အညိုကွက်အမဲကွက်တွေရဲ့ နောက်ကွယ်က စိုးရိမ်စရာအချက်တွေအကြောင်း
ကုသမူနည်းလမ်းများ
ဥပမာ အရိုးထိခိုက်ပါက လူပ်ရှားမူမရှိအောင် စည်းထားခြင်းစသည်တို့ကိုပြုလုပ်ပါ။
Dr.Pyae Shin
(Unicode Version)
အညိုကွက်အမဲကွက်တွေရဲ့ နောက်ကွယ်က စိုးရိမ်စရာအချက်တွေအကြောင်း
သင်ကိုယ်ပေါ်တွင် အညိုအမဲစွဲဖူးလား? ထိခိုက်ဒဏ်ရာရရှိသောကြောင့်အညိုအမဲတစ်ခုသင်ကိုယ်ပေါ်ရှိတာနဲ့ သင်အရမ်းထိတ်လန့်နေဖူးပါသလား?
အညိုအမဲကွက်ဆိုသည်မှာအညိုအမဲအကွက်ဖြစ်ခြင်းသည် အရေပြားအောက်တွင်သွေးထွက်ခြင်းကြောင့်ဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရမူကြောင့် သွေးကြောမျှင်ကလေးများပေါက်ခြင်းကြောင့် အညိူအမဲကွက်ဖြစ်စေခြင်းဖြစ်ပါတယ်။
(1)အရေပြားအောက်အညိုအမဲကွက်ဖြစ်ခြင်း
အဆိုပါအကွက်သည် လူအများဖြစ်လေ့ဖြစ်ထရှိသောအကွက်ဖြစ်ပါတယ်။ ဒူးခေါင်း၊ ခြေလက်များတွင် ထိလိုက်ဒဏ်ရာရခြင်းကြောင့်အများဆုံးဖြစ်လေ့ရှိပါတယ်။ပြင်းထန်သောဒဏ်ရာရရှိမူကြောင့်သွေးကြောအကြီးပေါက်ခြင်းကြောင့် သွေးထွက်များသောအညိုအမဲကွက်သည် ဖြစ်ရန်ခဲယဉ်းသော်လည်း ဖြစ်လာပါက သွေးထွက်ခြင်းရပ်ရန်ပြုလုပ်မူခက်ခဲပြီး အသက်အန္တရာယ်ထိခိုက်သည်အထိစိုးရိမ်ရပါတယ်။
(2)ကြွက်သားနေရာအညိုအမဲကွက်ဖြစ်ခြင်း
ပြင်းထန်သောထိခိုက်မူနှင့်အရိုးကျိုးသောအခြေအနေများတွင် အရေပြားအောက်ရှိကြွက်သားထိ အညိုအမဲကွက်ဖြစ်စေနိုင်ပါတယ်။ကုသမူမပြုလုပ်ဘဲပျောက်ကင်းနိုင်သော်လည်း သွေးများစွာထွက်ပြီးသွေးခဲဖြစ်လာပါကလွန်စွာနာကျင်မူခံစားရနိုင်ပါတယ်။ထို့ကြောင့်သွေးခဲကိုဖယ်ထုတ်ရန်လိုအပ်ပါတယ်။
(3)အရိုးထိအည်ုအမဲဖြစ်ခြင်း
အရိုးကျိုးခြင်းကြောင့် အညိုအမဲဖြစ်စေပြီး လူပ်ရှားမူသည် နာကျင်စေပါတယ်။အရိုးနုနေရာတွင်ဖြစ်ပါကနာကျင်မူဖြစ်စေပါတယ်။
(4)ကိုယ်တွင်းအင်္ဂါအညိုအမဲဖြစ်ခြင်း
ပြင်းထန်သောထိခိုက်မူကြောင့်သွေးကြောများပေါက်ကာ ကျောက်ကပ်။အဆုတ်နှင့်နှလုံးတို့တွင်လည်းအညိုအမဲဖြစ်စေပါတယ်။အဆိုပါထိခိုက်မူကြောင့်အသက်အန္တရာယ်ထိခိုက်သည်အထိ ဆိုးရွားနိုင်ပါတယ်။
(5)မျက်လုံးအညိုအမဲကွက်ဖြစ်ခြင်း
မျက်လုံးနားတဝိုက်တွင်အညိုအမဲကွက်ကြောင့်နာကျင်ပြီးရောင်ရမ်းစေပါတယ်။မျက်သားအတွင်းထိခိုက်ပါက ပိုမိုပြင်းထန်နိုင်ပါတယ်။
ကုသမူနည်းလမ်းများ
အရေပြား၊ ကြွက်သား၊ အရိုးနှင့်အရိုးနုများတွင်အညိုအမဲစွဲပါကအများအားဖြင့်အထွေအထူးကုသရန်မလိုပါနိုင်ပါ။ နာကျင်ရောင်ရမ်းမူသက်သာစေရနအိမ်တွင်းကုသမူနည်းလမ်းမျာမှာ-ထိခိုက်သောနေရာကို အနားပေးပါ။
ဥပမာ အရိုးထိခိုက်ပါက လူပ်ရှားမူမရှိအောင် စည်းထားခြင်းစသည်တို့ကိူပြုလုပ်ပါ။
-နာကျင်ရောင်ရမ်းမူသက်သာစေရန် ရေခဲကပ်ပါ။မိနစ်၂၀ခန့်ကပ်ပါ။မိနစ်၂၀ခန့်နားပါ။
-နာကျင်ရောင်ရမ်းမူသက်သာစေရန်ပတ်တီးစည်းထားပေးပါ။
-ညိုမဲနေသောနေရာကို အမြင့်နေရာထားပါ။ရောင်ရမ်းမူသက်သာစေရန် ညိုမဲနေသောနေရာကိုမြှင့်ထားပါ။
ကိုယ်တွင်းအင်္ဂါထိခိုက်မူဖြစ်ပါက ဆေးရုံတက်ကုသရန်လိုအပ်ပါတယ်။ဒဏ်ရာရနေသောအင်္ဂါအစိတ်အပိုင်း သွေးထွက်သောနေရာကို လိုအပ်ပါကခွဲစိတ်ကုသရန်လိုနိုင်ပါတယ်။
ထို့ကြောင့်ပြင်းထန်သောထိခိုက်မူကြုံတွေ့ရပါက သေချာနီးစပ်ရာဆေးခန်းဆေးရုံသို့အမြန်ဆုံးကုသမူခံယူပါ။သွေးရောဂါရှိသူနှင့်ကိုယ်ခံအားနည်းသူများသည် ထိခိုက်ဒဏ်ရာရပါက အခြားသူများထက်ပိုမိုသွေးထွက်ခြင်းကြုံတွေ့ရနိုင်ပါတယ်။
Dr.Pyae Shin