မအင်္ဂါကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာ

မအဂၤါကင္ဆာ သို႔မဟုတ္ မိန္းမကိုယ္ကင္ဆာ

မအဂၤါကင္ဆာ သို႔မဟုတ္ မိန္းမကိုယ္ကင္ဆာကို ေဆးပညာအရ Ca Vulva လို႔ေခၚပါတယ္။မိန္းမကိုယ္(မအဂၤါ) မွာ မိန္းမကိုယ္နႈတ္ခမ္းအၾကီး(Labia majora)၊မိန္းမကိုယ္နႈတ္ခမ္းအေသး(Labia minora)၊မအဂၤါေစ႔(Clitoris)၊ဘာသိုလင္ဂလင္း(Bartholin’s gland)၊ဆီးလမ္းေၾကာင္းအေပါက္(Uretheral opening) နဲ႔ ေမြးလမ္းအေပါက္ (Vaginal Opening) စသျဖင္႔ပါ၀င္ပါတယ္။ဒီမိန္းမကိုယ္ကင္ဆာ ဟာ မိန္းမေတြမွာပဲျဖစ္တတ္တဲ႔ ရင္သားကင္ဆာ၊သားအိမ္ေခါင္းကင္ဆာ၊သားဥအိမ္ကင္ဆာေတြနဲ႔ယွဥ္ရင္ အျဖစ္နည္းေလ႔ရွိတဲ႔၊ျဖစ္ေလ႔သိပ္မရွိတဲ႔ ကင္ဆာအမ်ိဳးအစား(Uncommon Cancer)ျဖစ္ပါတယ္။

ျဖစ္ျပီဆိုရင္လည္း အသက္၆၀ ကေန ၇၄ နွစ္ၾကား အရြယ္အမ်ိဳးသမီးၾကီးေတြမွာပဲ အျဖစ္မ်ားေလ႔ရွိပါတယ္။အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ျဖစ္ရင္က် တျခားေနရာကကင္ဆာက မိန္းမကိုယ္ဆီကို ပ်ံ႕နွံ႕လို႔ျဖစ္နိုင္တဲ႔ဆိုတဲ႔အခ်က္ကိုထည္႔စဥ္းစားျပီး တျခားေနရာကကင္ဆာရွိမရွိစစ္ေဆးၾကည္႔ဖို႔လိုပါတယ္။(ဥပမာ သားအိမ္ေခါင္းကင္ဆာ သို႔မဟုတ္ ရင္သားကင္ဆာ သို႔မဟုတ္ အသည္းကင္ဆာက မိန္းမကိုယ္ဆီပ်ံ႕ရာကေန မိန္းမကိုယ္ကင္ဆာျဖစ္တာမ်ိဳးပါ)

မိန္းမကိုယ္ကင္ဆာျဖစ္ပြားရတဲ႔အေၾကာင္းရင္းအတိအက်ကိုေတာ႔ေသခ်ာမသိေသးပါ။

ျဖစ္နိင္ေျခရွိတဲ႔အေၾကာင္းေတြကေတာ႔
လိင္ဆက္ဆံဖက္ သို႔မဟုတ္ အိမ္ေထာင္ဆက္ မ်ားတာ
Human papilloma virus(HPV)ပိုးကူးစက္ခံရဖူးတာ
Herpes Simples virus(HSV)ပိုးကူးစက္ခံရဖူးတာ
အသက္အရြယ္ၾကီးလာတာ
ေဆးလိပ္ေသာက္တာ
ကိုယ္ခံအားက်တဲ႔ေရာဂါတခုခုရွိတာ စသျဖင္႔ပါ။

မအဂၤါကင္ဆာ ေရာဂါလကၡဏာေတြထဲမွာမွ အျဖစ္မ်ားေလ႔ရွိတာကေတာ႔ အခ်ိန္အၾကာၾကီးလနဲ႔ခ်ီျပီး မိန္းမကိုယ္ယားယံျခင္းျဖစ္တာပါ။တျခားလကၡဏာေတြကေတာ႔ မိန္းမကိုယ္ေရာင္ရမ္းနာက်င္တာ၊ရာသီလာရက္မဟုတ္ဘဲေသြးဆင္းတာ၊အရည္ၾကည္ေတြဆင္းတာ၊အတူေနျပီးတဲ႔အခါတိုင္းေသြးထြက္တာ၊မိန္းမကိုယ္မွာ အနာသို႔မဟုတ္ အလံုးအက်ိတ္ျဖစ္တာ စသျဖင္႔ပါ။

