ပါရာစီတမောပဲပေးတဲ့ဆရာဝန် နဲ့  ဆေးအစုံစပ်ပေးတဲ့ဆေးဆိုင်

ပါရာစီတေမာပဲေပးတဲ့ဆရာဝန္ နဲ႔  ေဆးအစံုုစပ္ေပးတဲ့ေဆးဆိုုင္

ကိုစိန္၀င္း တစ္ေယာက္ ေနမေကာင္း ျဖစ္သမွ် ခြင့္ယူလိုက္ရသည္။ ဒီေန႔တစ္ေန႔ အိမ္မွာ နားျပီးလွ်င္နက္ျဖန္ ရံုးျပန္တက္ရမည္။ ရံုးတြင္ လုပ္စရာ အလုပ္ကိစၥမ်ားပံုေနသည္။ ဒီေန႔တစ္ေန႔ေတာ့  အျပည့္နားလိုက္မည္ဟု စိတ္ကူးလိုက္သည္။ ေဆးခန္းသြားျပီးေဆးေလးထိုး မည္ဟုလည္း စိတ္ကူးကာ ေဆးခန္းသို႔ထြက္လာခဲ့သည္။ မိုးဦးကာလမို႔ တိမ္မ်ားအံု႔မိုင္းေနသည္။ ညေနပိုင္းေလာက္ မိုးသည္းထန္စြာရြာဦးမလားလို႔ စိုးရိမ္ပူပန္မိသည္။ မေန႕ကလည္း ရံုးကအျပန္ မိုးမိေသာေၾကာင့္ ကိုစိန္၀င္း အေအးမိသြားျခင္းျဖစ္သည္။ မိုးရာသီဆိုေတာ့တုပ္ေကြးျဖစ္ျပီဟု ထင္သည္။ တစ္ကိုယ္လံုးေညာင္းညာကိုက္ခဲေနသည္။ အဖ်ားလည္းတက္ေနသည္။ အိမ္မွာ အိပ္ေနလုိ႔မျဖစ္။ ဆိုက္ကားတစ္စီးေခၚကာ ေဆးခန္းသို႔ ေျပးလာခဲ့သည္။ ေဆးခန္းေရွ့လူနာမ်ားကို ျမင္ေတာ့ကိုစိန္၀င္းတစ္ေယာက္ ရင္ေမာသြားသည္။  ေစာင့္ရဦးမည္။

” ခါတိုင္းေန႔ေတြ ေဆးခန္းေရွ့ ေရာက္တုန္းက ဒီေလာက္ လူနာ ေတြ မမ်ားပါဘူး။ ဒီေန႔မွ လူနာေတြကလည္း မ်ားလိုက္တာ  ” ဟု ေရရြတ္ေနမိသည္။

” မိုးတြင္းဆိုေတာ့လည္း တုပ္ေကြးမိလို႔လာၾကတာေနမွာေပါ့ေလ ” ဟုလည္း တစ္ေယာက္တည္း ေျဖေတြးေနမိသည္။  ေဆးခန္းေရွ့တစ္ျခားလူနာေတြ ကို ၾကည့္ရင္း ငိုက္ရင္းနွင့္ ပင္ ကိုယ့္အလွည့္ကို ေစာင့္ေနလိုက္သည္။ ငိုက္ေနရင္းကပင္ က်ယ္ေလာင္လွေသာ အသံေၾကာင့္ ကိုလွ၀င္း လန္႔နိုးလာသည္။

