ကလေးမွေးပြီး အချင်းမကျရင်

ကေလးေမြးျပီး အခ်င္းမက်ရင္

အမ်ိဳးသမီးတခ်ိဳ႕အေနနဲ႔ ကေလးေမြးတယ္ဆိုတာဟာ ကေလးထြက္ရင္ ျပီးျပီလို႔ ထင္တတ္ၾကပါတယ္။ ဒီလိုထင္တာဟာမွားပါတယ္။

ကေလးထြက္ျပီး အခ်င္းက်ေတာ႔မွသာ ကေလးေမြးတဲ႔ျဖစ္စဥ္ဟာ ျပီးေျမွာက္တယ္လို႔ေျပာလို႔ရတာပါ။

အခ်င္း (Placenta) ဆိုတာ သေႏၶသားနဲ႔ သားအိမ္နဲ႔ကို ဆက္သြယ္ေပးထားတာပါ။

အခ်င္းကေနၿပီး ခ်က္ၾကိဳးထြက္တယ္ အဲခ်က္ၾကိဳးကေနတဆင္႔ သေႏၶသားအတြက္လိုအပ္တဲ႔ အစာအာဟာရတို႔ ေအာက္ဆီဂ်င္တို႔ကို ေထာက္ပံေပးတယ္။ သေႏၶသားကေနစြန္႔ပစ္လိုက္တဲ႔ အညစ္အေၾကးေတြကလည္း ခ်က္ၾကိဳးကေနတဆင္႔ အခ်င္းေရာက္တယ္ အခ်င္းကေနအဲ႔အညစ္အေၾကးေတြကိုဖယ္ရွားေပးတယ္။

ပံုမွန္ဆိုရင္ ကေလးေမြးျပီး မိနစ္သံုးဆယ္အတြင္းမွာ အခ်င္းဟာ သားအိမ္နံရံကေနကြာက်လာရပါမယ္။

ကေလးေမြးျပီးေနာက္မိနစ္သံုးဆယ္ၾကာတာေတာင္ အခ်င္းကက်မလာေသးရင္ေတာ႔ အခ်င္းကပ္တယ္ (Retained Placenta) လို႔ ေခၚပါတယ္။

ကေလးေမြးျပီးေနာက္အခ်င္းကက်မလာဘဲ အခ်င္းကပ္တာျဖစ္တဲ႔အခါမွာ မိန္းမကိုယ္ကေန ေသြးအမ်ားၾကီးဆင္းတာ၊ အနံတအားနံ႔တဲ႔ အရည္ေတြဆင္းတာ၊ ဗိုက္တအားနာတာ၊ ဖ်ားတာစသျဖင္႔ ျဖစ္ျပီး အသက္အႏၱရာယ္စိုးရိမ္ရတဲ႔ အေျခအေနေတြျဖစ္နိုင္ပါတယ္။

ဒါေၾကာင္႔အိမ္မွာရြာမွာ လက္သည္ သို႔မဟုတ္ သားဖြားဆရာမနဲ႔ ကေလးေမြးျပီးေနာက္နာရီ၀က္(မိနစ္၃၀)ေနလို႔မွ အခ်င္းမက်ဘူးဆိုရင္ ခ်က္ခ်င္းနီးစပ္ရာေဆးရံုကိုသြားဖို႔လုိပါတယ္။

ကေလးေမြးျပီးေနာက္ အခ်င္းကပ္တဲ႔အခါမွာ ဆရာ၀န္က ဆီးပိုက္တပ္တာေတြ၊ သားအိမ္ညွစ္အားေကာင္းေစတဲ႔ ထိုးေဆးထိုးတာ လုပ္ျပီး ခ်က္ၾကိဳးရွည္ထြက္လာမလာေစာင္႔ၾကည္႔ပါမယ္။

ရွည္ထြက္လာတယ္ဆိုရင္ ခ်က္ၾကိဳးကိုတခ်က္ထိန္းျပီးဆြဲၾကည္႔ကာ အခ်င္းခ်ၾကည္႔ပါမယ္။

ဒီလိုတၾကိမ္ၾကိဳးစားၾကည္႔လို႔မွမေအာင္ျမင္ရင္ေတာ႔ ခြဲခန္း၀င္ျပီး ေမ႔ေဆး၊ထံုေဆးသံုးကာ နိႈက္ထုတ္ရပါမယ္။

