(Zawgyi)
ျမန္မာႏိုင္ငံလို ဖြံၿဖိဳးဆဲ ႏိုင္ငံတစ္ႏိုင္ငံမွာ ေဆးဆိုင္ေတြ မ်ားစြာရွိတယ္။ တခ်ိဳ႕ေဆးဆိုင္ေတြက တရားဝင္ မွတ္ပုံတင္ရွိသလို တခ်ိဳ႕က မွတ္ပုံတင္ထားျခင္း မရွိဘူး။ ေဆးဆိုင္ႀကီးေတြက ဆရာဝန္ ၫႊန္ၾကားခ်က္မပါဘဲ ေဆးေတြ ေရာင္းေလ့မရွိေပမယ့္ ေဆးဆိုင္ငယ္ေလးေတြကေတာ့ ျဖစ္တဲ့ ေရာဂါေတြအတြက္ ေဆးေလးေတြ စပ္ၿပီး တစ္ထုပ္ ၂၀၀ ဒါမွမဟုတ္ ၃၀၀ အစရွိသျဖင့္ ေငြပမာဏတစ္ခု သတ္မွတ္ကာ ေဆးေတြေရာင္းေပးေလ့ ရွိတယ္။ ဒီလို စပ္ေဆးေတြထဲမွာ အမ်ားဆုံးပါတာက အေမာက္ဆဲ လို႔ေခၚတဲ့ ပိုးသတ္ေဆးရယ္ ၊ ေကာ္တီစုန္းေဆးေတြ ပါေလ့ရွိတယ္။
ႏွာေစးေခ်ာင္းဆိုးပဲျဖစ္ျဖစ္ ၊ ဖ်ားတာပဲျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ အေမာက္ဆဲ ပါေနတတ္တယ္။ အေမာက္ဆဲဆိုတာ အစြမ္းထက္တဲ့ ပိုးသတ္ေဆး တစ္ခုပါ။ ဘက္တီးရီးယား ေရာဂါပိုး ေတာ္ေတာ္မ်ားမ်ားကို ေသေစႏိုင္တဲ့ အစြမ္းေတြ ရွိပါတယ္။ ႏွာေစး ေခ်ာင္းဆိုးျဖစ္တာ ၊ ဖ်ားနာ တုပ္ေကြးျဖစ္ေစတဲ့ အမ်ားဆုံးပိုးက virus ပိုးေၾကာင့္ ျဖစ္တာပါ။ virus ပိုးေၾကာင့္ျဖစ္တဲ့ ႏွာေစးေခ်ာင္းဆိုးေတြ ဖ်ားနာျခင္းေတြက ပိုးသတ္ေဆး ေသာက္ဖို႔ မလိုပါဘူး။ ကိုယ္ခံအား ေကာင္းေအာင္ ျပဳမူေနထိုင္တယ္ ၊ ေကာင္းေကာင္းအနားယူမယ္ဆို သူ႔အလိုလို သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။ ဆိုးဝါးျပင္းထန္လြန္းမွသာ ပိုးသတ္ေဆးေသာက္ရတာပါ။ ေသာက္ရတဲ့ ပိုးသတ္ေဆးကလည္း virus ကိုသတ္တဲ့ ပိုးသတ္ေဆးပါ။
အေမာက္ဆဲက မေကာင္းဘူး မဟုုတ္ဘူး။ ေကာင္းပါတယ္။ ဘက္တီးရီးယားပိုးေတြကို မ်ားေသာအားျဖင့္ gram stain နည္းနဲ႔ ခြဲရင္ positive နဲ႔ negative ဆိုၿပီး ခြဲထားပါတယ္။ အေမာက္ဆဲက Positive ေတာ္ေတာ္မ်ားမ်ားကို ႏိုင္တဲ့ အစြမ္းေတြ ရွိ႐ုံသာမက တခ်ိဳ႕ negative ပိုးေတြကိုလည္း ေသေစႏိုင္ပါတယ္။ ဒါေပမယ့္ ဖ်ားနာတိုင္း ႏွာေစးတိုင္း ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္တယ္ gram positive ပိုးေၾကာင့္ျဖစ္တယ္ဆိုတာ ေျပာဖို႔ ခက္ပါတယ္။ ဒီေတာ့ ႏွာေခ် ေခ်ာင္းဆိုး လည္ေခ်ာင္းနာ ဖ်ားနာ ကိုက္ခဲ႐ုံနဲ႔ အေမာက္ဆဲ မေသာက္သင့္ပါဘူး။