ဒါေၾကာင္႔အမ်ိဳးသမီးေတြအေနနဲ႔ မိန္းမကိုယ္ေတြလနဲ႔ခ်ီျပီးအခ်ိန္အၾကာၾကီးယားယံတာမ်ိဳးျဖစ္ရင္ သို႔မဟုတ္ ခုနကေျပာတဲ႔လကၡဏာတခုခုရွိရင္ ေပါ႔ေပါ႔ဆဆမေနဘဲ ဆရာ၀န္နဲ႔ျပသစမ္းသပ္ျပီး မိန္းမကိုယ္ကင္ဆာဟုတ္မဟုတ္ သိဖို႔ စစ္ေဆးမႈေတြလုပ္ဖို႔လိုပါတယ္။မိန္းမကိုယ္ကင္ဆာအတြက္စစ္ေဆးမႈေတြကေတာ႔ မိန္းမကိုယ္မွန္ေျပာင္းၾကည္႔တာနဲ႔အသားစယူစစ္ေဆးတာေတြပါ။ဒီလိုစစ္ေဆးလို႔ မိန္းမကိုယ္ကင္ဆာရွိျပီဆိုရင္ တျခားေနရာေတြကိုပ်ံ႕ေနမေနသိဖို႔အတြက္နဲ႔ကုသဖို႔အတြက္ အာထရာေဆာင္းရိုက္တာ၊ရင္ဘတ္ဓါတ္မွန္ရိုက္တာ၊ကြန္ျပဴတာဓါတ္မွန္ရိုက္တာ၊သံလိုက္ဓါတ္မွန္ရိုက္တာ၊ေသြးစစ္တာ၊အီးစီဂ်ီဆြဲတာ အစရွိတဲ႔စစ္ေဆးမႈေတြထပ္လုပ္ဖို႔လိုပါတယ္။

ကုသမႈအပိုင္းအေနနဲ႔ကေတာ႔ ကင္ဆာအဆင္႔ေပၚမႈတည္ျပီး ခြဲစိတ္ကုသတာ၊ကင္ဆာေဆးသြင္းကုသတာ၊ဓါတ္ေရာင္ျခည္နဲ႔ကုသတာအသီးသီးရွိသလို လိုအပ္ရင္ နွစ္နည္းေပါင္းျပီးတြဲကုတာမ်ိဳးလည္းရွိပါတယ္။အဆံုးသတ္အေနနဲ႔ကေတာ႔ မိန္းမကိုယ္ကင္ဆာျဖစ္ပြားနိုင္ေျခနည္းေအာင္ တကိုယ္ရည္သန္႔ရွင္းေရးကိုဂရုစိုက္ပါ။အတူမေနခင္နဲ႔အတူေနျပီးတိုင္း အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ မိမိအဂၤါကိုေသခ်ာေရနဲ႔ေဆးပါ။အတြင္းခံေတြကိုသန္႔သန္႔ရွင္းရွင္းေလွ်ာ္ဖြတ္မီးပူတိုက္ပါ။ HPV ပိုး၀င္ေရာက္ကူးစက္နိုင္ေျခနည္းေအာင္ သားအိမ္ေခါင္းကာကြယ္ေဆးထိုးထားပါ။ေဆးလိပ္မေသာက္ပါနဲ႔။ေဆးလိပ္ေသာက္တဲ႔သူေတြနဲ႔လည္းေ၀းေ၀းေရွာင္ပါလို႔အၾကံျပဳလိုက္ရပါတယ္။

Dr 528

(Unicode)

မအင်္ဂါကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာ

မအင်္ဂါကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာကို ဆေးပညာအရ Ca Vulva လို့ခေါ်ပါတယ်။မိန်းမကိုယ်(မအင်္ဂါ) မှာ မိန်းမကိုယ်နှုတ်ခမ်းအကြီး(Labia majora)၊မိန်းမကိုယ်နှုတ်ခမ်းအသေး(Labia minora)၊မအင်္ဂါစေ့(Clitoris)၊ဘာသိုလင်ဂလင်း(Bartholin’s gland)၊ဆီးလမ်းကြောင်းအပေါက်(Uretheral opening) နဲ့ မွေးလမ်းအပေါက် (Vaginal Opening) စသဖြင့်ပါဝင်ပါတယ်။ဒီမိန်းမကိုယ်ကင်ဆာ ဟာ မိန်းမတွေမှာပဲဖြစ်တတ်တဲ့ ရင်သားကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားဥအိမ်ကင်ဆာတွေနဲ့ယှဉ်ရင် အဖြစ်နည်းလေ့ရှိတဲ့၊ဖြစ်လေ့သိပ်မရှိတဲ့ ကင်ဆာအမျိုးအစား(Uncommon Cancer)ဖြစ်ပါတယ်။

