“မလိုအပ်ဘဲ မကြောက်ဖို့”

“မလိုအပ္ဘဲ မေၾကာက္ဖုိ႕”

ခဏခဏ ေမးခံေနရတဲ့အတြက္ အမ်ားလည္းသိရေအာင္ ေရးေပးခ်င္ပါတယ္။

ပထမတစ္ခုက မိန္းကေလးေတြ ဓမၼတာလာလို႕ ကိုက္ခဲရင္ ေသာက္ရတဲ့ေဆးပါ။ နာမည္ေတာ့ တပ္မေျပာလုိပါဘူး။ ေတာ္ေတာ္ေလးလည္း လူသိမ်ားပါတယ္။ ဟုိေန႕က ဓမၼတာလာျခင္းနဲ႕ ပတ္သက္ျပီး အသိပညာေပးတဲ့ ေဟာေျပာပြဲေလးမွာ ပါ၀င္ျဖစ္ေတာ့ ပြဲအျပီးမွာ မီဒီယာတစ္ခုက ေမးတယ္။ အဲဒီေဆးက အစာအိ္မ္ထိတတ္တယ္ဆုိျပီး မိန္းကေလးေတြက လန္႕ေနၾကတယ္၊ မေသာက္ရဲေတာ့ဘဲ ျဖစ္ေနၾကတယ္၊ အဲဒါ ဟုတ္ပါသလားတဲ့။

အဲဒီေဆးက ေျပာခဲ့ျပီးသလို အကိုက္အခဲေပ်ာက္ေဆးပါ။ ဒီေတာ့ အမ်ိဳးသမီးေတြ ဓမၼတာလာတဲ့အခ်ိန္ ကိုက္ခဲရင္ ေသာက္ၾကတယ္။ ၂၅၀ ကေန ၅၀၀ မီလီဂရမ္ကုိ တစ္ေန႕ ၃ ၾကိမ္ ေသာက္တယ္။ အကိုက္အခဲေပ်ာက္ေဆးတုိင္းရဲ႕ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ အစာအိမ္ထိတတ္တယ္ ဆုိတာရွိတယ္။ ဒါေၾကာင့္ အထဲက ေဆးညႊန္းစာရြက္မွာလည္း ေရးထားတယ္။ ေပးတဲ့ဆရာ၀န္ကလည္း အစာအိမ္ေရာင္တာ၊ နာတာ ရွိမရွိ ေမးတယ္။ အစာနဲ႕ တြဲေသာက္ဖို႕ မွာတယ္။ တခ်ိဳ႕ဆုိ အစာအိမ္ေဆးပါ တြဲေပးတတ္ေသးတယ္။

သို႕ေသာ္ ရာသီလာခ်ိန္ေလး ဒီေဆးသံုးတယ္ဆုိတာ အကိုက္အခဲေပ်ာက္ေဆးကို အမ်ားၾကီး ေသာက္ပစ္လိုက္တာ မဟုတ္သလို၊ ရက္ေတြအရွည္ၾကီး စြဲေသာက္ေနတာလည္း မဟုတ္ဘူး။ ကိုက္ခဲေနတုန္းေလး ေသာက္တာ။ ဒီေတာ့ ဘာမွမျဖစ္ဘူး။ စိတ္ခ်လက္ခ် ေသာက္လို႕ရတယ္။