ေဆးတိုင္းမွာ ေဘးထြက္ဆိုးက်ိဳးေတြ ရွိပါတယ္။ အေမာက္ဆဲ ေသာက္ျခင္းေၾကာင့္ ပ်ိဳ႕အန္ျခင္း ၊ ဝမ္းပ်က္ျခင္းေတြ ျဖစ္တတ္ပါတယ္။ ရင္ေခါင္းေတာင့္ေနတာေတြလည္း ျဖစ္ႏိုင္ေသးတယ္။ အေမာက္ဆဲ ေသာက္လို႔ ဖ်ားတာ၊ အဆစ္ေတြ နာက်င္တာ ၊ ေနလို႔မေကာင္းတာေတြ ျဖစ္ႏိုင္ပါေသးတယ္။ လက္ဖ်ားေတြ ေျခဖ်ားေတြ ထုံက်ဥ္ေနတာ ၊ ႏူန္းေနတာမ်ိဳးေတြ ရွိတတ္ပါတယ္။ ေသြးေျခဥလြယ္တာ ၊ ေသြးထြက္လြယ္တာေတြ ျဖစ္တတ္တယ္။ တခ်ိဳ႕လူေတြမွာ အေရျပားမွာ အနီစက္ေတြ ထြက္တာမ်ိဳး ၊ အင္ျပင္ထတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
အရမ္းဆိုးတဲ့အခါမွာ ေသြးဥမႊားနည္းတာေတြ ျဖစ္ႏိုင္ပါေသးတယ္။ ဆီးအေရာင္ေျပာင္းတာ ၊ ဝမ္းအေရာင္ေျပာင္းတာေတြ ျဖစ္ႏိုင္တယ္။ အသားေတြလည္း ျဖဴဖတ္ျဖဴေရာ္ ျဖစ္ေနတတ္တယ္။ ေရပိုဆာတတ္တယ္။ ေခါင္းကိုက္တတ္တယ္။ ပါးစပ္မွာ အရသာ ခံႏိုင္စြမ္းနည္းသြားတာ အစားအေသာက္ပ်က္တာမ်ိဳး ျဖစ္တတ္တယ္။ ရင္ဘတ္ထဲမွာ ၾကပ္ၾကပ္ႀကီး ခံစားရတာမ်ိဳးလည္း ျဖစ္တတ္ေသးတယ္။ ၿပီးေတာ့ ပိုးသတ္ေဆးဆိုတာ ေရရွည္စြဲေသာက္ရင္ ကိုယ္ခံအားနည္းတာေတြ ျဖစ္ႏိုင္လို႔ ႏွာေစးေခ်ာင္းဆိုး ပိုျဖစ္ႏိုင္ျခင္း ၊ ပါးစပ္မွာ မက္ခ႐ုေပါက္ျခင္းေတြ၊ မိန္းမကိုယ္မွာ မႈိပိုးဝင္တာေတြ ျဖစ္ႏိုင္ပါတယ္။
ၿပီးေတာ့ ေဆးကို ကိုယ့္သေဘာနဲ႔ကို ေသာက္ၿပီး ရက္ျပည့္ေအာင္ ေဆး dose ျပည့္ေအာင္ မေသာက္ရင္ ေရာဂါပိုးေတြ အေနနဲ႔ ေဆးယဥ္ပါးသြားတာေတြ ျဖစ္ႏိုင္ပါတယ္။ အဲဒီအခါမွာ ေဆးေသာက္လည္း မေပ်ာက္ေတာ့တာ ၊ မသက္သာေတာ့တာေတြ ျဖစ္လာႏိုင္ပါတယ္။ ေနာက္ ပိုးသတ္ေဆး တကယ္ေသာက္ဖို႔လိုလာတဲ့ အခါမွာ အေမာက္ဆဲကို ေသာက္လည္း မသက္သာေတာ့လို႔ ေနာက္ထပ္ ျမႇင့္တဲ့ ပိုးသတ္ေဆးေတြ ေျပာင္းေသာက္ရတာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။
ဒီလို ေဘးထြက္ဆိုးက်ိဳးေတြကို အေမာက္ဆဲမွ မဟုတ္ဘူး။ ပိုးသတ္ေဆး ေတာ္ေတာ္မ်ားမ်ားမွာ ႀကဳံေတြ႕ေနရပါတယ္။ ဒါေၾကာင့္ မလိုအပ္ပဲ ပိုးသတ္ေဆး ေသာက္ေတြ မေသာက္ဖို႔ ၊ စပ္ေဆးေတြ မေသာက္ဖို႔ ၊ ဆရာဝန္ သို႔မဟုတ္ တတ္ကြၽမ္းနားလည္တဲ့ သူေတြနဲ႔ ေမးျမန္းေဆြးေႏြးဖို႔ တိုက္တြန္း အႀကံေပးလိုက္ရပါေၾကာင္း ………
Author : Dr. ေမ
(Unicode)
