မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန္းမကိုုယ္ေရာင္ရမ္းျခင္း

မိန္းမကိုယ္နူတ္ခမ္းသားကို အျပင္နူတ္ခမ္းသားနဲ႔အတြင္းနူတ္ခမ္းသားဆိုျပီး နွစ္ပိုင္းခြဲျခားထားပါတယ္။ထိုနူတ္ခမ္းရွိျခင္းသည္ မိန္းမကိုယ္အတြင္းအဂၤါမ်ားကို အကာအရံအတားအဆီးတစ္ခုအေနျဖင့္ ေဆာင္ရြက္ေပးပါတယ္။အမ်ဳိးသမီးတစ္ဦးနွင့္တစ္ဦးသည္ မိန္းမကိုယ္နူတ္ခမ္းသား အရြယ္အစားမတူညီျကပါ။သို့ေသာ္ ပိုးကူးစက္ခံရျခင္း။ဓာတ္မတည့္ျခင္းစေသာအေျခအေနတြင္ မိန္းမကိုယ္နုတ္ခမ္းသားသည္ နီရဲေရာင္ရမ္းလာတတ္ပါတယ္။

(1)ခံစားရေသာလကၡဏာမ်ားမွာ
မိန္းမကိုယ္နူတ္ခမ္းသားေရာင္ရမ္းျခင္းအျပင္
-မိန္းမကိုယ္ပူျခင္း
-ယားယံျခင္း
-အနံ႔ဆိုးထြက္ျခင္း
-လမ္းေလ်ာက္ရာတြင္ေသာ္လည္းေကာင္း/ထိုင္ေနစဥ္ေသာ္လည္းေကာင္း နာက်င္မူခံစားရတတ္ပါတယ္။

(2)ဘာလို့ျဖစ္ရသလဲ?
မိန္းမကိုယ္ႏူတ္ခမ္းသားမ်ားသည္အလြန္ႏူးညံ႔ေသာအစိတ္အပိုင္းျဖစ္ေသာေျကာင့္ ေရာင္ရမ္းလြယ္ပါတယ္။အမ်ားအားျဖင့္ျဖစ္နိုင္ေသာအေျကာင္းရင္းမ်ားမွာ

-မူိပိုးဝင္ျခင္း
Candidaလို့ေခါ္တဲ႔မႈိပိုးကူးစက္ခံရေသာေျကာင့္  မိန္းမကိုယ္တစ္ခုလံုး ပူျခင္း။ယားယံျခင္းနွင့္ေရာင္ရမ္းျခင္းကို ျဖစ္ေစပါတယ္။မႈိးပိုးကူးစက္ျခင္းသည္ ပိုးသတ္ေဆးအလြန္အက်ြံသံုးျခင္း။ဆီးခ်ဳိနွင့္တားေဆးဆိုးက်ဳိးတို့ေျကာင့္ ကူးစက္ခံရနိုင္ပါတယ္။

-ဘက္တီးရီးယားပိုးကူးစက္ျခင္း
အေပ်ာ္အပါးလိုက္စားသူမ်ားတြင္ျဖစ္နိုင္ပါတယ္။ငါးညီနံ႔ကဲ႔သို့ စိမ္းေရႊေရႊအျဖူရည္မ်ားဆင္းေလ့ရွိပါတယ္။

-ကပ္ပါးပိုးကူးစက္ျခင္း
လိင္ဆက္ဆံျခင္းေျကာင့္ကူးစက္ခံရေသာ ကပ္ပါးပိုးေျကာင့္လည္း မိန္းမကိုယ္ ပူျခင္း။နာျခင္းနွင့္ေရာင္ရမ္းျခင္းအျပင္ဆီးသြားရခက္ျခင္းစသည္တို့ကိိုျဖစ္ေစပါတယ္။

-ဓာတ္မတည့္ျခင္း
မိန္းမကိုယ္ႏူတ္ခမ္းသားမ်ားသည္ မိမိနွင့္ဓာတ္မတည့္ေသာ ေရေမႊး။ဆပ္ျပာနွင္႕ကြန္ဒံုး စသည္တို့ေျကာင့္လည္း ေရာင္ရမ္းေစနိုင္ပါတယ္။

-Bartholin cyst
Bartholin glandတြင္ေရအိတ္တည္ျခင္းေျကာင့္ ပိုးဝင္ကာ ေရာင္ရမ္းနာက်င္မူကိုျဖစ္ေစပါတယ္။

-လိင္ဆက္ဆံရာတြင္ေျခာက္ေသြ႔ျခင္း
လိင္ဆက္ဆံရာတြင္ ေခ်ာေမြ႔ေစေသာအရည္မထြက္ေသာေျကာင့္ ေရာင္ရမ္းမူျဖစ္ေစပါတယ္။

