မိန်းမကိုယ်မှ ဂတ်စ်ထွက်ခြင်း

မိန္းမကိုယ္မွ ဂတ္စ္ထြက္ျခင္း

ရွဴး လို႔အသံထြက္ေနေသာအခါ မိမိကိုယ္ကို မိမိအလန႔္တၾကားထိတ္လန႔္မိပါတယ္။ေလလည္ေနေသာအသံကဲ့သို႔ မိန္းမကိုယ္မွထြက္ေသာအခါ ဇေဝဇန အေျဖရွာေနမိပါတယ္။ဒါက ပုံမွန္လား  ? ျပင္းထန္ေသာေရာဂါတခုရဲ႕ လကၡဏာလား စိုးရိမ္စိတ္လည္းရွိေနတတ္ပါတယ္။မိန္းမကိုယ္မွ ဂတ္စ္ (ဝါ)ေလ ထြက္ျခင္းအေၾကာင္းရင္းခံကို သိခ်င္သူ အမ်ိဳးသမီးအမ်ားအျပား OnDoctor ပရိသတ္ေတြအတြက္ ေရးျပလိုက္ပါတယ္။
(1)ေလထြက္ေသာအေၾကာင္းရင္းမ်ားစြာ ရွိသည့္အနက္ အေရးႀကီးေသာအေၾကာင္းရင္းႏွင့္ျဖစ္ေလ့ရွိတတ္ေသာအေၾကာင္းရင္းကိုေသခ်ာစြာခြဲျခားတတ္ရန္လိုအပ္ပါတယ္။

-လိင္ဆက္ဆံျခင္း
လိင္ဆက္ဆံျခင္းသည္ အျဖစ္မ်ားေသာေလထြက္ေသာအေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။အမ်ိဳးသားလိင္တံမိန္းမကိုယ္ထဲဝင္ရာတြင္ေလပါခိုေအာင္းၿပီး ႂကြက္သားမ်ားက်ဳံ႔ဆန႔္ေသာအခါ ေလထြက္ၿပီး ေလလည္သံထြက္ကာ ေလပူေဖာင္းထြက္သကဲ့သို႔ခံစားရတတ္ပါတယ္။ပုံမွန္မဟုတ္ေသာဆက္ဆံျခင္း oral sexေၾကာင့္လည္းျဖစ္တတ္ပါတယိ။

-တင္ပါးဆုံမူမမွန္ျခင္း
တင္ပါးဆုံႂကြက္သားမ်ားမူမမွန္ျခင္းေၾကာင့္လည္းမိန္းမကိုယ္မွအသံထြက္တတ္ပါတယ္။
-မိန္းမကိုယ္အေပါက္ရွိျခင္း
မိန္းမကိုယ္သည္ မူမမွန္အေပါက္ျဖစ္ကာ မိန္းမကိုယ္ႏွင့္အျခားေသာအတြင္းကလီစာႏွင့္ဆက္စပ္ျခင္းေၾကာင့္ျဖစ္ႏိုင္ေခ်ရွိပါတယ္။လိင္ဆက္ဆံျခင္းႏွင့္မဆိုင္ဘဲ ပုံမွန္ေလထြက္ေနျခင္းျဖစ္ႏိုင္ပါတယ္။ပုံစံမ်ိဳးစုံျဖင့္မိန္းမကိုယ္အေပါက္ျဖစ္ေနတတ္ပါတယ္။ဆီးအိမ္ႏွင့္ဆက္စပ္ေနလား အူမႀကီးႏွင့္ဆက္စပ္ေနလားစသည္ျဖင့္အမ်ိဳးမ်ိဳးရွိပါတယ္။

မိန္းမကိုယ္ႏွင့္ဆီးႁပြန္ဆက္စပ္ေနတတ္တယ္။တခါတရံ မိန္းမကိုယ္ႏွင့္အူမႀကီးဆက္စပ္ေနတတ္ပါတယ္။ေမြးရာပါမဟုတါဘဲ ကေလးေမြးစဥ္ ျပသနာျဖစ္က အူမႀကီးႏွင့္ဆက္သြားတတ္ပါတယ္။ခြဲစိတ္မူ ။ကင္ဆာ။ေရာဂါေတြေၾကာင့္လည္း အေပါက္ျဖစ္ကာ မိန္းမကိုယ္ေလထြက္တတ္ပါတယ္။
-စအိုမွမွန္ေျပာင္းၾကည့္ျခင္း
မွန္ေျပာင္းၾကည့္႐ူျခင္းေၾကာင့္ ေလမ်ားျပန္ႏွံ႔ကာ မိန္းမကိုယ္ေလထြက္ျခင္းျဖစ္ေစပါတယ္။