” ေနမေကာင္းလို႔ ေဆးခန္းလာျပတာပါဆရာ။ ပါရာစီတေမာနဲ႔ အားေဆးေပးမယ္ဆိုရင္ေတာ့ ကၽြန္မ တို႔ လမ္းထိပ္က ေဆးဆိုင္ကေနပဲ ေဆး၀ယ္ေသာက္ေတာ့မွာေပါ့။ ဆရာ့ေဆးခန္း အခ်ိန္ကုန္ခံျပီး မလာပါဘူး။ အေရွ့မွာလည္း လူနာေတြ အမ်ားၾကီးေစာင့္ေနရတယ္။ အခုလည္း ပါရာစီတေမာပဲ ေပးလိုက္တယ္။  ” မိန္းမ တစ္ေယာက္၏အသံကား ေဆးခန္းေရွ့ ေပ ၂၀ ပတ္လည္ေလာက္ကပင္ ေကာင္းေကာင္းၾကားနိုင္ေလာက္ေအာင္ က်ယ္ေလာင္လွသည္။  ငိုက္ေနေသာ ကိုစိန္၀င္းပင္ အိပ္ခ်င္ေျပသြားသည္။

” ဆရာ၀န္ကို ေဆးခန္းထဲလာျပီး ဘာလို႔ ရန္လုပ္ေနတာလဲ  ” ဟုလည္းေတြးရင္း စိတ္တိုမိသည္။

” ဆရာ့ကို ေျပာရင္လည္းေ အးေအးေဆးေဆး ေျပာလို႔ရပါတယ္။ အဲဒီေလာက္ၾကီး အက်ယ္ၾကီး ေအာ္ေျပာစရာမလိုပါဘူးေတာ္  ”

လို႔လည္း ေဘးမွ အမ်ိဳးသမီးကား ကိုစိန္၀င္းအား ရွင္းျပေနေသးသည္။ ထိုအမ်ိဳးသမီးသည္လည္း ဆရာ၀န္ဘက္မွ မခံမရပ္ နိုင္ျဖစ္ေနသည္။ ကိုယ္ေတြ အားကိုးတၾကီးရွိလွေသာ ဆရာ၀န္အား ေစာ္ကားေမာ္ကားေျပာေနသည္ကို မိမိတို႔ လူနာေတြ အေနနွင့္ လည္း မခံနိုင္။

“အခု အမ သား က ရိုးရိုုးတုပ္ေကြးျဖစ္တာပါ။ တုပ္ေကြး ဆိုတာ Virus တစ္မ်ိဳးေၾကာင့္ ျဖစ္တာပါ။ virus ေၾကာင့္ျဖစ္တဲ့ အဖ်ားေတြဆိုရင္ antibiotics မတိုက္ပါဘူး။ Anitibiotic ဆိုတာ လိုမွ တိုက္ရတာပါ။ မလိုပဲ နဲ႔ မတိုက္သင့္လို႔ မတိုက္တာပါ။ တုပ္ေကြးဆိုရင္ သံုးရက္ၾကာရင္ အဖ်ားအလုိလို က်သြားမွာပါ။ ဒီၾကားထဲမွာ အဖ်ားက်ေဆးေလးႏွင့္ ကိုယ္ခံအားတက္လာေအာင္ အားေဆးေလး vitamin C ေလး တိုက္ေပးရင္ ေကာင္းသြားမွာပါ။ Antibiotic ေပးစရာမလိုပါဘူး။” ဆရာ၀န္၏ အသံကိုေတာ့ တိုးတုိးေလး ၾကားေနရသည္။

လူနာရွင္သည္ ဆရာ၀န္ကို သိပ္ေတာ့ ေက်နပ္ပံု မေပၚပါ။   မိေက်ာင္းမင္းေရခင္းျပသလို ျဖစ္ေနျပီဟု ထင္သည္။

”  ပိုးသတ္ေဆးမ်ား တိုက္မလားလို႔ ေဆးခန္းလာတာေပါ့ဆရာ။ ျပီးေတာ့ ကေလးကို လည္း ျမန္ျမန္ေပ်ာက္ေစခ်င္တယ္”

