သားအိမ်မရှိလျှင် ဘာဖြစ်မလဲ

သားအိမ္​မရွိလ်ွင္​ ဘာျဖစ္​မလဲ

အမ်ုိးသမီးအားလံုးအတြက္ သားအိမ္သည္ အေရးျကီးေသာအဂၤါတစ္ခုျဖစ္ပါတယ္။သားအိမ္ေရာဂါတခုခုေျကာင့္ သားအိမ္ထုတ္ခဲ႔ရမည္ဟု ဆရာဝန္ကညြန္ျကားခဲ႔ေသာ္ သင့္အတြက္စိုးရိမ္လြန္ကဲမူအျမင့္ဆံုးထိေရာက္သြားနိုင္ပါတယ္။သားအိမ္ထုတ္ရေသာအေျကာင္းရင္းမ်ားမွာ
-သားအိမ္အလံုးတည္ရ်္ ေသြးဆင္းနာက်င္ျခင္း
-သားအိမ္က်ျခင္း
-သားအိမ္ကင္ဆာ။သားအိမ္ေခါင္းကင္ဆာ။သားဥအိမ္ကင္ဆာ
-သားအိမ္ပြျခင္း
-မူမမွန္ဆင္းျခင္းစေသာအေျကာင္းရင္းမ်ားေျကာင့္ ထုတ္ရတတ္ပါတယ္။
သားအိမ္တဝက္ထုတ္ျခင္း။သားအိမ္တခုလံုးနွင့္သားအိမ္ေခါင္းထုတ္ျခင္းနွင့္သားအိမ္တခုလံုး/သားအိမ္ေခါင္းနွင့္မိန္းမကိုယ္တခုလံုးထုတ္ျခင္းစသည္တို့ရွိပါတယ္။
ဗိုက္ဖြင့္သားအိမ္ထုတ္နည္းနွင့္မွန္ေျပာင္းျဖင့္သားအိမ္ထုတ္နည္းစသည္ျဖင့္ကြဲျပားပါတယ္။
သားအိမ္ထုတ္ရာတြင္သားဥအိမ္နွစ္ဘက္လံုးတစ္ပါးတည္းထုတ္ခဲ႔ေသာ္အဆိုပါအမ်ုိူသမီးသည္ ေသြးဆံုးသည့္အေျခအေနသို့ေရာက္ရွိပါလိမ့္မယ္။သားဥအိမ္က်န္ခဲ႔ပါက ေသြးဆံုးသည္အေျခအေနကို အျခားသူမ်ားထက္ေစာရ်္ေရာက္နိုင္ပါလိမ့္မယ္။သားအိမ္ထုတိျပီးေနာက္ မူလအေျခအေနသို့အျမန္ဆံုးျပန္ေရာက္ရန္မွာမည္သည့္နည္းျဖင့္ထုတ္ခဲ႔သည္ေပါ္မူတည္ပါတယ္။

ဗိုက္ဖြင့္ရ်္သားအိမ္ထုတ္နည္း
အဆိုပါနည္းျဖင့္ခြဲထုတ္ပါက ခြဲျပီး၂ရက္၃ရက္အျကာေဆးရုံဆင္းနိုင္ေသာ္လည္း လံုးဝအေျခအေနေကာင္းမြန္ရန္၆ပတ္၈ပတ္ခန့္အခ်ိန္ယူရပါမယ္။အိမ္အလုပ္မ်ားပင္ဆရာဝန္ခြင့္မျပုဘဲမလုပ္သင့္ပါ။လမ္းေလ်ာက္နိုင္သည္ဆိုေသာ္ျငားလည္းအေလးအပင္မမသင့္ပါ။ေျခာက္ပတ္ခန့္ျကာျပီးေနာက္ပိုင္းမွသာ လိင္ဆက္ဆံျခင္းအပါအဝင္ ပံုမွန္လူပ္ရွားမူမ်ားျပုလုပ္သင့္ပါတယ္။

