လိင္အဂၤါသန္႔ရွင္းေရး အထူးအေလးထား ေဆာင္ရြက္ေပး

လိင္အဂၤါသန႔္ရွင္းေရး အထူးအေလးထား ေဆာင္႐ြက္ေပး

လိင္အဂၤါသန႔္ရွင္းမႈမရွိပါက အမ်ိဳးသမီးေတြမွာဆိုရင္ မိန္းမကိုယ္ေတြယားတာ၊ဆီးပိုးဝင္ၿပီးမူမမွန္အျဖဴဆင္းတာ၊ဆီးက်င္၊ဆီးေအာင့္တာ၊လိင္အဂၤါႂကြက္ႏို႔၊ေရယုန္စတဲ့အနာေတြေပါက္တာေတြျဖစ္ႏိုင္ပါတယ္။

ပိုဆိုးပါက တင္ပဆုံကြင္းထဲမွာရွိတဲ့ မ်ိဳးပြားအဂၤါေတြေရာင္ရမ္းၿပီး ကေလးမရႏိုင္တာေတြပါျဖစ္ႏိုင္ပါတယ္။

အမ်ိဳးသားေတြမွာဆိုရင္လည္း လိင္အဂၤါသန႔္ရွင္းမႈမရွိပါက လိင္တံယားယံတာ၊ ဆီးပိုးဝင္ၿပီးဆီးက်င္ဆီးေအာင့္တာ၊ဆီးက်ိတ္ေရာင္တာ၊လိင္တံထိပ္က ျပည္တို႔အရည္တို႔က်တာ၊လိင္အဂၤါႂကြက္ႏို႔၊ေရယုန္စတဲ့အနာေတြေပါက္တာျဖစ္ႏိုင္ပါတယ္။

လိင္အဂၤါသန႔္ရွင္းမႈမရွိပါက ေနာက္ဆက္တြဲဆိုးက်ိဳးေတြဟာအလြန္မ်ားတဲ့အတြက္ လိင္အဂၤါသန႔္ရွင္းေရးဟာ အမ်ိဳးသား၊အမ်ိဳးသမီးတိုင္းအတြက္ အေရးႀကီးပါတယ္။

ဒါေၾကာင့္ လိင္အဂၤါသန႔္ရွင္းဖို႔ရန္ ဘယ္အခ်က္ေတြကို ေဆာင္ရေရွာင္ရမလဲဆိုတာေတြကို ဒီတပတ္မွာ ေရးသားတင္ျပလိုက္ရပါတယ္။

၁။ေရမ်ားမ်ားေသာက္ၿပီး ေသးမ်ားမ်ားေပါက္ပါ။ဒါဟာ အင္မတန္လြယ္ကူၿပီး အင္မတန္လည္းအက်ိဳးမ်ားပါတယ္။ေရမ်ားမ်ားေသာက္ၿပီး ေသးမ်ားမ်ားေပါက္ျခင္းျဖင့္ လိင္အဂၤါတဝိုက္မွာရွိၿပီး ဆီးလမ္းေၾကာင္းထဲဝင္မယ့္ပိုးမႊားမ်ားဟာ ေပါက္လိုက္တဲ့ဆီးနဲ႔အတူပါသြားပါတယ္။

အထူးသျဖင့္ လိင္ဆက္ဆံၿပီး (သို႔မဟုတ္) အာသာေျဖၿပီးအခ်ိန္မွာ ဆီးသြားေပးပါ။

၂။ဆီးသြားၿပီးတိုင္းနဲ႔ လိင္ဆက္ဆံၿပီး သို႔မဟုတ္ အာသာေျဖၿပီးအခ်ိန္တိုင္းမွာ လိင္အဂၤါကို ေရနဲ႔ေသခ်ာေဆးပါ။ေရနဲ႔ေဆးၿပီးေနာက္မွာ ေျခာက္ေသြ႕ေအာင္ အဝတ္သန႔္သန႔္သုတ္ဖို႔လိုပါတယ္။မေျခာက္ေသြ႕ဘဲ စိုစြတ္ေနပါက ဘက္တီးရီးယားပိုးေတြေပါက္ဖြားႏိုင္ၿပီး ပိုးဝင္ႏိုင္လို႔ပါ။

