အရေးပေါ်အသက်ကယ်မယ်ဆိုရင်

အေရးေပၚအသက္ကယ္မယ္ဆိုရင္

လူတစ္ေယာက္ ကိုယ့္အေရွ့မွာ လဲက်သြားရင္ ျဖစ္ျဖစ္ တက္ေနရင္ျဖစ္ျဖစ္ လူတစ္ေယာက္လဲေနတာကိုျမင္ရင္ျဖစ္ျဖစ္ ဘယ္လိုလုပ္ျကမလဲ။ တစ္ခ်ို့ကေတာ့ကိုယ္နဲ႔ မဆိုင္သလိုေလး လွည့္ထြက္သြားတတ္ျကတယ္။ တစ္ခ်ို့ကေတာ့ ကူေပးခ်င္ေပမယ့္ ဘာလုပ္လို့လုပ္ရမွန္းမသိျဖစ္တတ္ျကတယ္ ။ဘယ္လိုပဲျဖစ္ျဖစ္ေတာ့ လူတိုင္းက ကိုယ့္ေရွ့မွာ အေရးေပၚအေျခအေနျကံုလာရရင္ အေရးေပၚကူညီကယ္ဆယ္မႈေတြ ဘယ္လိုလုပ္ရမလဲဆို သိထားဖို့လိုပါတယ္ ။

ကိုယ့္ေရွ့မွာ လဲေနတဲ႕သူတစ္ေယာက္ကိုကယ္ေတာ့မယ္ဆိုရင္ အေရးျကီးဆံုးက ကိုယ့္အတြက္ေရာ အႏၲရာယ္ကင္းရဲ႔လားဆိုတာပါ။ အႏၲရာယ္တစ္ခုခုရွိေနတဲ႔ အေနအထားကို ဂရုမစိုက္ဘဲ ေရွ့တိုးမိတယ္ဆိုရင္ တစ္ျခားသူကိုမကယ္နိုင္ခင္ ကိုယ္တိုင္ အရင္ဒုကၡေရာက္မွာပါ။ တစ္ခ်ိန္တည္းမွာပဲ အကူအညီေခၚထားဖို့လိုပါတယ္ ။ဘာအႏၲရာယ္မွမရွိဘူးေသခ်ာရင္ေတာ့ လဲက်ေနသူဆီကို သြားျပီး သတိရွိမရွိျကည့္ပါ။ သတိေမ့ေနတယ္ဆိုရင္ ညင္ညင္သာသာေလးပဲ လႈပ္ျကည့္ပါ။ ပါးစပ္ကေခၚျကည့္ပါ။ တံု့ျပန္မႈတစ္ခုခုရွိတယ္ဆိုရင္ လူနာအသက္ရွူနိုင္ေသးလို့ပါ။ ဘာတုန့္ျပန္မႈမွမရွိရင္ေတာ့ လူနာကို အသက္ကယ္နည္းလမ္းေတြ လုပ္ေပးဖို့လိုလာပါတယ္ ။