ျဖစ္တတ္တဲ့သေဘာ ရွိတာမို႕ ေရးထားတာကို တခ်ိဳ႕က ဖတ္မိျပီး ပုိ႕စ္ေတြတင္၊ ဒီေဆးဟာ အစာအိမ္ေပါက္တတ္တယ္၊ မသံုးသင့္ဘူး ဆုိျပီး။ ဒီအခါ မိန္းကေလးေတြက တအားေၾကာက္လန္႕သြားျပီး မေသာက္ေတာ့ဘူး ဆုိတာမ်ိဳး ျဖစ္လာတယ္။ တကယ္ေတာ့ ရာသီလာတဲ့အခ်ိန္ ကိုက္ခဲတယ္ဆုိတာ ေတာ္ေတာ္ေလး ဆုိးရြားတဲ့ ျပႆနာပါ။ တစ္ေယာက္နဲ႕တစ္ေယာက္လည္း မတူၾကဘဲ တခ်ိဳ႕ဆုိ ျပင္းျပင္းထန္ထန္ ခံစားၾကရတယ္။ ဒါက ဘာေရာဂါမွ ျဖစ္ေနတာေတာ့ မဟုတ္ဘူး။ ေဟာ္မုန္းကို တံု႕ျပန္ပံုခ်င္း မတူၾကတာပဲ။ အဲ့လိုကိုက္ခဲျပီဆုိရင္ ဗုိက္ကုိ ေရေႏြးကပ္တာ၊ သြားသြားလာလာ လႈပ္လႈပ္ရွားရွားေနတာ စသျဖင့္ လုပ္ေပးရသလုိ၊ လိုအပ္ရင္လည္း အကိုက္အခဲေပ်ာက္ေဆး ေသာက္ရပါတယ္။ ဒါဟာ သာမန္ပါပဲ။ မဟုတ္တာကို အေၾကာက္လြန္ျပီး မသံုးဘဲ ေနမိရင္ ကိုက္ခဲတဲ့ဒဏ္ ခံရမယ္။ ေက်ာင္းပ်က္၊ အလုပ္ပ်က္ ျဖစ္ရမယ္။ ဒီအတြက္ သံုးသင့္တာကို သံုးပါ။ မသံုးခင္ တတ္ကၽြမ္းနားလည္တဲ့ ဆရာ၀န္နဲ႕ ေသခ်ာတုိင္ပင္ပါ။ ဒါဆုိ ဘာျပႆနာမွ မရွိႏုိင္ပါဘူး။

အဲ့လိုအထင္လြဲခံရတဲ့ ေနာက္တစ္ခုက ဗီတာမင္စီ ပါတဲ့ အားေဆးပါ။ ဗီတာမင္စီဟာ ေသြးေၾကာေတြ၊ အရုိးႏု၊ ၾကြက္သားတို႕အတြက္ လိုအပ္တဲ့ ဗီတာမင္ျဖစ္တယ္။ အနာက်က္ဖုိ႕အတြက္လည္း သိပ္အေရးၾကီးတယ္။ အစာအိမ္ အူလမ္းေၾကာင္းျပႆနာေတြနဲ႕ ကင္ဆာတခ်ိဳ႕ဟာ ဗီတာမင္စီ ခ်ိဳ႕တဲ့ျခင္းနဲ႕ ဆက္စပ္ေနတယ္လုိ႕ သိရတယ္။ လူကို လန္းဆန္းေစတာလိုမ်ိဳး တျခားအက်ိဳးေက်းဇူးေတြလည္း ရွိေသးတယ္။ အဲဒီဗီတာမင္စီကုိ လူ႕ခႏၶာကုိယ္က မထုတ္လုပ္ႏုိင္တာမို႕ အျပင္ကေန ယူရတယ္။ အမ်ားအားျဖင့္ေတာ့ အစားအေသာက္ကေန ရတယ္။ ခ်ဥ္တဲ့အသီးအႏွံ၊ ခရမ္းခ်ဥ္သီး၊ ေဂၚဖီထုပ္ စတာေတြကေနေပါ့။ အဲ့လုိပဲ၊ အားေဆးအေနနဲ႕ သံုးလို႕လည္း ရတယ္။

