(Zawgyi)
HIV ပုိး သံသယ
OnDr မွာ အေမးမ်ားတဲ့ ေမးခြန္းတစ္ခုရွိပါတယ္။ HIV ေရာဂါပိုး ကူးစက္ခံခဲ့ရလွ်င္ ဘာလကၡဏာေတြ ေပၚတတ္ပါသလဲ ဟူေသာေမးခြန္းျဖစ္ပါတယ္။
-သင္သည္ မေမွ်ာ္လင့္ပဲ ကာကြယ္မဲ့ လိင္ဆက္ဆံမႈ ျပဳခဲ့လွ်င္
-သင္သည္ ေဆးထိုးအပ္ မွ်ေဝသုံးစြဲခဲ့လွ်င္
-ပိုးရွိသူရဲ႕ေသြး မိမိကိုယ္ထဲ တစ္နည္းနည္းျဖင့္ ဝင္ေရာက္ခဲ့လွ်င္ အဆိုပါ ေမးခြန္း ေပၚလာတတ္ပါတယ္။ အလ်င္အျမန္ သိခ်င္ပါလိမ့္မယ္။ ယခုေနာက္ဆုံးေပၚ နည္းစနစ္အရ HIVကူးစက္ၿပီး ရက္ပိုင္းအတြင္း ေသြးစစ္ ၾကည့္လွ်င္သိႏိုင္ပါတယ္။
HIV ပိုးက ဘာလဲ?
HIV ပိုးသည္ လူရဲ႕ကိုယ္ခံအားကို ဆိုး႐ြားစြာ ထိခိုက္က်ဆင္းေစပါတယ္။ ေရာဂါမ်ား ခုခံကာကြယ္ၿပီးကိုယ္ခံအားေကာင္းေစေသာ CD4 ဆဲလ္မ်ားကို ဖ်က္ဆီးလိုက္ေသာေၾကာင့္ ျဖစ္ပါတယ္။ HIVေရာဂါပိုး ကူးစက္မႈ႕ရဲ႕ ေနာက္ဆုံးအဆင့္ကေတာ့ AIDS ေရာဂါ ေပၚေပါက္လာျခင္းပဲ ျဖစ္ပါတယ္။
-လကၡဏာမ်ား
HIV လကၡဏာမ်ားက လူတစ္ဦးနဲ႔ တစ္ဦးမတူတတ္ပါ။ အခ်ိဳ႕လူမ်ားသည္ ေရာဂါပိုးရွိသည့္တိုင္ မည္သည့္လကၡဏာမွ မ ျပတတ္ပါ။ သို႔ေသာ္ အခ်ိန္မွန္ မကုသခဲ့လွ်င္ ကိုယ္ခံအား ဆိုး႐ြားစြာ ပ်က္ဆီးၿပီး အေျခအေန ပိုဆိုးလာတတ္ပါတယ္။ ထို႔ေၾကာင့္ အမ်ားအားျဖင့္ ျဖစ္တတ္ေသာ လကၡဏာ မိမိမွာရွိခဲ့ေသာ္ နီးစပ္ရာဆရာဝန္ႏွင့္ အျမန္ဆုံး သြားေရာက္ ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။
အမ်ားဆုံး ျဖစ္ႏိုင္ေခ်ရွိေသာ လကၡဏာမ်ားကေတာ့
(၁)လည္ေခ်ာင္းနာျခင္း
လည္ေခ်ာင္းနာျခင္းသည္ အေစာဆုံး ျပတတ္ေသာ လကၡဏာမ်ားမွ တစ္ခု ျဖစ္ပါတယ္။ ပိုးဝင္လာခဲ့လွ်င္ ကိုယ္ခႏၶာမွ ပိုးကူးစက္ျခင္းကို စတင္တုံ႔ ျပန္ေသာေၾကာင့္ ျဖစ္ပါတယ္။ လည္ေခ်ာင္းနာျခင္းခံစားရလွ်င္ လ်စ္လ်ဴ၍မရပါ။ လည္ေခ်ာင္းနာရာမွတဆင့္ ေနာက္ဆက္တြဲ ပါးစပ္အနာမ်ား၊ အစာေရမ်ိဳအနာမ်ား ခံစားလာရတတ္ပါတယ္။ ခုခံမႈစြမ္းအား ေလ်ာ့နည္းလာေသာေၾကာင့္ အဆိုပါလကၡဏာမ်ားသည္ ပိုဆိုးလာေစႏိုင္ပါတယ္။ ထိုအခါမ်ိဳးတြင္ ဆရာဝန္ႏွင့္ ခ်က္ခ်င္းတိုင္ပင္ ေဆြးေႏြးပါ။
