(Zawgyi)
ေနာက္ဆုံးလူနာၾကည့္ၿပီးလို႔ ေဆးခန္းပိတ္ဖို႔ျပင္ေနတုန္း လမ္းထိပ္အိမ္က ေဒၚေအးတစ္ေယာက္ ကပ်ာကယာနဲ႔ ေရာက္လာၿပီး
‘ေတာ္ေသးတာေပါ့ ဆရာ မျပန္ေသးလို႔ ‘
‘ ဟုတ္ကဲ့ဗ် ဘာျဖစ္လို႔လဲဗ် ကြၽန္ေတာ္ေဆးခန္းေတာင္ ပိတ္ေတာ့မလို႔’
‘ ဟုတ္တယ္ ဆရာေရ အားနာလိုက္တာ ကြၽန္မလည္း ဆရာ့ဆီလာမယ္ဆိုၿပီး အလုပ္ရႈပ္ေနတာနဲ႔ အခုမွ သတိရေတာ့ ေျပးလာတာ’
ေဆးခန္းပိတ္လက္စကို ခဏရပ္ထားလိုက္ရင္း
‘ရပါတယ္ဗ်ာ ဘာမ်ားျဖစ္လို႔လဲ’
‘ ျဖစ္ေတာ့မျဖစ္ေသးဘူးဆရာ ျဖစ္မွာစိုးလို႔ ကြၽန္မႀကိဳလာတာ’
‘ ေဒၚေအးစကားက ဆန္းသားပဲဗ်’
‘ ဒီလိုပါ ဆရာရယ္ အိမ္က အမ်ိဳးသားက အလုပ္ေတာ့လုပ္ပါရဲ႕။ ညေနေစာင္းဆို အရက္ေလးနည္းနည္းေတာ့ေသာက္လိုက္ရမွ အက်င့္လိုျဖစ္ေနတာ။ ေသာက္ေတာ့လည္း အစာမပါ ဘာမပါနဲ႔။ ေသာက္တာေတာ့ သိပ္မမ်ားေပမယ့္ ေန႔စဥ္ရက္ဆက္ေသာက္ေနတာ ျဖတ္ဖို႔ေျပာေတာ့လည္း အလုပ္ပင္ပန္းတာကိုအေၾကာင္းျပၿပီး ေလွ်ာ့ေသာက္မယ္ေျပာၿပီး ဒုံရင္းပဲ’
‘ဟုတ္ကဲ့ခင္ဗ် ဆက္ေျပာပါဦး’
‘ အဲဒါ ဆရာေရ ဟိုးတစ္ပတ္ေလာက္ကစၿပီး ညဦးပိုင္းေတြမွာ ဗိုက္ထဲ ပူသလိုလိုေအာင့္သလိုလိုပဲတဲ့ ေနာက္ပိုင္းေတာ့ အရက္ေလွ်ာ့ေသာက္လာေတာ့ ေအာင့္တယ္ေတာ့ ေျပာသံမၾကားရေတာ့ဘူး’
‘ဟုတ္ကဲ့ဗ် အခုအေဒၚ့အမ်ိဳးသားေရာ’
‘သူက အိမ္မွာပါ။ ဆရာ သူကေတာ့ ေကာင္းတယ္ပဲေျပာတယ္ ဆရာ။ ကြၽန္မက စိတ္ပူလို႔ အစာအိမ္ေတြ ဘာေတြျဖစ္ေနမွာစိုးလို႔ပါ။ ဆရာ အဲဒါ ကြၽန္မ ဘာမ်ားလုပ္ေပးလို႔ရမလဲလို႔ပါ ဆရာ့ကို လာတိုင္ပင္တာပါ’
‘ ဟုတ္ကဲ့ပါ အခု ေလာေလာဆယ္ ေအာင့္တာသက္သာေနတယ္ဆိုရင္ေတာ့ ခဏေစာင့္ၾကည့္ပါဦး။ ဒီၾကားထဲေတာ့ အရက္လည္းရေအာင္ေလွ်ာ့ပါ။ တျဖည္းျဖည္း ျဖတ္ႏိုင္ေအာင္ႀကိဳးစားပါ။ နည္းနည္းပါးပါးေသာက္ျဖစ္တယ္ဆိုလည္း အစာတစ္ခုခုတြဲစားပါ။ အစားလည္းအခ်ိန္မွန္စားဖို႔လိုပါတယ္။ ေအာင့္ထားတာဆိုေတာ့ အပူအစပ္အမာေတြေတာ့ သိပ္မစားေစခ်င္ဘူး။’
‘ဟုတ္ကဲ့ပါ ဆရာ။ ေဆးေတြဘာေတြေရာ ေသာက္ဖို႔လိုေသးလား ဆရာ။’
