနရာမွာေသြးလည္ပတ္မႈမ်ားလာကာ ပူေႏြးနာက်င္လာသလိုခံစားရၿပီး နဂိုခံစားေနရတဲ့ေဝဒနာကိုလမ္းလြဲအာ႐ုံေျပာင္းသလိုျဖစ္တာေၾကာင့္ ျဖစ္တယ္လို႔သုံးသပ္ထားပါတယ္။ဒါ့အျပင္ မက္ဂေလာင္ျခစ္တဲ့အခါအေရျပားေအာက္ကဆံျခည္မွ်င္ေသြးေၾကာေလးေတြေပါက္တာ၊အေရျပားပြန္းပဲဒဏ္ရာေတြျဖစ္တာေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ႏိုင္ေၾကာင္းဆိုထားပါတယ္။

မက္ဂေလာင္ျခစ္ျခင္းေၾကာင့္ရႏိုင္တဲ့ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့ေအာက္ပါအတိုင္းျဖစ္ပါတယ္။ေသြးလြန္တုပ္ေကြးျဖစ္ၿပီး ေသြးမႊားဥ(Platelets)ပမာဏက်ကာ ေသြးထြက္ႏိုင္ေျခမ်ားေနတဲ့သူ၊ေသြးမတိတ္ေရာဂါရွိတဲ့သူေတြကို မက္ဂေလာင္ျခစ္ရင္အသက္အႏၲရာယ္ထိခိုက္သည္အထိျဖစ္ႏိုင္ပါတယ္။အေရျပားပြန္းပဲ့ဒဏ္ရာေတြကေနတဆင့္ပိုးဝင္တာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ဒါ့အျပင္ျခစ္တဲ့ကိရိယာမသန႔္ပါက ဘီပိုး၊စီပိုး၊အိတ္အိုင္ဗီပိုးေတြကူးစက္ခံရႏိုင္ေျခလည္းရွိပါတယ္။အဆုံးသတ္အေနနဲ႔အႀကံေပးခ်င္တာကေတာ့ ေနမေကာင္းတဲ့အခါ မက္ဂေလာင္မျခစ္ဘဲေဆးခန္းျပပါလို႔အႀကံေပးခ်င္ပါတယ္။

ဒါေပမယ့္ ႐ိုးရာအစြဲယုံၾကည္မႈေၾကာင့္မက္ဂေလာင္ျခစ္ေလ့ျခစ္ထရွိတဲ့သူေတြကေတာ့ မက္ဂေလာင္ျခစ္တာကိုစြန႔္လႊတ္ဖို႔ခက္ခဲမွာပါ။ဒီလိုမ်ိဳးသူေတြကိုအႀကံေပးခ်င္တာကေတာ့ မက္ဂေလာင္ျခစ္တဲ့အခါမွာ သုံးတဲ့ပစၥည္းကို သန႔္ရွင္းတဲ့ပစၥည္းသုံးပါ။မွ်မသုံးပါနဲ႔။မျခစ္ခင္ေရေႏြးနဲ႔ျပဳတ္ေဆးပါ။ေတြ႕ကရာကြၽဲ႐ိုင္းဗူးခြံ၊အခ်ိဳရည္ဘူးခြံေတြနဲ႔မျခစ္ပါနဲ႔။ျခစ္တဲ့အခါမွာလည္းအေရျပားပြန္းပဲ့ဒဏ္ရာမရေအာင္ဂ႐ုစိုက္ပါ။ မက္ဂေလာင္ျခစ္ၿပီးမသက္သာရင္ေဆးခန္းျပပါ။မက္ဂေလာင္ျခစ္ထားၿပီးရင္ေဆးမထိုးရဘူးဆိုတာမဟုတ္ပါ လို႔အႀကံေပးခ်င္ပါတယ္။

Dr 528

(Unicode Version)

ဘီပိုးစီပိုးHIVပိုး အမျိုးမျိုးကူးသွားနိုင်တဲ့ မက်ဂလောင်ခြစ်ခြင်း

ကျွန်တော်တို့မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတချို့တဝက်လောက်ဟာ ဖျားတာ၊နေမကောင်းတာဖြစ်ပြီဆိုရင် ဆရာဝန်နဲ့အရင်ပြသလေ့မရှိကြဘဲ ငန်းဆေးသောက်ချွေးထုတ်တာ၊နှင်းနှိပ်ခံတာ၊ဂျင်းပြုတ်ရည်သောက်တာ စတဲ့အရပ်နည်းတွေကို အရင်စမ်းကြည့်ကြလေ့ရှိပါတယ်။

