ဆိုင်ကယ်ခဏခဏမှောက်တဲ့မြို့

ဆိုုင္ကယ္ခဏခဏေမွာက္တဲ့ျမိဳ႕

“ဆိုင္ကယ္ေမွာက္လို႔တဲ့ ဆရာ”

“ဒီေန႔ေတာ့ ေမွာက္လိုက္တဲ့ ဆိုင္ကယ္ေတြ ဗ်ာ ”

” အမယ္ေလး ဆရာက ရန္ကုန္က ေျပာင္းလာတာ မၾကာေသးလို႔ ဒီျမိဳ႔အထာကို မသိတာ ။ အခါၾကီး ရက္ၾကီးေန႔ဆို ကၽြန္မ တို႔ေဆးရံုက လူ စည္ျပီးသားပဲ။  ”

“ေဟ ဟုတ္လား  ”

” ဒီေန႔လို ပြဲေတာ္ရက္ေတြ ဆိုရင္ ပိုျပီးလို႔ေတာင္ လူစည္ ေသးတယ္။  ”

”  လင္းစမ္းပါဦး”

” အခုေနာ္ နည္းနည္း ေစာေသးလို႔ ေရာက္မလာၾကေသးတာ။ သန္းေခါင္နားနီးေလ လူနာ ေတြ လာေလပဲဆရာေရ။  ”

”  ေဟ ” ဆရာ၀န္သည္ အံေၾသာ္လို႔သာ ေနေတာ့သည္။

“ဒီ တစ္ညလံုးေတာ့ အိပ္ရမယ္ မထင္နဲ႔ေနာ္။ မိုးစင္စင္လင္းမွာ။   ”  ဆရာမ၏ နမိတ္စကားကို မၾကိဳက္။

“မဦးမခၽြတ္ ဆရာမရယ္။  ”

”  ေစာင့္ၾကည့္ပါဆရာရယ္” ဆရာ၀န္သည္ အေရးေပၚဌာန ၏ ျပင္ပလူနာ ဌာနတြင္ တာ၀န္ထမ္းေဆာင္ေနသည္။ မိမိမွ တစ္ဆင့္ သက္ဆိုင္ရာ ေဆးကုသေဆာင္မ်ားသို႔ ပို႔ေပးမည္ျဖစ္သည္။

ေျပာရင္းဆိုရင္း ေနာက္တစ္ေယာက္ ေရာက္လာျပန္သည္။

“ဆိုင္ကယ္နဲ႔ ကားနဲ႔႔ပြတ္မိလို႔ဆရာ”

” ကၽြန္ေတာ့္ကားနဲ႔ မတိုက္မိပါဘူး ဆရာ။ သူ႔ဘာသာ ဆိုင္ကယ္လဲသြားတာပါ။ ”

ကားေမာင္းသမားသည္ ဆရာ၀န္အား ရွင္းျပေနသည္။ ဆရာ၀န္သည္ ကားသမားေက်နပ္ေအာင္ ေခါင္းျငိမ့္ျပလိုက္သည္။ မိမိကိစၥ မဟုတ္။ မိမိသည္ လူနာကို စစ္ေဆးၾကည့္ရွဴရန္သာ ျဖစ္သည္။

လူနာကို ၾကည့္လိုက္ေတာ့ ေခါင္းတြင္ ဒဏ္ရာမေတြ႔။ ေသြးထြက္ ေနသည့္ေနရာလည္းမ ရွိ။ သို႔ေသာ္ လူနာသည္ ဂေယာင္ေျခာက္ျခား ေျပာေနသည္။ အရက္မူးေနလို႔ ေျပာေနသည္လားမသိ။  ေခါင္းကို ထိခိုက္မိလို႔ေျပာေနသည္လား မေသခ်ာ။ လူနာကို စမ္းသပ္မွဳမ်ားျပဳလုပ္ျပီး ခြဲစိတ္ေဆာင္သို႔ပို႔လိုက္သည္။  ျပင္ပလူနာဌာန ႏွင့္ အေရးေပၚ ဌာတြင္ တာ၀န္က်ေသာေၾကာင့္  လူနာကို  First aid ေပးျပီး Ward ထဲ သို႔ လြဲလိုက္သည္။ သက္ဆိုင္ရာ Ward ထဲေရာက္ မွ တာ၀န္က် ဆရာ၀န္မ်ားက ဆက္လက္ ကုသေပးမည္ျဖစ္သည္။ ည ၁၂ ေက်ာ္လာသည္။ ဆိုင္ကယ္ သံမ်ားၾကားရသည္မွာ ဂ်က္ေလယဥ္မ်ား ေမာင္းသြားလား ေအာက္ေမ့ရသည္။

