ကမျဉ်းနီကောင် ကိုက်ခံရာမှဖြစ်တဲ့ Typhus(တိုက်ဖတ်စ်)ရောဂါ

ကမ်ဥ္းနီေကာင္ ကိုက္ခံရာမွျဖစ္တဲ့ Typhus (တိုက္ဖတ္စ္) ေရာဂါအေၾကာင္း

တခုခုေၾကာင့္ ခ်ဳံပုတ္ေတြရွိတဲ့ေနရာကိုသြားမိတဲ့အခါမွာ ကမ်ဥ္းနီေကာင္အကိုက္ခံရၿပီး Scrub typhus ေရာဂါျဖစ္တတ္ပါတယ္။ Scrub typhus ကို အခ်ိဳ႕အရပ္အေခၚအေနနဲ႔ေတာ့ ခ်ဳံပုတ္ငန္းဖန္းေရာဂါလို႔လည္းေခၚၾကပါတယ္။

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံအပါအဝင္ တ႐ုတ္၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ဂ်ပန္ စတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံအေတာ္မ်ားမ်ားမွာ အျဖစ္မ်ားတဲ့ေရာဂါတခုျဖစ္ပါတယ္။ ဒီေရာဂါအေၾကာင္းကိုပထမဆုံးရွာေဖြေတြ႕ရွိခဲ့တာကေတာ့ ဂ်ပန္ႏိုင္ငံကပါ။

ကမ်ဥ္းနီေကာင္ဆိုတာဟာ မႊားေကာင္၊သန္းေကာင္ ေတြထက္ပိုေသးၿပီး ခ်ဳံပုတ္ေတြေရစပ္ေတြမွာေနတဲ့ အင္းဆက္ေကာင္တမ်ိဳးျဖစ္ပါတယ္။အဂၤလိပ္လိုေတာ့ ကမ်ဥ္းနီေကာင္ကို Spider mite လို႔ေခၚၾကပါတယ္။ကမ်ဥ္းနီေကာင္ ကိုက္ခံရတိုင္းေတာ့ Scurb typhus မျဖစ္တတ္ပါ။Orienta tsutsugamushi လို႔ေခၚတဲ့ဘက္တီးရီးယားပိုးသယ္ေဆာင္ထားတဲ့ ကမ်ဥ္းနီေကာင္ကိုက္ခံရမွသာ Scrub typhus ျဖစ္တာပါ။

Scrub typhus ေရာဂါဟာ ေသခ်ာမကုရင္ အသက္ေသဆုံးသည္အထိျဖစ္တတ္တဲ့ေရာဂါျဖစ္ပါတယ္။ဘက္တီးရီးယားပိုးပါတဲ့ ကမ်ဥ္းနီေကာင္ အကိုက္ခံရၿပီးေနာက္ ၁၀ရက္ေလာက္မွာ Scrub typhus ေရာဂါျဖစ္ေလ့ရွိပါတယ္။

ခံစားရႏိုင္တဲ့ ေရာဂါလကၡဏာေတြကေတာ့အပူႀကီးၿပီး ခ်မ္းတုန္ဖ်ားတာအဖ်ားၾကာရွည္တာေခါင္းကိုက္တာေခ်ာင္းဆိုးတာကိုယ္လက္ႂကြက္သားေတြနာက်င္ကိုက္ခဲတာကမ်ဥ္းနီေကာင္ကိုက္တဲ့ေနရာမွာ Eschar ေခၚအနာေဖးတက္သလိုမည္းမည္းေလးျဖစ္ေနတာစိတ္အာ႐ုံေတြေျပာင္းလဲလာၿပီး သတိလစ္တာ၊တက္တာျပန္ရည္အက်ိတ္ေတြေရာင္လာတာေက်ာမွာအနီကြက္ေတြေပၚလာတာ စသျဖင့္ပါ။

ဒီလိုလကၡဏာေတြခံစားရၿပီဆိုရင္ ဆရာဝန္နဲ႔ျပသၿပီး Scrub typhus ဟုတ္မဟုတ္ စမ္းသပ္စစ္ေဆးၾကည့္ဖို႔လိုပါတယ္။ စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ့ ေသြးစစ္တာ၊ရင္ဘတ္ဓါတ္မွန္႐ိုက္တာ၊အာထရာေဆာင္း႐ိုက္တာ စသျဖင့္လုပ္ရႏိုင္ပါတယ္။Scurb typhus ေရာဂါဟာ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ကိုယ္တြင္းအဂၤါေတြထိခိုက္ပ်က္စီးၿပီး ေသြးယိုတာေတြျဖစ္ကာ အသက္ေသဆုံးေစႏိုင္တဲ့အတြက္ Scrub typhus ေရာဂါလကၡဏာေတြခံစားေနရၿပီဆိုတာနဲ႔ မေပါ့ဆဘဲ ေဆးခန္းျပကုသမႈခံယူဖို႔လိုပါတယ္။