‘ မေအာင့္ဘူးဆိုရင္ေတာ့ မလိုပါဘူး။ အေပၚကေျပာတာေတြပဲလုပ္ေပးပါ။ ေလေဆးေလးေတာ့ ေဆာင္ထားပါ။ ေအာင့္တယ္ဆိုတဲ့အခါေတြမွာ တစ္လုံးေလာက္ ေသခ်ာဝါးစားလိုက္ပါ။ ေအာင့္ေနတဲ့ ရက္ေတြဆို တစ္ေန႔သုံးႀကိမ္ထိ စားလို႔ရတယ္။ ေလေဆးေ႐ြးတဲ့အခါမွာလည္း တခ်ိဳ႕ေဆးေတြက ေလထိုးေလေအာင့္ေပ်ာက္ေစတဲ့ အာနိသင္ပဲ ပါတာရွိတယ္။ တခ်ိဳ႕ေဆးေတြက်ေတာ့ ေလထိုးတာအတြက္ေရာ အစာအိမ္မေကာင္းတာအတြက္ေရာ ေကာင္းတယ္။ ဆရာ ေဆးေရးေပးထားေပးမယ္။’
‘ ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္ ဆရာ။ ဒါနဲ႔ အဲ့ဒီေဆးက ခါးလားဆရာ။ အမ်ိဳးသားက အရက္သာေသာက္တာ ေဆးဆိုအေသေၾကာက္တာ။ ဒါေၾကာင့္လည္း ေဆးခန္းေတြ မျပျဖစ္တာပါ’
‘ ေဆးက မခါးပါဘူး။ ခ်ိဳလည္းခ်ိဳတယ္။ ေမႊးလည္းေမႊးပါတယ္။ ဝါးစားလိုက္႐ုံပဲ’
‘ ဟုတ္ကဲ့ပါ ဆရာ ဝယ္ထားလိုက္ပါ့မယ္’
‘ ေနာက္တစ္ခုေလာက္ေမးခ်င္လို႔ပါ ဆရာ’
‘ဟုတ္ကဲ့ပါ ေမးပါ’
‘ သမီးအႀကီးမကလည္း အခုစာေမးပြဲႀကီးနီးေတာ့ စိုးရိမ္ပူပင္တာေတြမ်ားၿပီး အစားစားခ်ိန္ မမွန္ေတာ့ဘူး။ အဲဒါၾကာလာရင္ဘအစာအိမ္ေရာဂါ ျဖစ္မွာစိုးလို႔ပါ။’ ‘စာဘယ္ေလာက္ပဲ က်က္က်က္ ႀကိဳးစားၿပီး အစားကိုအခ်ိန္မွန္စားဖို႔ေျပာပါ။ စိတိဖိစီးတာေတာ့ အနည္းနဲ႔အမ်ားရွိမွာပဲ။ တတ္ႏိုင္သေလာက္ေတာ့ စိတိေအးေအးထားဖို႔ေျပာပါ။ စိတ္ဖိစီးတာေတြ အစာစားခ်ိန္ မမွန္တာေတြ ေပါင္းၿပီး အစာအိမ္ေရာင္တတ္တယ္။’
‘ဟုတ္ကဲ့ ဆရာ ၊ ကြၽန္မလည္း အဲလို ျဖစ္မွာ စိုးရိမ္တာ ၊ တကယ္လို႔ ညဖက္ ဗိုက္ေအာင့္တာေတြ ဘာေတြ ျဖစ္လာရင္ ဆရာ ခုနက ေရးေပးထားတဲ့ေဆး တိုက္လို႔ ရမလားဆရာ’
‘ရပါတယ္’
‘ဟုတ္ကဲ့ပါ ဆရာရယ္။ ေက်းဇူးတင္ပါတယ္။ ‘
‘ဟုတ္ကဲ့ပါ။ ေဆး ခ်ည္းပဲေတာ့ မဟုတ္ဘူးေနာ္။ ေစာေစာက ကြၽန္ေတာ္ေျပာတဲ့ ေဆာင္ရန္ေရွာင္ရန္ေတြလည္း ေသခ်ာလိုက္လုပ္ဖို႔လိုပါတယ္’
‘ဟုတ္ကဲ့ပါ ဆရာ’
‘ ဒါေတြလည္းလုပ္တယ္ ေအာင့္ၿမဲေအာင့္ေသးတယ္တယ္ဆိုရင္ေတာ့ ေဆးခန္းျပၿပီး ေသခ်ာစစ္ေဆးၾကည့္ပါ’
‘ ဟုတ္ကဲ့ပါဆရာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္’
ေဒၚေအးတစ္ေယာက္ ျပန္သြားေတာ့မွ ေဆးခန္းကို ေသခ်ာျပန္ပိတ္ရင္း ျပန္ဖို႔ ျပင္ဆင္ရေတာ့တယ္
Author : Dr. CST