ဒီျမိဳ႔က လူေတြ ဆိုင္ကယ္ စီးတာ ၾကမ္းလိုက္တာေနာ္။

“ဆရာတို႔ ရန္ကုန္လိုေပ့ါဆရာရယ္။ ညဖက္ ကားရွင္းခ်ိန္ ကားျပဳိင္ ေမာင္းသလိုမ်ိဳးေပါ့။ ကၽြန္ေတာ့္တို႔ဆိီမွာလည္း ညဖက္ လူငယ္ေတြ ဆိုင္ကယ္ျပိဳင္ေမာင္းၾကတာ ဆရာေရ  ”

“ဘုရားေရ။ ေမွာက္သြားရင္ မလြယ္ဘူးေနာ္။ ကားက ေမွာက္ဖို႔ ခက္တယ္။   ”

“ေမွာက္မွေတာ့ ဘယ္လြယ္မလဲ ဆရာေရ  ”

“ရန္ကုန္မွာေတာ့ဆိုင္ကယ္ စီးတဲ့ သူ သိပ္မရွိေတာ့ ဆိုင္ကယ္ေမွာက္တာ သိပ္မလာဘူးဗ်ာ” ဆရာ၀န္သည္ ရန္ကုန္မွ ေျပာင္းလာသူျဖစ္သည္။

” ဒီမွာေတာ့ ေန႔တိုင္းဆိုင္ကယ္ေမွာက္တယ္။ စိတ္ခ် ဆရာ ခဏ ေန ထပ္ေရာက္လာဦးမယ္ ”

” ခင္ဗ်ားတို႔ဗ်ာ မဦးမခၽြတ္ ေျပာျပန္ျပီ ” ဆရာ၀န္ကို အယူသီးသည္ဟု ထင္စရာျဖစ္လာသည္။

ေျပာတုန္းရွိေသးသည္။ ရဲမ်ားႏွင့္ လူတစ္စု ၀င္လာသည္။ ေခါင္းတြင္လည္း ေသြးမ်ားက စီးေနသည္။

ဆရာ၀န္သည္ လူနာကို ေခါင္းကို ေသခ်ာ ၾကည့္လိုက္သည္။ ဒဏ္ရာသည္ မနက္။အေပၚယံ အေရျပားေလာက္ပင္။

”  ကၽြန္ေတာ္ ဘာမွ မျဖစ္ဖူးဆရာ။ ကၽြန္ေတာ္ ဘာမွမ ျဖစ္ဘူး”

” ခင္ဗ်ားဘာမွ မျဖစ္ေပမဲ့ ခင္ဗ်ား ေခါင္း နည္းနည္းရွထားတယ္။ အဲဒါ ကၽြန္ေတာ္ ျပန္ခ်ဳပ္ေပးမယ္ ”

” မခ်ဳပ္နဲ႔ ဆရာ။ ကၽြန္ေတာ္ ေယာက်ာ္း ခံနိုင္ရည္ရွိပါတယ္။  ” ဒီလူနာသည္လည္း မူးေနသည့္အတြက္ ကေယာင္ကယမ္း ေျပာေနျပန္သည္။

