ကိုယ်ခန္ဓာအပြင်ဘက်တွင် HIVပိုး ဘယ်လောက်ကြာကြာနေနိုင်သလဲ

ကိုယ္ခႏၶာအျပင္ဘက္တြင္ HIVပိုး ဘယ္ေလာက္ျကာျကာေနနိုင္သလဲ

HIVပိုးသည္ ကိုယ္ခႏၶာအျပင္ဘက္တြင္ အခ်ိန္ဘယ္ေလာက္ျကာျကာအသက္ရွင္ေနနိုင္သလဲ?ဆိုေသာေမးခြန္းသည္ Ondrမွာအျမဲေမးျကပါတယ္။ဘတ္စ္ကားစီးေနရင္း အရည္တခုခုထိမိတာမ်ဳိး။HIVရွိသူလို့ထင္ရသူထံမွ အရည္နဲ႔ထိမိတာမ်ဳိးဆို ကူးနိုင္လား?မကူးနိုင္လား?စိုးရိမ္စိတ္ေတြျဖစ္ေနတတ္ပါတယ္။

အေျဖက?
HIVပိုးသည္ ကိုယ္ခႏၶာအျပင္ဘက္တြင္အခ်ိန္ျကာျမင့္စြာမေနနိုင္ပါ။လက္ခံသူကိုယ္ခႏၶာမရွိဘဲ မပြားတတ္ပါ။ကိုယ္ခႏၶာအျပင္ဘက္တြင္HIVသည္ ဘယ္ေလာက္ျကာျကာေနနိုင္သလဲဆိုသည္မွာ အေျဖသည္တသမတ္တည္းေျဖမရပါ။ပိုးရွိေနနိုင္ေသာအရည္အမ်ဳိးအစားအေပၚမူတည္ပါတယ္။ကိုယ္ခနၶာမွထြက္ေသာအရည္ ဥပမာ သုတ္ရည္၊ေသြး၊မိန္းမကိုယ္မွအရည္၊နို့ရည္ အစရွိသည္တို့မွသာ ပိုးကို သယ္ေဆာင္နိုုင္ပါတယ္။အဆိုပါ အရည္မ်ားသည္ mucous membraneလို့ေခါ္တဲ႔ စအို၊မိန္းမအဂၤါ၊ပါးစပ္ထဲဝင္ခဲ႔ရင္နွင့္လိင္တံအေပၚထိခဲ႔ရင္ ကူးစက္နိုင္ပါတယ္။

ကိုယ္ခႏၶာအျပင္ဘက္တြင္အခ်ိန္ဘယ္ေလာက္ျကာျကာေနနိုင္လဲ?

အခ်ိန္ကာလသတ္မွတိခ်က္မရွိပါ။သို့ေသာ္အခ်ဳိ့ေသာအေျခအေနမ်ားတြင္ ပိုးသည္ ရက္သတၱပတ္မ်ားစြာ အသက္ရွင္ေနနိုင္ေစပါတယ္။
HIVပိုးအသက္ရွင္ေနနိုင္မူအေပါ္သက္ေရာက္ေစေသာအခ်က္မ်ားမွာ
-ပိုးရွိေနေသာ အရည္အမ်ဳိးအစားနဲ႔ပမာဏ
-ပတ္ဝန္းက်င္အပူခ်္န္
-ပတ္ဝန္းက်င္အက္ဆစ္ဓာတ္
-ေနေရာင္နဲ႔ထိေတြ႔မူ
-ပတ္ဝန္းက်င္စိုစြတ္မူတို့ျဖစ္ပါတယ္။

HIVပိုးသည္ အမ်ဳိးမ်ဳိးေသာကြဲျပားျခားနားေသာအရည္ေပါ္မူတည္ရ်္ အသက္ရွင္ေနနိုင္မူကြာျခားျခင္း

