အူမကြီးကင်ဆာမဖြစ်အောင် ဒါတွေစား ဒါတွေမစားနဲ့

အူမၾကီးကင္ဆာမျဖစ္ေအာင္ ဒါေတြစား ဒါေတြမစားနဲ႔

အေမရိကားမွာ ေယာက်ာ္းေရာမိန္းမပါ တတိယအမ်ားဆံုးျဖစ္ေလ့ရိွတဲ့ကင္ဆာက အူမၾကီးကင္ဆာပါတဲ့။ဒီကင္ဆာနဲ႔အဓိကသက္ဆိုင္တဲ့အခ်က္တစ္ခုက အစားအေသာက္ေတြပဲ ျဖစ္ပါတယ္။ျမန္မာျပည္ရဲ႕ လက္ရိွစားေသာက္မႈပံုုစံအရလည္း ဒီကင္ဆာျဖစ္ဖိုု႕ အလားအလာေတြမ်ားတာ ေတြ႔ေနရပါတယ္။အသီးအနွံမ်ားမ်ားစားတာ အနီေရာင္အသား မက်က္တက်က္အသား နဲ႔ အသင့္ျပင္ဆင္စီမံျပီးသားအသားေတြ ေလ်ာ့စားတာမ်ိဳးက ဒီကင္ဆာမျဖစ္ရေအာင္ အကူအညီေပးနိုင္ပါတယ္။ဒါ့အျပင္ ေလ့က်င့္ခန္းပံုမွန္လုပ္တာ အရက္ေလ်ာ့ေသာက္တာ ေဆးလိပ္ျဖတ္တာ ကိုယ္အေလးခ်ိန္ကိုထိန္းထားတာ စတဲ့အမူအက်င့္ေတြကလည္း သင့္ကို ကင္ဆာမ်ိဳးစံုကေန ေဝးကြာေစေအာင္ စြမ္းေဆာင္ေပးနိုင္ပါတယ္။ဒီေဆာင္းပါးမွာေတာ့ အူမၾကီးကင္ဆာနဲ႔ပတ္သက္ျပီး စားသင့္တဲ့အစားအစာေတြနဲ႔ မစားသင့္တဲအစားအစာေတြအေၾကာင္း ေဖာ္ျပေပးသြားပါမယ္။

၁)နို႔နွင့္နို႔ထြက္ပစၥည္း မ်ားမ်ားစားပါ

သုေတသနတခ်ိဳ႕အရ ကယ္လ္ဆီယမ္ဓာတ္နည္းပါးရင္ အူမၾကီးကင္ဆာျဖစ္နိုင္ေခ်ျမင့္မားတယ္လို႔ဆိုပါတယ္။ဒါေၾကာင့္ ကယ္လ္ဆီယမ္ဓာတ္ခပ္မ်ားမ်ားပါဝင္တဲ့ နို႔ ဒိန္ခ်ဥ္ ဒိန္ခဲ ေထာပတ္နဲ႔ ေရခဲမုန္႔စတာေတြ မ်ားမ်ားစားေပးဖို႔ လိုပါမယ္။

၂)ပဲအမ်ိဳးမ်ိဳးစားပါ

ပဲကေတာ့ ဘယ္လိုပဲမ်ိဳးမဆို မ်ားမ်ားစားေပးသင့္ပါတယ္။ဒါဟာ အူမၾကီးကင္ဆာျဖစ္နိုင္ေခ်ကို တခါတည္း ေလ်ာ့ခ်ျပီးသားျဖစ္ေစပါတယ္။ပဲမွာပါတဲ့ အမ်ွင္ဓာတ္ ဗီတာမင္ ဘီဓာတ္ အသားဓာတ္စတာေတြဟာ က်န္းမာေရးအတြက္အထူးသင့္ေတာ္ပါတယ္။ဒါ့အျပင္ flavonoids နဲ႔ အျခား antioxidants ေတြပါျပီး ကင္ဆာဆဲလ္ေတြမျပန္႔ပြား မၾကီးထြားလာေအာင္ ကာကြယ္ေပးပါေသးတယ္။

၃)အေရာင္အေသြးေတာက္ပစိုေျပတဲ့ အသီးအနွံနဲ႔ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားပါ။

အေရာင္စိုတဲ့ဟင္းသီးဟင္းရြက္ေတြမွာ ကင္ဆာဆဲလ္ေတြၾကီးထြားမႈကို ဟန္႔တားေပးနိုင္တဲ့ phytochemicals ေတြ အမ်ားၾကီးပါပါတယ္။အဝါ အစိမ္း အနီ အျပာ ခရမ္း အေရာင္စံုတဲ့အသီးအနွံမ်ိဳးစံုကို စားတာဟာ ကင္ဆာမွ မဟုတ္ပါဘူး။သူတို႔မွာပါဝင္တဲ့ antioxidants ေတြေၾကာင့္ အျခားေသာ နာတာရွည္ေရာဂါေတြကေနပါ ကာကြယ္မႈရေစပါတယ္။