” ေပ်ာက္သြားမွာပါ။ မလိုအပ္ပဲ ပိုးသတ္ေဆး မတိုက္ခ်င္လို႔ပါ။ ဒီရာသီက တုပ္ေကြးရာသီမို႔လို႔ ဖ်ားၾကတာပါ။ ပိုးသတ္ေဆးကလည္း လိုအပ္ရင္ေပးမွာပါ မလိုအပ္လို႔ မေပးတာပါ ” ဆရာ၀န္သည္ ေဒါသသံ မပါပဲ ေအေဆး တည္ျငိမ္စြာ ရွင္းျပသည္။

လူနာရွင္ အမ်ိဳးသမီးသည္ မေက်မနပ္ႏွင့္ပင္ ေဆးခန္းထဲမွ ထြက္သြားခဲ့ျပီ။ ကိုစိန္၀င္းအလွည့္သို႔ေရာက္ပါျပီ။ ဆရာ၀န္သည္ ကိုစိန္၀င္းကို စမ္းသပ္ျပီး

” ခင္ဗ်ားလည္း တုပ္ေကြးပဲေနာ္။ ပိုးသတ္ေဆး မေပးေတာ့ဘူး။ ပါရာစီတေမာတို႔ အားေဆးတို႔ပဲ ေပးလိုက္မွာ  ”  ဆရာ၀န္သည္ ကို စိန္၀င္းကို အရႊင္း ေဖာက္လိုက္သည္။ ကိုစိန္၀င္းသည္လည္း အားနာစြာႏွင့္ပင္ အရဲစြန္႔ ေမးလိုက္သည္။

“ပိုးသတ္ေဆး မေသာက္လည္း အဖ်ားေပ်ာက္ပါတယ္ေနာ္။  ” မိမိသည္လည္း ပိုးသတ္ေဆး ေပးမည္ဟု ထင္ထားေသာေၾကာင့္ျဖစ္သည္။

ဆရာ၀န္သည္ ထိုင္ခုံမွာ ျပန္ထိုင္လိုက္သည္။  ပ၀ါေလးႏွင့္ ေခၽြးမ်ားကို သုတ္လိုက္သည္။

 

” ေပ်ာက္ပါတယ္။ မလိုအပ္လို႔ ပိုးသတ္ေဆး မေပးတာပါ။ ေရာဂါ တစ္ခု ျဖစ္ရင္ မလိုအပ္ပဲ ပိုးသတ္ေဆးေတြကိုမသံုးတာ ေကာင္းပါတယ္။ ပိုးသတ္ေဆးေတြ အလြန္အကၽြံ သံုးစြဲျခင္းရဲ့ ေနာက္ဆက္တြဲျပသနာေတြက အမ်ားၾကီးရွိပါတယ္။   ” ” ဟုတ္ကဲ့ပါဆရာ  ”

” မလိုအပ္ပဲ ပိုက္ဆံကုန္ပါတယ္။ ေနာက္တစ္ခုက ပိုးသတ္ေဆး ေသာက္လိုက္တဲ့ အတြက္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ရွိေနတဲ့ လူကို အက်ိဳးျပဳေနတဲ့ ပိုးမႊားေလးေတြ နည္းသြားပါတယ္။ ပိုးသတ္ေဆးရဲ့ Side effect ေတြ ခံစားရပါတယ္။ အဆိုးဆံုးကေတာ့ ေဆးယဥ္ပါးေနတဲ႔ bacteria ပိုးေတြ ျဖစ္ေပၚလာတာပါပဲ။ မလိုအပ္ပဲ ပိုးသတ္ေဆးေတြ သံုးတဲ့အတြက္ အခုအခါမွာ ေဆးယဥ္ပါး ပိုးမႊားေတြ ေၾကာင့္ အသက္ေသဆံုးရတာေတြ ရွိလာပါတယ္။ ဒါေၾကာင့္ ပိုးသတ္ေဆးကို မလိုအပ္ပဲ မေသာက္တာ ေကာင္းပါတယ္။ လိုအပ္လို႔ ေသာက္ခဲ့ရင္ လည္း ပိုးသတ္ေဆးကိုမွန္မွန္ကန္ကန္ တိတိက်က် ေသာက္သင့္ပါတယ္။ ငါးရက္ေသာက္ရမဲ ့ေဆးကိုငါးရက္ ျပည့္ေအာင္ ေသာက္ရပါမယ္။ တစ္ေန႔ သံုးၾကိမ္ ေသာက္ရမဲံ့ေဆးကို တစ္ေန႔သံုးၾကီမ္ မေသာက္ပဲ နွစ္ၾကိမ္ပဲ ေသာက္မယ္။ ငါးရက္ေသာက္ရမဲ့ေဆးကို ႏွစ္ရက္ေသာက္ပဲ ေသာက္မယ္ဆိုရင္ ေရာဂါပိုးမႊားေတြဟာ ပိုးသတ္ေဆးနဲ ထိေတြ႔ဖူးသြားတဲ့အတြက္ ေဆးယဥ္ပါးတာမ်ိဳး ျဖစ္ေပၚပါမယ္။ ေဆးယဥ္ပါးျပီဆိုရင္ ေနာင္တစ္ခ်ိန္ ေရာဂါျဖစ္လို႔ ပိုးသတ္ေဆးတိုက္ရင္ ေဆးမတိုးတာ မ်ိဳး ျဖစ္ပြားျပီး အသက္ေသဆံုးနိုင္ပါတယ္။    ”