-ေသြး
ကိုယ္ခႏၶာအရည္အမ်ဳိးမ်ဳိးသည္ ပိုးကူးေစနိုင္ေသာ္လည္း HIVပိုးသည္ ေသြးထဲတြင္ပါဝင္မူအမ်ားဆံုးျဖစ္ပါတယ္။ေျခာက္ေသြ့ေနေသာေသြးထဲတြင္ အခန္းအပူခ်ိန္၌ပိုးသည္ ၅ရက္မွ၆ရက္ခန့္ေနနိုင္ပါတယ္။ေလနွင့္မထိေတြ႔ဘဲ ေဆးထိုးအပ္ထဲရွိေသြးထဲတြင္အခ်ိန္ျကာျမင့္စြာေနနိုင္ပါတယ္။အသကိရွင္ေနနိုင္မူသည္ေဆးထိုးအပ္ထဲရွိေသြးပမာဏနွင့္အပူခ်္န္အေပါ္တြင္လည္းမူတည္ပါတယ္။ ေဆးထိုးအပ္အေခ်ာင္း၈၀၀ထဲရွိ ေသြးပမာဏအနည္းအမ်ားမ်ဳိးစံုကိုေလ့လာခ်က္အရ HIVပိုးသည္ ၁၁ရက္ေက်ာ္ထိအသကိရွင္ေျကာင္းေတြ႔ရွိရပါတယ္။

-သုတ္ရည္
သုတ္ရည္သည္ ဒုတိယHIVပိုးပါဝင္မူအမ်ားဆံုးအရည္ျဖစ္ပါတယ္။ေလ့လာခ်က္အရ သုတ္ရည္ကို ပိုးေမြးျကည့္လ်ွင္ မေပါက္ေသာေျကာင့္ ကိုယ္ခႏၶာအျပင္ဘက္သုတ္ရည္ထဲတြင္ အသက္ရွင္ေနနိုင္မူသည္ အလြန္နည္းပါးပါတယ္။ထို့အျပင္ ကြန္ဒံုးကိုထိရုံနွင့္HIVမကူးနိုင္ပါ။ကိုယ္ခနၶာအျပင္ဘက္သုတ္ရည္ထဲတြင္HIVေသဆံုုးျခင္းေျကာင့္ျဖစ္ပါတယ္။

-မိန္းမကိုယ္အရည္
မိန္းမကိုယ္အရည္သည္ ေသြးနွင့္သုတ္ရည္ထက္ ပါဝင္မူပမာဏနည္းပါတယ္။

-မိခင္နို့ရည္
မိခင္နို့ရည္ထဲတြင္မူHIVပိုးပါဝင္မူသည္အနိမ့္ဆံူးျဖစ္ပါတယ္။လူျကီးမ်ားအတြက္ နို့ရည္မွကုူးနိုင္ေခ်နည္းေသာ္လည္း မိခင္နို့ပံုမွန္ေသာက္ေသာ ေမြးစကေလးမ်ားအတြက္ ကူးစက္မူအႏၱရာယ္ရွိပါတယ္။

HIVဘယ္လိုကူးလဲ
HIVအမ်ားဆံုးကူးေသာနည္းမွာ ကြန္ဒံုးမသံူးဘဲ လိင္ဆက္ဆံမူတိုင္းသည္ကူးနိုင္ပါတယ္။အျခားနည္းမွာ ေဆးထိုူးအပ္မ်ွေဝသံူးစြဲျခင္းျဖစ္ပါတယ္။ကူးစက္နိုင္ေခ်ရွိေသာ္လည္းအနည္းဆံုးမွာ မိခင္မွကေလးဆီသို့ ကိုယ္ဝန္ေဆာင္ခ်ိန္။မီးဖြားခ်ိန္နွင့္နို့တိုက္ခ်ိန္တို့ျဖစ္ပါတယ္။ကိုယ္ဝန္ေဆာင္ခ်ိန္နွင့္နို့တိုက္ခ်္န္တြင္ ေဆးကုသမူခံယူေနပါက ကူးစက္မူေလ်ာ့က်ေစပါတယ္။ကူစက္မူအေျခအေနသည္ျဖစ္ေလ့ျဖစ္ထနည္းေသာ္လည္း ကူးသပ္လ်ွင္ျပင္းထန္ေစနိုင္ေသာအေျခအေနမွာ ပိုးရွိေသာ ေသြးသည္ အနာေပါ္သို့တိုက္ရုိက္ထိျခင္း။နမ္းစဥ္ သြားေသြးယိုျခင္းနွင့္ပစပ္အနာထိျခင္းစသည္တို့ျဖစ္ပါတယ္။သို့ေသာ္ပံုမွန္အားျဖင့္တံေထြးျဖင့္ HIVမကူးစက္နိုင္ပါ။