ဒီေနရာမွာတခုမွာခ်င္တာက တခ်ိဳ႕အမ်ိဳးသမီးေတြက ပိုးေသေအာင္ဆိုၿပီး ဆီးသြားၿပီးတိုင္းမွာ ဆပ္ျပာနဲ႔ေဆးတာ၊သန႔္စင္ေဆးရည္ေတြအလြန္အကြၽံသုံးတာမ်ိဳးေတြလုပ္တတ္ပါတယ္။

ဆပ္ျပာနဲ႔ေဆးတာ၊သန႔္စင္ေဆးရည္သုံးတာမ်ိဳးေတြဟာ တေန႔ႏွစ္ႀကိမ္ပဲလုပ္သင့္ပါတယ္။

ႏွစ္ႀကိမ္ထက္ပိုၿပီးအလြန္အကြၽံသုံးပါက ခႏၶာကိုယ္ကိုအက်ိဳးျပဳတဲ့ပိုးမႊားေတြကိုပါေသေစၿပီး ဆီးပိုးဝင္တာကိုပိုျဖစ္ေစႏိုင္လို႔ပါ။

၃။အတြင္းခံကို အရမ္းၾကပ္ၿပီးထူတဲ့ဟာေတြမဝတ္ပါနဲ႔။ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္သားအတြင္းခံေတြကိုပဲသုံးပါ။ညအိပ္တဲ့အခါအတြင္းခံခြၽတ္အိပ္ပါ။အတြင္းခံေတြကိုေသခ်ာေလွ်ာ္ဖြတ္ၿပီး ေနေရာင္ေကာင္းေကာင္းရတဲ့ေနရာမွာလွန္းပါ။ဒီလိုလွန္းဖို႔အခက္အခဲရွိပါက မီးပူေသခ်ာတိုက္ပါ။

၄။အိမ္သာတက္ပီး ခ်ီးကုန္းတဲ့အခါ လက္က ေရွ႕ဘက္ကေန ေနာက္စအိုရွိရာဘက္သို႔ ဦးတည္ရာတဖက္တည္းကိုပဲသြားပါ ေနာက္ကေန ေရွ႕ျပန္မလာပါနဲ႔။

၅။ဝမ္းမခ်ဳပ္ပါေစနဲ႔။ဟင္းသီးဟင္း႐ြက္မ်ားမ်ားစားပါ။အရည္႐ႊမ္းတဲ့သစ္သီးေတြမ်ားမ်ားစားပါ။

၆။အဆီအဆိမ့္ေတြေလွ်ာ့စားပါ။အရက္၊ဘီယာ၊ေဆးလိပ္ ေရွာင္ပါ။

၇။အဝလြန္ေနပါက ရွိသင့္တဲ့ကိုယ္အေလးခ်ိန္ေရာက္ေအာင္ ဝိတ္ခ်ေပးပါ။

Dr. 528

Unicode Version

လိင်အင်္ဂါသန့်ရှင်းရေး အထူးအလေးထား ဆောင်ရွက်ပေး

လိင်အင်္ဂါသန့်ရှင်းမှုမရှိပါက အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်တွေယားတာ၊ဆီးပိုးဝင်ပြီးမူမမှန်အဖြူဆင်းတာ၊ဆီးကျင်၊ဆီးအောင့်တာ၊လိင်အင်္ဂါကြွက်နို့၊ရေယုန်စတဲ့အနာတွေပေါက်တာတွေဖြစ်နိုင်ပါတယ်။

ပိုဆိုးပါက တင်ပဆုံကွင်းထဲမှာရှိတဲ့ မျိုးပွားအင်္ဂါတွေရောင်ရမ်းပြီး ကလေးမရနိုင်တာတွေပါဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာဆိုရင်လည်း လိင်အင်္ဂါသန့်ရှင်းမှုမရှိပါက လိင်တံယားယံတာ၊ ဆီးပိုးဝင်ပြီးဆီးကျင်ဆီးအောင့်တာ၊ဆီးကျိတ်ရောင်တာ၊လိင်တံထိပ်က ပြည်တို့အရည်တို့ကျတာ၊လိင်အင်္ဂါကြွက်နို့၊ရေယုန်စတဲ့အနာတွေပေါက်တာဖြစ်နိုင်ပါတယ်။

