(Zawgyi)
Q.HIV အိပ္ခ်္အိုင္ဗြီဆိုတာ AIDS ေအအိုင္ဒီအက္စ္လား။
HIV ဆိုတာ ခုခံအားက်ေဆးေစတဲ့ ပိုးပါ ။ AIDS ဆိုတာ ခုခံအားက်ေစတဲ့ေရာဂါပါ ။ HIV ကူးစက္ခံရရျခင္း AIDS တန္းမျဖစ္ပါ ။HIV ကူးစက္ခံရၿပီး တျဖည္းျဖည္း ခုခံအားက်ဆင္းလာရာကေန ၁၀ႏွစ္ကာလ ဝန္းက်င္မွ AIDS ဆိုတဲ့ ေရာဂါျဖစ္တာပါ ။
Q.အပ်ိဳစင္နဲ႔ လိင္ဆက္ဆံရင္ HIV ေရာဂါပိုး ေပ်ာက္တယ္ ။ကူးစက္မခံရဘူး ။
HIV ပိုးသည္ အကာအကြယ္မဲ့ လိင္ဆက္ဆံရာက တဆင့္ ကူးစက္တတ္တဲ့ေရာဂါပါ ။ ဒါေၾကာင့္ HIV ပိုး ကူးစက္ခံေနရသူသည္ အပ်ိဳစင္နဲ႔ လိင္ဆက္ဆံရင္လည္း မေပ်ာက္ပါ ။ သူမ်ားကို ေရာဂါပိုး ျဖန႔္မိ႐ုံသာ အကုသိုလ္ပိုပါ့မယ္ ။HIV ပိုးကူးစက္ခံေနရတဲ့ အပ်ိဳစင္နဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံရင္လည္း မိမိကိုယ္ပါကူးစက္ခံရႏိုင္တယ္ ။
Q.HIV ေရာဂါပိုးရွိသူကို အျပင္ပန္းနဲ႔ သိႏိုင္သလား။
ဒီလူကေတာ့ျဖင့္ HIV ႐ုပ္ ၊AIDS ႐ုပ္ဆိုၿပီး တရားေသ မေျပာႏိုင္ပါ ။ ပိန္ေန ၊ဖ်ားေနတာ တစ္ခုတည္းနဲ႔လည္း မေျပာႏိုင္ပါ ။အသက္အ႐ြယ္ ၊က်ားမ ၊
အလုပ္အကိုင္ ၊ပညာအဆင့္အတန္း ၊လူေနမႈအဆင့္အတန္း ၊လူမ်ိဳး ၊ဘာသာမေ႐ြးျဖစ္ႏိုင္တယ္ ။ႏို႔တိုက္ကေလးကစၿပီး ေက်ာင္းေနအ႐ြယ္ ၊သန္သန္မာမာ လူလတ္ပိုင္းေတြ ၊ဆံပင္ျဖဴခါးကိုင္းတဲ့ အ႐ြယ္ထိ ေတြ႕ရတတ္တယ္ ။ ဒါေၾကာင့္ မ်က္စိနဲ႔ျမင္႐ုံၾကည့္႐ုံျဖင့္ အတပ္မေျပာႏိုင္ပါ ။ကိုယ္ခံအား မက်ေသးသေ႐ြ႕ လူေကာင္းအတိုင္းပဲ သြားလာလႈပ္ရွားေနႏိုင္ပါတယ္ ။
Q.HIV ကူးစက္ခံရသူနဲ႔ အတူေနထိုင္ စားေသာက္႐ုံနဲ႔ ကူးစက္ခံရႏိုင္သလား။
HIV ေရာဂါပိုးသည္ပိုးရွိတဲ့သူနဲ႔အကာအကြယ္မဲ့ လိင္ဆက္ဆံရာကတဆင့္ ၊ပိုးရွိတဲ့သူရဲ႕ ေသြးကတဆင့္ ၊မသန႔္တဲ့အပ္ကို ပိုးရွိတဲ့သူနဲ႔မွ်သုံးမိတာက