” ခင္ဗ်ား ခံနိုင္ရည္ရွိတာ ကၽြန္ေတာ္ သိတယ္။ ကၽြန္ေတာ္က ဆရာ၀န္ျဖစ္တဲ့ အတြက္ လက္ပိုက္ၾကည့္မေနနိုင္ဘူး။ ခင္ဗ်ား ေခါင္းက ဒဏ္ရာကို ေပ်ာက္ေအာင္ကုေပးရမွာပဲ။  ”

“ဒီ မွာ စကားသိပ္မေျပာနဲ႔ ။ ျငိမ္ျငိမ္ေန။  ” ေဘးမွ Sister သည္ လူနာကို တစ္ခ်က္ေအာ္လိုက္သည္။

ဆရာ၀န္ကို မေၾကာက္ေသာ လူနာ သည္ Sister ကို ေၾကာက္သျဖင့္ ပါးစပ္ပိတ္သြားသည္။

” ဘာနဲ႔ အရိုက္ခံရတာလဲ ” ဆရာ၀န္သည္ ေဘးမွ အေဖာ္ကို ေမးလိုက္သည္။

” သစ္ကိုင္းနဲ႔ အရိုက္ခံရတာ ဆရာေရ ”

” တစ္ျခားသူေတြေရာ ”

” တစ္ျခားသူေတြက ရဲစခန္းမွာ ထားခဲ့တယ္။ ဒီလူနာက ေခါင္းထိထားလို႔ ေဆးရံုတင္ဖို႔လိုမလို လာျပတာပါဆရာ ”

” မလိုပါဘူး ဆရာ ”

” ဆရာ ကၽြန္ေတာ္ ေခါင္းမူးတယ္။ ေခါင္းေတာ္ေတာ္မူးေနတယ္။ ေဆးရံုတက္မွ ျဖစ္မယ္ထင္တယ္ ” လူနာသည္ ဆရာ၀န္အား

“ခင္ဗ်ားခုနေျပာတုန္းက ေခါင္း မမူးဘူး။ ေခါင္းမကိုက္ဘူးဆို။ အခုမွ ဘာလို႔မူးရတာလဲ ”

” ခုနတုန္းက မမူး ေပမဲ့ အခု မူးတယ္ေလ ဆရာ”

ေခါင္းမူးတယ္ဆိုေတာ့လည္း ေဆးရံုတစ္ရက္ေလာက္ေတာ့ တင္ထားရမည္။ ကူလီကူမာလုပ္တာလား တကယ္ မူးေနတာလားေတာ့ ကာယကံရွင္မွပဲသိမည္။ သို႔ေသာ္ ဆရာ၀န္အတြက္ေတာ့ ေခါင္းမူးလွ်င္ ေဆးရံုတင္ထားျခင္းသည္ အေကာင္းဆံုးပင္။

” ဆရာမေရ လူနာကို ေဆးရံုတင္ဖို႔ျပင္ လိုက္ပါ ”

ဒီတစ္ညေတာ့ ေဆးရံုတင္ထားလိုက္ေတာ့မည္။ တစ္ခါ တစ္ေလ လူနာေတြနွင့္ ဆက္ဆံရသည္မွာ ခက္လွသည္။ ခြဲစိတ္ေဆာင္ကို ပို႔လိုက္ေတာ့ အေရးေပၚ ဌာနတြင္ လူရွင္းသြားသည္။

” ကၽြန္ေတာ္ ငယ္ငယ္က ဆိုရင္ အခါၾကီးရက္ၾကီးဆိုရင္ ေက်ာင္းပိတ္ေတာ့ သိပ္ေပ်ာ္တာပဲဗ်ာ ” ဆရာ၀န္သည္ သူငယ္ငယ္က အေၾကာင္းမ်ားကို လြမ္းလြမ္းဆြတ္ဆြတ္ ျပန္ေျပာေနသည္။