အရင္ဆံုးေတာ့ လူနာေကာင္းေကာင္းအသက္ရွူနိုင္ဖို့ လိုအပ္ပါတယ္။ ပက္လက္အေနအထားမွာ လူနာကိုထားေပးပါ။ လူနာကပက္လက္မဟုတ္ခဲ႔ရင္ လူနာကို ေရႊ႔တဲ႔အခါ ေသခ်ာဂရုတစိုက္ ေရႊ႔ရမွာပါ။ ေခါင္းတစ္ပိုင္းကိုယ္တစ္ပိုင္တစ္လွည့္စီ ေရႊ႔လို့မရပါဘူ။း မျမင္နိုင္တဲ႔ ထိခိုက္မႈေတြ လူနာမွာ ရွိေနနိုင္ပါတယ္။ ေခါင္းပိုင္းကတစ္ေယာက္ ကိုယ္လံုးကတစ္ေယာက္ ေျခေထာက္ပိုင္းကတစ္ေယာက္ တစ္ျပိုင္တည္း ပံုစံေရႊ႔ရမွာပါ ။ပက္လက္အေနအထားျဖစ္ရင္ေတာ့ လူနာ အသက္ရွူေနရဲ႔လားဆိုတာ စစ္ေဆးဖို့ပိုလြယ္ကူပါတယ္။ အသက္ရွူမရွူကို နွာေခါင္းနားေလတိုးတာ ရင္ဘတ္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္တာ အသက္ရွူသံကို ေသခ်ာနားေထာင္တာ စသျဖင့္ စစ္ေဆးေပမယ့္အခ်ိန္အျကာျကီး မလုပ္ပါဘူ။း အသက္ေကာင္းေကာင္းမရွူဘူးဆိုရင္ေတာ့ လူနာရဲ႔ နွာေခါင္းနဲ႔ ပါးစပ္ထဲမွာပိတ္ေနနိုင္တဲ႔ အရာေတြကို ဖယ္ထုတ္ျပီး ေခါင္းကိုေမာ့လ်က္အေနအထား ထားပါတယ္။ ေခါင္းေမာ့ဖို့ အဆင္မေျပခဲ႔ရင္ေတာ ေမးေစ့ကို ေရွ့ဘက္ကို ဆြဲထားေပးလို့ ရပါတယ္။ အေနအထားျပင္ဆင္ျပီးတာနဲ႕ လူနာပါးစပ္ကေနတစ္ဆင့္ ေလသြင္းေပးပါတယ္။ ဒီလိုေလသြင္းတဲ႔အခါမွာ အသက္ကယ္ပစၥည္းအဆင္သင့္ဆိုရင္ေတာ့ Bag and Mask နဲ႔ လုပ္လို့ရပါတယ္။ ပစၥည္းမရွိရင္ေတာ့ ပါးစပ္ခ်င္းေတ့ျပီးေလသြင္းရတာပဲ လုပ္ေပးရမွာပါ။ ေလသြင္းတဲ႔အခါ လက္တစ္ဖက္က လူနာရဲ႔ႏွာေခါင္းကို ပိတ္ထားဖို့လိုပါတယ္။ ပါးစပ္ကတစ္ဆင့္ေလသြင္းျပီး ရင္ဘတ္မွာ ေဖာင္းလာဖို့လိုပါတယ္ ။

လူနာအသက္ရွူတာကို လုပ္ေနစဥ္မွာပဲ ေဘးမွာေနာက္ထပ္လူတစ္ေယာက္ရွိခဲ႔ရင္ တစ္ျခားတစ္ေယာက္က လူနာမွာ နွလံုးခုန္ေနရဲ႔လားဆိုတာကို ေသြးခုန္နႈန္းကေနတစ္ဆင့္ စမ္းျကည့္ရပါတယ္။ အေရးေပၚအေျခအေနေတြမွာ လည္ပင္းကပဲ ေသြးခုန္နႈန္းစမ္းျကပါတယ္။ ေသြးခုန္နႈန္းစမ္းတာ ဆရာဝန္ဆရာမေတြရဲ႔အလုပ္ပဲဆိုျပီး ထိုင္ေစာင့္ေနလို့မရပါဘူး ။ေသြးခုန္နႈန္းေကာင္းေကာင္းစမ္းမမိတာဘဲျဖစ္ေစ မရတာပဲျဖစ္ေစေတာ့ နွလံုးေနရာကို ျပန္ဖိေပးဖို့လိုေနပါျပီ ။လူနာရဲ႔ ဘယ္ဘက္ရင္ဘတ္ေဘးေလာက္မွာ ဒူးေထာက္ေနျပီး လက္နွစ္ဘက္ကို လူနာရဲ႔ ဘယ္ဘက္ရင္အံုေနရာမွာ လက္နွစ္ဘက္ကို စုျပီးတင္ထားပါ လက္ေတြက အေပၚတည့္တည့္ကေနေအာက္ဖက္ကိုို ဆန့္ထားဖို့ လိုတာျကာင့္ လူနာေဘးမွာ ဒူးေထာက္ျပီးလူနာကို္ကိုမိုးထားသလို အေနအထားျဖစ္ေနရပါမယ္ ။လူနာရဲ႔ရင္ဘတ္ကို စျပီးနွိပ္မယ္ဆို တစ္မိနစ္ကို အခ်က္၁၀၀နႈန္းနဲ႔ စည္းခ်က္ညီညီ ႏွိပ္ဖို့လိုပါတယ္။ နွိပ္တိုင္းလည္း ရင္ဘတ္က ေအာက္ဖက္ကို နိမ့္ဝင္သြားဖို့လိုပါတယ္။ ဒါမွလည္း ကိုယ္ဖိေပးတာက အက်ိုးသက္ေရာက္မႈရွိမွာပါ။ ဒါေပမယ့္ ကေလးလူျကီးအသက္အရြယ္လူနာေပၚမူတည္ျပီးေတာ့ လက္ဘယ္နွစ္ဖက္တင္ရမလဲ ဘယ္ေလာက္အားသံုးျပီးဖိေပးရမလဲဆိုတာ ကြာျခားပါတယ္ ။