လိင်အင်္ဂါသန့်ရှင်းမှုမရှိပါက နောက်ဆက်တွဲဆိုးကျိုးတွေဟာအလွန်များတဲ့အတွက် လိင်အင်္ဂါသန့်ရှင်းရေးဟာ အမျိုးသား၊အမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်။

ဒါကြောင့် လိင်အင်္ဂါသန့်ရှင်းဖို့ရန် ဘယ်အချက်တွေကို ဆောင်ရရှောင်ရမလဲဆိုတာတွေကို ဒီတပတ်မှာ ရေးသားတင်ပြလိုက်ရပါတယ်။

၁။ရေများများသောက်ပြီး သေးများများပေါက်ပါ။ဒါဟာ အင်မတန်လွယ်ကူပြီး အင်မတန်လည်းအကျိုးများပါတယ်။ရေများများသောက်ပြီး သေးများများပေါက်ခြင်းဖြင့် လိင်အင်္ဂါတဝိုက်မှာရှိပြီး ဆီးလမ်းကြောင်းထဲဝင်မယ့်ပိုးမွှားများဟာ ပေါက်လိုက်တဲ့ဆီးနဲ့အတူပါသွားပါတယ်။

အထူးသဖြင့် လိင်ဆက်ဆံပြီး (သို့မဟုတ်) အာသာဖြေပြီးအချိန်မှာ ဆီးသွားပေးပါ။

၂။ဆီးသွားပြီးတိုင်းနဲ့ လိင်ဆက်ဆံပြီး သို့မဟုတ် အာသာဖြေပြီးအချိန်တိုင်းမှာ လိင်အင်္ဂါကို ရေနဲ့သေချာဆေးပါ။ရေနဲ့ဆေးပြီးနောက်မှာ ခြောက်သွေ့အောင် အဝတ်သန့်သန့်သုတ်ဖို့လိုပါတယ်။မခြောက်သွေ့ဘဲ စိုစွတ်နေပါက ဘက်တီးရီးယားပိုးတွေပေါက်ဖွားနိုင်ပြီး ပိုးဝင်နိုင်လို့ပါ။

ဒီနေရာမှာတခုမှာချင်တာက တချို့အမျိုးသမီးတွေက ပိုးသေအောင်ဆိုပြီး ဆီးသွားပြီးတိုင်းမှာ ဆပ်ပြာနဲ့ဆေးတာ၊သန့်စင်ဆေးရည်တွေအလွန်အကျွံသုံးတာမျိုးတွေလုပ်တတ်ပါတယ်။

ဆပ်ပြာနဲ့ဆေးတာ၊သန့်စင်ဆေးရည်သုံးတာမျိုးတွေဟာ တနေ့နှစ်ကြိမ်ပဲလုပ်သင့်ပါတယ်။

နှစ်ကြိမ်ထက်ပိုပြီးအလွန်အကျွံသုံးပါက ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ပိုးမွှားတွေကိုပါသေစေပြီး ဆီးပိုးဝင်တာကိုပိုဖြစ်စေနိုင်လို့ပါ။

၃။အတွင်းခံကို အရမ်းကြပ်ပြီးထူတဲ့ဟာတွေမဝတ်ပါနဲ့။လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံတွေကိုပဲသုံးပါ။ညအိပ်တဲ့အခါအတွင်းခံချွတ်အိပ်ပါ။အတွင်းခံတွေကိုသေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းကောင်းရတဲ့နေရာမှာလှန်းပါ။ဒီလိုလှန်းဖို့အခက်အခဲရှိပါက မီးပူသေချာတိုက်ပါ။

၄။အိမ်သာတက်ပီး ချီးကုန်းတဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲသွားပါ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။

၅။ဝမ်းမချုပ်ပါစေနဲ့။ဟင်းသီးဟင်းရွက်များများစားပါ။အရည်ရွှမ်းတဲ့သစ်သီးတွေများများစားပါ။

၆။အဆီအဆိမ့်တွေလျှော့စားပါ။အရက်၊ဘီယာ၊ဆေးလိပ် ရှောင်ပါ။

၇။အဝလွန်နေပါက ရှိသင့်တဲ့ကိုယ်အလေးချိန်ရောက်အောင် ဝိတ်ချပေးပါ။

 

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image