”  ကၽြန္မတို႕ကေတာ့ အခါၾကီးရက္ၾကီးဆိုရင္ Duty ဆင္းရမွာ ကို ေၾကာက္တယ္ဆရာေရ။ ျမိဳ႔ထဲ ေပ်ာ္ပြဲရႊင္ပြဲတို႔ ဘုရားပြဲတို႔ မ်ားရွိလို႕ကေတာ့ ကၽြန္မတို႔ေတြကေတာ့ ေသေတာင္ေသခ်င္တယ္။

ျဖစ္လိုက္တဲ့ ရန္ပြဲ။ ဓားထိုးမွဳလည္း ပါတယ္။ ရိုက္မွဳလည္းပါတယ္။ ျပီးရင္ ညၾကီးသန္းေခါင္ ဆိုင္ကယ္ေမွာက္တာလည္း ပါတယ္။ ” ဆရာ မသည္ အခါၾကီးရက္ၾကီးမ်ားကို စိတ္နာေနပံုရသည္။

” ေအးဗ်ာ ကၽြန္ေတာ္တို႔လို က်န္းမာေရး၀န္ထမ္းေတြ အတြက္ကေတာ့ အခါၾကီး ရက္ၾကီးဆိုရင္ ပိုပင္ပန္းတယ္ဗ်ာ။ အခါၾကီး ရက္ၾကီးဆိုရင္ ေဆးရံုမွာ ၀န္ထမ္းအင္အား နည္းေနတဲ့အခ်ိန္ လာလိုက္တဲ့ လူနာေတြဆိုတာ ရင္ေမာလိုက္တာ။ ဒီလိုပဲ ေပါ့။ အစိုးရ ၀န္ထမ္းဆိုတာ ျပည္သူလူထုရဲ့ က်န္းမာေရးကို ေစာင့္ေရွာက္ရမွာပဲေလ။  ”

“ကၽြန္မကေတာ့ ဒီဆိုင္ကယ္ေတြ ေမွာက္တာကိုပဲ စိတ္ညစ္တာပါဆရာေရ ”

”  ဦးထုပ္ ေဆာင္းရင္ ထိခိုက္တာ သက္သာတယ္။ ဒီျမိဳ႔ကလူေတြက ဦးထုပ္လည္း မေဆာင္းၾကဘူးေနာ္”

” ဟုတ္တယ္ဆရာေရ.။ ဦးထုပ္ မေဆာင္းလို႔ ဆိုင္ကယ္တိုက္ျပီဆိုတာ နဲ႔ေခါင္းကိုထိတာပဲ။ ဒီျမိဳ႔မွာ ဆိုင္ကယ္တိုက္လို႔ Head Injuary ရတာကေတာ့ ေပါမွ ေပါပဲဆရာေရ ”

” ဆိုင္ကယ္ ဦးထုပ္ေဆာင္းဖို႔ အသိပညာေပးရမယ္ထင္တယ္။  ”

” အမယ္ေလး ဆရာရယ္ ဆိုင္းဘုတ္ၾကီးေတြ အၾကီးၾကီး ခ်ိတ္ထားတာပဲေလ။ လူထု ကိုယ္တိုင္ကိုက ဦးထုပ္ေဆာင္းဖို႔ ၀န္ေလးေနၾကတာဆရာ ”

“ကိုယ္ကိုတိုင္ ျဖစ္ျပီးမွပဲ ဦးထုပ္ေဆာင္းၾကမယ္ထင္တယ္။  ”

စကားေကာင္းေနတုန္းရွိေသးသည္။

” ဆရာေရ ဆိုင္ကယ္တိုက္လို႔။ ဆိုင္ကယ္ သံုးစီး ေမွာက္တယ္ဆရာ ”