”   ဟုတ္ကဲ့ပါဆရာ”

”  ဒါေၾကာင့္ ပိုးသတ္ေဆးကို မလိုအပ္ပဲ မေပးခ်င္တာပါ ”

” နားလည္ပါျပီဆရာ။ မလိုအပ္ပဲ ပိုးသတ္ေဆး ကို မေသာက္ေတာ့ပါဘူး ”

”  လမ္းထိပ္ေဆးဆိုင္ကေနလည္းပိုးသတ္ေဆးေတြကို ကိုယ့္သေဘာနဲ႔ကို ၀ယ္ေသာက္တာ သိပ္မွားပါတယ္။  “ကိုစိန္၀င္းသည္ ဆရာ၀န္ကို သာ အားကိုးသူျဖစ္သည္။ ဘယ္တုန္းအခါမွ လမ္းထိပ္မွ စပ္ေဆး မ်ား ၀ယ္ေသာက္တတ္သူမဟုတ္။

”  ဟုတ္ကဲ့ပါဆရာ။ အခုလိုရွင္းျပေပးတာကို ေက်းဇူးတင္ပါတယ္”

ကိုစိန္၀င္းေဆးခန္းထဲမွ ထြက္လာခဲ့သည္။ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့  မိုးသည္ ရြာေတာ့မည္။ ေလပ်င္း ပ်င္း တစ္ခ်က္တိုက္လိုက္သည္။ ကိိုစိန္၀င္း ေက်ာထဲထိ စိမ့္ခ်မ္းလာသည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