ေယဘုယ်အားျဖင့္ေတာ့ အဲ့လုိအားေဆးေသာက္တာက ဘာျပႆနာမွ မရွိဘူး။ ပမာဏအမ်ားၾကီး (တစ္ေန႕ ၂၀၀၀ မီလီဂရမ္အထက္) ကုိ ႏွစ္ရွည္လမ်ား အသံုးျပဳရင္ေတာ့ ေက်ာက္ကပ္ထိသြားတာလို ေဘးထြက္ဆုိးက်ိဳးေတြ ၾကီးၾကီးမားမား ခံစားရႏုိင္ေခ် ရွိတယ္။ ခုနက ေျပာခဲ့တဲ့ အကုိက္အခဲေပ်ာက္ေဆးနဲ႕ သေဘာတရားခ်င္း ဆင္တူပဲ။ ျဖစ္တတ္တယ္ဆိုေပမယ့္ ေတာ္ေတာ္ေလးကုိ လြဲမွားစြာ အသံုးျပဳမွ ျဖစ္လာမယ့္ ျပႆနာေတြပါ။ ဒါေၾကာင့္ တအားစုိးရိမ္စရာ မလိုဘဲ လိုအပ္တဲ့အခါ ေသာက္လို႕ရပါတယ္။

တစ္ခါကလည္း Sports drink တစ္ခုက Ion supply လို႕ ေျပာထားတာကို သံဓါတ္ (Iron) နဲ႕ မွားျပီး အႏၱရာယ္ရွိတယ္ မေသာက္နဲ႕ ဆိုတဲ့သတင္းေတြ ပ်ံ႕ခဲ့ဖူးပါေသးတယ္။ တကယ္ေတာ့ အဲ့လိုမဟုတ္ဘဲ ေခၽြးထြက္မ်ားတဲ့အခါ ေသာက္လို႕ရတဲ့ အခ်ိဳရည္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

ဆုိရွယ္မီဒီယာ ေခတ္စားလာေတာ့ သတင္းအခ်က္အလက္ေတြ စီးဆင္းျမန္တယ္။ အသိပညာေတြ ရွာရလြယ္လာတယ္။ ဒါေပမယ့္ ျပႆနာက အခ်က္အလက္မွားေတြလည္း ရွိေနျပန္တာပဲ။ ဒီေတာ့ အသိပညာ ရွာဖို႕အျပင္ လြဲမွားေနတာေတြကိုလည္း ေရွာင္တတ္ဖို႕ လိုတယ္။ မွားေနတာၾကီး၊ ကိုယ့္အတြက္ ေဘးျဖစ္ႏုိင္တာၾကီးကုိ လက္မခံမိဖို႕လုိသလို၊ ကုိယ့္အတြက္ လုိအပ္တာေတြကို အေၾကာင္းမဲ့ ေၾကာက္လန္႕ေနတာမ်ိဳးလည္း မျဖစ္ေစခ်င္ပါဘူး။ ဒါေၾကာင့္ မၾကာခဏ လာလာေမးေနၾကတဲ့ ဒီအေၾကာင္းေတြကို အမ်ားလည္းသိရေအာင္ ေျဖေပးလိုက္ပါတယ္။ တစံုတရာ အက်ိဳးရွိမယ္လို႕ ထင္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ
၉.၃.၂၀၁၉

Unicode Version

“မလိုအပ်ဘဲ မကြောက်ဖို့”

ခဏခဏ မေးခံနေရတဲ့အတွက် အများလည်းသိရအောင် ရေးပေးချင်ပါတယ်။

ပထမတစ်ခုက မိန်းကလေးတွေ ဓမ္မတာလာလို့ ကိုက်ခဲရင် သောက်ရတဲ့ဆေးပါ။ နာမည်တော့ တပ်မပြောလိုပါဘူး။ တော်တော်လေးလည်း လူသိများပါတယ်။ ဟိုနေ့က ဓမ္မတာလာခြင်းနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ ဟောပြောပွဲလေးမှာ ပါဝင်ဖြစ်တော့ ပွဲအပြီးမှာ မီဒီယာတစ်ခုက မေးတယ်။ အဲဒီဆေးက အစာအိမ်ထိတတ်တယ်ဆိုပြီး မိန်းကလေးတွေက လန့်နေကြတယ်၊ မသောက်ရဲတော့ဘဲ ဖြစ်နေကြတယ်၊ အဲဒါ ဟုတ်ပါသလားတဲ့။