(၂)ဖ်ားနာျခင္း
အကာကြယ္မဲ့ လိင္ဆက္ဆံၿပီးေနာက္ ဖ်ားနာျခင္း ေဝဒနာခံစားရလွ်င္ ဆရာဝန္ဆီ ခ်က္ခ်င္းျပသင့္ပါတယ္။ အဖ်ားေငြ႕ေငြ႕ ဖ်ားတတ္ၿပီး ေဆးဝါးကုသမႈ ခံယူသည့္တိုင္ မသက္သာတတ္ပါ။
(၃)ေခါင္းကိုက္ျခင္း
သင္သည္ ေခါင္းကိုက္ေဝဒနာ ၁၀ရက္ ၁၅ရက္ခန႔္ ဆက္တိုက္ခံစားရလွ်င္ မူမမွန္ေခါင္းကိုက္ျခင္းခံစားရျခင္းဟု သတ္မွတ္လို႔ရပါတယ္။ ေလ့လာခ်က္မ်ားအရ HIV ပိုးရွိသူ ၅၀%သည္ မူမမွန္ေခါင္းကိုက္ျခင္း ေဝဒနာ ခံစားရတတ္ပါတယ္။
(၄)ေခ်ာင္းဆိုးျခင္း
ေခ်ာင္းေျခာက္ရက္ရွည္ ေခ်ာင္းဆိုးၿပီး ပိုးသတ္ေဆးေသာက္ေသာ္လည္း မေပ်ာက္ခဲ့ျခင္း ျဖစ္ခဲ့လွ်င္ အဆိုပါလကၡဏာသည္ HIV ပိုး ကူးစက္မႈရဲ႕ အေစာဆုံး လကၡဏာတစ္ခုပါ။ ပိုးသည္ ကိုယ္ခံအားက်ေစၿပီး ေခ်ာင္းဆိုးရက္ ၾကာေနတတ္ကာ ေနာက္ပိုင္း အဆုတ္ပြသည္အထိ ျဖစ္ႏိုင္ပါတယ္။
(၅)ျပန္ေရေၾကာ အက်ိတ္ ေရာင္ျခင္း
လည္ပင္း၊ ခ်ိဳင္းေအာက္ႏွင့္ ေပါင္ၾကား ျပန္ေရေၾကာအက်ိတ္မ်ား မူမမွန္ ႀကီးထြားလာလွ်င္ HIV ပိုးကူးစက္မႈ ဦးဆုံးလကၡဏာမ်ား ျဖစ္ႏိုင္ပါတယ္။
(၆)ကိုယ္လက္ နာက်င္ကိုက္ခဲျခင္း
HIV ပိုး ကူးစက္ခံရေသာ လူနာအမ်ားစုသည္ ကိယ္လက္နာက်င္ကိုက္ခဲမႈ ေဝဒနာ ခံစားရေလ့ရွိပါတယ္။ အဆစ္အျမစ္ေရာင္ ၊ႂကြက္သားနာက်င္ျခင္း ေဝဒနာမ်ား ျဖစ္ပါတယ္။
(၇)ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းျခင္း
HIV ပိုး ကူးစက္ပ်ံ႕ႏွံခဲ့လွ်င္ ဖ်ားျခင္း၊ ဝမ္းေလ်ာျခင္းႏွင့္ အန္ျခင္းတို႔ေၾကာင့္ ကိုယ္အေလးခ်ိန္ သိသာစြာ ေလ်ာ့က်တတ္ပါတယ္။
(၈)ေခြၽးထြက္မ်ားျခင္း
