ကြွက်တက်တာစိုးရိမ်ရသလား

ၾကြက္တက္တာစိုးရိမ္ရသလား

အရင္ဆံုး ၾကြက္တက္တယ္ဆိုတဲ့ ျမန္မာစကားကို ရွင္းလင္းဖို႔ လိုပါတယ္။ ေသခ်ာတာကေတာ့ အခုေျပာမွာက မီးဖိုေခ်ာင္ထဲက ဟင္းအိုးကို ၾကြက္တက္ႏိႈက္တဲ့ အေၾကာင္းမဟုတ္ပါဘူး။ ခႏၶာကိုယ္က ၾကြက္သားေတြ ရုတ္တရက္က်ံဳ႕သြားျခင္း (muscle cramp) ကို အရပ္သံုးစကားနဲ႕ ၾကြက္တက္တယ္လို႔ ေျပာၾကတဲ့ ကိစၥပါ။ ၾကြက္သားေတြက က်ံဳ႕သြားရင္ အရင္းပိုင္းကို တို၀င္သြားတတ္လို႔ တစ္နည္းအားျဖင့္ အေပၚပိုင္းကိုတက္ လာတတ္လို႕ ၾကြက္တက္ျခင္းလို႕ သမုတ္သလားမဆိုႏိုင္ပါ။ ျဖစ္တာမ်ားတဲ့ ၾကြက္သားကလည္း ေျခသလံုးၾကြက္သား (gastrocnemius) ေနရာမွာ ျဖစ္တတ္ေတာ့ ေျခေထာက္ကေန အေပၚကို ၾကြက္ေတြတက္လာတယ္လို႔ ဆိုလိုခ်င္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ လူအမ်ားစုက ၾကြက္တက္တာကို လန္႔တတ္ၾကပါတယ္။ အဓိကအေၾကာင္းအရင္းကေတာ့ ျဖစ္တဲ့အခ်ိန္မွာ အေတာ္နာက်င္လို႔ပါ။ ျပီးရင္ေတာ့ အမ်ားအားျဖင့္ သူဘာသာသူ ျပန္ေပ်ာက္သြားတတ္တဲ့အတြက္ အေရးမၾကီးေလာက္ဘူးလို႔ ထင္တတ္ၾကပါတယ္။ တကယ္အေရးၾကီးမၾကီးဆိုတာကေတာ့ ၾကြက္တက္ရတဲ့အေၾကာင္းအရင္းေပၚမွာ မူတည္တယ္လို႔ေျပာပါရေစ။

ၾကြက္တက္ရျခင္း အေၾကာင္းအရင္းေတြက အမ်ိဳးမ်ိဳးရွိပါတယ္။ ၾကြက္သားေတြကို ဆက္တိုက္လႈပ္ရွားအသံုးျပဳတာမ်ားသြားလို႔ျဖစ္ႏို္င္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓါတ္ေတြ ဆံုးရွံဳးေနလို႔လည္း ျဖစ္ႏိုင္ပါတယ။္ ၾကြက္သားလႈပ္ရွားဖို႔အတြက္ လိုအပ္တဲ့ဓါတ္ေတြ ျဖစ္တဲ့ ကယ္လစီယမ္တို႔၊ မဂၢနီဆီယမ္နဲ႕ ပိုတက္ဆီယမ္ စတဲ့ ဓါတ္ေတြ နညး္ပါးေနလို႔လည္း ျဖစ္နိုင္ပါတယ္။ အာရံုေၾကာေတြထိခိုက္မိရင္လည္း ျဖစ္နိုင္ေသးသလို ေသြးေၾကာက်ဥ္းတဲ့ေရာဂါေတြမွာလည္း ၾကြက္တက္တာ ျဖစ္ႏိုင္ပါေသးတယ္။

အားလံုးကေတာ့ ၾကြက္သားလႈပ္ရွားမႈကို ပံုမမွန္ျဖစ္ေစတဲ့အတြက္ ၾကြက္တက္ျခင္းကို ျဖစ္ေစတာပါ။ ပံုမွန္ၾကြက္သားလႈပ္ရွားမႈဆိုတာ ကိုယ္စိတ္ကထိန္းခ်ဳပ္ျပီးလႈပ္ရွားခိုင္းမွ လႈပ္ရွားတာမ်ိဳးပါ။ Voluntary muscle contraction လို႔ေခၚပါတယ္။ အခုက ၾကြက္သားေတြအားနည္းလာတဲ့အခါမွာ ထိန္းခ်ဳပ္ထားတဲ့ေအာက္က လြတ္သြားျပီး သူ႔အလိုလို ဆတ္ကနဲ ထက်ံဳ႕ျပီး ေျခေထာက္ေကြးသြားတာတို႔၊ တစ္ဆတ္ဆတ္တုန္သြားတာတို႔ ျဖစ္လာတာျဖစ္ပါတယ္။ ေျခေတြလက္ေတြကပ္ တယ္ဆိုတာလည္း ၾကြက္တက္တာနဲ႕ သိပ္မကြာပါဘူး။ အေၾကာင္းရင္းခံတူပါတယ္။