(2)လကၡဏာမ်ားမွာ
မိန္းမကိုယ္သည္ အျခားေသာအဂၤါတစ္ုႏွင့္ ဆက္သြယ္အေပါက္ျဖစ္ေနပါက မိန္ူမကိုယ္ေလထြက္ျခင္းအျပင္အျခားေသာလကၡဏာမ်ားလည္းခံစားရတတ္ပါတယ္။
-ေလထြက္ျခင္း
-ဆီးထဲဝမ္းပါျခင္း
-မိန္းမကိုယ္အနံမေကာင္းျခင္း
-မိန္းမကိုယ္ေရာင္ျခင္း
-ဆီးဝမ္းမထိန္းႏိုင္ျခင္း
-မိန္းမကိုယ္နဲ႔စအို တဝိုက္နာက်င္ျခင္း
-လိင္ဆက္ဆံရာတြင္နာက်င္ျခင္း
-ဗိုက္နာျခင္း
-ပ်ိဳ႕အန္ျခင္းစသည္တို႔ပါခံစားရႏိုင္ပါတယ္။

(3)ေလထြက္ျခင္းကာကြယ္ရန္
ေလထြက္ျခင္းကာကြယ္ရန္ နည္းလမ္းအေထြအထူးမရွိပါ။ပုံမွန္အားျဖင့္လိင္ဆက္ဆံျခင္းေၾကာင့္သဘာဝအားျဖင့္အသံထြက္ျခင္းျဖစ္ပါတယ္။Kegel ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္ တင္ပါးဆုံႂကြက္သားမ်ားကိုေလ့က်င့္ေပးပါ။ဆိုး႐ြားပါက မိန္းမကိုယ္အေပါက္က်ဥ္းေစရန္ခြဲစိတ္မူခံယူပါ။
(4)ကုသရန္
မိန္းမကိုယ္ေလထြက္ျခင္းသည္ေရာဂါအေၾကာင္းရင္းမရွိပါက ကုသရန္မလိုပါ။သို႔ေသာ္မိန္းမကိုယ္သည္ အျခားေသာအဂၤါႏွင့္ဆက္စပ္အေပါက္ျဖစ္ေနပါက ေသခ်ာခြဲစိတ္ကုသရန္လိုအပ္ပါတယ္။မကုသပါက ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံစားရႏိုင္ေခ်ရွိပါတယ္။

Dr.ျပည့္ရွင္း

(Unicode)

မိန်းမကိုယ်မှ ဂတ်စ်ထွက်ခြင်း

ရှူး လို့အသံထွက်နေသောအခါ မိမိကိုယ်ကို မိမိအလန့်တကြားထိတ်လန့်မိပါတယ်။လေလည်နေသောအသံကဲ့သို့ မိန်းမကိုယ်မှထွက်သောအခါ ဇဝေဇန အဖြေရှာနေမိပါတယ်။ဒါက ပုံမှန်လား  ? ပြင်းထန်သောရောဂါတခုရဲ့ လက္ခဏာလား စိုးရိမ်စိတ်လည်းရှိနေတတ်ပါတယ်။မိန်းမကိုယ်မှ ဂတ်စ် (ဝါ)လေ ထွက်ခြင်းအကြောင်းရင်းခံကို သိချင်သူ အမျိုးသမီးအများအပြား OnDoctor ပရိသတ်တွေအတွက် ရေးပြလိုက်ပါတယ်။
(1)လေထွက်သောအကြောင်းရင်းများစွာ ရှိသည့်အနက် အရေးကြီးသောအကြောင်းရင်းနှင့်ဖြစ်လေ့ရှိတတ်သောအကြောင်းရင်းကိုသေချာစွာခွဲခြားတတ်ရန်လိုအပ်ပါတယ်။

-လိင်ဆက်ဆံခြင်း
လိင်ဆက်ဆံခြင်းသည် အဖြစ်များသောလေထွက်သောအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အမျိုးသားလိင်တံမိန်းမကိုယ်ထဲဝင်ရာတွင်လေပါခိုအောင်းပြီး ကြွက်သားများကျုံ့ဆန့်သောအခါ လေထွက်ပြီး လေလည်သံထွက်ကာ လေပူဖောင်းထွက်သကဲ့သို့ခံစားရတတ်ပါတယ်။ပုံမှန်မဟုတ်သောဆက်ဆံခြင်း oral sexကြောင့်လည်းဖြစ်တတ်ပါတယိ။