မက်ဂလောင်ခြစ်တာဟာလည်း အရပ်နည်းတွေထဲက အသုံးများလေ့ရှိပြီး ပေါ်ပြူလာဖြစ်တဲ့ နည်းတခုဖြစ်ပါတယ်။မက်ဂလောင်ခြစ်တာကို ရှားခြစ်တယ်လို့လည်းခေါ်ကြပါတယ်။မက်ဂလောင်ဖောက်တာနဲ့မတူပါဘူး။သပ်သပ်စီပါ။မက်ဂလောင်ဖောက်တဲ့အကြောင်းကိုတော့ သပ်သပ်ဆောင်းပါးတပုဒ်အနေနဲ့ရေးသားတင်ပြပါမယ်။တောင်ပေါ်ဒေသနဲ့ကျေးလက်ဒေသတွေ မှာနေတဲ့သူတွေကြား မက်ဂလောင်ခြစ်တာများလေ့ရှိပြီး အထူးသဖြင့် ရှမ်း၊ကချင် တိုင်းရင်းသားတွေဟာ အများဆုံးမက်ဂလောင်ခြစ်လေ့ရှိတတ်ပါတယ်။

တကယ်တော့ မက်ဂလောင်ခြစ်နည်းဟာ မြန်မာတိုင်းရင်းနည်းမဟုတ်ပါဘူး။တရုတ်ရိုးရာအပ်စိုက်နည်းကနေဆင့်ပွားဆင်းသက်လာတဲ့ တရုတ်ရိုးရာနည်းတမျိုးပဲဖြစ်ပါတယ်။တရုတ်လို Gua Sha လို့ခေါ်ပါတယ်။

 

မက်ဂလောင်ခြစ်တဲ့အခါလိုက်နာရမယ့် စည်းကမ်းတွေကိုလည်းတရုတ်ရိုးရာအပ်စိုက်ကျမ်းထဲမှာ အောက်ပါအတိုင်းရေးထားပါတယ်။အရင်ဆုံး ခြစ်မယ့်နေရာအရေပြားပေါ်ကို ဆီတခုခု(အုန်းဆီ၊နှမ်းဆီ)သုတ်လိမ်းရပါမယ်။ပြီးမှ အကြွေစေ့၊ကြွေဇွန်း၊ကျောက်စိမ်းပြား စတဲ့ပစ္စည်းတခုခုသုံးပြီးသုံးတဲ့ပစ္စည်းရဲ့အနားညီညာပြီး ကြမ်းရှမှုမရှိတဲ့ အသွားခပ်တုံးတုံးဖက်နဲ့ပဲ အရေပြားကိုနီရဲလာတဲ့အထိ ဆက်တိုက်ခြစ်ရပါမယ်။အထက်ဖက်ကနေ အောက်ဖက်ကို(နှလုံးကနေဝေးရာဖက်ကို) ပဲ ဆွဲခြစ်ရပြီး ခြစ်တဲ့အခြစ်ရာတခုစီရဲ့အရှည်ဟာ လေးလက်မကနေ ခြောက်လက်မရှိရပါမယ်။

မက်ဂလောင်ခြစ်တာကို ကျောကုန်း၊လည်ပင်း၊ဂုတ်၊ခြေ၊လက်၊တင်ပါးနေရာတွေမှာလုပ်နိုင်ပါတယ်။မက်ဂလောင်ခြစ်တဲ့အခါ ဆံခြည်မျှင်သွေးကြောထဲကသွေးတွေထွက်လာတဲ့အတွက် အရေပြားပေါ်မှာ သွေးခြေဥသလို အနီစင်းကြောင်းအနီကွက်အမှတ်တွေ ထင်ကျန်နေတတ်ပါတယ်။အကြမ်းအားဖြင့်တော့ မက်ဂလောက်ခြစ်ပြီးနောက်၂ရက်ကနေ၄ရက်လောက်ကြာရင် အနီစင်းကြောင်း၊အနီကွက်တွေဟာ မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။

သွေးခြေဥတာများရင်များသလို အနီစင်းကြောင်းအနီကွက်တွေဟာပိုအရောင်ရင့်ပိုကြီးပြီး ပျောက်တာ ကြာနိုင်ပါတယ်။တရုတ်ရိုးရာဆေးနည်းမှာ ခန္ဓာကိုယ်ကျန်းမာနေဖို့ဆိုရင် ချီစွမ်းအင်ဓါတ်ဟာ ခန္ဓာကိုယ်တလျှောက်လွတ်လပ်စွာစီးဆင်းနေဖို့လိုပြီး အကြောင်းကြောင်းကြောင့် ချီစွမ်းအင်ဓါတ်ဟာ ခန္ဓာကိုယ်တနေရာမှာပိတ်ဆို့သွားတဲ့အခါမှာ နာကျင်ကိုက်ခဲတာနေမကောင်းတာတွေဖြစ်လာတယ်လို့ ယုံကြည်ထားပါတယ်။