(Unicode)
နောက်ဆုံးလူနာကြည့်ပြီးလို့ ဆေးခန်းပိတ်ဖို့ပြင်နေတုန်း လမ်းထိပ်အိမ်က ဒေါ်အေးတစ်ယောက် ကပျာကယာနဲ့ ရောက်လာပြီး
‘တော်သေးတာပေါ့ ဆရာ မပြန်သေးလို့ ‘
‘ ဟုတ်ကဲ့ဗျ ဘာဖြစ်လို့လဲဗျ ကျွန်တော်ဆေးခန်းတောင် ပိတ်တော့မလို့’
‘ ဟုတ်တယ် ဆရာရေ အားနာလိုက်တာ ကျွန်မလည်း ဆရာ့ဆီလာမယ်ဆိုပြီး အလုပ်ရှုပ်နေတာနဲ့ အခုမှ သတိရတော့ ပြေးလာတာ’
ဆေးခန်းပိတ်လက်စကို ခဏရပ်ထားလိုက်ရင်း
‘ရပါတယ်ဗျာ ဘာများဖြစ်လို့လဲ’
‘ ဖြစ်တော့မဖြစ်သေးဘူးဆရာ ဖြစ်မှာစိုးလို့ ကျွန်မကြိုလာတာ’
‘ ဒေါ်အေးစကားက ဆန်းသားပဲဗျ’
‘ ဒီလိုပါ ဆရာရယ် အိမ်က အမျိုးသားက အလုပ်တော့လုပ်ပါရဲ့။ ညနေစောင်းဆို အရက်လေးနည်းနည်းတော့သောက်လိုက်ရမှ အကျင့်လိုဖြစ်နေတာ။ သောက်တော့လည်း အစာမပါ ဘာမပါနဲ့။ သောက်တာတော့ သိပ်မများပေမယ့် နေ့စဉ်ရက်ဆက်သောက်နေတာ ဖြတ်ဖို့ပြောတော့လည်း အလုပ်ပင်ပန်းတာကိုအကြောင်းပြပြီး လျှော့သောက်မယ်ပြောပြီး ဒုံရင်းပဲ’
‘ဟုတ်ကဲ့ခင်ဗျ ဆက်ပြောပါဦး’
‘ အဲဒါ ဆရာရေ ဟိုးတစ်ပတ်လောက်ကစပြီး ညဦးပိုင်းတွေမှာ ဗိုက်ထဲ ပူသလိုလိုအောင့်သလိုလိုပဲတဲ့ နောက်ပိုင်းတော့ အရက်လျှော့သောက်လာတော့ အောင့်တယ်တော့ ပြောသံမကြားရတော့ဘူး’
‘ဟုတ်ကဲ့ဗျ အခုအဒေါ့်အမျိုးသားရော’
‘သူက အိမ်မှာပါ။ ဆရာ သူကတော့ ကောင်းတယ်ပဲပြောတယ် ဆရာ။ ကျွန်မက စိတ်ပူလို့ အစာအိမ်တွေ ဘာတွေဖြစ်နေမှာစိုးလို့ပါ။ ဆရာ အဲဒါ ကျွန်မ ဘာများလုပ်ပေးလို့ရမလဲလို့ပါ ဆရာ့ကို လာတိုင်ပင်တာပါ’
‘ ဟုတ်ကဲ့ပါ အခု လောလောဆယ် အောင့်တာသက်သာနေတယ်ဆိုရင်တော့ ခဏစောင့်ကြည့်ပါဦး။ ဒီကြားထဲတော့ အရက်လည်းရအောင်လျှော့ပါ။ တဖြည်းဖြည်း ဖြတ်နိုင်အောင်ကြိုးစားပါ။ နည်းနည်းပါးပါးသောက်ဖြစ်တယ်ဆိုလည်း အစာတစ်ခုခုတွဲစားပါ။ အစားလည်းအချိန်မှန်စားဖို့လိုပါတယ်။ အောင့်ထားတာဆိုတော့ အပူအစပ်အမာတွေတော့ သိပ်မစားစေချင်ဘူး။’
‘ဟုတ်ကဲ့ပါ ဆရာ။ ဆေးတွေဘာတွေရော သောက်ဖို့လိုသေးလား ဆရာ။’