-တင်ပါးဆုံမူမမှန်ခြင်း
တင်ပါးဆုံကြွက်သားများမူမမှန်ခြင်းကြောင့်လည်းမိန်းမကိုယ်မှအသံထွက်တတ်ပါတယ်။
-မိန်းမကိုယ်အပေါက်ရှိခြင်း
မိန်းမကိုယ်သည် မူမမှန်အပေါက်ဖြစ်ကာ မိန်းမကိုယ်နှင့်အခြားသောအတွင်းကလီစာနှင့်ဆက်စပ်ခြင်းကြောင့်ဖြစ်နိုင်ချေရှိပါတယ်။လိင်ဆက်ဆံခြင်းနှင့်မဆိုင်ဘဲ ပုံမှန်လေထွက်နေခြင်းဖြစ်နိုင်ပါတယ်။ပုံစံမျိုးစုံဖြင့်မိန်းမကိုယ်အပေါက်ဖြစ်နေတတ်ပါတယ်။ဆီးအိမ်နှင့်ဆက်စပ်နေလား အူမကြီးနှင့်ဆက်စပ်နေလားစသည်ဖြင့်အမျိုးမျိုးရှိပါတယ်။

မိန်းမကိုယ်နှင့်ဆီးပြွန်ဆက်စပ်နေတတ်တယ်။တခါတရံ မိန်းမကိုယ်နှင့်အူမကြီးဆက်စပ်နေတတ်ပါတယ်။မွေးရာပါမဟုတါဘဲ ကလေးမွေးစဉ် ပြသနာဖြစ်က အူမကြီးနှင့်ဆက်သွားတတ်ပါတယ်။ခွဲစိတ်မူ ။ကင်ဆာ။ရောဂါတွေကြောင့်လည်း အပေါက်ဖြစ်ကာ မိန်းမကိုယ်လေထွက်တတ်ပါတယ်။
-စအိုမှမှန်ပြောင်းကြည့်ခြင်း
မှန်ပြောင်းကြည့်ရူခြင်းကြောင့် လေများပြန်နှံ့ကာ မိန်းမကိုယ်လေထွက်ခြင်းဖြစ်စေပါတယ်။

(2)လက္ခဏာများမှာ
မိန်းမကိုယ်သည် အခြားသောအင်္ဂါတစ်ုနှင့် ဆက်သွယ်အပေါက်ဖြစ်နေပါက မိန်ူမကိုယ်လေထွက်ခြင်းအပြင်အခြားသောလက္ခဏာများလည်းခံစားရတတ်ပါတယ်။
-လေထွက်ခြင်း
-ဆီးထဲဝမ်းပါခြင်း
-မိန်းမကိုယ်အနံမကောင်းခြင်း
-မိန်းမကိုယ်ရောင်ခြင်း
-ဆီးဝမ်းမထိန်းနိုင်ခြင်း
-မိန်းမကိုယ်နဲ့စအို တဝိုက်နာကျင်ခြင်း
-လိင်ဆက်ဆံရာတွင်နာကျင်ခြင်း
-ဗိုက်နာခြင်း
-ပျို့အန်ခြင်းစသည်တို့ပါခံစားရနိုင်ပါတယ်။

(3)လေထွက်ခြင်းကာကွယ်ရန်
လေထွက်ခြင်းကာကွယ်ရန် နည်းလမ်းအထွေအထူးမရှိပါ။ပုံမှန်အားဖြင့်လိင်ဆက်ဆံခြင်းကြောင့်သဘာဝအားဖြင့်အသံထွက်ခြင်းဖြစ်ပါတယ်။Kegel လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် တင်ပါးဆုံကြွက်သားများကိုလေ့ကျင့်ပေးပါ။ဆိုးရွားပါက မိန်းမကိုယ်အပေါက်ကျဉ်းစေရန်ခွဲစိတ်မူခံယူပါ။
(4)ကုသရန်
မိန်းမကိုယ်လေထွက်ခြင်းသည်ရောဂါအကြောင်းရင်းမရှိပါက ကုသရန်မလိုပါ။သို့သော်မိန်းမကိုယ်သည် အခြားသောအင်္ဂါနှင့်ဆက်စပ်အပေါက်ဖြစ်နေပါက သေချာခွဲစိတ်ကုသရန်လိုအပ်ပါတယ်။မကုသပါက နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ချေရှိပါတယ်။

Dr.ပြည့်ရှင်း

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image