မြန်မာနိုင်ငံလို ဖွံဖြိုးဆဲ နိုင်ငံတစ်နိုင်ငံမှာ ဆေးဆိုင်တွေ များစွာရှိတယ်။ တချို့ဆေးဆိုင်တွေက တရားဝင် မှတ်ပုံတင်ရှိသလို တချို့က မှတ်ပုံတင်ထားခြင်း မရှိဘူး။ ဆေးဆိုင်ကြီးတွေက ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးတွေ ရောင်းလေ့မရှိပေမယ့် ဆေးဆိုင်ငယ်လေးတွေကတော့ ဖြစ်တဲ့ ရောဂါတွေအတွက် ဆေးလေးတွေ စပ်ပြီး တစ်ထုပ် ၂၀၀ ဒါမှမဟုတ် ၃၀၀ အစရှိသဖြင့် ငွေပမာဏတစ်ခု သတ်မှတ်ကာ ဆေးတွေရောင်းပေးလေ့ ရှိတယ်။ ဒီလို စပ်ဆေးတွေထဲမှာ အများဆုံးပါတာက အမောက်ဆဲ လို့ခေါ်တဲ့ ပိုးသတ်ဆေးရယ် ၊ ကော်တီစုန်းဆေးတွေ ပါလေ့ရှိတယ်။
နှာစေးချောင်းဆိုးပဲဖြစ်ဖြစ် ၊ ဖျားတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမောက်ဆဲ ပါနေတတ်တယ်။ အမောက်ဆဲဆိုတာ အစွမ်းထက်တဲ့ ပိုးသတ်ဆေး တစ်ခုပါ။ ဘက်တီးရီးယား ရောဂါပိုး တော်တော်များများကို သေစေနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ နှာစေး ချောင်းဆိုးဖြစ်တာ ၊ ဖျားနာ တုပ်ကွေးဖြစ်စေတဲ့ အများဆုံးပိုးက virus ပိုးကြောင့် ဖြစ်တာပါ။ virus ပိုးကြောင့်ဖြစ်တဲ့ နှာစေးချောင်းဆိုးတွေ ဖျားနာခြင်းတွေက ပိုးသတ်ဆေး သောက်ဖို့ မလိုပါဘူး။ ကိုယ်ခံအား ကောင်းအောင် ပြုမူနေထိုင်တယ် ၊ ကောင်းကောင်းအနားယူမယ်ဆို သူ့အလိုလို သက်သာပျောက်ကင်းနိုင်ပါတယ်။ ဆိုးဝါးပြင်းထန်လွန်းမှသာ ပိုးသတ်ဆေးသောက်ရတာပါ။ သောက်ရတဲ့ ပိုးသတ်ဆေးကလည်း virus ကိုသတ်တဲ့ ပိုးသတ်ဆေးပါ။
အမောက်ဆဲက မကောင်းဘူး မဟုုတ်ဘူး။ ကောင်းပါတယ်။ ဘက်တီးရီးယားပိုးတွေကို များသောအားဖြင့် gram stain နည်းနဲ့ ခွဲရင် positive နဲ့ negative ဆိုပြီး ခွဲထားပါတယ်။ အမောက်ဆဲက Positive တော်တော်များများကို နိုင်တဲ့ အစွမ်းတွေ ရှိရုံသာမက တချို့ negative ပိုးတွေကိုလည်း သေစေနိုင်ပါတယ်။ ဒါပေမယ့် ဖျားနာတိုင်း နှာစေးတိုင်း ဘက်တီးရီးယားပိုးကြောင့်ဖြစ်တယ် gram positive ပိုးကြောင့်ဖြစ်တယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒီတော့ နှာချေ ချောင်းဆိုး လည်ချောင်းနာ ဖျားနာ ကိုက်ခဲရုံနဲ့ အမောက်ဆဲ မသောက်သင့်ပါဘူး။