ဆိုေတာ့ ၾကြက္တတ္တာနဲ႕ ဆရာ၀န္ဆီေျပးျပီး ေဆးကုသမႈခံယူဖို႔လိုသလားေမးရင္ ေယဘုယ်အားျဖင့္ မလိုပါဘူး။ ေဆးေတြဘာေတြေသာက္ဖို႔လည္း ခ်က္ခ်င္းမလုိပါဘူး။ ဒါေပမယ့္ သတိထားပါ၊ ေစာင့္ၾကည့္ပါ။
ခဏ ခဏ ၾကြက္တတ္ေနတယ္ဆိုရင္ ဒါမွမဟုတ္ ၾကြက္တက္တာက ကိုယ့္အတြက္ အေတာ္အေႏွာင့္အယွက္ျဖစ္ေနရင္ (ဥပမာ-ကားေမာင္းေနရင္း ၾကြက္တယ္တယ္ဆိုရင္၊ အိပ္ေပ်ာ္ေနတုန္း ၾကြက္တက္ျပီး အိပ္မရေတာ့ဘူး ဆိုရင္) ေဆးကုသမႈခံယူပါ။ ၾကြက္တက္ရတဲ့အေၾကာင္းအရင္းကို လိုအပ္တဲ့ စစ္ေဆးမႈေတြခံယူျပီး ရွာေဖြပါ။

ေနာက္ထပ္ၾကြက္မတက္ေအာင္လညး္ ေနထိုင္မႈပံုစံအခ်ိဳ႕ ေျပာင္းလဲျပင္ဆင္ပါ။ ႏို႔မ်ားမ်ားေသာက္ပါ။ ႏို႔ထြက္ပစၥည္းမ်ားမ်ားစားသံုးပါ (ဥပမာ-ဒိန္ခ်ဥ္၊ မလိုင္)။ ေန႔စဥ္ ေရမ်ားမ်ားေသာက္ပါ။ အေၾကာေလ်ာ့ေလ့က်င့္ခန္းမ်ား မ်ားမ်ားျပဳလုပ္ပါ။ ဒါဆိုရင္ ၾကြက္တက္တာက သင့္အတြက္ အေရးၾကီးတဲ့ ေရာဂါၾကီး ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။

ေဒါက္တာထြန္းလင္း

Ref; www.mayoclinic.org/disease-conditions/muscle-cramp

Unicode Version

ကြွက်တက်တာစိုးရိမ်ရသလား

အရင်ဆုံး ကြွက်တက်တယ်ဆိုတဲ့ မြန်မာစကားကို ရှင်းလင်းဖို့ လိုပါတယ်။ သေချာတာကတော့ အခုပြောမှာက မီးဖိုချောင်ထဲက ဟင်းအိုးကို ကြွက်တက်နှိုက်တဲ့ အကြောင်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကြွက်သားတွေ ရုတ်တရက်ကျုံ့သွားခြင်း (muscle cramp) ကို အရပ်သုံးစကားနဲ့ ကြွက်တက်တယ်လို့ ပြောကြတဲ့ ကိစ္စပါ။ ကြွက်သားတွေက ကျုံ့သွားရင် အရင်းပိုင်းကို တိုဝင်သွားတတ်လို့ တစ်နည်းအားဖြင့် အပေါ်ပိုင်းကိုတက် လာတတ်လို့ ကြွက်တက်ခြင်းလို့ သမုတ်သလားမဆိုနိုင်ပါ။ ဖြစ်တာများတဲ့ ကြွက်သားကလည်း ခြေသလုံးကြွက်သား (gastrocnemius) နေရာမှာ ဖြစ်တတ်တော့ ခြေထောက်ကနေ အပေါ်ကို ကြွက်တွေတက်လာတယ်လို့ ဆိုလိုချင်တာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လူအများစုက ကြွက်တက်တာကို လန့်တတ်ကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဖြစ်တဲ့အချိန်မှာ အတော်နာကျင်လို့ပါ။ ပြီးရင်တော့ အများအားဖြင့် သူဘာသာသူ ပြန်ပျောက်သွားတတ်တဲ့အတွက် အရေးမကြီးလောက်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်အရေးကြီးမကြီးဆိုတာကတော့ ကြွက်တက်ရတဲ့အကြောင်းအရင်းပေါ်မှာ မူတည်တယ်လို့ပြောပါရစေ။

