မလာခင်က ကြိုသိနေတယ်

မလာခင္က ႀကိဳသိေနတယ္

ေဒါသေတြထြက္ေနၿပီလား ၊ ဘာအေၾကာင္းကိုမွန္း မယ္မယ္ရရမရွိ မသိပဲ စိတ္တို စိတ္မရွည္၊ ဝမ္းနည္းလြယ္တယ္ မ်က္ရည္လြယ္ေနၿပီဆိုရင္ ျပကၡဒိန္ ကို တစ္ခ်က္ ၾကည့္လိုက္ပါေတာ့ ရာသီလာခါနီးေနပါၿပီ ။ ဒီလကၡဏာေတြက ရာသီမလာခင္ တစ္ပတ္ ႏွစ္ပတ္ေလာက္ ဆိုရင္ စၿပီး ျဖစ္တတ္ပါတယ္ ၊ ရာသီ စလာၿပီဆိုရင္ေတာ့ သက္သာသြားပါတယ္ ။ အမ်ိဳးသမီး တစ္ဦးနဲ႔ တစ္ဦး ေဝဒနာ ျပင္းထန္မႈ မတူၾကပါဘူး ၊ အမ်ားစု 75% ေလာက္က လကၡဏာ သိပ္မျပင္းထန္ ၾကပါဘူး။ အရမ္းျပင္းထန္တဲ့ ေဝဒနာရွင္ေတြကေတာ့ အလုပ္အကိုင္ပ်က္တဲ့ အထိ ၊ ပတ္ဝန္းက်င္မွာ အမ်ိဳးသားနဲ႔ အဆင္မေျပတဲ့ အထိ ခံစားၾကရပါတယ္။

အဓိက ျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ estrogen, progesterone ေဟာ္မုန္းအေျပာင္းအလဲ ေၾကာင့္ serotonin ကို အတက္အက်ျဖစ္ေစတယ္။ ယင္း serotonin ဓာတ္က စိတ္ခံစားမႈ mood အေျပာင္းအလဲကို ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္လဲ ဝမ္းနည္းလြယ္ ၊ စိတ္ထိခိုက္လြယ္တာ ျဖစ္ေနေတာ့တာပါပဲ။

အမ်ိဳးသား ၊ သို႔မဟုတ္ အိမ္က မိသားစုဝင္ ၊ သူငယ္ခ်င္းေတြနဲ႔ မၾကာခဏ စိတ္ေကာက္ရန္ျဖစ္ ျဖစ္တတ္ပါတယ္။ ဒီလို အခ်ိန္ဆိုရင္ ေမ်ာ္လင့္ခ်က္မဲ့သလို ခံစားရမယ္၊ စိုးရိမ္ပူပန္စိတ္ ၊ စိတ္ အတက္အက်ျမန္တာ၊ စိတ္ဝင္စားမႈ နည္းပါလာတာ၊ ပုံမွန္ထက္ ေမာပန္း ႏြမ္းနယ္ေနတာ၊ အစားအေသာက္ပ်က္တာ၊ တခါတေလ အရမ္းစားတာ ၊ အရမ္းအိပ္တာ၊ အိပ္ေပ်ာ္ဖို႔ခက္ခဲတာ၊ ရင္သားတင္းလာတာ၊ ေခါင္းကိုက္၊ အဆစ္အျမစ္ကိုက္၊ ႂကြက္သားနာ၊ စတဲ့ အခ်က္ေတြ ျဖစ္ေပၚလာပါတယ္။ ကိုယ္အေလးခ်ိန္လဲ တက္လာပါတယ္။

ယင္း အခ်က္ေတြက စိတ္က်ေရာဂါ၊ စိုးရိမ္စိတ္မ်ားတဲ့ေရာဂါ၊ စိတ္တက္က် ေရာဂါ လကၡဏာေတြနဲ႔ အေတာ္ေလးဆင္တူပါတယ္။ မတူတာကေတာ့ PMS က ရာသီလာၿပီဆိုတာနဲ႔ ေဝဒနာေတြ သက္သာေပ်ာက္ကင္းသြားတာပါ။ အဓိက ကေတာ့ အားေဆးေသာက္ၿပီး ေကာင္းေကာင္း အနားယူ၊ တရားထိုင္ ၊ စိတ္ကို ၿငိမ္ေအာင္ထားၿပီး လိုအပ္တဲ့ အကိုက္ခဲ ေပ်ာက္ေဆးေတြ ေသာက္ရင္ လုံေလာက္ပါတယ္။