တဆင့္ ၊ ပိုးရွိတဲ့ မိခင္ကေန သေႏၶသားကိုတဆင့္ စတဲ့ နည္းလမ္း ေလးသြယ္နဲ႔ကူးစက္တာပါ ။ ဒါေၾကာင့္ တစ္အိမ္ထဲ အတူေန႐ုံ ၊ထမင္းတစ္ဝိုင္းတည္း အတူစား႐ုံ ၊ဇြန္းတစ္ေခ်ာင္းတည္း အတူသုံး႐ုံ ၊အိမ္သာအတူတက္႐ုံနဲ႔ မကူးစက္ပါ ။ပိုးရွိတဲ့သူကို ဖက္ျခင္း ၊နမ္းရႈံ႕ျခင္း ျဖင့္လည္း မကူးပါ ။ ပိုးရွိတဲ့သူ ေခ်ာင္းဆိုးလို႔လည္းမကူးစက္ပါ ။ ဒါေပမယ့္ ပိုးရွိတဲ့သူမွာ ပါးစပ္မွာ အနာျဖစ္ၿပီး ေသြးထြက္ေနရင္ေတာ့ထိုေသြးကတဆင့္ ဇြန္းတစ္ေခ်ာင္းအတူစားမိရင္ ၊ ႏႈတ္ခမ္းခ်င္း စုပ္နမ္းမိရင္ေတာ့ ကူးစက္ခံရႏိုင္တယ္ ။
Q.ျခင္ကိုက္ခံရ႐ုံနဲ႔ HIV ပိုးကူးစက္ခံရႏိုင္သလား။
HIV ပိုးရွိသူကို ကိုက္တဲ့ျခင္ အကိုက္ခံရရင္ မိမိကိုပါ ပိုးကူးသြားၿပီလားဆိုတာ ဒြီဟျဖစ္မိၾကမွာပါ ။HIVပိုးသည္ ေသြးထဲမွာ ရွင္သန္ႏိုင္တဲ့အတြက္ လူ႔ခႏၶာကိုယ္အျပင္ဘက္ေရာက္ရင္ ေတာ္႐ုံမရွင္ႏိုင္ပါ ။ဒါ့အျပင္ ျခင္သည္ လူ႔ကိုကိုက္တဲ့အခါ သူ႔ရဲ႕တံေတြးကိုသာ လူ႔ကိုယ္ထဲ ထိုးသြင္းတာပါ ။အရင္ကိုက္တဲ့သူရဲ႕ ေသြးကို ေနာက္ကိုက္တဲ့လူထဲ မေရာက္ေစပါ ။ထိုအခ်က္ေတြေၾကာင့္ ျခင္ကိုက္ခံရ႐ုံနဲ႔HIV ပိုး မကူးစက္ႏိုင္ပါ ။
Q.HIV ပိုးသည္ ပါးစပ္မွ လိင္ဆက္ဆံ႐ုံနဲ႔ မကူးစက္ပါ။
HIV ပိုးသည္ ပါးစပ္မွ လိင္ဆက္ဆံသူမ်ားတြင္ တျခား လိင္ဆက္ဆံနည္းေတြျဖစ္တဲ့ မိန္းမကိုယ္က တဆင့္လိင္ဆက္ဆံျခင္း ၊စအိုကတဆင့္ လိင္ဆက္ဆံျခင္းတို႔ထက္စာရင္ ကူးစက္ခံရႏိုင္ေျခနည္းပါတယ္ ။
Q.HIV ပိုးကို အရွင္းေပ်ာက္ေအာင္ ကုႏိုင္တဲ့ ေဆးဝါးမ်ား ေပၚေနၿပီလား။
HIVပိုးကို လုံးဝေပ်ာက္ကင္းေအာင္ ကုႏိုင္တဲ့ေဆးေတြ ၊ထိုးေဆးေတြကမာၻေပၚမွာ လုံးဝမေပၚေသးပါ ။ ဒါေပမယ့္ ခုခံအား ျမန္ျမန္မက်ဘဲ AIDS ေရာဂါ
အျဖစ္ေႏွးၿပီး အသက္ထက္ဆုံး မိမိ ခ်စ္ခင္ရသူေတြနဲ႔ အတူေနႏိုင္မယ့္ ေအာအာတီ ART ဆိုတဲ့ ပိုးထိန္းေဆးေတြ ၊ပိုးေတြပြားတာကို တန႔္ေပးတဲ့ ေဆးဝါးေကာင္းေတြရွိေနပါၿပီ ။ ထိုေဆးဝါးေတြကို မွီဝဲျခင္းျဖင့္ အသက္ရွည္ရွည္ ေနႏိုင္ၾကပါၿပီ ။
Author; ေခတ္သစ္ ဇီဝက
(Unicode)