မိန္းမကိုယ္မွတဆင့္သို့မဟုတ္ မွန္ေျပာင္းျဖင့္သားအိမ္ထုတ္နည္း
အဆိုပါနည္းသည္ အျခားနည္းထက္ပိုမိုေကာင္းမြန္နိုင္သည္ဆိုေသာ္ျငားလည္း ျပန္လည္ေကာင္းမြန္ရန္အခ်ိန္ယူရသည္မွာ အတူတူပင္ျဖစ္ပါတယ္။
သားအိမ္ထုတ္ျပီးသည့္ေနာက္ ခ်မ္းတုန္ဖ်ားျခင္း။မူမမွန္ဆင္းျခင္း။အလြန္အမင္းနာက်င္ကိုက္ခဲျခင္း။ခြဲသည့္ေနရာနီရဲျခင္း။ဆီးသြားရ။ဝမ္းသြားရခက္ခဲျခင္းနွင့္အသက္ရူခက္ခဲျခင္းစေသာ လကၡဏာမ်ားခံစားရပါက အျမန္ဆံုးဆရာဝန္ဆီျပန္ျပပါ။

အမ်ုိးသမီးတေယာက္အေနျဖင့္သားအိမ္မရွိပါက ေသြးဆင္း။ခါးနာ။ဗိုက္ေအာင့္ေဝဒနာမ်ားသက္သာေပ်ာက္ကင္းေစပါတယ္။အဆိုပါေဝဒနာမ်ားသက္သာကာ ပိုမိုေကာင္းမြန္ေသာအိမ္ေထာင္ေရးသုခ႐ရွိေစနိုင္ပါတယ္။သားဥအိမ္မ်ားဖယ္ထုတ္ခဲ႔ပါက အပူအေအးဒဏ္မခံနိုင္ျခင္။စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္ျခင္းစေသာ ေသြးဆံုးကိုင္ေဝဒနာမ်ားခံစားရနိုင္ပ့တယ္။ေဟာမုန္းအေျပာင္းအလဲမ်ားေျကာင့္ မိန္းမကိုယ္ေျခာက္ေသြ့ျခင္း။လိင္စိတ္ခံစားမူေျပာင္းလဲနိူင္ပါတယ္။ထိုအေျခအေနတြင္ေဟာ္မုန္းအစားထိုးကုသနည္းကို ေဆးရုံေပါ္မွာတင္စတင္ကုသရပါတယ္။ေဝဒနာဆိုးတခုခုေျကာင့္သားအိမ္ကို မထုတ္ခ်င္ဘဲထုတ္ခဲ႔ရပါက စိတ္ဓာတ္က်ေဝဒနာပါတြဲလ်က္ခံစားရပါကစိတ္က်န္းမာေရးအထူးကုနွင့္ပါ ေသခ်ာျပသသင့္ပါတယ္။

သားအိမ္ထုတ္ျပီးေနာက္ေဟာ္မုန္းအစားထိုးကုသနည္းကိုေရြးခ်ယ္ကုသမူခံယူသည့္အခါ ရင္သားကင္ဆာရွိပါကမသင့္ေတာ္ပါ။အခ်ုိ့အမ်ုိးသမီးမ်ားသည္သားအိမ္ထုတ္ျပီးေနာက္ လိင္ဆက္ဆံရာတြင္အဆင္မေျပမူျကံုေတြ႔ရတတ္ပါတယ္။အဆိုပါျပသနာကို ေခ်ာဆီသံုးျခင္း။အေနအထားမွန္ေနျခင္းနွင့္အီစထရုိဂ်င္လိမ္းေဆးျဖင့္ေျခာက္ေသြ႔မူသက္သာရန္ျပုလုပ္ျခင္းျဖင့္ေျဖရွင္းနိုင္ပါတယ္။သားအိမ္ထုတ္ျပီးေနာက္ တင္းပါးဆံုျကြက္သားေလ်ာ့တြဲမူျပသနာမ်ားျကံုေတြ့ရတတ္ပါတယ္။ဆီးမထိန္းျပသနာကို ကီကယ္ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ထိန္းနိုင္ပါလိမ့္မယ္။