ဒီေန႔ ေတာ့ မိုးစင္စင္လင္းျပီ။ အရက္ကလည္း ေသာက္ထားေသးသည္ဆိုေတာ့ေသခ်ာျပီ။ ေခါင္းထိထားတာလား အရက္မူးတာလည္း သဲကြဲမည္မဟုတ္။ လူနာေတြၾကည့္ရန္ ျပင္လိုက္သည္။ ခြဲစိတ္ ေဆာင္မွ ဆရာ၀န္မ်ားကလည္းအေရးေပၚဌာနမွ ဆရာ၀န္ကို ဆဲေတာ့မည္။  တင္လိုက္ရင္ ခြဲစိတ္ေဆာင္ပဲဟု ျငီးတြားၾကဦးမည္။  သို႔ေသာ္ ဆရာ၀န္သည္ သူ႔အလုပ္ကိုသူလုပ္ရမည္။

နယ္ျမိဳ႔ တစ္ျမိဳ၏ Night Duty ကား ဆရာ၀န္အား  လွိဳက္လွိဳက္လွဲလွဲ ရွိလွသည္။  လင္းၾကက္တြန္သံ ကို ၾကားေနရျပီ။ မၾကာခင္ မိုးလင္းေတ့ာမည္။

 

Dr.ေအးခ်မ္းမိုုး

Unicode Version

ဆိုင်ကယ်ခဏခဏမှောက်တဲ့မြို့

“ဆိုင်ကယ်မှောက်လို့တဲ့ ဆရာ”

“ဒီနေ့တော့ မှောက်လိုက်တဲ့ ဆိုင်ကယ်တွေ ဗျာ ”

” အမယ်လေး ဆရာက ရန်ကုန်က ပြောင်းလာတာ မကြာသေးလို့ ဒီမြို့အထာကို မသိတာ ။ အခါကြီး ရက်ကြီးနေ့ဆို ကျွန်မ တို့ဆေးရုံက လူ စည်ပြီးသားပဲ။  ”

“ဟေ ဟုတ်လား  ”

” ဒီနေ့လို ပွဲတော်ရက်တွေ ဆိုရင် ပိုပြီးလို့တောင် လူစည် သေးတယ်။  ”

”  လင်းစမ်းပါဦး”

” အခုနော် နည်းနည်း စောသေးလို့ ရောက်မလာကြသေးတာ။ သန်းခေါင်နားနီးလေ လူနာ တွေ လာလေပဲဆရာရေ။  ”

”  ဟေ ” ဆရာဝန်သည် အံသြော်လို့သာ နေတော့သည်။

“ဒီ တစ်ညလုံးတော့ အိပ်ရမယ် မထင်နဲ့နော်။ မိုးစင်စင်လင်းမှာ။   ”  ဆရာမ၏ နမိတ်စကားကို မကြိုက်။

“မဦးမချွတ် ဆရာမရယ်။  ”

”  စောင့်ကြည့်ပါဆရာရယ်” ဆရာဝန်သည် အရေးပေါ်ဌာန ၏ ပြင်ပလူနာ ဌာနတွင် တာဝန်ထမ်းဆောင်နေသည်။ မိမိမှ တစ်ဆင့် သက်ဆိုင်ရာ ဆေးကုသဆောင်များသို့ ပို့ပေးမည်ဖြစ်သည်။

ပြောရင်းဆိုရင်း နောက်တစ်ယောက် ရောက်လာပြန်သည်။

“ဆိုင်ကယ်နဲ့ ကားနဲ့ပွတ်မိလို့ဆရာ”

” ကျွန်တော့်ကားနဲ့ မတိုက်မိပါဘူး ဆရာ။ သူ့ဘာသာ ဆိုင်ကယ်လဲသွားတာပါ။ ”

ကားမောင်းသမားသည် ဆရာဝန်အား ရှင်းပြနေသည်။ ဆရာဝန်သည် ကားသမားကျေနပ်အောင် ခေါင်းငြိမ့်ပြလိုက်သည်။ မိမိကိစ္စ မဟုတ်။ မိမိသည် လူနာကို စစ်ဆေးကြည့်ရှူရန်သာ ဖြစ်သည်။