၄) ငါးမ်ားမ်ားစားပါ

အထူးသျဖင့္ အဆီမ်ားမ်ားပါတဲ့ငါးေတြစားပါ။ဥပမာ ဆယ္လ္မြန္လို ငါးမ်ိဳး။သူ႔မွာပါတဲ့ လူနဲ႔တည့္တဲ့အဆီျဖစ္တဲ့ Omega 3 ဟာ ကင္ဆာဆဲလ္ေတြျပန္႔ပြားမႈ ၾကီးထြားမႈကို ရပ္တန္႔ေစပါတယ္။

၅)အသားေလ်ာ့စားပါ

အသားဓာတ္ဟာ အေရးၾကီးတာ မွန္ပါတယ္။ဒါေပမဲ့ မီးျပင္းျပင္းနဲ႔ခ်က္ထားတဲ့ ဝက္သား အမဲသားစတဲ့ အနီေရာင္အသား (Red Meat ) ေတြဟာ အူမၾကီးကင္ဆာနဲ႔ ဆက္စပ္မႈေတြရိွတယ္လို႔ ေလ့လာမႈေတြကဆိုပါတယ္။ဒါ့အျပင္ ဒီအသားေတြမွာ လူနဲ႔မတည့္တဲ့အဆီေတြလည္း ပါဝင္ေသးတာမို႔ ဘာပဲျဖစ္ျဖစ္ ေလ်ာ့စားနိုင္ရင္ အေကာင္းဆံုးပါပဲ။

၆)ၾကာရွည္ခံေအာင္ျပင္ဆင္ျဖည့္စြက္စီမံထားတဲ့အသားေတြ(Processed Meat)ေလ်ာ့စားပါ။

က်ပ္တိုက္ထားတာ ဆားနယ္ထားတာ တျခားဓာတုပစၥည္းေတြထပ္ထည့္ထားတာ စတဲ့ အသားေတြကို ဆိုလိုပါတယ္။ေဟာ့ေဒါ့ဂ္ ဟမ္ဘာဂါ ဝက္ေပါင္ေျခာက္စတာေတြေပါ့။ဒါမ်ိဳးေတြ မ်ားမ်ားစားတဲ့သူေတြမွာ အူမၾကီးကင္ဆာျဖစ္နိုင္ေခ်ပိုမ်ားတတ္ပါတယ္။

၇)အရက္ျဖတ္ဖို႔ၾကိဳးစားပါ

တေန႔ကို ၂ ခြက္ ၃ ခြက္ေလာက္ ပံုမွန္ေသာက္ျဖစ္ေနရင္ကို အူမၾကီးကင္ဆာျဖစ္ဖို႔ အလားအလာ ၂၀ ရာခိုင္ႏႈန္းေလာက္ ပိုမ်ားသြားနိုင္ပါတယ္။အသားကုန္ေသာက္တဲ့သူေတြမွာေတာ့ ကင္ဆာျဖစ္နိုင္ေခ် ၄၀ ရာခိုင္ႏႈန္းေလာက္ ျမင့္တက္ေနနိုင္ပါတယ္။

Dr.KG

Ref:MedicineNet.com

Unicode Version

အူမကြီးကင်ဆာမဖြစ်အောင် ဒါတွေစား ဒါတွေမစားနဲ့

အမေရိကားမှာ ယောကျာ်းရောမိန်းမပါ တတိယအများဆုံးဖြစ်လေ့ရှိတဲ့ကင်ဆာက အူမကြီးကင်ဆာပါတဲ့။ဒီကင်ဆာနဲ့အဓိကသက်ဆိုင်တဲ့အချက်တစ်ခုက အစားအသောက်တွေပဲ ဖြစ်ပါတယ်။အသီးအနှံများများစားတာ အနီရောင်အသား မကျက်တကျက်အသား နဲ့ အသင့်ပြင်ဆင်စီမံပြီးသားအသားတွေ လျော့စားတာမျိုးက ဒီကင်ဆာမဖြစ်ရအောင် အကူအညီပေးနိုင်ပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်တာ အရက်လျော့သောက်တာ ဆေးလိပ်ဖြတ်တာ ကိုယ်အလေးချိန်ကိုထိန်းထားတာ စတဲ့အမူအကျင့်တွေကလည်း သင့်ကို ကင်ဆာမျိုးစုံကနေ ဝေးကွာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ အူမကြီးကင်ဆာနဲ့ပတ်သက်ပြီး စားသင့်တဲ့အစားအစာတွေနဲ့ မစားသင့်တဲအစားအစာတွေအကြောင်း ဖော်ပြပေးသွားပါမယ်။