ကုသမႈအေနနဲ႔ကေတာ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြမရွိရင္ ပိုးသတ္ေဆး(Antibiotics)ကို ၇ရက္သို႔မဟုတ္ ၁၀ရက္ေသာက္လိုက္တာနဲ႔ ေပ်ာက္ကင္းသက္သာႏိုင္ပါတယ္။ဒီလိုကုရလြယ္တဲ့အတြက္တခ်ိဳ႕လူေတြက အထက္မွာေဖာ္ျပထားတဲ့လကၡဏာေတြျဖစ္ၿပီဆိုရင္ ေဆးခန္းျပမစမ္းသပ္ဘဲ ပိုးသတ္ေဆး(Antibiotics)ေတြကို ကိုယ့္သေဘာနဲ႔ကိုယ္ ၾကားဖူးနား၀ သို႔မဟုတ္ သူမ်ားၫြန္တာေတြေနာက္လိုက္ၿပီး ေသာက္ၾကတာမ်ိဳးရွိပါတယ္။ဒါဟာအရမ္းအႏၲရာယ္မ်ားပါတယ္။

ဒီေခတ္မွာက ေရာဂါအမ်ိဳးအစားေတြတအားမ်ားၿပီး ေရာဂါတခုနဲ႔တခု လကၡဏာေတြက ခပ္ဆင္ဆင္ပါ။ေနာက္ၿပီး ပိုးသတ္ေဆး(Antibiotics)ေတြက တခ်ိဳ႕ေတြမွာ ေဆးမတည့္တာေတြျဖစ္တတ္ပါတယ္။ဆရာဝန္နဲ႔မျပသမစမ္းဘဲ မိမိဘာသာ ၾကားဖူးနားဝနဲ႔ ပိုးသတ္ေဆးေတြေလွ်ာက္ေသာက္ရင္ ေရာဂါနဲ႔ေဆးလြဲၿပီး ေရာဂါပိုဆိုးႏိုင္သလို ေဆးမတည့္တာေတြျဖစ္ႏိုင္ၿပီး အသက္အႏၲရာယ္လည္းထိခိုက္ႏိုင္ပါတယ္။ဒါေၾကာင့္ ေရာဂါလကၡဏာတခုခုခံစားရၿပီဆိုရင္ ဆရာဝန္နဲ႔ျပသစမ္းသပ္ၿပီး ကုသတာဟာအေကာင္းဆုံးပါလို႔ အႀကံေပးခ်င္ပါတယ္။

Scrub typhus ေရာဂါအတြက္ ကာကြယ္ေဆးေတာ့မရွိေသးပါ။ေရာဂါျဖစ္ပြားႏိုင္ေျခနည္းေအာင္ဆိုရင္ေတာ့ကမ်ဥ္းနီေကာင္အကိုက္မခံရေအာင္ေနပါ။Scurb typhus အျဖစ္မ်ားတဲ့အရပ္ေဒသေတြကိုမသြားပါနဲ႔။ခ်ဳံပုတ္ေတြေပၚအဝတ္လွန္းတာေတြေရွာင္ပါ။အိမ္အနီးနားဝန္းက်င္မွာခ်ဳံပုတ္ေတြရွိရင္ ရွင္းပစ္ပါ။ေတာထဲေတာင္ထဲသြားမည္ဆိုပါက သို႔မဟုတ္ scrub typhus အျဖစ္မ်ားတဲ့အရပ္ေဒသေတြဆီ မျဖစ္မေနသြားရမည္ဆိုပါက အက်ီရွည္အထူ၊ေဘာင္းဘီရွည္အထူဝတ္သြားပါ။

Dr 528

(Unicode Version)

ကမျဉ်းနီကောင် ကိုက်ခံရာမှဖြစ်တဲ့ Typhus (တိုက်ဖတ်စ်) ရောဂါအကြောင်း

တခုခုကြောင့် ချုံပုတ်တွေရှိတဲ့နေရာကိုသွားမိတဲ့အခါမှာ ကမျဉ်းနီကောင်အကိုက်ခံရပြီး Scrub typhus ရောဂါဖြစ်တတ်ပါတယ်။ Scrub typhus ကို အချို့အရပ်အခေါ်အနေနဲ့တော့ ချုံပုတ်ငန်းဖန်းရောဂါလို့လည်းခေါ်ကြပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန် စတဲ့ အရှေ့တောင်အာရှနိုင်ငံအတော်များများမှာ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ ဒီရောဂါအကြောင်းကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့တာကတော့ ဂျပန်နိုင်ငံကပါ။

ကမျဉ်းနီကောင်ဆိုတာဟာ မွှားကောင်၊သန်းကောင် တွေထက်ပိုသေးပြီး ချုံပုတ်တွေရေစပ်တွေမှာနေတဲ့ အင်းဆက်ကောင်တမျိုးဖြစ်ပါတယ်။အင်္ဂလိပ်လိုတော့ ကမျဉ်းနီကောင်ကို Spider mite လို့ခေါ်ကြပါတယ်။ကမျဉ်းနီကောင် ကိုက်ခံရတိုင်းတော့ Scurb typhus မဖြစ်တတ်ပါ။Orienta tsutsugamushi လို့ခေါ်တဲ့ဘက်တီးရီးယားပိုးသယ်ဆောင်ထားတဲ့ ကမျဉ်းနီကောင်ကိုက်ခံရမှသာ Scrub typhus ဖြစ်တာပါ။