(3)ေရာဂါရွာေဖြမူ
မိန္းမကိုယ္နူတ္ခမ္းသားေရာင္ရမ္းမူခံစားရပါက ေသခ်ာ သားဖြားမီးယပ္အထူးကုနွင့္တိုင္ပင္ကာ ပိုးကူးစက္အဓိကအေျကာင္းရင္းကို ရွာေဖြပါ။အသားစယူျခင္း။အခ်ြဲစစ္ျခင္းစသည္တို့ကိုျပုလုပ္သင့္ပါတယ္။

(4)အိမ္တြင္းကုသမူအေနျဖင့္ မ္ိိန္းမကိုယ္ႏူတ္ခမ္းသားေရာင္ရမ္းမူသက္သာေစေသာနည္းမ်ားကိုအသံုးျပုပါ။

-ေရာင္ရမ္းေနေသာေနရာကို ေရခဲကပ္ပါ။
-အကိုက္အခဲေပ်ာက္ေဆးေသာက္ပါ။
-မိန္းမကိုယ္အတြင္းသို့မိမိဖာသာမိမိ ေဆးရည္မထည့္ရပါ။
-သက္သာေခ်ာင္ခ်ိေသာ အတြင္းခံဝတ္ပါ။
-မိမိနွင့္မတည့္ေသာ ဆပ္ျပာ ။ေရေမႊးစသည္တို့ကိုေရွာင္ပါ။
-ကြန္ဒံုးနွင့္မတည့္လ်ွင္အျခားေသာတားနည္းသံုးပါ။
-လိင္ဆက္ဆံမူ ေခတၲေရွာင္ပါ။
-လိင္ဆက္ဆံရာတြင္အဆင္ေျပရန္ေခ်ာဆီသံုးပါ။စသည့္နည္းလမ္းမ်ားကို အသံုးျပုပါ။မသက္သာပါက နီးစပ္ရာဆရာဝန္နွင့္အျမန္ကုသမူခံယူပါ။

(5)ကုသမူအေနျဖင့္ ျဖစ္ေစေသာ ပိုးအေျခအေနေပါ္မူတည္ရ်္ ပိုးသတ္ေဆးျဖင့္ထိေရာက္စြာကုသမူခံယူနိုင္ပါတယ္။ဓာတ္မတည့္မူအေျခအေနတြင္လည္း စတီးရြိဳက္လိမ္းေဆးမ်ားျဖင့္လည္းကုသမူခံယူေပ်ာက္ကင္းနိုင္ပါတယ္။Bartholin cystျဖစ္လာပါကလည္း ခြဲစိတ္ကုသမူခံယူနိုင္ပါတယ္။

Dr. ျပည့္ရွင္း

Unicode Version

မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်နူတ်ခမ်းသားကို အပြင်နူတ်ခမ်းသားနဲ့အတွင်းနူတ်ခမ်းသားဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ထိုနူတ်ခမ်းရှိခြင်းသည် မိန်းမကိုယ်အတွင်းအင်္ဂါများကို အကာအရံအတားအဆီးတစ်ခုအနေဖြင့် ဆောင်ရွက်ပေးပါတယ်။အမျိုးသမီးတစ်ဦးနှင့်တစ်ဦးသည် မိန်းမကိုယ်နူတ်ခမ်းသား အရွယ်အစားမတူညီကြပါ။သို့သော် ပိုးကူးစက်ခံရခြင်း။ဓာတ်မတည့်ခြင်းစသောအခြေအနေတွင် မိန်းမကိုယ်နုတ်ခမ်းသားသည် နီရဲရောင်ရမ်းလာတတ်ပါတယ်။

(1)ခံစားရသောလက္ခဏာများမှာ
မိန်းမကိုယ်နူတ်ခမ်းသားရောင်ရမ်းခြင်းအပြင်
-မိန်းမကိုယ်ပူခြင်း
-ယားယံခြင်း
-အနံ့ဆိုးထွက်ခြင်း
-လမ်းလျောက်ရာတွင်သော်လည်းကောင်း/ထိုင်နေစဉ်သော်လည်းကောင်း နာကျင်မူခံစားရတတ်ပါတယ်။

(2)ဘာလို့ဖြစ်ရသလဲ?
မိန်းမကိုယ်နူတ်ခမ်းသားများသည်အလွန်နူးညံ့သောအစိတ်အပိုင်းဖြစ်သောကြောင့် ရောင်ရမ်းလွယ်ပါတယ်။အများအားဖြင့်ဖြစ်နိုင်သောအကြောင်းရင်းများမှာ