‘ မအောင့်ဘူးဆိုရင်တော့ မလိုပါဘူး။ အပေါ်ကပြောတာတွေပဲလုပ်ပေးပါ။ လေဆေးလေးတော့ ဆောင်ထားပါ။ အောင့်တယ်ဆိုတဲ့အခါတွေမှာ တစ်လုံးလောက် သေချာဝါးစားလိုက်ပါ။ အောင့်နေတဲ့ ရက်တွေဆို တစ်နေ့သုံးကြိမ်ထိ စားလို့ရတယ်။ လေဆေးရွေးတဲ့အခါမှာလည်း တချို့ဆေးတွေက လေထိုးလေအောင့်ပျောက်စေတဲ့ အာနိသင်ပဲ ပါတာရှိတယ်။ တချို့ဆေးတွေကျတော့ လေထိုးတာအတွက်ရော အစာအိမ်မကောင်းတာအတွက်ရော ကောင်းတယ်။ ဆရာ ဆေးရေးပေးထားပေးမယ်။’
‘ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။ ဒါနဲ့ အဲ့ဒီဆေးက ခါးလားဆရာ။ အမျိုးသားက အရက်သာသောက်တာ ဆေးဆိုအသေကြောက်တာ။ ဒါကြောင့်လည်း ဆေးခန်းတွေ မပြဖြစ်တာပါ’
‘ ဆေးက မခါးပါဘူး။ ချိုလည်းချိုတယ်။ မွှေးလည်းမွှေးပါတယ်။ ဝါးစားလိုက်ရုံပဲ’
‘ ဟုတ်ကဲ့ပါ ဆရာ ဝယ်ထားလိုက်ပါ့မယ်’
‘ နောက်တစ်ခုလောက်မေးချင်လို့ပါ ဆရာ’
‘ဟုတ်ကဲ့ပါ မေးပါ’
‘ သမီးအကြီးမကလည်း အခုစာမေးပွဲကြီးနီးတော့ စိုးရိမ်ပူပင်တာတွေများပြီး အစားစားချိန် မမှန်တော့ဘူး။ အဲဒါကြာလာရင်ဘအစာအိမ်ရောဂါ ဖြစ်မှာစိုးလို့ပါ။’ ‘စာဘယ်လောက်ပဲ ကျက်ကျက် ကြိုးစားပြီး အစားကိုအချိန်မှန်စားဖို့ပြောပါ။ စိတိဖိစီးတာတော့ အနည်းနဲ့အများရှိမှာပဲ။ တတ်နိုင်သလောက်တော့ စိတိအေးအေးထားဖို့ပြောပါ။ စိတ်ဖိစီးတာတွေ အစာစားချိန် မမှန်တာတွေ ပေါင်းပြီး အစာအိမ်ရောင်တတ်တယ်။’
‘ဟုတ်ကဲ့ ဆရာ ၊ ကျွန်မလည်း အဲလို ဖြစ်မှာ စိုးရိမ်တာ ၊ တကယ်လို့ ညဖက် ဗိုက်အောင့်တာတွေ ဘာတွေ ဖြစ်လာရင် ဆရာ ခုနက ရေးပေးထားတဲ့ဆေး တိုက်လို့ ရမလားဆရာ’
‘ရပါတယ်’
‘ဟုတ်ကဲ့ပါ ဆရာရယ်။ ကျေးဇူးတင်ပါတယ်။ ‘
‘ဟုတ်ကဲ့ပါ။ ဆေး ချည်းပဲတော့ မဟုတ်ဘူးနော်။ စောစောက ကျွန်တော်ပြောတဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း သေချာလိုက်လုပ်ဖို့လိုပါတယ်’
‘ဟုတ်ကဲ့ပါ ဆရာ’
‘ ဒါတွေလည်းလုပ်တယ် အောင့်မြဲအောင့်သေးတယ်တယ်ဆိုရင်တော့ ဆေးခန်းပြပြီး သေချာစစ်ဆေးကြည့်ပါ’
‘ ဟုတ်ကဲ့ပါဆရာ ကျေးဇူးအများကြီးတင်ပါတယ်’
ဒေါ်အေးတစ်ယောက် ပြန်သွားတော့မှ ဆေးခန်းကို သေချာပြန်ပိတ်ရင်း ပြန်ဖို့ ပြင်ဆင်ရတော့တယ်
Author : Dr. CST