နွလံုးကိုဖိတာအခ်က္သံုးဆယ္မွာ တစ္ခါ အသက္ရွူသြင္းတာကို နွစ္ျကိမ္လုပ္ေပးဖို့လိုပါတယ္။ တစ္ေယာက္တည္းဆိုရင္ေတာ့ နွလံုးဖိလိုက္ အခ်က္သံုးဆယ္ျပည့္ရင္ အသက္ရွူတာကိုနွစ္ျကိမ္လုပ္လိုက္နဲ႕ တစ္လွည့္စီလုပ္ရမွာပါ။ တစ္ျခားသူရွိရင္ေတာ့ တစ္ေယာက္တစ္မ်ိုးစီ လုပ္ေပးလို့ရပါတယ္ ။ေနာက္ထပ္အေရးျကီးတာကေတာ့ လူနာမွာ ဒဏ္ရာျကီးျကီးမားမားေတြျဖစ္ေနတာလားဆိုတာကို ရွာေပးဖို့လိုေပမယ့္ အဝတ္ေတြအကုန္ခ်ြတ္ျပီးဘအပူခ်ိန္က်သြားတာမ်ိုးမျဖစ္ဖို့ေတာ့ လိုပါတယ္။ ေသြးထြက္သံယို တစ္ခုခုရွိေနတာမ်ိုးဆို ေသခ်ာဖိထားေပးဖို့လိုပါတယ္။ ဒါမွလည္း ေသြးထြက္လြန္ျပီး ေသြးေပါင္က်တာ ေသြးလန့္တာေတြကေန ကာကြယ္ေပးနိုင္မွာပါ ။

ဒီလိုအေရးေပၚကယ္ဆယ္နည္းကို တစ္ျခားေသာအကူအညီေတြ မလာခင္အထိ လုပ္ေပးဖို့လိုပါတယ္။ ဒါကလည္းအတိုင္းအတာတစ္ခုအထိေတာ့ လူနာအသက္ကို ကယ္တင္နိုင္မွာျဖစ္ပါတယ္ ။

Dr. CST

Unicode Version

အရေးပေါ်အသက်ကယ်မယ်ဆိုရင်

လူတစ်ယောက် ကိုယ့်အရှေ့မှာ လဲကျသွားရင် ဖြစ်ဖြစ် တက်နေရင်ဖြစ်ဖြစ် လူတစ်ယောက်လဲနေတာကိုမြင်ရင်ဖြစ်ဖြစ် ဘယ်လိုလုပ်ကြမလဲ။ တစ်ချို့ကတော့ကိုယ်နဲ့ မဆိုင်သလိုလေး လှည့်ထွက်သွားတတ်ကြတယ်။ တစ်ချို့ကတော့ ကူပေးချင်ပေမယ့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်တတ်ကြတယ် ။ဘယ်လိုပဲဖြစ်ဖြစ်တော့ လူတိုင်းက ကိုယ့်ရှေ့မှာ အရေးပေါ်အခြေအနေကြုံလာရရင် အရေးပေါ်ကူညီကယ်ဆယ်မှုတွေ ဘယ်လိုလုပ်ရမလဲဆို သိထားဖို့လိုပါတယ် ။

