မွေးလမ်းကြောင်းချဲ့ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းရဲ႕ ေကာင္းက်ိဳးနဲ႔ ဆုိးက်ိဳးမ်ား

“ဟဲ႔ ငါ႔တုန္းက ရိုးရိုးေမြးတာဆိုေပမယ္႔ ေမြးလမ္းေၾကာင္းခ်ဲ႕ရတယ္။ နင္ေရာ ေမြးတုန္းက ခ်ဲ႕ခဲ႔ရေသးလား” ဆိုျပီး ကေလးေမြးျပီးခါစ မိခင္ေတြအခ်င္းခ်င္း ေတြ႔ရင္ ေမးေလ႔ရွိၾကပါတယ္။

အဲ႔အခါမွာ အခ်င္းခ်င္းေမးၾကေျပာၾကရင္း ငါ႔က် ခ်ဲ႕ရျပီး သူ႕က် ဘာလို႔မခ်ဲ႕ရတာလဲ ဆိုျပီး စိတ္ထဲမတင္မက် ျဖစ္တတ္ပါတယ္။

ဒါေၾကာင္႔ ဒီတပတ္မွာ ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းကို သိသေလာက္ေရးသားတင္ျပခ်င္ပါတယ္။

ေမြးလမ္းေၾကာင္းခ်ဲ႕တယ္ဆိုတာဟာ ရိုးရိုးေမြးတဲ႔အခါမွာ ကေလးထြက္ရလြယ္ေစရန္ မိန္းမကိုယ္နဲ႔စအိုၾကားေနရာကို ထံုေဆးထိုးျပီး ခြဲစိတ္ခန္းသံုး ကတ္ေၾကးနဲ႔ မိန္းမကိုယ္ဘက္ကေန စအိုဘက္ဆီကို အတည္႔ သို႔မဟုတ္ ေဘးတေစာင္း စနစ္တက် ညွပ္ျခင္းျဖင္႔ မိန္းမကိုယ္အ၀က်ယ္ေအာင္လုပ္ျခင္းျဖစ္ပါတယ္။

ကေလးထြက္ျပီးရင္ ထိုညွပ္ထားတဲ႔အရာေနရာကို စနစ္တက် ျပန္ခ်ဳပ္ပါတယ္။

ရိုးရိုးေမြးတဲ႔မိခင္တိုင္း ေမြးလမ္းေၾကာင္းခ်ဲ႕ဖို႔မလိုနိုင္ပါ။

ေမြးလမ္းေၾကာင္းခ်ဲ႕ဖို႔လိုနိုင္တဲ႔ အေျခအေနေတြကေတာ႔

– အေၾကာင္းတခုခုေၾကာင္႔ တင္ပဆံုရိုးအတြင္းရွိ ၾကြက္သားမ်ားခြဲစိတ္ခံထားဖူးတာ

– အေၾကာင္းတခုခုေၾကာင္႔ မိန္းမကိုယ္နဲ႔စအိုၾကားေနရာမွာ ခြဲစိတ္ခံထားဖူးတာ

– ေမြးေနစဥ္မွာ ကေလးပခံုးဟာ မိန္းကိုယ္အ၀မွာတစ္ေနျပီး ေမြးရခက္ေနတာ

– ေမြးခ်ိန္ၾကာျပီး ကေလးကမထြက္နိုင္ဘဲ ေအာက္စီဂ်င္အရနဲကာ ကေလးမြန္းေနတာ

– ကေလးအေနအထားမမွန္တာေၾကာင္႔ ကေလးကေခါင္းနဲ႔မထြက္ဘဲ တင္ပဆံုနဲ႔ထြက္တာ

– ေမြးရခက္ေနတာေၾကာင္႔ ေလစုပ္၊ညွပ္ဆြဲ စတဲ႔ကိရိယာေတြအကူအညီယူျပီး ေမြးဖို႔လိုတာ

စတဲ႔အေျခအေနေတြမွာဆိုရင္ ေမြးလမ္းေၾကာင္းခ်ဲ႕ဖို႔လိုပါတယ္။

ဒီလိုအေျခအေနေတြမွာ စနစ္တက် ေမြးလမ္းေၾကာင္းခ်ဲ႕ေပးျခင္းျဖင္႔ အညွစ္လြန္ျခင္းေၾကာင္႔ ၾကြက္သားေတြစုတ္ျပဲဒဏ္ရာရကာ ေနာက္ဆက္တြဲအေနနဲ႔ ဆီးမထိန္းနိုင္၊၀မ္းမထိန္းနိုင္ ျဖစ္တာေတြကို ကာကြယ္ေပးနိုင္ပါတယ္။