ခြဲခန္း၀င္ျပီးလုပ္ေသာ္လည္းမရဘဲ အခ်င္းကတအားကပ္ေနကာ ေသြးဆင္းတအားမ်ားေနတယ္ဆိုရင္ေတာ႔ ေသြးသြင္းျပီး၊သားအိမ္ထုတ္ရတာမ်ိဳးထိ ျဖစ္နိုင္ပါတယ္။

ကေလးေမြးျပီးေနာက္ အခ်င္းက်မလာတာကို ျဖစ္ေစတဲ႔အေၾကာင္းေတြကေတာ႔

၁။ ဆီးအိမ္တင္းေနတာ၊ ေရမႊာေရမ်ားတာ၊ ကေလးေမြးခ်ိန္ၾကာတာ၊ အမႊာကိုယ္၀န္ျဖစ္တာ၊ ကေလးကတအားၾကီးတာ၊ သားအိမ္ထဲမွာအသားလံုးရွိတာ စတဲ႔ အေၾကာင္းေတြေၾကာင္႔ သားအိမ္က လံုလံုေလာက္ေလာက္ညွစ္အားမရွိျခင္း(Uterine atony)

၂။ အခ်င္းက သားအိမ္နံရံထဲကို နက္နက္ရႈိင္းရိႈင္းတြယ္ကပ္ေနျခင္း၊

၃။ အခ်င္းက သူ႔ပံုမွန္ရွိရမည္႔ေနရာမွာမရွိဘဲ အခ်င္းေရွ႔ေရာက္ျခင္း၊ စသျဖင္႔အေၾကာင္းရင္းေတြအမ်ားၾကီးရွိပါတယ္။

အဆံုးသတ္အေနနဲ႔အၾကံေပးရရင္ေတာ႔ အခ်င္းကပ္ျခင္းဟာ အသက္အႏၱရာယ္ရွိတဲ႔ အေျခအေနတခုျဖစ္တာေၾကာင္႔ ကေလးေမြးျပီဆိုရင္ ေဆးရံုမွာေမြးဖို႔၊ မတတ္နိုင္လို႔ အခက္အခဲရွိလို႔ အိမ္မွာရြာမွာေမြးရင္လည္း ကေလးေမြးျပီး နာရီ၀က္အၾကာမွာ အခ်င္းမက်ပါက နီးစပ္ရာေဆးရံုျမန္ျမန္သြားဖို႔ အၾကံေပးတိုက္တြန္းခ်င္ပါတယ္။

Dr 528

Unicode Version

ကလေးမွေးပြီး အချင်းမကျရင်

အမျိုးသမီးတချို့အနေနဲ့ ကလေးမွေးတယ်ဆိုတာဟာ ကလေးထွက်ရင် ပြီးပြီလို့ ထင်တတ်ကြပါတယ်။ ဒီလိုထင်တာဟာမှားပါတယ်။

ကလေးထွက်ပြီး အချင်းကျတော့မှသာ ကလေးမွေးတဲ့ဖြစ်စဉ်ဟာ ပြီးမြှောက်တယ်လို့ပြောလို့ရတာပါ။

အချင်း (Placenta) ဆိုတာ သန္ဓေသားနဲ့ သားအိမ်နဲ့ကို ဆက်သွယ်ပေးထားတာပါ။

အချင်းကနေပြီး ချက်ကြိုးထွက်တယ် အဲချက်ကြိုးကနေတဆင့် သန္ဓေသားအတွက်လိုအပ်တဲ့ အစာအာဟာရတို့ အောက်ဆီဂျင်တို့ကို ထောက်ပံပေးတယ်။ သန္ဓေသားကနေစွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေကလည်း ချက်ကြိုးကနေတဆင့် အချင်းရောက်တယ် အချင်းကနေအဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတယ်။

ပုံမှန်ဆိုရင် ကလေးမွေးပြီး မိနစ်သုံးဆယ်အတွင်းမှာ အချင်းဟာ သားအိမ်နံရံကနေကွာကျလာရပါမယ်။