ကိုယ့်ရှေ့မှာ လဲနေတဲ့သူတစ်ယောက်ကိုကယ်တော့မယ်ဆိုရင် အရေးကြီးဆုံးက ကိုယ့်အတွက်ရော အန္တရာယ်ကင်းရဲ့လားဆိုတာပါ။ အန္တရာယ်တစ်ခုခုရှိနေတဲ့ အနေအထားကို ဂရုမစိုက်ဘဲ ရှေ့တိုးမိတယ်ဆိုရင် တစ်ခြားသူကိုမကယ်နိုင်ခင် ကိုယ်တိုင် အရင်ဒုက္ခရောက်မှာပါ။ တစ်ချိန်တည်းမှာပဲ အကူအညီခေါ်ထားဖို့လိုပါတယ် ။ဘာအန္တရာယ်မှမရှိဘူးသေချာရင်တော့ လဲကျနေသူဆီကို သွားပြီး သတိရှိမရှိကြည့်ပါ။ သတိမေ့နေတယ်ဆိုရင် ညင်ညင်သာသာလေးပဲ လှုပ်ကြည့်ပါ။ ပါးစပ်ကခေါ်ကြည့်ပါ။ တုံ့ပြန်မှုတစ်ခုခုရှိတယ်ဆိုရင် လူနာအသက်ရှူနိုင်သေးလို့ပါ။ ဘာတုန့်ပြန်မှုမှမရှိရင်တော့ လူနာကို အသက်ကယ်နည်းလမ်းတွေ လုပ်ပေးဖို့လိုလာပါတယ် ။

အရင်ဆုံးတော့ လူနာကောင်းကောင်းအသက်ရှူနိုင်ဖို့ လိုအပ်ပါတယ်။ ပက်လက်အနေအထားမှာ လူနာကိုထားပေးပါ။ လူနာကပက်လက်မဟုတ်ခဲ့ရင် လူနာကို ရွှေ့တဲ့အခါ သေချာဂရုတစိုက် ရွှေ့ရမှာပါ။ ခေါင်းတစ်ပိုင်းကိုယ်တစ်ပိုင်တစ်လှည့်စီ ရွှေ့လို့မရပါဘူ။း မမြင်နိုင်တဲ့ ထိခိုက်မှုတွေ လူနာမှာ ရှိနေနိုင်ပါတယ်။ ခေါင်းပိုင်းကတစ်ယောက် ကိုယ်လုံးကတစ်ယောက် ခြေထောက်ပိုင်းကတစ်ယောက် တစ်ပြိုင်တည်း ပုံစံရွှေ့ရမှာပါ ။ပက်လက်အနေအထားဖြစ်ရင်တော့ လူနာ အသက်ရှူနေရဲ့လားဆိုတာ စစ်ဆေးဖို့ပိုလွယ်ကူပါတယ်။ အသက်ရှူမရှူကို နှာခေါင်းနားလေတိုးတာ ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်တာ အသက်ရှူသံကို သေချာနားထောင်တာ စသဖြင့် စစ်ဆေးပေမယ့်အချိန်အကြာကြီး မလုပ်ပါဘူ။း အသက်ကောင်းကောင်းမရှူဘူးဆိုရင်တော့ လူနာရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲမှာပိတ်နေနိုင်တဲ့ အရာတွေကို ဖယ်ထုတ်ပြီး ခေါင်းကိုမော့လျက်အနေအထား ထားပါတယ်။ ခေါင်းမော့ဖို့ အဆင်မပြေခဲ့ရင်တော မေးစေ့ကို ရှေ့ဘက်ကို ဆွဲထားပေးလို့ ရပါတယ်။ အနေအထားပြင်ဆင်ပြီးတာနဲ့ လူနာပါးစပ်ကနေတစ်ဆင့် လေသွင်းပေးပါတယ်။ ဒီလိုလေသွင်းတဲ့အခါမှာ အသက်ကယ်ပစ္စည်းအဆင်သင့်ဆိုရင်တော့ Bag and Mask နဲ့ လုပ်လို့ရပါတယ်။ ပစ္စည်းမရှိရင်တော့ ပါးစပ်ချင်းတေ့ပြီးလေသွင်းရတာပဲ လုပ်ပေးရမှာပါ။ လေသွင်းတဲ့အခါ လက်တစ်ဖက်က လူနာရဲ့နှာခေါင်းကို ပိတ်ထားဖို့လိုပါတယ်။ ပါးစပ်ကတစ်ဆင့်လေသွင်းပြီး ရင်ဘတ်မှာ ဖောင်းလာဖို့လိုပါတယ် ။