လူနာကို ကြည့်လိုက်တော့ ခေါင်းတွင် ဒဏ်ရာမတွေ့။ သွေးထွက် နေသည့်နေရာလည်းမ ရှိ။ သို့သော် လူနာသည် ဂယောင်ခြောက်ခြား ပြောနေသည်။ အရက်မူးနေလို့ ပြောနေသည်လားမသိ။  ခေါင်းကို ထိခိုက်မိလို့ပြောနေသည်လား မသေချာ။ လူနာကို စမ်းသပ်မှုများပြုလုပ်ပြီး ခွဲစိတ်ဆောင်သို့ပို့လိုက်သည်။  ပြင်ပလူနာဌာန နှင့် အရေးပေါ် ဌာတွင် တာဝန်ကျသောကြောင့်  လူနာကို  First aid ပေးပြီး Ward ထဲ သို့ လွဲလိုက်သည်။ သက်ဆိုင်ရာ Ward ထဲရောက် မှ တာဝန်ကျ ဆရာဝန်များက ဆက်လက် ကုသပေးမည်ဖြစ်သည်။ ည ၁၂ ကျော်လာသည်။ ဆိုင်ကယ် သံများကြားရသည်မှာ ဂျက်လေယဉ်များ မောင်းသွားလား အောက်မေ့ရသည်။

ဒီမြို့က လူတွေ ဆိုင်ကယ် စီးတာ ကြမ်းလိုက်တာနော်။

“ဆရာတို့ ရန်ကုန်လိုပေ့ါဆရာရယ်။ ညဖက် ကားရှင်းချိန် ကားပြိုင် မောင်းသလိုမျိုးပေါ့။ ကျွန်တော့်တို့ဆီမှာလည်း ညဖက် လူငယ်တွေ ဆိုင်ကယ်ပြိုင်မောင်းကြတာ ဆရာရေ  ”

“ဘုရားရေ။ မှောက်သွားရင် မလွယ်ဘူးနော်။ ကားက မှောက်ဖို့ ခက်တယ်။   ”

“မှောက်မှတော့ ဘယ်လွယ်မလဲ ဆရာရေ  ”

“ရန်ကုန်မှာတော့ဆိုင်ကယ် စီးတဲ့ သူ သိပ်မရှိတော့ ဆိုင်ကယ်မှောက်တာ သိပ်မလာဘူးဗျာ” ဆရာဝန်သည် ရန်ကုန်မှ ပြောင်းလာသူဖြစ်သည်။

” ဒီမှာတော့ နေ့တိုင်းဆိုင်ကယ်မှောက်တယ်။ စိတ်ချ ဆရာ ခဏ နေ ထပ်ရောက်လာဦးမယ် ”

” ခင်ဗျားတို့ဗျာ မဦးမချွတ် ပြောပြန်ပြီ ” ဆရာဝန်ကို အယူသီးသည်ဟု ထင်စရာဖြစ်လာသည်။

ပြောတုန်းရှိသေးသည်။ ရဲများနှင့် လူတစ်စု ဝင်လာသည်။ ခေါင်းတွင်လည်း သွေးများက စီးနေသည်။

ဆရာဝန်သည် လူနာကို ခေါင်းကို သေချာ ကြည့်လိုက်သည်။ ဒဏ်ရာသည် မနက်။အပေါ်ယံ အရေပြားလောက်ပင်။

”  ကျွန်တော် ဘာမှ မဖြစ်ဖူးဆရာ။ ကျွန်တော် ဘာမှမ ဖြစ်ဘူး”

” ခင်ဗျားဘာမှ မဖြစ်ပေမဲ့ ခင်ဗျား ခေါင်း နည်းနည်းရှထားတယ်။ အဲဒါ ကျွန်တော် ပြန်ချုပ်ပေးမယ် ”

” မချုပ်နဲ့ ဆရာ။ ကျွန်တော် ယောကျာ်း ခံနိုင်ရည်ရှိပါတယ်။  ” ဒီလူနာသည်လည်း မူးနေသည့်အတွက် ကယောင်ကယမ်း ပြောနေပြန်သည်။