အရှေ့တိုင်းရင်းဆေးပညာအမြင်အရလည်း နေမကောင်းဖြစ်တာ၊ထိုင်းမှိုင်းလေးလံနေတာဟာသွေးလှည်ပတ်မှုအားနည်းပြီး သွေးပုတ်တွေစုနေလို့လို့ ယူဆကြပါတယ်။မက်ဂလောင်ခြစ်ခြင်းဖြင့် ပိတ်နေတဲ့ချီဓါတ်ကိုလည်းပွင့်စေကာ သွေးပုပ်တွေ၊သွေးညစ်တွေထွက်သွားပြီး သွေးလည်ပတ်မှုကောင်းသွားစေတဲ့အတွက် ဖျားတာ၊နေမကောင်းတာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေတင်းတာ၊နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေတယ်လို့ မက်ဂလောင်ခြစ်တဲ့သူတွေက ယုံကြည်ထားကြပါတယ်။

အနောက်တိုင်းသုတေသနပညာရှင်တွေကတော့ မက်ဂလောင်ခြစ်လို့ခံစားရတဲ့ရောဂါဝေဒနာသက်သာပျောက်ကင်းတယ်ဆိုတာဟာ ရိုးရာအစွဲယုံကြည်စိတ်ကြောင့် နဲ့ မက်ဂလောင်ခြစ်ထားတဲ့နေရာမှာသွေးလည်ပတ်မှုများလာကာ ပူနွေးနာကျင်လာသလိုခံစားရပြီး နဂိုခံစားနေရတဲ့ဝေဒနာကိုလမ်းလွဲအာရုံပြောင်းသလိုဖြစ်တာကြောင့် ဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ဒါ့အပြင် မက်ဂလောင်ခြစ်တဲ့အခါအရေပြားအောက်ကဆံခြည်မျှင်သွေးကြောလေးတွေပေါက်တာ၊အရေပြားပွန်းပဲဒဏ်ရာတွေဖြစ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ကြောင်းဆိုထားပါတယ်။

မက်ဂလောင်ခြစ်ခြင်းကြောင့်ရနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးဖြစ်ပြီး သွေးမွှားဥ(Platelets)ပမာဏကျကာ သွေးထွက်နိုင်ခြေများနေတဲ့သူ၊သွေးမတိတ်ရောဂါရှိတဲ့သူတွေကို မက်ဂလောင်ခြစ်ရင်အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်နိုင်ပါတယ်။အရေပြားပွန်းပဲ့ဒဏ်ရာတွေကနေတဆင့်ပိုးဝင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါ့အပြင်ခြစ်တဲ့ကိရိယာမသန့်ပါက ဘီပိုး၊စီပိုး၊အိတ်အိုင်ဗီပိုးတွေကူးစက်ခံရနိုင်ခြေလည်းရှိပါတယ်။အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ နေမကောင်းတဲ့အခါ မက်ဂလောင်မခြစ်ဘဲဆေးခန်းပြပါလို့အကြံပေးချင်ပါတယ်။

ဒါပေမယ့် ရိုးရာအစွဲယုံကြည်မှုကြောင့်မက်ဂလောင်ခြစ်လေ့ခြစ်ထရှိတဲ့သူတွေကတော့ မက်ဂလောင်ခြစ်တာကိုစွန့်လွှတ်ဖို့ခက်ခဲမှာပါ။ဒီလိုမျိုးသူတွေကိုအကြံပေးချင်တာကတော့ မက်ဂလောင်ခြစ်တဲ့အခါမှာ သုံးတဲ့ပစ္စည်းကို သန့်ရှင်းတဲ့ပစ္စည်းသုံးပါ။မျှမသုံးပါနဲ့။မခြစ်ခင်ရေနွေးနဲ့ပြုတ်ဆေးပါ။တွေ့ကရာကျွဲရိုင်းဗူးခွံ၊အချိုရည်ဘူးခွံတွေနဲ့မခြစ်ပါနဲ့။ခြစ်တဲ့အခါမှာလည်းအရေပြားပွန်းပဲ့ဒဏ်ရာမရအောင်ဂရုစိုက်ပါ။ မက်ဂလောင်ခြစ်ပြီးမသက်သာရင်ဆေးခန်းပြပါ။မက်ဂလောင်ခြစ်ထားပြီးရင်ဆေးမထိုးရဘူးဆိုတာမဟုတ်ပါ လို့အကြံပေးချင်ပါတယ်။

Dr 528