အဲဒီဆေးက ပြောခဲ့ပြီးသလို အကိုက်အခဲပျောက်ဆေးပါ။ ဒီတော့ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အချိန် ကိုက်ခဲရင် သောက်ကြတယ်။ ၂၅၀ ကနေ ၅၀၀ မီလီဂရမ်ကို တစ်နေ့ ၃ ကြိမ် သောက်တယ်။ အကိုက်အခဲပျောက်ဆေးတိုင်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာအိမ်ထိတတ်တယ် ဆိုတာရှိတယ်။ ဒါကြောင့် အထဲက ဆေးညွှန်းစာရွက်မှာလည်း ရေးထားတယ်။ ပေးတဲ့ဆရာဝန်ကလည်း အစာအိမ်ရောင်တာ၊ နာတာ ရှိမရှိ မေးတယ်။ အစာနဲ့ တွဲသောက်ဖို့ မှာတယ်။ တချို့ဆို အစာအိမ်ဆေးပါ တွဲပေးတတ်သေးတယ်။

သို့သော် ရာသီလာချိန်လေး ဒီဆေးသုံးတယ်ဆိုတာ အကိုက်အခဲပျောက်ဆေးကို အများကြီး သောက်ပစ်လိုက်တာ မဟုတ်သလို၊ ရက်တွေအရှည်ကြီး စွဲသောက်နေတာလည်း မဟုတ်ဘူး။ ကိုက်ခဲနေတုန်းလေး သောက်တာ။ ဒီတော့ ဘာမှမဖြစ်ဘူး။ စိတ်ချလက်ချ သောက်လို့ရတယ်။

ဖြစ်တတ်တဲ့သဘော ရှိတာမို့ ရေးထားတာကို တချို့က ဖတ်မိပြီး ပို့စ်တွေတင်၊ ဒီဆေးဟာ အစာအိမ်ပေါက်တတ်တယ်၊ မသုံးသင့်ဘူး ဆိုပြီး။ ဒီအခါ မိန်းကလေးတွေက တအားကြောက်လန့်သွားပြီး မသောက်တော့ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ တကယ်တော့ ရာသီလာတဲ့အချိန် ကိုက်ခဲတယ်ဆိုတာ တော်တော်လေး ဆိုးရွားတဲ့ ပြဿနာပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း မတူကြဘဲ တချို့ဆို ပြင်းပြင်းထန်ထန် ခံစားကြရတယ်။ ဒါက ဘာရောဂါမှ ဖြစ်နေတာတော့ မဟုတ်ဘူး။ ဟော်မုန်းကို တုံ့ပြန်ပုံချင်း မတူကြတာပဲ။ အဲ့လိုကိုက်ခဲပြီဆိုရင် ဗိုက်ကို ရေနွေးကပ်တာ၊ သွားသွားလာလာ လှုပ်လှုပ်ရှားရှားနေတာ စသဖြင့် လုပ်ပေးရသလို၊ လိုအပ်ရင်လည်း အကိုက်အခဲပျောက်ဆေး သောက်ရပါတယ်။ ဒါဟာ သာမန်ပါပဲ။ မဟုတ်တာကို အကြောက်လွန်ပြီး မသုံးဘဲ နေမိရင် ကိုက်ခဲတဲ့ဒဏ် ခံရမယ်။ ကျောင်းပျက်၊ အလုပ်ပျက် ဖြစ်ရမယ်။ ဒီအတွက် သုံးသင့်တာကို သုံးပါ။ မသုံးခင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ဒါဆို ဘာပြဿနာမှ မရှိနိုင်ပါဘူး။