ဖြစ်ပြီဆိုရင်လည်း အသက်၆၀ ကနေ ၇၄ နှစ်ကြား အရွယ်အမျိုးသမီးကြီးတွေမှာပဲ အဖြစ်များလေ့ရှိပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်ရင်ကျ တခြားနေရာကကင်ဆာက မိန်းမကိုယ်ဆီကို ပျံ့နှံ့လို့ဖြစ်နိုင်တဲ့ဆိုတဲ့အချက်ကိုထည့်စဉ်းစားပြီး တခြားနေရာကကင်ဆာရှိမရှိစစ်ဆေးကြည့်ဖို့လိုပါတယ်။(ဥပမာ သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် ရင်သားကင်ဆာ သို့မဟုတ် အသည်းကင်ဆာက မိန်းမကိုယ်ဆီပျံ့ရာကနေ မိန်းမကိုယ်ကင်ဆာဖြစ်တာမျိုးပါ)

မိန်းမကိုယ်ကင်ဆာဖြစ်ပွားရတဲ့အကြောင်းရင်းအတိအကျကိုတော့သေချာမသိသေးပါ။

ဖြစ်နိင်ခြေရှိတဲ့အကြောင်းတွေကတော့
လိင်ဆက်ဆံဖက် သို့မဟုတ် အိမ်ထောင်ဆက် များတာ
Human papilloma virus(HPV)ပိုးကူးစက်ခံရဖူးတာ
Herpes Simples virus(HSV)ပိုးကူးစက်ခံရဖူးတာ
အသက်အရွယ်ကြီးလာတာ
ဆေးလိပ်သောက်တာ
ကိုယ်ခံအားကျတဲ့ရောဂါတခုခုရှိတာ စသဖြင့်ပါ။

မအင်္ဂါကင်ဆာ ရောဂါလက္ခဏာတွေထဲမှာမှ အဖြစ်များလေ့ရှိတာကတော့ အချိန်အကြာကြီးလနဲ့ချီပြီး မိန်းမကိုယ်ယားယံခြင်းဖြစ်တာပါ။တခြားလက္ခဏာတွေကတော့ မိန်းမကိုယ်ရောင်ရမ်းနာကျင်တာ၊ရာသီလာရက်မဟုတ်ဘဲသွေးဆင်းတာ၊အရည်ကြည်တွေဆင်းတာ၊အတူနေပြီးတဲ့အခါတိုင်းသွေးထွက်တာ၊မိန်းမကိုယ်မှာ အနာသို့မဟုတ် အလုံးအကျိတ်ဖြစ်တာ စသဖြင့်ပါ။

ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်တွေလနဲ့ချီပြီးအချိန်အကြာကြီးယားယံတာမျိုးဖြစ်ရင် သို့မဟုတ် ခုနကပြောတဲ့လက္ခဏာတခုခုရှိရင် ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး မိန်းမကိုယ်ကင်ဆာဟုတ်မဟုတ် သိဖို့ စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။မိန်းမကိုယ်ကင်ဆာအတွက်စစ်ဆေးမှုတွေကတော့ မိန်းမကိုယ်မှန်ပြောင်းကြည့်တာနဲ့အသားစယူစစ်ဆေးတာတွေပါ။ဒီလိုစစ်ဆေးလို့ မိန်းမကိုယ်ကင်ဆာရှိပြီဆိုရင် တခြားနေရာတွေကိုပျံ့နေမနေသိဖို့အတွက်နဲ့ကုသဖို့အတွက် အာထရာဆောင်းရိုက်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ကွန်ပြူတာဓါတ်မှန်ရိုက်တာ၊သံလိုက်ဓါတ်မှန်ရိုက်တာ၊သွေးစစ်တာ၊အီးစီဂျီဆွဲတာ အစရှိတဲ့စစ်ဆေးမှုတွေထပ်လုပ်ဖို့လိုပါတယ်။

ကုသမှုအပိုင်းအနေနဲ့ကတော့ ကင်ဆာအဆင့်ပေါ်မှုတည်ပြီး ခွဲစိတ်ကုသတာ၊ကင်ဆာဆေးသွင်းကုသတာ၊ဓါတ်ရောင်ခြည်နဲ့ကုသတာအသီးသီးရှိသလို လိုအပ်ရင် နှစ်နည်းပေါင်းပြီးတွဲကုတာမျိုးလည်းရှိပါတယ်။အဆုံးသတ်အနေနဲ့ကတော့ မိန်းမကိုယ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင် တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ။အတူမနေခင်နဲ့အတူနေပြီးတိုင်း အမျိုးသားရော အမျိုးသမီးရော မိမိအင်္ဂါကိုသေချာရေနဲ့ဆေးပါ။အတွင်းခံတွေကိုသန့်သန့်ရှင်းရှင်းလျှော်ဖွတ်မီးပူတိုက်ပါ။ HPV ပိုးဝင်ရောက်ကူးစက်နိုင်ခြေနည်းအောင် သားအိမ်ခေါင်းကာကွယ်ဆေးထိုးထားပါ။ဆေးလိပ်မသောက်ပါနဲ့။ဆေးလိပ်သောက်တဲ့သူတွေနဲ့လည်းဝေးဝေးရှောင်ပါလို့အကြံပြုလိုက်ရပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image