Scrub typhus ရောဂါဟာ သေချာမကုရင် အသက်သေဆုံးသည်အထိဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်။ဘက်တီးရီးယားပိုးပါတဲ့ ကမျဉ်းနီကောင် အကိုက်ခံရပြီးနောက် ၁၀ရက်လောက်မှာ Scrub typhus ရောဂါဖြစ်လေ့ရှိပါတယ်။

ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့အပူကြီးပြီး ချမ်းတုန်ဖျားတာအဖျားကြာရှည်တာခေါင်းကိုက်တာချောင်းဆိုးတာကိုယ်လက်ကြွက်သားတွေနာကျင်ကိုက်ခဲတာကမျဉ်းနီကောင်ကိုက်တဲ့နေရာမှာ Eschar ခေါ်အနာဖေးတက်သလိုမည်းမည်းလေးဖြစ်နေတာစိတ်အာရုံတွေပြောင်းလဲလာပြီး သတိလစ်တာ၊တက်တာပြန်ရည်အကျိတ်တွေရောင်လာတာကျောမှာအနီကွက်တွေပေါ်လာတာ စသဖြင့်ပါ။

ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး Scrub typhus ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အာထရာဆောင်းရိုက်တာ စသဖြင့်လုပ်ရနိုင်ပါတယ်။Scurb typhus ရောဂါဟာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပျက်စီးပြီး သွေးယိုတာတွေဖြစ်ကာ အသက်သေဆုံးစေနိုင်တဲ့အတွက် Scrub typhus ရောဂါလက္ခဏာတွေခံစားနေရပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆေးခန်းပြကုသမှုခံယူဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ နောက်ဆက်တွဲဆိုးကျိုးတွေမရှိရင် ပိုးသတ်ဆေး(Antibiotics)ကို ၇ရက်သို့မဟုတ် ၁၀ရက်သောက်လိုက်တာနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။ဒီလိုကုရလွယ်တဲ့အတွက်တချို့လူတွေက အထက်မှာဖော်ပြထားတဲ့လက္ခဏာတွေဖြစ်ပြီဆိုရင် ဆေးခန်းပြမစမ်းသပ်ဘဲ ပိုးသတ်ဆေး(Antibiotics)တွေကို ကိုယ့်သဘောနဲ့ကိုယ် ကြားဖူးနား၀ သို့မဟုတ် သူများညွန်တာတွေနောက်လိုက်ပြီး သောက်ကြတာမျိုးရှိပါတယ်။ဒါဟာအရမ်းအန္တရာယ်များပါတယ်။

ဒီခေတ်မှာက ရောဂါအမျိုးအစားတွေတအားများပြီး ရောဂါတခုနဲ့တခု လက္ခဏာတွေက ခပ်ဆင်ဆင်ပါ။နောက်ပြီး ပိုးသတ်ဆေး(Antibiotics)တွေက တချို့တွေမှာ ဆေးမတည့်တာတွေဖြစ်တတ်ပါတယ်။ဆရာဝန်နဲ့မပြသမစမ်းဘဲ မိမိဘာသာ ကြားဖူးနားဝနဲ့ ပိုးသတ်ဆေးတွေလျှောက်သောက်ရင် ရောဂါနဲ့ဆေးလွဲပြီး ရောဂါပိုဆိုးနိုင်သလို ဆေးမတည့်တာတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်လည်းထိခိုက်နိုင်ပါတယ်။ဒါကြောင့် ရောဂါလက္ခဏာတခုခုခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး ကုသတာဟာအကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်။

Scrub typhus ရောဂါအတွက် ကာကွယ်ဆေးတော့မရှိသေးပါ။ရောဂါဖြစ်ပွားနိုင်ခြေနည်းအောင်ဆိုရင်တော့ကမျဉ်းနီကောင်အကိုက်မခံရအောင်နေပါ။Scurb typhus အဖြစ်များတဲ့အရပ်ဒေသတွေကိုမသွားပါနဲ့။ချုံပုတ်တွေပေါ်အဝတ်လှန်းတာတွေရှောင်ပါ။အိမ်အနီးနားဝန်းကျင်မှာချုံပုတ်တွေရှိရင် ရှင်းပစ်ပါ။တောထဲတောင်ထဲသွားမည်ဆိုပါက သို့မဟုတ် scrub typhus အဖြစ်များတဲ့အရပ်ဒေသတွေဆီ မဖြစ်မနေသွားရမည်ဆိုပါက အကျီရှည်အထူ၊ဘောင်းဘီရှည်အထူဝတ်သွားပါ။

Dr 528