HIVမကူးစက္နိုင္ေသာအေျခအေနမ်ားမွာ
-ျခင္၊မႊားကိုက္ျခင္း
-တံေထြး၊မ်က္ရည္၊ေခြ ်း
-ေပြ႔ဖက္ျခင္းနွင့္လက္ဆြဲနူတ္ဆက္ျခင္း
-အိမ္သာအတူသံုးျခင္း
-ေရကူးကန္သံုးျခင္းစသည္တို့ျဖစ္ပါတယ္။

Dr.Pyae Shin

Unicode Version

ကိုယ်ခန္ဓာအပြင်ဘက်တွင် HIVပိုး ဘယ်လောက်ကြာကြာနေနိုင်သလဲ

HIVပိုးသည် ကိုယ်ခန္ဓာအပြင်ဘက်တွင် အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နေနိုင်သလဲ?ဆိုသောမေးခွန်းသည် Ondrမှာအမြဲမေးကြပါတယ်။ဘတ်စ်ကားစီးနေရင်း အရည်တခုခုထိမိတာမျိုး။HIVရှိသူလို့ထင်ရသူထံမှ အရည်နဲ့ထိမိတာမျိုးဆို ကူးနိုင်လား?မကူးနိုင်လား?စိုးရိမ်စိတ်တွေဖြစ်နေတတ်ပါတယ်။

အဖြေက?
HIVပိုးသည် ကိုယ်ခန္ဓာအပြင်ဘက်တွင်အချိန်ကြာမြင့်စွာမနေနိုင်ပါ။လက်ခံသူကိုယ်ခန္ဓာမရှိဘဲ မပွားတတ်ပါ။ကိုယ်ခန္ဓာအပြင်ဘက်တွင်HIVသည် ဘယ်လောက်ကြာကြာနေနိုင်သလဲဆိုသည်မှာ အဖြေသည်တသမတ်တည်းဖြေမရပါ။ပိုးရှိနေနိုင်သောအရည်အမျိုးအစားအပေါ်မူတည်ပါတယ်။ကိုယ်ခန္ဓာမှထွက်သောအရည် ဥပမာ သုတ်ရည်၊သွေး၊မိန်းမကိုယ်မှအရည်၊နို့ရည် အစရှိသည်တို့မှသာ ပိုးကို သယ်ဆောင်နိုင်ပါတယ်။အဆိုပါ အရည်များသည် mucous membraneလို့ခေါ်တဲ့ စအို၊မိန်းမအင်္ဂါ၊ပါးစပ်ထဲဝင်ခဲ့ရင်နှင့်လိင်တံအပေါ်ထိခဲ့ရင် ကူးစက်နိုင်ပါတယ်။

ကိုယ်ခန္ဓာအပြင်ဘက်တွင်အချိန်ဘယ်လောက်ကြာကြာနေနိုင်လဲ?

အချိန်ကာလသတ်မှတိချက်မရှိပါ။သို့သော်အချို့သောအခြေအနေများတွင် ပိုးသည် ရက်သတ္တပတ်များစွာ အသက်ရှင်နေနိုင်စေပါတယ်။
HIVပိုးအသက်ရှင်နေနိုင်မူအပေါ်သက်ရောက်စေသောအချက်များမှာ
-ပိုးရှိနေသော အရည်အမျိုးအစားနဲ့ပမာဏ
-ပတ်ဝန်းကျင်အပူချ်န်
-ပတ်ဝန်းကျင်အက်ဆစ်ဓာတ်
-နေရောင်နဲ့ထိတွေ့မူ
-ပတ်ဝန်းကျင်စိုစွတ်မူတို့ဖြစ်ပါတယ်။

HIVပိုးသည် အမျိုးမျိုးသောကွဲပြားခြားနားသောအရည်ပေါ်မူတည်ရျ် အသက်ရှင်နေနိုင်မူကွာခြားခြင်း