၁)နို့နှင့်နို့ထွက်ပစ္စည်း များများစားပါ

သုတေသနတချို့အရ ကယ်လ်ဆီယမ်ဓာတ်နည်းပါးရင် အူမကြီးကင်ဆာဖြစ်နိုင်ချေမြင့်မားတယ်လို့ဆိုပါတယ်။ဒါကြောင့် ကယ်လ်ဆီယမ်ဓာတ်ခပ်များများပါဝင်တဲ့ နို့ ဒိန်ချဉ် ဒိန်ခဲ ထောပတ်နဲ့ ရေခဲမုန့်စတာတွေ များများစားပေးဖို့ လိုပါမယ်။

၂)ပဲအမျိုးမျိုးစားပါ

ပဲကတော့ ဘယ်လိုပဲမျိုးမဆို များများစားပေးသင့်ပါတယ်။ဒါဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေကို တခါတည်း လျော့ချပြီးသားဖြစ်စေပါတယ်။ပဲမှာပါတဲ့ အမျှင်ဓာတ် ဗီတာမင် ဘီဓာတ် အသားဓာတ်စတာတွေဟာ ကျန်းမာရေးအတွက်အထူးသင့်တော်ပါတယ်။ဒါ့အပြင် flavonoids နဲ့ အခြား antioxidants တွေပါပြီး ကင်ဆာဆဲလ်တွေမပြန့်ပွား မကြီးထွားလာအောင် ကာကွယ်ပေးပါသေးတယ်။

၃)အရောင်အသွေးတောက်ပစိုပြေတဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပါ။

အရောင်စိုတဲ့ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ phytochemicals တွေ အများကြီးပါပါတယ်။အဝါ အစိမ်း အနီ အပြာ ခရမ်း အရောင်စုံတဲ့အသီးအနှံမျိုးစုံကို စားတာဟာ ကင်ဆာမှ မဟုတ်ပါဘူး။သူတို့မှာပါဝင်တဲ့ antioxidants တွေကြောင့် အခြားသော နာတာရှည်ရောဂါတွေကနေပါ ကာကွယ်မှုရစေပါတယ်။

၄) ငါးများများစားပါ

အထူးသဖြင့် အဆီများများပါတဲ့ငါးတွေစားပါ။ဥပမာ ဆယ်လ်မွန်လို ငါးမျိုး။သူ့မှာပါတဲ့ လူနဲ့တည့်တဲ့အဆီဖြစ်တဲ့ Omega 3 ဟာ ကင်ဆာဆဲလ်တွေပြန့်ပွားမှု ကြီးထွားမှုကို ရပ်တန့်စေပါတယ်။

၅)အသားလျော့စားပါ

အသားဓာတ်ဟာ အရေးကြီးတာ မှန်ပါတယ်။ဒါပေမဲ့ မီးပြင်းပြင်းနဲ့ချက်ထားတဲ့ ဝက်သား အမဲသားစတဲ့ အနီရောင်အသား (Red Meat ) တွေဟာ အူမကြီးကင်ဆာနဲ့ ဆက်စပ်မှုတွေရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ဒါ့အပြင် ဒီအသားတွေမှာ လူနဲ့မတည့်တဲ့အဆီတွေလည်း ပါဝင်သေးတာမို့ ဘာပဲဖြစ်ဖြစ် လျော့စားနိုင်ရင် အကောင်းဆုံးပါပဲ။

၆)ကြာရှည်ခံအောင်ပြင်ဆင်ဖြည့်စွက်စီမံထားတဲ့အသားတွေ(Processed Meat)လျော့စားပါ။

ကျပ်တိုက်ထားတာ ဆားနယ်ထားတာ တခြားဓာတုပစ္စည်းတွေထပ်ထည့်ထားတာ စတဲ့ အသားတွေကို ဆိုလိုပါတယ်။ဟော့ဒေါ့ဂ် ဟမ်ဘာဂါ ဝက်ပေါင်ခြောက်စတာတွေပေါ့။ဒါမျိုးတွေ များများစားတဲ့သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေပိုများတတ်ပါတယ်။

၇)အရက်ဖြတ်ဖို့ကြိုးစားပါ

တနေ့ကို ၂ ခွက် ၃ ခွက်လောက် ပုံမှန်သောက်ဖြစ်နေရင်ကို အူမကြီးကင်ဆာဖြစ်ဖို့ အလားအလာ ၂၀ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်ပါတယ်။အသားကုန်သောက်တဲ့သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းလောက် မြင့်တက်နေနိုင်ပါတယ်။

Dr.KG