ကလေးမွေးပြီးနောက်မိနစ်သုံးဆယ်ကြာတာတောင် အချင်းကကျမလာသေးရင်တော့ အချင်းကပ်တယ် (Retained Placenta) လို့ ခေါ်ပါတယ်။

ကလေးမွေးပြီးနောက်အချင်းကကျမလာဘဲ အချင်းကပ်တာဖြစ်တဲ့အခါမှာ မိန်းမကိုယ်ကနေ သွေးအများကြီးဆင်းတာ၊ အနံတအားနံ့တဲ့ အရည်တွေဆင်းတာ၊ ဗိုက်တအားနာတာ၊ ဖျားတာစသဖြင့် ဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့်အိမ်မှာရွာမှာ လက်သည် သို့မဟုတ် သားဖွားဆရာမနဲ့ ကလေးမွေးပြီးနောက်နာရီဝက်(မိနစ်၃၀)နေလို့မှ အချင်းမကျဘူးဆိုရင် ချက်ချင်းနီးစပ်ရာဆေးရုံကိုသွားဖို့လိုပါတယ်။

ကလေးမွေးပြီးနောက် အချင်းကပ်တဲ့အခါမှာ ဆရာဝန်က ဆီးပိုက်တပ်တာတွေ၊ သားအိမ်ညှစ်အားကောင်းစေတဲ့ ထိုးဆေးထိုးတာ လုပ်ပြီး ချက်ကြိုးရှည်ထွက်လာမလာစောင့်ကြည့်ပါမယ်။

ရှည်ထွက်လာတယ်ဆိုရင် ချက်ကြိုးကိုတချက်ထိန်းပြီးဆွဲကြည့်ကာ အချင်းချကြည့်ပါမယ်။

ဒီလိုတကြိမ်ကြိုးစားကြည့်လို့မှမအောင်မြင်ရင်တော့ ခွဲခန်းဝင်ပြီး မေ့ဆေး၊ထုံဆေးသုံးကာ နှိုက်ထုတ်ရပါမယ်။

ခွဲခန်းဝင်ပြီးလုပ်သော်လည်းမရဘဲ အချင်းကတအားကပ်နေကာ သွေးဆင်းတအားများနေတယ်ဆိုရင်တော့ သွေးသွင်းပြီး၊သားအိမ်ထုတ်ရတာမျိုးထိ ဖြစ်နိုင်ပါတယ်။

ကလေးမွေးပြီးနောက် အချင်းကျမလာတာကို ဖြစ်စေတဲ့အကြောင်းတွေကတော့

၁။ ဆီးအိမ်တင်းနေတာ၊ ရေမွှာရေများတာ၊ ကလေးမွေးချိန်ကြာတာ၊ အမွှာကိုယ်ဝန်ဖြစ်တာ၊ ကလေးကတအားကြီးတာ၊ သားအိမ်ထဲမှာအသားလုံးရှိတာ စတဲ့ အကြောင်းတွေကြောင့် သားအိမ်က လုံလုံလောက်လောက်ညှစ်အားမရှိခြင်း(Uterine atony)

၂။ အချင်းက သားအိမ်နံရံထဲကို နက်နက်ရှိုင်းရှိုင်းတွယ်ကပ်နေခြင်း၊

၃။ အချင်းက သူ့ပုံမှန်ရှိရမည့်နေရာမှာမရှိဘဲ အချင်းရှေ့ရောက်ခြင်း၊ စသဖြင့်အကြောင်းရင်းတွေအများကြီးရှိပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးရရင်တော့ အချင်းကပ်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတခုဖြစ်တာကြောင့် ကလေးမွေးပြီဆိုရင် ဆေးရုံမှာမွေးဖို့၊ မတတ်နိုင်လို့ အခက်အခဲရှိလို့ အိမ်မှာရွာမှာမွေးရင်လည်း ကလေးမွေးပြီး နာရီဝက်အကြာမှာ အချင်းမကျပါက နီးစပ်ရာဆေးရုံမြန်မြန်သွားဖို့ အကြံပေးတိုက်တွန်းချင်ပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image