ဒါ႔အျပင္ ကေလးကိုလည္း ျမန္ျမန္ဆန္ဆန္လြယ္ကူစြာေမြးဖြားဖို႔အတြက္ အေထာက္အကူျပဳပါတယ္။

ဒီလိုေကာင္းက်ိဳးေတြရွိသလို ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းေၾကာင္႔ျဖစ္နိုင္တဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြလည္းရွိပါတယ္။

အဲ႔ဒါေတြကေတာ႔

– ေသြးထြက္လြန္တာ၊

– မိန္းမကိုယ္အ၀ေနရာမွာ ေသြးခဲျပီး ေရာင္ရမ္းေဖာင္းေနတာ၊

– ညွပ္တဲ႔ဒဏ္ရာကေနပိုး၀င္တာ၊

– အညွပ္လြန္ျပီး စအုိၾကြက္သားကိုထိကာ ၀မ္းမထိန္းနိုင္ျဖစ္တာ၊

– ေမြးလမ္းေၾကာင္းခ်ဲ႕ျပီး ျပန္ခ်ဳပ္ထားတဲ႔ခ်ဳပ္ရိုးကနာတာ၊

– ထိုင္ရ လမ္းေလွ်ာက္ရခက္တာ၊

– ဆီးသြားရ၊ ၀မ္းသြားရခက္တာ၊

– အတူေနဆက္ဆံတဲ႔အခါနာက်င္တာေတြပါ။

ဒီလိုေရးလိုက္လို႔ ေမြးလမ္းေၾကာင္းခ်ဲ႕ရတဲ႔အခါမွာ အစိုးရိမ္မလြန္ၾကပါနဲ႔။

ျဖစ္နိုင္ေျခရွိမယ္႔ဆိုးက်ိဳးေတြကိုျခံဳေရးရျခင္းျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္းခ်ဲ႕တဲ႔သူတိုင္း ေသခ်ာေပါက္ဒါေတြခံစားရမယ္လို႔ဆိုလိုတာမဟုတ္ပါ။

အမ်ားအားျဖင္႔လည္း ေမြးလမ္းေၾကာင္းခ်ဲ႕ျခင္းေၾကာင္႔ ဆိုးက်ိဳးၾကီးၾကီးမားမားျဖစ္တာမ်ိဳး သိပ္မရွိပါဘူး။

Dr 528

Unicode Version

မွေးလမ်းကြောင်းချဲ့ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

“ဟဲ့ ငါ့တုန်းက ရိုးရိုးမွေးတာဆိုပေမယ့် မွေးလမ်းကြောင်းချဲ့ရတယ်။ နင်ရော မွေးတုန်းက ချဲ့ခဲ့ရသေးလား” ဆိုပြီး ကလေးမွေးပြီးခါစ မိခင်တွေအချင်းချင်း တွေ့ရင် မေးလေ့ရှိကြပါတယ်။

အဲ့အခါမှာ အချင်းချင်းမေးကြပြောကြရင်း ငါ့ကျ ချဲ့ရပြီး သူ့ကျ ဘာလို့မချဲ့ရတာလဲ ဆိုပြီး စိတ်ထဲမတင်မကျ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီတပတ်မှာ မွေးလမ်းကြောင်းချဲ့ခြင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

မွေးလမ်းကြောင်းချဲ့တယ်ဆိုတာဟာ ရိုးရိုးမွေးတဲ့အခါမှာ ကလေးထွက်ရလွယ်စေရန် မိန်းမကိုယ်နဲ့စအိုကြားနေရာကို ထုံဆေးထိုးပြီး ခွဲစိတ်ခန်းသုံး ကတ်ကြေးနဲ့ မိန်းမကိုယ်ဘက်ကနေ စအိုဘက်ဆီကို အတည့် သို့မဟုတ် ဘေးတစောင်း စနစ်တကျ ညှပ်ခြင်းဖြင့် မိန်းမကိုယ်အဝကျယ်အောင်လုပ်ခြင်းဖြစ်ပါတယ်။