” ခင်ဗျား ခံနိုင်ရည်ရှိတာ ကျွန်တော် သိတယ်။ ကျွန်တော်က ဆရာဝန်ဖြစ်တဲ့ အတွက် လက်ပိုက်ကြည့်မနေနိုင်ဘူး။ ခင်ဗျား ခေါင်းက ဒဏ်ရာကို ပျောက်အောင်ကုပေးရမှာပဲ။  ”

“ဒီ မှာ စကားသိပ်မပြောနဲ့ ။ ငြိမ်ငြိမ်နေ။  ” ဘေးမှ Sister သည် လူနာကို တစ်ချက်အော်လိုက်သည်။

ဆရာဝန်ကို မကြောက်သော လူနာ သည် Sister ကို ကြောက်သဖြင့် ပါးစပ်ပိတ်သွားသည်။

” ဘာနဲ့ အရိုက်ခံရတာလဲ ” ဆရာဝန်သည် ဘေးမှ အဖော်ကို မေးလိုက်သည်။

” သစ်ကိုင်းနဲ့ အရိုက်ခံရတာ ဆရာရေ ”

” တစ်ခြားသူတွေရော ”

” တစ်ခြားသူတွေက ရဲစခန်းမှာ ထားခဲ့တယ်။ ဒီလူနာက ခေါင်းထိထားလို့ ဆေးရုံတင်ဖို့လိုမလို လာပြတာပါဆရာ ”

” မလိုပါဘူး ဆရာ ”

” ဆရာ ကျွန်တော် ခေါင်းမူးတယ်။ ခေါင်းတော်တော်မူးနေတယ်။ ဆေးရုံတက်မှ ဖြစ်မယ်ထင်တယ် ” လူနာသည် ဆရာဝန်အား

“ခင်ဗျားခုနပြောတုန်းက ခေါင်း မမူးဘူး။ ခေါင်းမကိုက်ဘူးဆို။ အခုမှ ဘာလို့မူးရတာလဲ ”

” ခုနတုန်းက မမူး ပေမဲ့ အခု မူးတယ်လေ ဆရာ”

ခေါင်းမူးတယ်ဆိုတော့လည်း ဆေးရုံတစ်ရက်လောက်တော့ တင်ထားရမည်။ ကူလီကူမာလုပ်တာလား တကယ် မူးနေတာလားတော့ ကာယကံရှင်မှပဲသိမည်။ သို့သော် ဆရာဝန်အတွက်တော့ ခေါင်းမူးလျှင် ဆေးရုံတင်ထားခြင်းသည် အကောင်းဆုံးပင်။

” ဆရာမရေ လူနာကို ဆေးရုံတင်ဖို့ပြင် လိုက်ပါ ”

ဒီတစ်ညတော့ ဆေးရုံတင်ထားလိုက်တော့မည်။ တစ်ခါ တစ်လေ လူနာတွေနှင့် ဆက်ဆံရသည်မှာ ခက်လှသည်။ ခွဲစိတ်ဆောင်ကို ပို့လိုက်တော့ အရေးပေါ် ဌာနတွင် လူရှင်းသွားသည်။

” ကျွန်တော် ငယ်ငယ်က ဆိုရင် အခါကြီးရက်ကြီးဆိုရင် ကျောင်းပိတ်တော့ သိပ်ပျော်တာပဲဗျာ ” ဆရာဝန်သည် သူငယ်ငယ်က အကြောင်းများကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြောနေသည်။

”  ကျွန်မတို့ကတော့ အခါကြီးရက်ကြီးဆိုရင် Duty ဆင်းရမှာ ကို ကြောက်တယ်ဆရာရေ။ မြို့ထဲ ပျော်ပွဲရွှင်ပွဲတို့ ဘုရားပွဲတို့ များရှိလို့ကတော့ ကျွန်မတို့တွေကတော့ သေတောင်သေချင်တယ်။