က်န္းမာၾကပါေစ
Dr Lynn

(Unicode)

မလာခင်က ကြိုသိနေတယ်

ဒေါသတွေထွက်နေပြီလား ၊ ဘာအကြောင်းကိုမှန်း မယ်မယ်ရရမရှိ မသိပဲ စိတ်တို စိတ်မရှည်၊ ဝမ်းနည်းလွယ်တယ် မျက်ရည်လွယ်နေပြီဆိုရင် ပြက္ခဒိန် ကို တစ်ချက် ကြည့်လိုက်ပါတော့ ရာသီလာခါနီးနေပါပြီ ။ ဒီလက္ခဏာတွေက ရာသီမလာခင် တစ်ပတ် နှစ်ပတ်လောက် ဆိုရင် စပြီး ဖြစ်တတ်ပါတယ် ၊ ရာသီ စလာပြီဆိုရင်တော့ သက်သာသွားပါတယ် ။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦး ဝေဒနာ ပြင်းထန်မှု မတူကြပါဘူး ၊ အများစု 75% လောက်က လက္ခဏာ သိပ်မပြင်းထန် ကြပါဘူး။ အရမ်းပြင်းထန်တဲ့ ဝေဒနာရှင်တွေကတော့ အလုပ်အကိုင်ပျက်တဲ့ အထိ ၊ ပတ်ဝန်းကျင်မှာ အမျိုးသားနဲ့ အဆင်မပြေတဲ့ အထိ ခံစားကြရပါတယ်။

အဓိက ဖြစ်ရတဲ့ အကြောင်းရင်းကတော့ estrogen, progesterone ဟော်မုန်းအပြောင်းအလဲ ကြောင့် serotonin ကို အတက်အကျဖြစ်စေတယ်။ ယင်း serotonin ဓာတ်က စိတ်ခံစားမှု mood အပြောင်းအလဲကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ဝမ်းနည်းလွယ် ၊ စိတ်ထိခိုက်လွယ်တာ ဖြစ်နေတော့တာပါပဲ။

အမျိုးသား ၊ သို့မဟုတ် အိမ်က မိသားစုဝင် ၊ သူငယ်ချင်းတွေနဲ့ မကြာခဏ စိတ်ကောက်ရန်ဖြစ် ဖြစ်တတ်ပါတယ်။ ဒီလို အချိန်ဆိုရင် မျော်လင့်ချက်မဲ့သလို ခံစားရမယ်၊ စိုးရိမ်ပူပန်စိတ် ၊ စိတ် အတက်အကျမြန်တာ၊ စိတ်ဝင်စားမှု နည်းပါလာတာ၊ ပုံမှန်ထက် မောပန်း နွမ်းနယ်နေတာ၊ အစားအသောက်ပျက်တာ၊ တခါတလေ အရမ်းစားတာ ၊ အရမ်းအိပ်တာ၊ အိပ်ပျော်ဖို့ခက်ခဲတာ၊ ရင်သားတင်းလာတာ၊ ခေါင်းကိုက်၊ အဆစ်အမြစ်ကိုက်၊ ကြွက်သားနာ၊ စတဲ့ အချက်တွေ ဖြစ်ပေါ်လာပါတယ်။ ကိုယ်အလေးချိန်လဲ တက်လာပါတယ်။

ယင်း အချက်တွေက စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များတဲ့ရောဂါ၊ စိတ်တက်ကျ ရောဂါ လက္ခဏာတွေနဲ့ အတော်လေးဆင်တူပါတယ်။ မတူတာကတော့ PMS က ရာသီလာပြီဆိုတာနဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းသွားတာပါ။ အဓိက ကတော့ အားဆေးသောက်ပြီး ကောင်းကောင်း အနားယူ၊ တရားထိုင် ၊ စိတ်ကို ငြိမ်အောင်ထားပြီး လိုအပ်တဲ့ အကိုက်ခဲ ပျောက်ဆေးတွေ သောက်ရင် လုံလောက်ပါတယ်။

ကျန်းမာကြပါစေ
Dr Lynn

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image