Dr.ျပည့္ရွင္း

(Unicode)

သားအိမ်မရှိလျှင် ဘာဖြစ်မလဲ

အမျိုးသမီးအားလုံးအတွက် သားအိမ်သည် အရေးကြီးသောအင်္ဂါတစ်ခုဖြစ်ပါတယ်။သားအိမ်ရောဂါတခုခုကြောင့် သားအိမ်ထုတ်ခဲ့ရမည်ဟု ဆရာဝန်ကညွန်ကြားခဲ့သော် သင့်အတွက်စိုးရိမ်လွန်ကဲမူအမြင့်ဆုံးထိရောက်သွားနိုင်ပါတယ်။သားအိမ်ထုတ်ရသောအကြောင်းရင်းများမှာ
-သားအိမ်အလုံးတည်ရျ် သွေးဆင်းနာကျင်ခြင်း
-သားအိမ်ကျခြင်း
-သားအိမ်ကင်ဆာ။သားအိမ်ခေါင်းကင်ဆာ။သားဥအိမ်ကင်ဆာ
-သားအိမ်ပွခြင်း
-မူမမှန်ဆင်းခြင်းစသောအကြောင်းရင်းများကြောင့် ထုတ်ရတတ်ပါတယ်။
သားအိမ်တဝက်ထုတ်ခြင်း။သားအိမ်တခုလုံးနှင့်သားအိမ်ခေါင်းထုတ်ခြင်းနှင့်သားအိမ်တခုလုံး/သားအိမ်ခေါင်းနှင့်မိန်းမကိုယ်တခုလုံးထုတ်ခြင်းစသည်တို့ရှိပါတယ်။
ဗိုက်ဖွင့်သားအိမ်ထုတ်နည်းနှင့်မှန်ပြောင်းဖြင့်သားအိမ်ထုတ်နည်းစသည်ဖြင့်ကွဲပြားပါတယ်။
သားအိမ်ထုတ်ရာတွင်သားဥအိမ်နှစ်ဘက်လုံးတစ်ပါးတည်းထုတ်ခဲ့သော်အဆိုပါအမျိုူသမီးသည် သွေးဆုံးသည့်အခြေအနေသို့ရောက်ရှိပါလိမ့်မယ်။သားဥအိမ်ကျန်ခဲ့ပါက သွေးဆုံးသည်အခြေအနေကို အခြားသူများထက်စောရျ်ရောက်နိုင်ပါလိမ့်မယ်။သားအိမ်ထုတိပြီးနောက် မူလအခြေအနေသို့အမြန်ဆုံးပြန်ရောက်ရန်မှာမည်သည့်နည်းဖြင့်ထုတ်ခဲ့သည်ပေါ်မူတည်ပါတယ်။

ဗိုက်ဖွင့်ရျ်သားအိမ်ထုတ်နည်း
အဆိုပါနည်းဖြင့်ခွဲထုတ်ပါက ခွဲပြီး၂ရက်၃ရက်အကြာဆေးရုံဆင်းနိုင်သော်လည်း လုံးဝအခြေအနေကောင်းမွန်ရန်၆ပတ်၈ပတ်ခန့်အချိန်ယူရပါမယ်။အိမ်အလုပ်များပင်ဆရာဝန်ခွင့်မပြုဘဲမလုပ်သင့်ပါ။လမ်းလျောက်နိုင်သည်ဆိုသော်ငြားလည်းအလေးအပင်မမသင့်ပါ။ခြောက်ပတ်ခန့်ကြာပြီးနောက်ပိုင်းမှသာ လိင်ဆက်ဆံခြင်းအပါအဝင် ပုံမှန်လူပ်ရှားမူများပြုလုပ်သင့်ပါတယ်။