ဖြစ်လိုက်တဲ့ ရန်ပွဲ။ ဓားထိုးမှုလည်း ပါတယ်။ ရိုက်မှုလည်းပါတယ်။ ပြီးရင် ညကြီးသန်းခေါင် ဆိုင်ကယ်မှောက်တာလည်း ပါတယ်။ ” ဆရာ မသည် အခါကြီးရက်ကြီးများကို စိတ်နာနေပုံရသည်။

” အေးဗျာ ကျွန်တော်တို့လို ကျန်းမာရေးဝန်ထမ်းတွေ အတွက်ကတော့ အခါကြီး ရက်ကြီးဆိုရင် ပိုပင်ပန်းတယ်ဗျာ။ အခါကြီး ရက်ကြီးဆိုရင် ဆေးရုံမှာ ဝန်ထမ်းအင်အား နည်းနေတဲ့အချိန် လာလိုက်တဲ့ လူနာတွေဆိုတာ ရင်မောလိုက်တာ။ ဒီလိုပဲ ပေါ့။ အစိုးရ ဝန်ထမ်းဆိုတာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ရမှာပဲလေ။  ”

“ကျွန်မကတော့ ဒီဆိုင်ကယ်တွေ မှောက်တာကိုပဲ စိတ်ညစ်တာပါဆရာရေ ”

”  ဦးထုပ် ဆောင်းရင် ထိခိုက်တာ သက်သာတယ်။ ဒီမြို့ကလူတွေက ဦးထုပ်လည်း မဆောင်းကြဘူးနော်”

” ဟုတ်တယ်ဆရာရေ.။ ဦးထုပ် မဆောင်းလို့ ဆိုင်ကယ်တိုက်ပြီဆိုတာ နဲ့ခေါင်းကိုထိတာပဲ။ ဒီမြို့မှာ ဆိုင်ကယ်တိုက်လို့ Head Injuary ရတာကတော့ ပေါမှ ပေါပဲဆရာရေ ”

” ဆိုင်ကယ် ဦးထုပ်ဆောင်းဖို့ အသိပညာပေးရမယ်ထင်တယ်။  ”

” အမယ်လေး ဆရာရယ် ဆိုင်းဘုတ်ကြီးတွေ အကြီးကြီး ချိတ်ထားတာပဲလေ။ လူထု ကိုယ်တိုင်ကိုက ဦးထုပ်ဆောင်းဖို့ ဝန်လေးနေကြတာဆရာ ”

“ကိုယ်ကိုတိုင် ဖြစ်ပြီးမှပဲ ဦးထုပ်ဆောင်းကြမယ်ထင်တယ်။  ”

စကားကောင်းနေတုန်းရှိသေးသည်။

” ဆရာရေ ဆိုင်ကယ်တိုက်လို့။ ဆိုင်ကယ် သုံးစီး မှောက်တယ်ဆရာ ”

ဒီနေ့ တော့ မိုးစင်စင်လင်းပြီ။ အရက်ကလည်း သောက်ထားသေးသည်ဆိုတော့သေချာပြီ။ ခေါင်းထိထားတာလား အရက်မူးတာလည်း သဲကွဲမည်မဟုတ်။ လူနာတွေကြည့်ရန် ပြင်လိုက်သည်။ ခွဲစိတ် ဆောင်မှ ဆရာဝန်များကလည်းအရေးပေါ်ဌာနမှ ဆရာဝန်ကို ဆဲတော့မည်။  တင်လိုက်ရင် ခွဲစိတ်ဆောင်ပဲဟု ငြီးတွားကြဦးမည်။  သို့သော် ဆရာဝန်သည် သူ့အလုပ်ကိုသူလုပ်ရမည်။

နယ်မြို့ တစ်မြို၏ Night Duty ကား ဆရာဝန်အား  လှိုက်လှိုက်လှဲလှဲ ရှိလှသည်။  လင်းကြက်တွန်သံ ကို ကြားနေရပြီ။ မကြာခင် မိုးလင်းတေ့ာမည်။

Dr.အေးချမ်းမိုး