ေခြၽးထြက္မ်ားျခင္းသည္ HIV ပိုး ကူးစက္မႈ႕ရဲ႕ လန႔္စရာေကာင္းေသာ လကၡဏာတစ္ရပ္ပါ။ အိပ္ေနစဥ္ ေခြၽးအလြန္ထြက္ေသာေၾကာင့္ လန႔္ႏိုးတတ္ပါတယ္။
(၉)ပင္ပန္းႏြမ္းနယ္ျခင္း
ပင္ပန္းႏြမ္းနယ္ျခင္းသည္ HIV ရဲ႕ အေစာပိုင္း လကၡဏာတစ္ရပ္ ျဖစ္ပါတယ္။ အေၾကာင္းျပခ်က္ ခိုင္လုံမႈမရွိဘဲ ပင္ပန္းႏြမ္းနယ္ေနတတ္ပါတယ္။
(၁၀)ကန္ဒီးဒါလို႔ ေခၚတဲ့ မႈိေရာဂါ ျဖစ္ျခင္း
ကိုယ္ခံစြမ္းအားက်၍ ေရာဂါပိုးမ်ား ဝင္ေရာက္လာျခင္းတြင္ မႈိပိုးသည္လည္း အဓိက ေရာဂါပိုး ျဖစ္ပါတယ္။
(၁၁)ေရယုန္ေပါက္ျခင္း
စအို၊ လိင္အဂၤါႏွင့္ ပါးစပ္နားတဝိုက္တြင္ ေရယုန္ေပါက္ျခင္းသည္ ကိုယ္ခံအားနည္း၍ ကူးစက္ေသာေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။
(၁၂)အေရျပား ယားနာအကြက္မ်ား ျဖစ္ျခင္း
HIV ရွိသူ ၈၅% ခန႔္သည္ အေရျပား ယားနာအကြက္မ်ား ခံစားရတတ္ပါတယ္။ ယားနာအကြက္မ်ားသည္ အရည္ၾကည္ဖုမ်ားျဖစ္ၿပီး တစ္ခါတရံ အလြန္ယားတတ္ပါတယ္။
(၁၃)ေရာဂါလကၡဏာမျပျခင္း
ေရာဂါလကၡဏာမျပျခင္းသည္ HIV ကူးစက္မႈတြင္ ေၾကာက္ဖို႔အေကာင္းဆုံးပ င္ျဖစ္ပါတယ္။ မည္သည့္လကၡဏာမွ သတိမထားမိ၍ ပိုမို ျပန႔္ပြားလြယ္ ကူးစက္လြယ္ပါတယ္။
Author: Dr. ျပည့္ရွင္း
(Unicode)
OnDr မှာ အမေးများတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ HIV ရောဂါပိုး ကူးစက်ခံခဲ့ရလျှင် ဘာလက္ခဏာတွေ ပေါ်တတ်ပါသလဲ ဟူသောမေးခွန်းဖြစ်ပါတယ်။
-သင်သည် မမျှော်လင့်ပဲ ကာကွယ်မဲ့ လိင်ဆက်ဆံမှု ပြုခဲ့လျှင်
-သင်သည် ဆေးထိုးအပ် မျှဝေသုံးစွဲခဲ့လျှင်
-ပိုးရှိသူရဲ့သွေး မိမိကိုယ်ထဲ တစ်နည်းနည်းဖြင့် ဝင်ရောက်ခဲ့လျှင် အဆိုပါ မေးခွန်း ပေါ်လာတတ်ပါတယ်။ အလျင်အမြန် သိချင်ပါလိမ့်မယ်။ ယခုနောက်ဆုံးပေါ် နည်းစနစ်အရ HIVကူးစက်ပြီး ရက်ပိုင်းအတွင်း သွေးစစ် ကြည့်လျှင်သိနိုင်ပါတယ်။
HIV ပိုးက ဘာလဲ?