ပါရာစီတမောပဲပေးတဲ့ဆရာဝန် နဲ့  ဆေးအစုံစပ်ပေးတဲ့ဆေးဆိုင်

ကိုစိန်ဝင်း တစ်ယောက် နေမကောင်း ဖြစ်သမျှ ခွင့်ယူလိုက်ရသည်။ ဒီနေ့တစ်နေ့ အိမ်မှာ နားပြီးလျှင်နက်ဖြန် ရုံးပြန်တက်ရမည်။ ရုံးတွင် လုပ်စရာ အလုပ်ကိစ္စများပုံနေသည်။ ဒီနေ့တစ်နေ့တော့  အပြည့်နားလိုက်မည်ဟု စိတ်ကူးလိုက်သည်။ ဆေးခန်းသွားပြီးဆေးလေးထိုး မည်ဟုလည်း စိတ်ကူးကာ ဆေးခန်းသို့ထွက်လာခဲ့သည်။ မိုးဦးကာလမို့ တိမ်များအုံ့မိုင်းနေသည်။ ညနေပိုင်းလောက် မိုးသည်းထန်စွာရွာဦးမလားလို့ စိုးရိမ်ပူပန်မိသည်။ မနေ့ကလည်း ရုံးကအပြန် မိုးမိသောကြောင့် ကိုစိန်ဝင်း အအေးမိသွားခြင်းဖြစ်သည်။ မိုးရာသီဆိုတော့တုပ်ကွေးဖြစ်ပြီဟု ထင်သည်။ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေသည်။ အဖျားလည်းတက်နေသည်။ အိမ်မှာ အိပ်နေလို့မဖြစ်။ ဆိုက်ကားတစ်စီးခေါ်ကာ ဆေးခန်းသို့ ပြေးလာခဲ့သည်။ ဆေးခန်းရှေ့လူနာများကို မြင်တော့ကိုစိန်ဝင်းတစ်ယောက် ရင်မောသွားသည်။  စောင့်ရဦးမည်။

” ခါတိုင်းနေ့တွေ ဆေးခန်းရှေ့ ရောက်တုန်းက ဒီလောက် လူနာ တွေ မများပါဘူး။ ဒီနေ့မှ လူနာတွေကလည်း များလိုက်တာ  ” ဟု ရေရွတ်နေမိသည်။

” မိုးတွင်းဆိုတော့လည်း တုပ်ကွေးမိလို့လာကြတာနေမှာပေါ့လေ ” ဟုလည်း တစ်ယောက်တည်း ဖြေတွေးနေမိသည်။  ဆေးခန်းရှေ့တစ်ခြားလူနာတွေ ကို ကြည့်ရင်း ငိုက်ရင်းနှင့် ပင် ကိုယ့်အလှည့်ကို စောင့်နေလိုက်သည်။ ငိုက်နေရင်းကပင် ကျယ်လောင်လှသော အသံကြောင့် ကိုလှဝင်း လန့်နိုးလာသည်။

” နေမကောင်းလို့ ဆေးခန်းလာပြတာပါဆရာ။ ပါရာစီတမောနဲ့ အားဆေးပေးမယ်ဆိုရင်တော့ ကျွန်မ တို့ လမ်းထိပ်က ဆေးဆိုင်ကနေပဲ ဆေးဝယ်သောက်တော့မှာပေါ့။ ဆရာ့ဆေးခန်း အချိန်ကုန်ခံပြီး မလာပါဘူး။ အရှေ့မှာလည်း လူနာတွေ အများကြီးစောင့်နေရတယ်။ အခုလည်း ပါရာစီတမောပဲ ပေးလိုက်တယ်။  ” မိန်းမ တစ်ယောက်၏အသံကား ဆေးခန်းရှေ့ ပေ ၂၀ ပတ်လည်လောက်ကပင် ကောင်းကောင်းကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။  ငိုက်နေသော ကိုစိန်ဝင်းပင် အိပ်ချင်ပြေသွားသည်။

” ဆရာဝန်ကို ဆေးခန်းထဲလာပြီး ဘာလို့ ရန်လုပ်နေတာလဲ  ” ဟုလည်းတွေးရင်း စိတ်တိုမိသည်။

” ဆရာ့ကို ပြောရင်လည်းေ အးအေးဆေးဆေး ပြောလို့ရပါတယ်။ အဲဒီလောက်ကြီး အကျယ်ကြီး အော်ပြောစရာမလိုပါဘူးတော်  ”

လို့လည်း ဘေးမှ အမျိုးသမီးကား ကိုစိန်ဝင်းအား ရှင်းပြနေသေးသည်။ ထိုအမျိုးသမီးသည်လည်း ဆရာဝန်ဘက်မှ မခံမရပ် နိုင်ဖြစ်နေသည်။ ကိုယ်တွေ အားကိုးတကြီးရှိလှသော ဆရာဝန်အား စော်ကားမော်ကားပြောနေသည်ကို မိမိတို့ လူနာတွေ အနေနှင့် လည်း မခံနိုင်။