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အမောက်ဆဲ သောက်ခြင်းကြောင့် ပျို့အန်ခြင်း ၊ ဝမ်းပျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ရင်ခေါင်းတောင့်နေတာတွေလည်း ဖြစ်နိုင်သေးတယ်။ အမောက်ဆဲ သောက်လို့ ဖျားတာ၊ အဆစ်တွေ နာကျင်တာ ၊ နေလို့မကောင်းတာတွေ ဖြစ်နိုင်ပါသေးတယ်။ လက်ဖျားတွေ ခြေဖျားတွေ ထုံကျဉ်နေတာ ၊ နူန်းနေတာမျိုးတွေ ရှိတတ်ပါတယ်။ သွေးခြေဥလွယ်တာ ၊ သွေးထွက်လွယ်တာတွေ ဖြစ်တတ်တယ်။ တချို့လူတွေမှာ အရေပြားမှာ အနီစက်တွေ ထွက်တာမျိုး ၊ အင်ပြင်ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အရမ်းဆိုးတဲ့အခါမှာ သွေးဥမွှားနည်းတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဆီးအရောင်ပြောင်းတာ ၊ ဝမ်းအရောင်ပြောင်းတာတွေ ဖြစ်နိုင်တယ်။ အသားတွေလည်း ဖြူဖတ်ဖြူရော် ဖြစ်နေတတ်တယ်။ ရေပိုဆာတတ်တယ်။ ခေါင်းကိုက်တတ်တယ်။ ပါးစပ်မှာ အရသာ ခံနိုင်စွမ်းနည်းသွားတာ အစားအသောက်ပျက်တာမျိုး ဖြစ်တတ်တယ်။ ရင်ဘတ်ထဲမှာ ကြပ်ကြပ်ကြီး ခံစားရတာမျိုးလည်း ဖြစ်တတ်သေးတယ်။ ပြီးတော့ ပိုးသတ်ဆေးဆိုတာ ရေရှည်စွဲသောက်ရင် ကိုယ်ခံအားနည်းတာတွေ ဖြစ်နိုင်လို့ နှာစေးချောင်းဆိုး ပိုဖြစ်နိုင်ခြင်း ၊ ပါးစပ်မှာ မက်ခရုပေါက်ခြင်းတွေ၊ မိန်းမကိုယ်မှာ မှိုပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဆေးကို ကိုယ့်သဘောနဲ့ကို သောက်ပြီး ရက်ပြည့်အောင် ဆေး dose ပြည့်အောင် မသောက်ရင် ရောဂါပိုးတွေ အနေနဲ့ ဆေးယဉ်ပါးသွားတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ဆေးသောက်လည်း မပျောက်တော့တာ ၊ မသက်သာတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက် ပိုးသတ်ဆေး တကယ်သောက်ဖို့လိုလာတဲ့ အခါမှာ အမောက်ဆဲကို သောက်လည်း မသက်သာတော့လို့ နောက်ထပ် မြှင့်တဲ့ ပိုးသတ်ဆေးတွေ ပြောင်းသောက်ရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို ဘေးထွက်ဆိုးကျိုးတွေကို အမောက်ဆဲမှ မဟုတ်ဘူး။ ပိုးသတ်ဆေး တော်တော်များများမှာ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် မလိုအပ်ပဲ ပိုးသတ်ဆေး သောက်တွေ မသောက်ဖို့ ၊ စပ်ဆေးတွေ မသောက်ဖို့ ၊ ဆရာဝန် သို့မဟုတ် တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ မေးမြန်းဆွေးနွေးဖို့ တိုက်တွန်း အကြံပေးလိုက်ရပါကြောင်း ………
Author : Dr. မေ