OnDoctor
The Greatest Gift

ကမ္ဘာတစ်ဝန်း ကပ်ရောဂါသဖွယ် ကျရောက်နေသောခုခံအားကျဆင်းရောဂါ အကြောင်းသိကောင်းစရာ (၄)

HIV ပိုးကူးစက်ခံနေရကဘာလုပ်သင့်သလဲ?
“ကျွန်တော်/ကျွန်မတို့ သွေးစစ်ထားတာ HIV ပိုးရှိနေတယ်၊ဘာဆက်လုပ်ရမလဲဆရာ”
“ကျွန်တော်/ကျွန်မတို့ အိမ်သား၊ အသိတွေထဲမှာ HIV ပိုးရှိနေရင် ဘယ်လိုလုပ်ရမလဲ
ဆရာ။အတူနေ ၊အတူစားသောက် လို့ရောရလား ၊ဆရာ။”
မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိသားစု (သို့မဟုတ်) ဆွေမျိုး (သို့မဟုတ်) မိတ်ဆွေ
တစ်ဦးထံတွင် ခုခံအားကျစေသော HIV ပိုးရှိနေကထိုသူ၊ ထိုမိသားစုအဖို့ သောကဖိစီးမှု နှင့်
ကြုံရခြင်း ၊ကြောက်ရွံ့ထိတ်လန့်ခြင်းတို့နှင့် ရင်ဆိုင်ရခြင်း ၊လူမှုရေးအရပစ်ပယ်ခံရခြင်း ၊ဖျားနာ
ခြင်းနှင့် သေခါနီးအခြေအနေမျိုးဖြစ်ခြင်းများကြောင့် စိတ်ဓာတ်ကျခြင်းနှင့် ရင်ဆိုင်ရတတ်သည်။
ထို့ကြောင့် ထိုသူတို့ကိုသနားကြင်နာပါ။ဖေးမကူညီပါ။နားလည်ပေးပြီး နွေးထွေးစွာဆက်ဆံပါ။
သတိပြုရန်မှာ ကျွနု်ပ်တို့ ရင်ဆိုင်နေရသည်ကကျန်းမာရေးပြဿနာတစ်ခုသာဖြစ်သည်။လူကို
မဟုတ်ပါ။

HIV ပိုးကူးစက် ခံနေရကဘယ်လိုပြုမူနေထိုင်မလဲ?
HIV ပိုးကူးစက်ခံနေရသူများအနေဖြင့် ကျန်းမာရေးနှင့် အညီအောက်ပါအတိုင်းနေထိုင်
သင့်ပါတယ်။
၁) ကျန်းမာရေးကိုယ်လက်လှုပ်ရှားအားကစားအပေါ့စားကလေးများလုပ်ဆောင်ရန်
၂) အာဟာရရှိသောကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များစားရန်
၃)မုတ်ဆိတ်ရိတ်ဓား ၊သွားပွတ်တံသီးသန့် သုံးရန်
၄) မိမိထံမှ တခြားသူသို့ ရောဂါမကူးစက်စေရန် အမြဲသတိပြုနေထိုင်ရန်
၅) နေထိုင်မကောင်းပါကချက်ချင်းဆေးကုသမှုခံရန်
၆) သွေးမလှူဒါန်းရန်

မိမိရဲ့ အောက်ပါအပြုအမူများ၊အနေအထိုင်များကိုရှောင်ကြဉ်သင့်ပါတယ်။
၁) ကျန်းမာရေးထိခိုက်စေသောအရက်သေစာ ၊ဆေးလိပ် ၊ကွမ်း ၊မူးယစ်ဆေးတို့ကိုရှောင်ကြဉ်
ရန်
၂) အန္တရာယ်ရှိသောအပြုအမူများ(အကာအကွယ်မဲ့ လိင်တူ/လိင်ကွဲ ဆက်ဆံခြင်းအစရှိသည့်)
ဆက်လက် မကျင့်သုံးရန်
၃) ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထိုင် ၊အလုပ်အကိုင်(အိပ်ရေးပျက်စေသည့်
အလုပ်များ ၊စိတ်ဖိစီးမှုများသည့်အလုပ်များအစရှိသည့်) များကိုရှောင်ကြဉ်ရန်

-- Advertisement --

HIV ပိုးကူးစက်ခံနေရကဘယ်လိုကုသလို့ ရမလဲ ?
ခုခံအားကျဆင်းစေသော HIV ပိုးအတွက် ကာကွယ်ဆေးမရှိသလိုပျောက်ကင်းစေသော
ဆေးဝါးလည်း မရှိသေးပါ။သို့သော် HIV ရောဂါပိုးပွားတာကိုထိန်းချုပ်ပေးနိုင်သောART(Anti-
Retroviral Therapy) အေအာတီ ဆေးဝါးများ (ပိုးထိန်းဆေး ၊ပိုးတန့်ဆေးများ)တိုက်ကျွေးလို့ရပါတယ်။ထို့ကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာနအေအာရ်တီဆေးပေးခန်း/ံHIVဆေးကုခန်းများ ၊ဆေးရုံများတွင် စောစီးစွာကုသစောင့်ရှောက်မှု ခံယူပါ။

အေအာတီဆေးများသည် အများအားဖြင့် သုံးမျိုးစပ် ဆေးဝါးများဖြစ်ပါတယ်။၎င်းတို့ကို
သက်ဆိုင်ရာ ဆရာဝန် ညွှန်ကြားမှသာသောက်သုံးသင့်ပါတယ်။”သုံးတတ်လျှင်ဆေး ၊မသုံးတတ်
လျှင် ဘေး” ဆိုသလိုသတိမူရပါ့မယ်။ ၎င်းဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိပါတယ်။
၁) သက်တမ်းပိုရှည်ခြင်း
၂) ကျန်းမာရေးပိုမို ကောင်းမွန်လာခြင်း
၃) အခွင့်ကောင်းယူ၍ ဝင်ရောက်တတ်သောရောဂါများ၏ ကူးစက်ခံရမှု အကြိမ်များ လျော့နည်း
စေခြင်း စသည့် အကျိုးများရတတ်ပါတယ်။
အေအာတီဆေးသောက်သုံးသူများ အနေဖြင့် နေ့စဉ် ၊အချိန်မှန် ၊အသက်ထက်ဆုံး သောက်သုံးရပါ့မယ်။ နေကောင်းလာပြီ၊ ဆေးမတည့်လို့ ၊ဆေးဒဏ်မခံနိုင်လို့ ၊ခရီးလွန်နေလို့ အစရှိသည့်အကြောင်းပြချက်များဖြင့် မိမိသဘောဖြင့် မိမိဘာသာ ဆေးသောက်သုံးမှုကို မရပ်သင့်ပါ။ထိုအခြေအနေများဖြင့် ကြုံတွေ့ရက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
မိမိတို့ ကုသမှုခံယူရာ ကျန်းမာရေးဌာနများ ညွှန်ကြားထားသည့်အတိုင်း ရက်ချိန်းမှန်စွာ ပြသခြင်း
၊ အချိန်မှန် သွေးစစ်ဆေးမှုခံယူခြင်းဖြင့် စောင့်ရှောက်မှုခံယူက အသက်ထက်ဆုံး မိမိချစ်ခင်ရသော
ချစ်သူ ၊မိဘ ၊ဆွေမျိုးသားချင်း ၊မိတ်ဆွေများဖြင့် ပိုမိုကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါလိမ့်မည်။

 

AUTHOR – ခေတ်သစ်ဇီဝက

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!