Q.HIV အိပ်ချ်အိုင်ဗွီဆိုတာ AIDS အေအိုင်ဒီအက်စ်လား။
HIV ဆိုတာ ခုခံအားကျဆေးစေတဲ့ ပိုးပါ ။ AIDS ဆိုတာ ခုခံအားကျစေတဲ့ရောဂါပါ ။ HIV ကူးစက်ခံရရခြင်း AIDS တန်းမဖြစ်ပါ ။HIV ကူးစက်ခံရပြီး တဖြည်းဖြည်း ခုခံအားကျဆင်းလာရာကနေ ၁၀နှစ်ကာလ ဝန်းကျင်မှ AIDS ဆိုတဲ့ ရောဂါဖြစ်တာပါ ။
Q.အပျိုစင်နဲ့ လိင်ဆက်ဆံရင် HIV ရောဂါပိုး ပျောက်တယ် ။ကူးစက်မခံရဘူး ။
HIV ပိုးသည် အကာအကွယ်မဲ့ လိင်ဆက်ဆံရာက တဆင့် ကူးစက်တတ်တဲ့ရောဂါပါ ။ ဒါကြောင့် HIV ပိုး ကူးစက်ခံနေရသူသည် အပျိုစင်နဲ့ လိင်ဆက်ဆံရင်လည်း မပျောက်ပါ ။ သူများကို ရောဂါပိုး ဖြန့်မိရုံသာ အကုသိုလ်ပိုပါ့မယ် ။HIV ပိုးကူးစက်ခံနေရတဲ့ အပျိုစင်နဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရင်လည်း မိမိကိုယ်ပါကူးစက်ခံရနိုင်တယ် ။
Q.HIV ရောဂါပိုးရှိသူကို အပြင်ပန်းနဲ့ သိနိုင်သလား။
ဒီလူကတော့ဖြင့် HIV ရုပ် ၊AIDS ရုပ်ဆိုပြီး တရားသေ မပြောနိုင်ပါ ။ ပိန်နေ ၊ဖျားနေတာ တစ်ခုတည်းနဲ့လည်း မပြောနိုင်ပါ ။အသက်အရွယ် ၊ကျားမ ၊
အလုပ်အကိုင် ၊ပညာအဆင့်အတန်း ၊လူနေမှုအဆင့်အတန်း ၊လူမျိုး ၊ဘာသာမရွေးဖြစ်နိုင်တယ် ။နို့တိုက်ကလေးကစပြီး ကျောင်းနေအရွယ် ၊သန်သန်မာမာ လူလတ်ပိုင်းတွေ ၊ဆံပင်ဖြူခါးကိုင်းတဲ့ အရွယ်ထိ တွေ့ရတတ်တယ် ။ ဒါကြောင့် မျက်စိနဲ့မြင်ရုံကြည့်ရုံဖြင့် အတပ်မပြောနိုင်ပါ ။ကိုယ်ခံအား မကျသေးသရွေ့ လူကောင်းအတိုင်းပဲ သွားလာလှုပ်ရှားနေနိုင်ပါတယ် ။
Q.HIV ကူးစက်ခံရသူနဲ့ အတူနေထိုင် စားသောက်ရုံနဲ့ ကူးစက်ခံရနိုင်သလား။
HIV ရောဂါပိုးသည်ပိုးရှိတဲ့သူနဲ့အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတဆင့် ၊ပိုးရှိတဲ့သူရဲ့ သွေးကတဆင့် ၊မသန့်တဲ့အပ်ကို ပိုးရှိတဲ့သူနဲ့မျှသုံးမိတာက