“အခု အမ သား က ရိုးရိုးတုပ်ကွေးဖြစ်တာပါ။ တုပ်ကွေး ဆိုတာ Virus တစ်မျိုးကြောင့် ဖြစ်တာပါ။ virus ကြောင့်ဖြစ်တဲ့ အဖျားတွေဆိုရင် antibiotics မတိုက်ပါဘူး။ Anitibiotic ဆိုတာ လိုမှ တိုက်ရတာပါ။ မလိုပဲ နဲ့ မတိုက်သင့်လို့ မတိုက်တာပါ။ တုပ်ကွေးဆိုရင် သုံးရက်ကြာရင် အဖျားအလိုလို ကျသွားမှာပါ။ ဒီကြားထဲမှာ အဖျားကျဆေးလေးနှင့် ကိုယ်ခံအားတက်လာအောင် အားဆေးလေး vitamin C လေး တိုက်ပေးရင် ကောင်းသွားမှာပါ။ Antibiotic ပေးစရာမလိုပါဘူး။” ဆရာဝန်၏ အသံကိုတော့ တိုးတိုးလေး ကြားနေရသည်။

လူနာရှင်သည် ဆရာဝန်ကို သိပ်တော့ ကျေနပ်ပုံ မပေါ်ပါ။   မိကျောင်းမင်းရေခင်းပြသလို ဖြစ်နေပြီဟု ထင်သည်။

”  ပိုးသတ်ဆေးများ တိုက်မလားလို့ ဆေးခန်းလာတာပေါ့ဆရာ။ ပြီးတော့ ကလေးကို လည်း မြန်မြန်ပျောက်စေချင်တယ်”

” ပျောက်သွားမှာပါ။ မလိုအပ်ပဲ ပိုးသတ်ဆေး မတိုက်ချင်လို့ပါ။ ဒီရာသီက တုပ်ကွေးရာသီမို့လို့ ဖျားကြတာပါ။ ပိုးသတ်ဆေးကလည်း လိုအပ်ရင်ပေးမှာပါ မလိုအပ်လို့ မပေးတာပါ ” ဆရာဝန်သည် ဒေါသသံ မပါပဲ အေဆေး တည်ငြိမ်စွာ ရှင်းပြသည်။

လူနာရှင် အမျိုးသမီးသည် မကျေမနပ်နှင့်ပင် ဆေးခန်းထဲမှ ထွက်သွားခဲ့ပြီ။ ကိုစိန်ဝင်းအလှည့်သို့ရောက်ပါပြီ။ ဆရာဝန်သည် ကိုစိန်ဝင်းကို စမ်းသပ်ပြီး

” ခင်ဗျားလည်း တုပ်ကွေးပဲနော်။ ပိုးသတ်ဆေး မပေးတော့ဘူး။ ပါရာစီတမောတို့ အားဆေးတို့ပဲ ပေးလိုက်မှာ  ”  ဆရာဝန်သည် ကို စိန်ဝင်းကို အရွှင်း ဖောက်လိုက်သည်။ ကိုစိန်ဝင်းသည်လည်း အားနာစွာနှင့်ပင် အရဲစွန့် မေးလိုက်သည်။

“ပိုးသတ်ဆေး မသောက်လည်း အဖျားပျောက်ပါတယ်နော်။  ” မိမိသည်လည်း ပိုးသတ်ဆေး ပေးမည်ဟု ထင်ထားသောကြောင့်ဖြစ်သည်။

ဆရာဝန်သည် ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။  ပဝါလေးနှင့် ချွေးများကို သုတ်လိုက်သည်။

” ပျောက်ပါတယ်။ မလိုအပ်လို့ ပိုးသတ်ဆေး မပေးတာပါ။ ရောဂါ တစ်ခု ဖြစ်ရင် မလိုအပ်ပဲ ပိုးသတ်ဆေးတွေကိုမသုံးတာ ကောင်းပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေက အများကြီးရှိပါတယ်။   ” ” ဟုတ်ကဲ့ပါဆရာ  ”