လူနာအသက်ရှူတာကို လုပ်နေစဉ်မှာပဲ ဘေးမှာနောက်ထပ်လူတစ်ယောက်ရှိခဲ့ရင် တစ်ခြားတစ်ယောက်က လူနာမှာ နှလုံးခုန်နေရဲ့လားဆိုတာကို သွေးခုန်နှုန်းကနေတစ်ဆင့် စမ်းကြည့်ရပါတယ်။ အရေးပေါ်အခြေအနေတွေမှာ လည်ပင်းကပဲ သွေးခုန်နှုန်းစမ်းကြပါတယ်။ သွေးခုန်နှုန်းစမ်းတာ ဆရာဝန်ဆရာမတွေရဲ့အလုပ်ပဲဆိုပြီး ထိုင်စောင့်နေလို့မရပါဘူး ။သွေးခုန်နှုန်းကောင်းကောင်းစမ်းမမိတာဘဲဖြစ်စေ မရတာပဲဖြစ်စေတော့ နှလုံးနေရာကို ပြန်ဖိပေးဖို့လိုနေပါပြီ ။လူနာရဲ့ ဘယ်ဘက်ရင်ဘတ်ဘေးလောက်မှာ ဒူးထောက်နေပြီး လက်နှစ်ဘက်ကို လူနာရဲ့ ဘယ်ဘက်ရင်အုံနေရာမှာ လက်နှစ်ဘက်ကို စုပြီးတင်ထားပါ လက်တွေက အပေါ်တည့်တည့်ကနေအောက်ဖက်ကို ဆန့်ထားဖို့ လိုတာကြာင့် လူနာဘေးမှာ ဒူးထောက်ပြီးလူနာကိုကိုမိုးထားသလို အနေအထားဖြစ်နေရပါမယ် ။လူနာရဲ့ရင်ဘတ်ကို စပြီးနှိပ်မယ်ဆို တစ်မိနစ်ကို အချက်၁၀၀နှုန်းနဲ့ စည်းချက်ညီညီ နှိပ်ဖို့လိုပါတယ်။ နှိပ်တိုင်းလည်း ရင်ဘတ်က အောက်ဖက်ကို နိမ့်ဝင်သွားဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ဖိပေးတာက အကျိုးသက်ရောက်မှုရှိမှာပါ။ ဒါပေမယ့် ကလေးလူကြီးအသက်အရွယ်လူနာပေါ်မူတည်ပြီးတော့ လက်ဘယ်နှစ်ဖက်တင်ရမလဲ ဘယ်လောက်အားသုံးပြီးဖိပေးရမလဲဆိုတာ ကွာခြားပါတယ် ။

နှလုံးကိုဖိတာအချက်သုံးဆယ်မှာ တစ်ခါ အသက်ရှူသွင်းတာကို နှစ်ကြိမ်လုပ်ပေးဖို့လိုပါတယ်။ တစ်ယောက်တည်းဆိုရင်တော့ နှလုံးဖိလိုက် အချက်သုံးဆယ်ပြည့်ရင် အသက်ရှူတာကိုနှစ်ကြိမ်လုပ်လိုက်နဲ့ တစ်လှည့်စီလုပ်ရမှာပါ။ တစ်ခြားသူရှိရင်တော့ တစ်ယောက်တစ်မျိုးစီ လုပ်ပေးလို့ရပါတယ် ။နောက်ထပ်အရေးကြီးတာကတော့ လူနာမှာ ဒဏ်ရာကြီးကြီးမားမားတွေဖြစ်နေတာလားဆိုတာကို ရှာပေးဖို့လိုပေမယ့် အဝတ်တွေအကုန်ချွတ်ပြီးဘအပူချိန်ကျသွားတာမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ သွေးထွက်သံယို တစ်ခုခုရှိနေတာမျိုးဆို သေချာဖိထားပေးဖို့လိုပါတယ်။ ဒါမှလည်း သွေးထွက်လွန်ပြီး သွေးပေါင်ကျတာ သွေးလန့်တာတွေကနေ ကာကွယ်ပေးနိုင်မှာပါ ။

ဒီလိုအရေးပေါ်ကယ်ဆယ်နည်းကို တစ်ခြားသောအကူအညီတွေ မလာခင်အထိ လုပ်ပေးဖို့လိုပါတယ်။ ဒါကလည်းအတိုင်းအတာတစ်ခုအထိတော့ လူနာအသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ် ။

Dr. CST

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image