-သွေး
ကိုယ်ခန္ဓာအရည်အမျိုးမျိုးသည် ပိုးကူးစေနိုင်သော်လည်း HIVပိုးသည် သွေးထဲတွင်ပါဝင်မူအများဆုံးဖြစ်ပါတယ်။ခြောက်သွေ့နေသောသွေးထဲတွင် အခန်းအပူချိန်၌ပိုးသည် ၅ရက်မှ၆ရက်ခန့်နေနိုင်ပါတယ်။လေနှင့်မထိတွေ့ဘဲ ဆေးထိုးအပ်ထဲရှိသွေးထဲတွင်အချိန်ကြာမြင့်စွာနေနိုင်ပါတယ်။အသကိရှင်နေနိုင်မူသည်ဆေးထိုးအပ်ထဲရှိသွေးပမာဏနှင့်အပူချ်န်အပေါ်တွင်လည်းမူတည်ပါတယ်။ ဆေးထိုးအပ်အချောင်း၈၀၀ထဲရှိ သွေးပမာဏအနည်းအများမျိုးစုံကိုလေ့လာချက်အရ HIVပိုးသည် ၁၁ရက်ကျော်ထိအသကိရှင်ကြောင်းတွေ့ရှိရပါတယ်။

-သုတ်ရည်
သုတ်ရည်သည် ဒုတိယHIVပိုးပါဝင်မူအများဆုံးအရည်ဖြစ်ပါတယ်။လေ့လာချက်အရ သုတ်ရည်ကို ပိုးမွေးကြည့်လျှင် မပေါက်သောကြောင့် ကိုယ်ခန္ဓာအပြင်ဘက်သုတ်ရည်ထဲတွင် အသက်ရှင်နေနိုင်မူသည် အလွန်နည်းပါးပါတယ်။ထို့အပြင် ကွန်ဒုံးကိုထိရုံနှင့်HIVမကူးနိုင်ပါ။ကိုယ်ခန္ဓာအပြင်ဘက်သုတ်ရည်ထဲတွင်HIVသေဆုံးခြင်းကြောင့်ဖြစ်ပါတယ်။

-မိန်းမကိုယ်အရည်
မိန်းမကိုယ်အရည်သည် သွေးနှင့်သုတ်ရည်ထက် ပါဝင်မူပမာဏနည်းပါတယ်။

-မိခင်နို့ရည်
မိခင်နို့ရည်ထဲတွင်မူHIVပိုးပါဝင်မူသည်အနိမ့်ဆူံးဖြစ်ပါတယ်။လူကြီးများအတွက် နို့ရည်မှကုူးနိုင်ချေနည်းသော်လည်း မိခင်နို့ပုံမှန်သောက်သော မွေးစကလေးများအတွက် ကူးစက်မူအန္တရာယ်ရှိပါတယ်။

HIVဘယ်လိုကူးလဲ
HIVအများဆုံးကူးသောနည်းမှာ ကွန်ဒုံးမသူံးဘဲ လိင်ဆက်ဆံမူတိုင်းသည်ကူးနိုင်ပါတယ်။အခြားနည်းမှာ ဆေးထိုူးအပ်မျှဝေသူံးစွဲခြင်းဖြစ်ပါတယ်။ကူးစက်နိုင်ချေရှိသော်လည်းအနည်းဆုံးမှာ မိခင်မှကလေးဆီသို့ ကိုယ်ဝန်ဆောင်ချိန်။မီးဖွားချိန်နှင့်နို့တိုက်ချိန်တို့ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်နှင့်နို့တိုက်ချ်န်တွင် ဆေးကုသမူခံယူနေပါက ကူးစက်မူလျော့ကျစေပါတယ်။ကူစက်မူအခြေအနေသည်ဖြစ်လေ့ဖြစ်ထနည်းသော်လည်း ကူးသပ်လျှင်ပြင်းထန်စေနိုင်သောအခြေအနေမှာ ပိုးရှိသော သွေးသည် အနာပေါ်သို့တိုက်ရိုက်ထိခြင်း။နမ်းစဉ် သွားသွေးယိုခြင်းနှင့်ပစပ်အနာထိခြင်းစသည်တို့ဖြစ်ပါတယ်။သို့သော်ပုံမှန်အားဖြင့်တံထွေးဖြင့် HIVမကူးစက်နိုင်ပါ။

HIVမကူးစက်နိုင်သောအခြေအနေများမှာ
-ခြင်၊မွှားကိုက်ခြင်း
-တံထွေး၊မျက်ရည်၊ခွေ ျး
-ပွေ့ဖက်ခြင်းနှင့်လက်ဆွဲနူတ်ဆက်ခြင်း
-အိမ်သာအတူသုံးခြင်း
-ရေကူးကန်သုံးခြင်းစသည်တို့ဖြစ်ပါတယ်။

Dr.Pyae Shin