” မလိုအပ်ပဲ ပိုက်ဆံကုန်ပါတယ်။ နောက်တစ်ခုက ပိုးသတ်ဆေး သောက်လိုက်တဲ့ အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိနေတဲ့ လူကို အကျိုးပြုနေတဲ့ ပိုးမွှားလေးတွေ နည်းသွားပါတယ်။ ပိုးသတ်ဆေးရဲ့ Side effect တွေ ခံစားရပါတယ်။ အဆိုးဆုံးကတော့ ဆေးယဉ်ပါးနေတဲ့ bacteria ပိုးတွေ ဖြစ်ပေါ်လာတာပါပဲ။ မလိုအပ်ပဲ ပိုးသတ်ဆေးတွေ သုံးတဲ့အတွက် အခုအခါမှာ ဆေးယဉ်ပါး ပိုးမွှားတွေ ကြောင့် အသက်သေဆုံးရတာတွေ ရှိလာပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို မလိုအပ်ပဲ မသောက်တာ ကောင်းပါတယ်။ လိုအပ်လို့ သောက်ခဲ့ရင် လည်း ပိုးသတ်ဆေးကိုမှန်မှန်ကန်ကန် တိတိကျကျ သောက်သင့်ပါတယ်။ ငါးရက်သောက်ရမဲ့ဆေးကိုငါးရက် ပြည့်အောင် သောက်ရပါမယ်။ တစ်နေ့ သုံးကြိမ် သောက်ရမဲံ့ဆေးကို တစ်နေ့သုံးကြီမ် မသောက်ပဲ နှစ်ကြိမ်ပဲ သောက်မယ်။ ငါးရက်သောက်ရမဲ့ဆေးကို နှစ်ရက်သောက်ပဲ သောက်မယ်ဆိုရင် ရောဂါပိုးမွှားတွေဟာ ပိုးသတ်ဆေးနဲ ထိတွေ့ဖူးသွားတဲ့အတွက် ဆေးယဉ်ပါးတာမျိုး ဖြစ်ပေါ်ပါမယ်။ ဆေးယဉ်ပါးပြီဆိုရင် နောင်တစ်ချိန် ရောဂါဖြစ်လို့ ပိုးသတ်ဆေးတိုက်ရင် ဆေးမတိုးတာ မျိုး ဖြစ်ပွားပြီး အသက်သေဆုံးနိုင်ပါတယ်။    ”

”   ဟုတ်ကဲ့ပါဆရာ”

”  ဒါကြောင့် ပိုးသတ်ဆေးကို မလိုအပ်ပဲ မပေးချင်တာပါ ”

” နားလည်ပါပြီဆရာ။ မလိုအပ်ပဲ ပိုးသတ်ဆေး ကို မသောက်တော့ပါဘူး ”

”  လမ်းထိပ်ဆေးဆိုင်ကနေလည်းပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ကို ဝယ်သောက်တာ သိပ်မှားပါတယ်။  “ကိုစိန်ဝင်းသည် ဆရာဝန်ကို သာ အားကိုးသူဖြစ်သည်။ ဘယ်တုန်းအခါမှ လမ်းထိပ်မှ စပ်ဆေး များ ဝယ်သောက်တတ်သူမဟုတ်။

”  ဟုတ်ကဲ့ပါဆရာ။ အခုလိုရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ်”

ကိုစိန်ဝင်းဆေးခန်းထဲမှ ထွက်လာခဲ့သည်။ကောင်းကင်ကို မော့ကြည့်လိုက်တော့  မိုးသည် ရွာတော့မည်။ လေပျင်း ပျင်း တစ်ချက်တိုက်လိုက်သည်။ ကိုစိန်ဝင်း ကျောထဲထိ စိမ့်ချမ်းလာသည်။