HIV ပိုးသည် လူရဲ့ကိုယ်ခံအားကို ဆိုးရွားစွာ ထိခိုက်ကျဆင်းစေပါတယ်။ ရောဂါများ ခုခံကာကွယ်ပြီးကိုယ်ခံအားကောင်းစေသော CD4 ဆဲလ်များကို ဖျက်ဆီးလိုက်သောကြောင့် ဖြစ်ပါတယ်။ HIVရောဂါပိုး ကူးစက်မှု့ရဲ့ နောက်ဆုံးအဆင့်ကတော့ AIDS ရောဂါ ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။
-လက္ခဏာများ
HIV လက္ခဏာများက လူတစ်ဦးနဲ့ တစ်ဦးမတူတတ်ပါ။ အချို့လူများသည် ရောဂါပိုးရှိသည့်တိုင် မည်သည့်လက္ခဏာမှ မ ပြတတ်ပါ။ သို့သော် အချိန်မှန် မကုသခဲ့လျှင် ကိုယ်ခံအား ဆိုးရွားစွာ ပျက်ဆီးပြီး အခြေအနေ ပိုဆိုးလာတတ်ပါတယ်။ ထို့ကြောင့် အများအားဖြင့် ဖြစ်တတ်သော လက္ခဏာ မိမိမှာရှိခဲ့သော် နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံး သွားရောက် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အများဆုံး ဖြစ်နိုင်ချေရှိသော လက္ခဏာများကတော့
(၁)လည်ချောင်းနာခြင်း
လည်ချောင်းနာခြင်းသည် အစောဆုံး ပြတတ်သော လက္ခဏာများမှ တစ်ခု ဖြစ်ပါတယ်။ ပိုးဝင်လာခဲ့လျှင် ကိုယ်ခန္ဓာမှ ပိုးကူးစက်ခြင်းကို စတင်တုံ့ ပြန်သောကြောင့် ဖြစ်ပါတယ်။ လည်ချောင်းနာခြင်းခံစားရလျှင် လျစ်လျူ၍မရပါ။ လည်ချောင်းနာရာမှတဆင့် နောက်ဆက်တွဲ ပါးစပ်အနာများ၊ အစာရေမျိုအနာများ ခံစားလာရတတ်ပါတယ်။ ခုခံမှုစွမ်းအား လျော့နည်းလာသောကြောင့် အဆိုပါလက္ခဏာများသည် ပိုဆိုးလာစေနိုင်ပါတယ်။ ထိုအခါမျိုးတွင် ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။
(၂)ဖျားနာခြင်း
အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ဖျားနာခြင်း ဝေဒနာခံစားရလျှင် ဆရာဝန်ဆီ ချက်ချင်းပြသင့်ပါတယ်။ အဖျားငွေ့ငွေ့ ဖျားတတ်ပြီး ဆေးဝါးကုသမှု ခံယူသည့်တိုင် မသက်သာတတ်ပါ။
(၃)ခေါင်းကိုက်ခြင်း
သင်သည် ခေါင်းကိုက်ဝေဒနာ ၁၀ရက် ၁၅ရက်ခန့် ဆက်တိုက်ခံစားရလျှင် မူမမှန်ခေါင်းကိုက်ခြင်းခံစားရခြင်းဟု သတ်မှတ်လို့ရပါတယ်။ လေ့လာချက်များအရ HIV ပိုးရှိသူ ၅၀%သည် မူမမှန်ခေါင်းကိုက်ခြင်း ဝေဒနာ ခံစားရတတ်ပါတယ်။
(၄)ချောင်းဆိုးခြင်း