အဲ့လိုအထင်လွဲခံရတဲ့ နောက်တစ်ခုက ဗီတာမင်စီ ပါတဲ့ အားဆေးပါ။ ဗီတာမင်စီဟာ သွေးကြောတွေ၊ အရိုးနု၊ ကြွက်သားတို့အတွက် လိုအပ်တဲ့ ဗီတာမင်ဖြစ်တယ်။ အနာကျက်ဖို့အတွက်လည်း သိပ်အရေးကြီးတယ်။ အစာအိမ် အူလမ်းကြောင်းပြဿနာတွေနဲ့ ကင်ဆာတချို့ဟာ ဗီတာမင်စီ ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေတယ်လို့ သိရတယ်။ လူကို လန်းဆန်းစေတာလိုမျိုး တခြားအကျိုးကျေးဇူးတွေလည်း ရှိသေးတယ်။ အဲဒီဗီတာမင်စီကို လူ့ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာမို့ အပြင်ကနေ ယူရတယ်။ အများအားဖြင့်တော့ အစားအသောက်ကနေ ရတယ်။ ချဉ်တဲ့အသီးအနှံ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် စတာတွေကနေပေါ့။ အဲ့လိုပဲ၊ အားဆေးအနေနဲ့ သုံးလို့လည်း ရတယ်။

ယေဘုယျအားဖြင့်တော့ အဲ့လိုအားဆေးသောက်တာက ဘာပြဿနာမှ မရှိဘူး။ ပမာဏအများကြီး (တစ်နေ့ ၂၀၀၀ မီလီဂရမ်အထက်) ကို နှစ်ရှည်လများ အသုံးပြုရင်တော့ ကျောက်ကပ်ထိသွားတာလို ဘေးထွက်ဆိုးကျိုးတွေ ကြီးကြီးမားမား ခံစားရနိုင်ချေ ရှိတယ်။ ခုနက ပြောခဲ့တဲ့ အကိုက်အခဲပျောက်ဆေးနဲ့ သဘောတရားချင်း ဆင်တူပဲ။ ဖြစ်တတ်တယ်ဆိုပေမယ့် တော်တော်လေးကို လွဲမှားစွာ အသုံးပြုမှ ဖြစ်လာမယ့် ပြဿနာတွေပါ။ ဒါကြောင့် တအားစိုးရိမ်စရာ မလိုဘဲ လိုအပ်တဲ့အခါ သောက်လို့ရပါတယ်။

တစ်ခါကလည်း Sports drink တစ်ခုက Ion supply လို့ ပြောထားတာကို သံဓါတ် (Iron) နဲ့ မှားပြီး အန္တရာယ်ရှိတယ် မသောက်နဲ့ ဆိုတဲ့သတင်းတွေ ပျံ့ခဲ့ဖူးပါသေးတယ်။ တကယ်တော့ အဲ့လိုမဟုတ်ဘဲ ချွေးထွက်များတဲ့အခါ သောက်လို့ရတဲ့ အချိုရည်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာ ခေတ်စားလာတော့ သတင်းအချက်အလက်တွေ စီးဆင်းမြန်တယ်။ အသိပညာတွေ ရှာရလွယ်လာတယ်။ ဒါပေမယ့် ပြဿနာက အချက်အလက်မှားတွေလည်း ရှိနေပြန်တာပဲ။ ဒီတော့ အသိပညာ ရှာဖို့အပြင် လွဲမှားနေတာတွေကိုလည်း ရှောင်တတ်ဖို့ လိုတယ်။ မှားနေတာကြီး၊ ကိုယ့်အတွက် ဘေးဖြစ်နိုင်တာကြီးကို လက်မခံမိဖို့လိုသလို၊ ကိုယ့်အတွက် လိုအပ်တာတွေကို အကြောင်းမဲ့ ကြောက်လန့်နေတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါကြောင့် မကြာခဏ လာလာမေးနေကြတဲ့ ဒီအကြောင်းတွေကို အများလည်းသိရအောင် ဖြေပေးလိုက်ပါတယ်။ တစုံတရာ အကျိုးရှိမယ်လို့ ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၉.၃.၂၀၁၉