ကလေးထွက်ပြီးရင် ထိုညှပ်ထားတဲ့အရာနေရာကို စနစ်တကျ ပြန်ချုပ်ပါတယ်။

ရိုးရိုးမွေးတဲ့မိခင်တိုင်း မွေးလမ်းကြောင်းချဲ့ဖို့မလိုနိုင်ပါ။

မွေးလမ်းကြောင်းချဲ့ဖို့လိုနိုင်တဲ့ အခြေအနေတွေကတော့

– အကြောင်းတခုခုကြောင့် တင်ပဆုံရိုးအတွင်းရှိ ကြွက်သားများခွဲစိတ်ခံထားဖူးတာ

– အကြောင်းတခုခုကြောင့် မိန်းမကိုယ်နဲ့စအိုကြားနေရာမှာ ခွဲစိတ်ခံထားဖူးတာ

– မွေးနေစဉ်မှာ ကလေးပခုံးဟာ မိန်းကိုယ်အဝမှာတစ်နေပြီး မွေးရခက်နေတာ

– မွေးချိန်ကြာပြီး ကလေးကမထွက်နိုင်ဘဲ အောက်စီဂျင်အရနဲကာ ကလေးမွန်းနေတာ

– ကလေးအနေအထားမမှန်တာကြောင့် ကလေးကခေါင်းနဲ့မထွက်ဘဲ တင်ပဆုံနဲ့ထွက်တာ

– မွေးရခက်နေတာကြောင့် လေစုပ်၊ညှပ်ဆွဲ စတဲ့ကိရိယာတွေအကူအညီယူပြီး မွေးဖို့လိုတာ

စတဲ့အခြေအနေတွေမှာဆိုရင် မွေးလမ်းကြောင်းချဲ့ဖို့လိုပါတယ်။

ဒီလိုအခြေအနေတွေမှာ စနစ်တကျ မွေးလမ်းကြောင်းချဲ့ပေးခြင်းဖြင့် အညှစ်လွန်ခြင်းကြောင့် ကြွက်သားတွေစုတ်ပြဲဒဏ်ရာရကာ နောက်ဆက်တွဲအနေနဲ့ ဆီးမထိန်းနိုင်၊ဝမ်းမထိန်းနိုင် ဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ကလေးကိုလည်း မြန်မြန်ဆန်ဆန်လွယ်ကူစွာမွေးဖွားဖို့အတွက် အထောက်အကူပြုပါတယ်။

ဒီလိုကောင်းကျိုးတွေရှိသလို မွေးလမ်းကြောင်းချဲ့ခြင်းကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

– သွေးထွက်လွန်တာ၊

– မိန်းမကိုယ်အဝနေရာမှာ သွေးခဲပြီး ရောင်ရမ်းဖောင်းနေတာ၊

– ညှပ်တဲ့ဒဏ်ရာကနေပိုးဝင်တာ၊

– အညှပ်လွန်ပြီး စအိုကြွက်သားကိုထိကာ ဝမ်းမထိန်းနိုင်ဖြစ်တာ၊

– မွေးလမ်းကြောင်းချဲ့ပြီး ပြန်ချုပ်ထားတဲ့ချုပ်ရိုးကနာတာ၊

– ထိုင်ရ လမ်းလျှောက်ရခက်တာ၊

– ဆီးသွားရ၊ ဝမ်းသွားရခက်တာ၊

– အတူနေဆက်ဆံတဲ့အခါနာကျင်တာတွေပါ။

ဒီလိုရေးလိုက်လို့ မွေးလမ်းကြောင်းချဲ့ရတဲ့အခါမှာ အစိုးရိမ်မလွန်ကြပါနဲ့။

ဖြစ်နိုင်ခြေရှိမယ့်ဆိုးကျိုးတွေကိုခြုံရေးရခြင်းဖြစ်ပါတယ်။ မွေးလမ်းကြောင်းချဲ့တဲ့သူတိုင်း သေချာပေါက်ဒါတွေခံစားရမယ်လို့ဆိုလိုတာမဟုတ်ပါ။

အများအားဖြင့်လည်း မွေးလမ်းကြောင်းချဲ့ခြင်းကြောင့် ဆိုးကျိုးကြီးကြီးမားမားဖြစ်တာမျိုး သိပ်မရှိပါဘူး။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image