ချောင်းခြောက်ရက်ရှည် ချောင်းဆိုးပြီး ပိုးသတ်ဆေးသောက်သော်လည်း မပျောက်ခဲ့ခြင်း ဖြစ်ခဲ့လျှင် အဆိုပါလက္ခဏာသည် HIV ပိုး ကူးစက်မှုရဲ့ အစောဆုံး လက္ခဏာတစ်ခုပါ။ ပိုးသည် ကိုယ်ခံအားကျစေပြီး ချောင်းဆိုးရက် ကြာနေတတ်ကာ နောက်ပိုင်း အဆုတ်ပွသည်အထိ ဖြစ်နိုင်ပါတယ်။
(၅)ပြန်ရေကြော အကျိတ် ရောင်ခြင်း
လည်ပင်း၊ ချိုင်းအောက်နှင့် ပေါင်ကြား ပြန်ရေကြောအကျိတ်များ မူမမှန် ကြီးထွားလာလျှင် HIV ပိုးကူးစက်မှု ဦးဆုံးလက္ခဏာများ ဖြစ်နိုင်ပါတယ်။
(၆)ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
HIV ပိုး ကူးစက်ခံရသော လူနာအများစုသည် ကိယ်လက်နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရလေ့ရှိပါတယ်။ အဆစ်အမြစ်ရောင် ၊ကြွက်သားနာကျင်ခြင်း ဝေဒနာများ ဖြစ်ပါတယ်။
(၇)ကိုယ်အလေးချိန် လျော့နည်းခြင်း
HIV ပိုး ကူးစက်ပျံ့နှံခဲ့လျှင် ဖျားခြင်း၊ ဝမ်းလျောခြင်းနှင့် အန်ခြင်းတို့ကြောင့် ကိုယ်အလေးချိန် သိသာစွာ လျော့ကျတတ်ပါတယ်။
(၈)ချွေးထွက်များခြင်း
ချွေးထွက်များခြင်းသည် HIV ပိုး ကူးစက်မှု့ရဲ့ လန့်စရာကောင်းသော လက္ခဏာတစ်ရပ်ပါ။ အိပ်နေစဉ် ချွေးအလွန်ထွက်သောကြောင့် လန့်နိုးတတ်ပါတယ်။
(၉)ပင်ပန်းနွမ်းနယ်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်းသည် HIV ရဲ့ အစောပိုင်း လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။
(၁၀)ကန်ဒီးဒါလို့ ခေါ်တဲ့ မှိုရောဂါ ဖြစ်ခြင်း
ကိုယ်ခံစွမ်းအားကျ၍ ရောဂါပိုးများ ဝင်ရောက်လာခြင်းတွင် မှိုပိုးသည်လည်း အဓိက ရောဂါပိုး ဖြစ်ပါတယ်။
(၁၁)ရေယုန်ပေါက်ခြင်း
စအို၊ လိင်အင်္ဂါနှင့် ပါးစပ်နားတဝိုက်တွင် ရေယုန်ပေါက်ခြင်းသည် ကိုယ်ခံအားနည်း၍ ကူးစက်သောရောဂါတစ်မျိုး ဖြစ်ပါတယ်။
(၁၂)အရေပြား ယားနာအကွက်များ ဖြစ်ခြင်း
HIV ရှိသူ ၈၅% ခန့်သည် အရေပြား ယားနာအကွက်များ ခံစားရတတ်ပါတယ်။ ယားနာအကွက်များသည် အရည်ကြည်ဖုများဖြစ်ပြီး တစ်ခါတရံ အလွန်ယားတတ်ပါတယ်။
(၁၃)ရောဂါလက္ခဏာမပြခြင်း
ရောဂါလက္ခဏာမပြခြင်းသည် HIV ကူးစက်မှုတွင် ကြောက်ဖို့အကောင်းဆုံးပ င်ဖြစ်ပါတယ်။ မည်သည့်လက္ခဏာမှ သတိမထားမိ၍ ပိုမို ပြန့်ပွားလွယ် ကူးစက်လွယ်ပါတယ်။
Author: Dr. ပြည့်ရှင်း