-မိူပိုးဝင်ခြင်း
Candidaလို့ခေါ်တဲ့မှိုပိုးကူးစက်ခံရသောကြောင့်  မိန်းမကိုယ်တစ်ခုလုံး ပူခြင်း။ယားယံခြင်းနှင့်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။မှိုးပိုးကူးစက်ခြင်းသည် ပိုးသတ်ဆေးအလွန်အကျွံသုံးခြင်း။ဆီးချိုနှင့်တားဆေးဆိုးကျိုးတို့ကြောင့် ကူးစက်ခံရနိုင်ပါတယ်။

-ဘက်တီးရီးယားပိုးကူးစက်ခြင်း
အပျော်အပါးလိုက်စားသူများတွင်ဖြစ်နိုင်ပါတယ်။ငါးညီနံ့ကဲ့သို့ စိမ်းရွှေရွှေအဖြူရည်များဆင်းလေ့ရှိပါတယ်။

-ကပ်ပါးပိုးကူးစက်ခြင်း
လိင်ဆက်ဆံခြင်းကြောင့်ကူးစက်ခံရသော ကပ်ပါးပိုးကြောင့်လည်း မိန်းမကိုယ် ပူခြင်း။နာခြင်းနှင့်ရောင်ရမ်းခြင်းအပြင်ဆီးသွားရခက်ခြင်းစသည်တို့ကိုဖြစ်စေပါတယ်။

-ဓာတ်မတည့်ခြင်း
မိန်းမကိုယ်နူတ်ခမ်းသားများသည် မိမိနှင့်ဓာတ်မတည့်သော ရေမွှေး။ဆပ်ပြာနှင့်ကွန်ဒုံး စသည်တို့ကြောင့်လည်း ရောင်ရမ်းစေနိုင်ပါတယ်။

-Bartholin cyst
Bartholin glandတွင်ရေအိတ်တည်ခြင်းကြောင့် ပိုးဝင်ကာ ရောင်ရမ်းနာကျင်မူကိုဖြစ်စေပါတယ်။

-လိင်ဆက်ဆံရာတွင်ခြောက်သွေ့ခြင်း
လိင်ဆက်ဆံရာတွင် ချောမွေ့စေသောအရည်မထွက်သောကြောင့် ရောင်ရမ်းမူဖြစ်စေပါတယ်။

(3)ရောဂါရှာဖွေမူ
မိန်းမကိုယ်နူတ်ခမ်းသားရောင်ရမ်းမူခံစားရပါက သေချာ သားဖွားမီးယပ်အထူးကုနှင့်တိုင်ပင်ကာ ပိုးကူးစက်အဓိကအကြောင်းရင်းကို ရှာဖွေပါ။အသားစယူခြင်း။အချွဲစစ်ခြင်းစသည်တို့ကိုပြုလုပ်သင့်ပါတယ်။

(4)အိမ်တွင်းကုသမူအနေဖြင့် မိန်းမကိုယ်နူတ်ခမ်းသားရောင်ရမ်းမူသက်သာစေသောနည်းများကိုအသုံးပြုပါ။

-ရောင်ရမ်းနေသောနေရာကို ရေခဲကပ်ပါ။
-အကိုက်အခဲပျောက်ဆေးသောက်ပါ။
-မိန်းမကိုယ်အတွင်းသို့မိမိဖာသာမိမိ ဆေးရည်မထည့်ရပါ။
-သက်သာချောင်ချိသော အတွင်းခံဝတ်ပါ။
-မိမိနှင့်မတည့်သော ဆပ်ပြာ ။ရေမွှေးစသည်တို့ကိုရှောင်ပါ။
-ကွန်ဒုံးနှင့်မတည့်လျှင်အခြားသောတားနည်းသုံးပါ။
-လိင်ဆက်ဆံမူ ခေတ္တရှောင်ပါ။
-လိင်ဆက်ဆံရာတွင်အဆင်ပြေရန်ချောဆီသုံးပါ။စသည့်နည်းလမ်းများကို အသုံးပြုပါ။မသက်သာပါက နီးစပ်ရာဆရာဝန်နှင့်အမြန်ကုသမူခံယူပါ။

(5)ကုသမူအနေဖြင့် ဖြစ်စေသော ပိုးအခြေအနေပေါ်မူတည်ရျ် ပိုးသတ်ဆေးဖြင့်ထိရောက်စွာကုသမူခံယူနိုင်ပါတယ်။ဓာတ်မတည့်မူအခြေအနေတွင်လည်း စတီးရွိုက်လိမ်းဆေးများဖြင့်လည်းကုသမူခံယူပျောက်ကင်းနိုင်ပါတယ်။Bartholin cystဖြစ်လာပါကလည်း ခွဲစိတ်ကုသမူခံယူနိုင်ပါတယ်။

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image