အိပ်ချ်အိုင်ဗီပိုးဟာ အေအိုင်ဒီအက်စ်ရောဂါခေါ် ခုခံအားကျဆင်းမှုရောဂါဖြစ်စေတယ်။
ဖြစ်နိုင်တဲ့ နည်းလမ်းများက ရောဂါရှိသူနဲ့ လိင်တူ၊ လိင်ကွဲ ဆက်ဆံခြင်း၊ မသန့်ရှင်းတဲ့ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ သွားဘက်ဆိုင်ရာ ပစ္စည်းများ၊ သင်တုန်းဓား၊ တက်တူးစုတ်ထိုးခြင်းများ၊ ဓာတ်အပ်စိုက်ခြင်း၊ နားဖောက်ကိရိယာများသုံးခြင်း၊ အိပ်ချ်အိုင်ဗီရှိတဲ့ သွေးသွင်းမိခြင်း၊ အိပ်ချ်အိုင်ဗီမိခင်မှကလေးသို့ ကူးစက်ခြင်း နည်းတွေနဲ့ အဓိကကူးစက်နိုင်ပါတယ်။
မကူးစက်နိုင်
– အိပ်ချ်အိုင်ဗီပိုးဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နမ်းရှုပ်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ ရောဂါပိုးရှိသူနဲ့ တစ်အိမ်တည်း အတူတူနေခြင်း၊ အတူစားသောက်ခြင်း၊ ပန်းကန်ခွက်ယောက်၊ ဇွန်းအတူသုံးစွဲခြင်း၊ အိမ်သာ၊ ထိုင်ခုံ အတူသုံးစွဲခြင်း၊ စက်ရုံ အလုပ်ရုံမှာ အတူအလုပ်လုပ်ခြင်း၊ အတူခရီးသွားခြင်း၊ အတူကျောင်းတက်ခြင်း စတဲ့နည်းလမ်းများနဲ့ မကူးစက်နိုင်ပါ။ ကြွက်၊ ခြင်၊ ယင်၊ ကြမ်းပိုး၊ ပိုးဟပ် စတဲ့တိရစ္ဆာန်များမှ အိပ်ချ်အိုင်ဗီပိုး မကူးစက်ပါ။
ရောဂါလက္ခဏာများမှာ ကူးစက်ခံရပြီး တုတ်ကွေးလို ယာယီအဖျားမျိုး နှစ်ရက် (သို့) သုံးရက်ခံစားရတာက လူကောင်းပကတိ နေနိုင်ကြပါတယ်။ အေအိုင်ဒီအက်စ်ရောဂါအခြေအနေရောက်မှသာ ရောဂါလက္ခဏာခံစားကြရတယ်။ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ်မှာ အနီကွက်များပေါ်ခြင်း၊ ညဘက် ချွေးပြန်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပြန်ရည်ကြော အကျိတ်များရောင်ခြင်း၊ ပါးစပ်အတွင်းမှ မက္ခရုများ ဖြစ်ခြင်းတို့ ခံစားရပါတယ်။ အဓိကလက္ခဏာများမှာ တစ်လကျော်တဲ့အဖျား၊ တစ်လထက်ကျော်တဲ့ ဝမ်းလျှောခြင်း၊ တစ်လထက်ကျော်တဲ့ ချောင်းဆိုးခြင်း၊ တစ်လအတွင်း အလေးချိန် ၁၀ပေါင်ကျခြင်းတို့ဖြစ်ပြီးသာမန်လက္ခဏာများမှာ ရေယုန်ပေါက်ခြင်းမှမက္ခရုပေါက်ခြင်း၊ ပြန်ရည်
ကြိတ်ရောင်ခြင်းတို့ ဖြစ်ပါတယ်။အဓိကလက္ခဏာများအပြင် သွေးစစ်ဆေးပါကအိတ်ချ်အိုင်ဗီပိုးရှိ(ပေါ့စစ္စတစ်)ပါက အေအိုင်ဒီအက်စ်ရောဂါခံစားနေရသူလို့ သတ်မှတ်နိုင်ပါတယ်။ စမ်းသပ်နည်း – အိပ်ချ်အိုင်ဗီပိုးရှိ၊ မရှိ တိုက်ရိုက်စစ်နည်းမှာလူ့ခန္ဓာကိုယ်တွင်း ဗိုင်းရပ်ပိုးကို တိုက်ဖျက်ဖို့ ပဋိပစ္စည်းများ ခန္ဓာကိုယ်မှ ထုတ်ယူရန် (၃)ပတ်မှ ၁၂ပတ်ကျော်မှ ပြန်လည်စစ်ဆေးသင့်ပါတယ်။အိပ်ချ်အိုင်ဗီတိုက်ရိုက် စမ်းသပ်နည်းမှ Nucleic Acidတယ်၊cation Test) နဲ့ စမ်းသပ်နိုင်ပါ သေးတယ်။
ကာကွယ်ဆေး
အိပ်ချ်အိုင်ဗီပိုး ကာကွယ်ဖို့ ကာကွယ်ဆေး မပေါ်သေးပါ။
ကြိုတင်ကာကွယ်
ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ကူးဆက်နိုင်တဲ့ နည်းလမ်းများသိပြီးနောက် လိင်ဖောက်ပြန်ခြင်း မပြုသင့်၊ မရှောင်နိုင်ပါက အစွပ်သုံးရပါမယ်။ မလိုအပ်ဘဲ ဆေးမထိုးသင့်၊ သွေးမသွင်းသင့်ပါ။ သံသယရှိမှ အိပ်ချ်အိုင်ဗီမဟုတ်ပါ။ သွေးထဲမှာ ရှိနေနိုင်ပါတယ်။
အေအာဗီဆေး
အေအာဗီ၊ အေဘာတီ ဆေးတွေက လူရဲ့ခုခံမှုများမြင့်မားစေပြီး ရောဂါတွန်းလှန်နိုင်လို့ အိပ်ချ်အိုင်ဗီရောဂါ ကူးစက်ပေမယ့် သက်တမ်းစေ့ နေနိုင်လာပါပြီ။
AUTHOR – ဒေါက်တာလွင်သန့်
Health Care Journal(အတွဲ(၇)၊ အမှတ်(၂၁)