ကြွက်တက်ရခြင်း အကြောင်းအရင်းတွေက အမျိုးမျိုးရှိပါတယ်။ ကြွက်သားတွေကို ဆက်တိုက်လှုပ်ရှားအသုံးပြုတာများသွားလို့ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်တွေ ဆုံးရှုံးနေလို့လည်း ဖြစ်နိုင်ပါတယ။် ကြွက်သားလှုပ်ရှားဖို့အတွက် လိုအပ်တဲ့ဓါတ်တွေ ဖြစ်တဲ့ ကယ်လစီယမ်တို့၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေ နည်းပါးနေလို့လည်း ဖြစ်နိုင်ပါတယ်။ အာရုံကြောတွေထိခိုက်မိရင်လည်း ဖြစ်နိုင်သေးသလို သွေးကြောကျဉ်းတဲ့ရောဂါတွေမှာလည်း ကြွက်တက်တာ ဖြစ်နိုင်ပါသေးတယ်။

အားလုံးကတော့ ကြွက်သားလှုပ်ရှားမှုကို ပုံမမှန်ဖြစ်စေတဲ့အတွက် ကြွက်တက်ခြင်းကို ဖြစ်စေတာပါ။ ပုံမှန်ကြွက်သားလှုပ်ရှားမှုဆိုတာ ကိုယ်စိတ်ကထိန်းချုပ်ပြီးလှုပ်ရှားခိုင်းမှ လှုပ်ရှားတာမျိုးပါ။ Voluntary muscle contraction လို့ခေါ်ပါတယ်။ အခုက ကြွက်သားတွေအားနည်းလာတဲ့အခါမှာ ထိန်းချုပ်ထားတဲ့အောက်က လွတ်သွားပြီး သူ့အလိုလို ဆတ်ကနဲ ထကျုံ့ပြီး ခြေထောက်ကွေးသွားတာတို့၊ တစ်ဆတ်ဆတ်တုန်သွားတာတို့ ဖြစ်လာတာဖြစ်ပါတယ်။ ခြေတွေလက်တွေကပ် တယ်ဆိုတာလည်း ကြွက်တက်တာနဲ့ သိပ်မကွာပါဘူး။ အကြောင်းရင်းခံတူပါတယ်။

ဆိုတော့ ကြွက်တတ်တာနဲ့ ဆရာဝန်ဆီပြေးပြီး ဆေးကုသမှုခံယူဖို့လိုသလားမေးရင် ယေဘုယျအားဖြင့် မလိုပါဘူး။ ဆေးတွေဘာတွေသောက်ဖို့လည်း ချက်ချင်းမလိုပါဘူး။ ဒါပေမယ့် သတိထားပါ၊ စောင့်ကြည့်ပါ။
ခဏ ခဏ ကြွက်တတ်နေတယ်ဆိုရင် ဒါမှမဟုတ် ကြွက်တက်တာက ကိုယ့်အတွက် အတော်အနှောင့်အယှက်ဖြစ်နေရင် (ဥပမာ-ကားမောင်းနေရင်း ကြွက်တယ်တယ်ဆိုရင်၊ အိပ်ပျော်နေတုန်း ကြွက်တက်ပြီး အိပ်မရတော့ဘူး ဆိုရင်) ဆေးကုသမှုခံယူပါ။ ကြွက်တက်ရတဲ့အကြောင်းအရင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေခံယူပြီး ရှာဖွေပါ။

နောက်ထပ်ကြွက်မတက်အောင်လည်း နေထိုင်မှုပုံစံအချို့ ပြောင်းလဲပြင်ဆင်ပါ။ နို့များများသောက်ပါ။ နို့ထွက်ပစ္စည်းများများစားသုံးပါ (ဥပမာ-ဒိန်ချဉ်၊ မလိုင်)။ နေ့စဉ် ရေများများသောက်ပါ။ အကြောလျော့လေ့ကျင့်ခန်းများ များများပြုလုပ်ပါ။ ဒါဆိုရင် ကြွက်တက်တာက သင့်အတွက် အရေးကြီးတဲ့ ရောဂါကြီး ဖြစ်တော့မှာ မဟုတ်ပါဘူး။

ဒေါက်တာထွန်းလင်း

Ref; www.mayoclinic.org/disease-conditions/muscle-cramp