ကမ္ဘာတစ်ဝန်း ကပ်ရောဂါသဖွယ် ကျရောက်နေသောခုခံအားကျဆင်းရောဂါ အကြောင်းသိကောင်းစရာ (၂)

ကူးစက်နိုင်တဲ့ နည်းလမ်းတွေသိပြီးတော့ မကူးစက်နိုင်တဲ့နည်းလမ်းတွေကိုဆက်လက်
ပြောပြပါမယ်။

ဒီလိုနည်းလမ်းတွေနဲ့ ခုခံအားကျဆင်းစေတဲ့ HIV ပိုးမကူးစက်နိုင်ပါ။
၁) HIV ပိုးရှိနေသူတစ်ဦးနှင့် နေ့စဉ် လူမှုရေးအရသာမန်ထိတွေ့ခြင်းကြောင့် မကူးစက်နိုင်ပါ။
၂) HIV ပိုး ရှိနေသူအားထိတွေ့ပွေ့ဖက်ခြင်း ၊လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင် တို့တွင် အတူ
စားသောက်ခြင်း၊ အတူရေသောက်ခြင်း ၊မုန့်တစ်ခုထဲအတူစားခြင်း ၊အဝတ်အစားနှင့် ကိုယ်
သုတ်ပဝါတို့ကိုမျှဝေသုံးစွဲခြင်း၊အိမ်သာ(ကမုတ်ခုံ)အတူသုံးစွဲခြင်း ၊ရေကူးကန် ၊စုပေါင်းရေချိုးခန်း
စသည်တို့တွင် သွားလာကူးခတ် ရေချိုးခြင်းဖြင့်လည်းမကူးစက်နိုင်ပါ။
၃) HIV ပိုးရှိနေသူနှင့် ပန်းကန်ခွက်ယောက် ၊ဖျော်ရည်သောက်ပိုက်တို့ အတူသုံးစွဲခြင်းဖြင့် လည်း
မကူးစက်နိုင်ပါ။
၄) HIV ပိုးရှိနေသူမှ ချောင်းဆိုးခြင်း ၊နှာချေခြင်းတို့ဖြင့်လည်းမကူးစက်နိုင်ပါ။
၅) HIV ပိုးရှိနေသူ၏ တံတွေးနှင့် မျက်ရည်မှတဆင့် လည်းကောင်း ၊ခွေး ၊ကြောင် စသည်တို့
အကိုက်ခံရသောကြောင့်လည်းကောင်း ၊ကြမ်းပိုး ၊ခြင် ၊ယင်တို့မှ လည်းကောင်းကူးစက်ခြင်း
မရှိပါ။

ဘယ်လိုလူတွေ HIV ပိုးကူးစက်ခံရနိုင်သလဲ ?
မည်သူမဆိုကျား/မ မရွေး ၊အသက်အရွယ် မရွေး ၊ဆင်းရဲချမ်းသာမရွေး ၊လူမျိုးဘာသာ
မရွေး ၊လိင်တူ/လိင်ကွဲ ဆက်ဆံသူမရွေးရောဂါရလွယ်သောအပြုအမူများ ပြုလုပ်မိပါက HIV ပိုး
ကူးစက်ခံရနိုင်ပါတယ်။အထူးသဖြင့် အောက်ပါလူတို့တွင် ရောဂါကူးစက်နိုင်ခြေအခြားသူတွေ
ထက် ပိုများပါတယ်။
၁) အန္တရာယ်များသည့် လိင်ဆက်ဆံမှု ပြုသူများ (သို့မဟုတ်) ထိုသို့ပြုမူသူများနှင့် လိင်ဆက်ဆံ
သူများ (အန္တရာယ်များသည့် လိင်ဆက်ဆံမှုဆိုသည်မှာအကာအကွယ်မဲ့ လိင်ဆက်ဆံသူများ
၊HIV ပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊လူများစွာနှင့်လိင်ဆက်ဆံသူများ ၊ လိင်
ဆက်ဆံဖော်များသူနှင့် လိင်ဆက်ဆံခြင်း ၊မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းသုံးစွဲသူ/သုံးစွဲ
ဖူးသူနှင့် လိင်ဆက်ဆံခြင်းကိုဆိုလိုပါတယ်။)
၂) HIV ပိုးရှိနေသူမိခင်မှ မွေးဖွားလာသည့် ကလေးများ
၃) မူးယစ်ဆေးသုံးစွဲသူများ ၊မသန့်သောဆေးထိုးအပ်နှင့်ဆေးထိုးပြွန်တို့ဖြင့် ဆေးထိုးခံမိသူများ
(နားဖောက်ခြင်း ၊ဆေးမင်ကြောင်ထိုးခြင်း နှင့် တရုတ်အပ်စိုက်ခြင်းအပါအဝင်ဖြစ်ပါတယ်။)
၄) HIV ပိုးရှိနေသော သွေးနှင့် သွေးရည်ကြည် အသွင်းခံရသူများ

-- Advertisement --

HIV ပိုးမကူးစက်အောင် ဘယ်လိုကာကွယ်မလဲ ?
HIV ပိုးကိုပျောက်ကင်းအောင် ကုသနိုင်တဲ့နည်းလမ်းများမရှိသေးသဖြင့် ကာကွယ်ခြင်းက
သာ ထိရောက်စွာရောဂါပိုးမကူးစက်အောင် တားမြစ်နိုင်မှာပါ။အမေးများတဲ့ “ကျွန်တော်/ကျွန်မ
တို့ HIV ပိုးမကူးစက်အောင် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ”ဆိုတာကိုဖြေပေးပါ့မယ်။
အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုများကိုရှောင်ကြဉ်ပါ။မိမိအိမ်ထောင်ဖက် ၊လိင်ဆက်ဆံဖော် အပေါ်သစ္စာရှိပါ။မဆင်ခြင်နိုင်ကအကာအကွယ်(condom) သုံးပါ။ တစ်ခါသုံးဆေးထိုးအပ်များသာသုံးပါ။ဆေးမင်ကြောင်ထိုးခြင်း၊အပ်စိုက်ကုခြင်းကိုရှောင်ကြဉ်ပါ။မဆင်ခြင်နိုင်ကအပ်သန့်သန့်သာသုံးပါ။ HIVပိုးရှိနေနိုင်သူ၏သွေးကိုမသွင်းမိပါစေနဲ့။မိခင်လောင်းများအနေဖြင့် မိမိကိုယ်ဝန်ကို သက်ဆိုင်ရာဆရာဝန်နှင့်သူနာပြုများထံတွင် ပြသကာစောင့်ရှောက်မှုခံယူပါ။ဆေးရုံ ၊ဆေးခန်းများတွင်သာမွေးဖွားဖို့ ကြိုးစားပါ။
ဆက်ပါဦးမည်။

 

AUTHOR – ခေတ်သစ်ဇီဝက

READ :   လိင်အင်္ဂါကြွက်နို့

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