တဆင့် ၊ ပိုးရှိတဲ့ မိခင်ကနေ သန္ဓေသားကိုတဆင့် စတဲ့ နည်းလမ်း လေးသွယ်နဲ့ကူးစက်တာပါ ။ ဒါကြောင့် တစ်အိမ်ထဲ အတူနေရုံ ၊ထမင်းတစ်ဝိုင်းတည်း အတူစားရုံ ၊ဇွန်းတစ်ချောင်းတည်း အတူသုံးရုံ ၊အိမ်သာအတူတက်ရုံနဲ့ မကူးစက်ပါ ။ပိုးရှိတဲ့သူကို ဖက်ခြင်း ၊နမ်းရှုံ့ခြင်း ဖြင့်လည်း မကူးပါ ။ ပိုးရှိတဲ့သူ ချောင်းဆိုးလို့လည်းမကူးစက်ပါ ။ ဒါပေမယ့် ပိုးရှိတဲ့သူမှာ ပါးစပ်မှာ အနာဖြစ်ပြီး သွေးထွက်နေရင်တော့ထိုသွေးကတဆင့် ဇွန်းတစ်ချောင်းအတူစားမိရင် ၊ နှုတ်ခမ်းချင်း စုပ်နမ်းမိရင်တော့ ကူးစက်ခံရနိုင်တယ် ။
Q.ခြင်ကိုက်ခံရရုံနဲ့ HIV ပိုးကူးစက်ခံရနိုင်သလား။
HIV ပိုးရှိသူကို ကိုက်တဲ့ခြင် အကိုက်ခံရရင် မိမိကိုပါ ပိုးကူးသွားပြီလားဆိုတာ ဒွီဟဖြစ်မိကြမှာပါ ။HIVပိုးသည် သွေးထဲမှာ ရှင်သန်နိုင်တဲ့အတွက် လူ့ခန္ဓာကိုယ်အပြင်ဘက်ရောက်ရင် တော်ရုံမရှင်နိုင်ပါ ။ဒါ့အပြင် ခြင်သည် လူ့ကိုကိုက်တဲ့အခါ သူ့ရဲ့တံတွေးကိုသာ လူ့ကိုယ်ထဲ ထိုးသွင်းတာပါ ။အရင်ကိုက်တဲ့သူရဲ့ သွေးကို နောက်ကိုက်တဲ့လူထဲ မရောက်စေပါ ။ထိုအချက်တွေကြောင့် ခြင်ကိုက်ခံရရုံနဲ့HIV ပိုး မကူးစက်နိုင်ပါ ။
Q.HIV ပိုးသည် ပါးစပ်မှ လိင်ဆက်ဆံရုံနဲ့ မကူးစက်ပါ။
HIV ပိုးသည် ပါးစပ်မှ လိင်ဆက်ဆံသူများတွင် တခြား လိင်ဆက်ဆံနည်းတွေဖြစ်တဲ့ မိန်းမကိုယ်က တဆင့်လိင်ဆက်ဆံခြင်း ၊စအိုကတဆင့် လိင်ဆက်ဆံခြင်းတို့ထက်စာရင် ကူးစက်ခံရနိုင်ခြေနည်းပါတယ် ။
Q.HIV ပိုးကို အရှင်းပျောက်အောင် ကုနိုင်တဲ့ ဆေးဝါးများ ပေါ်နေပြီလား။
HIVပိုးကို လုံးဝပျောက်ကင်းအောင် ကုနိုင်တဲ့ဆေးတွေ ၊ထိုးဆေးတွေကမ္ဘာပေါ်မှာ လုံးဝမပေါ်သေးပါ ။ ဒါပေမယ့် ခုခံအား မြန်မြန်မကျဘဲ AIDS ရောဂါ
အဖြစ်နှေးပြီး အသက်ထက်ဆုံး မိမိ ချစ်ခင်ရသူတွေနဲ့ အတူနေနိုင်မယ့် အောအာတီ ART ဆိုတဲ့ ပိုးထိန်းဆေးတွေ ၊ပိုးတွေပွားတာကို တန့်ပေးတဲ့ ဆေးဝါးကောင်းတွေရှိနေပါပြီ ။ ထိုဆေးဝါးတွေကို မှီဝဲခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်ကြပါပြီ ။
Author; ခေတ်သစ် ဇီဝက