မိန်းမကိုယ်မှတဆင့်သို့မဟုတ် မှန်ပြောင်းဖြင့်သားအိမ်ထုတ်နည်း
အဆိုပါနည်းသည် အခြားနည်းထက်ပိုမိုကောင်းမွန်နိုင်သည်ဆိုသော်ငြားလည်း ပြန်လည်ကောင်းမွန်ရန်အချိန်ယူရသည်မှာ အတူတူပင်ဖြစ်ပါတယ်။
သားအိမ်ထုတ်ပြီးသည့်နောက် ချမ်းတုန်ဖျားခြင်း။မူမမှန်ဆင်းခြင်း။အလွန်အမင်းနာကျင်ကိုက်ခဲခြင်း။ခွဲသည့်နေရာနီရဲခြင်း။ဆီးသွားရ။ဝမ်းသွားရခက်ခဲခြင်းနှင့်အသက်ရူခက်ခဲခြင်းစသော လက္ခဏာများခံစားရပါက အမြန်ဆုံးဆရာဝန်ဆီပြန်ပြပါ။

အမျိုးသမီးတယောက်အနေဖြင့်သားအိမ်မရှိပါက သွေးဆင်း။ခါးနာ။ဗိုက်အောင့်ဝေဒနာများသက်သာပျောက်ကင်းစေပါတယ်။အဆိုပါဝေဒနာများသက်သာကာ ပိုမိုကောင်းမွန်သောအိမ်ထောင်ရေးသုခရရှိစေနိုင်ပါတယ်။သားဥအိမ်များဖယ်ထုတ်ခဲ့ပါက အပူအအေးဒဏ်မခံနိုင်ခြင်။စိတ်ကယောင်ချောက်ချားဖြစ်ခြင်းစသော သွေးဆုံးကိုင်ဝေဒနာများခံစားရနိုင်ပ့တယ်။ဟောမုန်းအပြောင်းအလဲများကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း။လိင်စိတ်ခံစားမူပြောင်းလဲနိူင်ပါတယ်။ထိုအခြေအနေတွင်ဟော်မုန်းအစားထိုးကုသနည်းကို ဆေးရုံပေါ်မှာတင်စတင်ကုသရပါတယ်။ဝေဒနာဆိုးတခုခုကြောင့်သားအိမ်ကို မထုတ်ချင်ဘဲထုတ်ခဲ့ရပါက စိတ်ဓာတ်ကျဝေဒနာပါတွဲလျက်ခံစားရပါကစိတ်ကျန်းမာရေးအထူးကုနှင့်ပါ သေချာပြသသင့်ပါတယ်။

သားအိမ်ထုတ်ပြီးနောက်ဟော်မုန်းအစားထိုးကုသနည်းကိုရွေးချယ်ကုသမူခံယူသည့်အခါ ရင်သားကင်ဆာရှိပါကမသင့်တော်ပါ။အချို့အမျိုးသမီးများသည်သားအိမ်ထုတ်ပြီးနောက် လိင်ဆက်ဆံရာတွင်အဆင်မပြေမူကြုံတွေ့ရတတ်ပါတယ်။အဆိုပါပြသနာကို ချောဆီသုံးခြင်း။အနေအထားမှန်နေခြင်းနှင့်အီစထရိုဂျင်လိမ်းဆေးဖြင့်ခြောက်သွေ့မူသက်သာရန်ပြုလုပ်ခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်။သားအိမ်ထုတ်ပြီးနောက် တင်းပါးဆုံကြွက်သားလျော့တွဲမူပြသနာများကြုံတွေ့ရတတ်ပါတယ်။ဆီးမထိန်းပြသနာကို ကီကယ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ထိန်းနိုင်ပါလိမ့်မယ်။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image