ရာသီသွေးကပြောတဲ့ ကျန်းမာရေး

ရာသီေသြးကေျပာတဲ့ က်န္းမာေရး

မိန္းကေလးေတြ အရြယ္ေရာက္လာျပီဆို ေရွာင္လႊဲလို႔မရတာက ဓမၼတာလာျခင္းပါပဲ။ၾကိဳက္သည္ျဖစ္ေစမၾကိဳက္သည္ျဖစ္ေစ ေသြးမဆံုးခင္အခ်ိန္ထိ လစဥ္ၾကံဳေတြ႔ရနိုင္တဲ့ ကိစၥေပါ့။အရပ္စကားအရေတာ့ ရာသီလာတယ္ ေသြးဆင္းတယ္ စသျဖင့္ေျပာၾကျပီး English လိုေတာ့  Menstruation ေခၚပါတယ္။ပံုမွန္အားျဖင့္ ဒီလိုရာသီလာေနတဲ့အခ်ိန္မွာ အမ်ိဳးသမီးေတြဟာ ဗိုက္ေအာင့္တာ ကိုယ္လက္နာက်င္ကိုက္ခဲတာ စိတ္အထိအရွလြယ္တာေတြ ျဖစ္ေလ့ရိွပါတယ္။ဒါေတြက ပံုမွန္ျဖစ္ေလ့ရိွတာေတြျဖစ္ျပီး ရာသီေသြးဆင္းလို႔ျပီးတဲ့အခါ သက္သာသြားၾကပါတယ္။ဒါေပမဲ့ တခါတေလ ရာသီေသြးဟာ ပံုမွန္ဆင္းရမဲ့ရက္ မဆင္းတာမ်ိဳး  ပံုမွန္ပမာဏထက္ နည္းတာမ်ားတာမ်ိဳးေတြ ရိွတတ္သလို ပံုမွန္ရိွရမဲ့အေရာင္မ်ိဳး မရိွတာေတြ ၾကံဳေတြ႔ရတတ္ပါတယ္။ဒီေဆာင္းပါးမွာေတာ့ ရာသီေသြးရဲ႕ ပံုမွန္အေရာင္နဲ႔ ပံုမွန္မဟုတ္တဲ့အေရာင္ေတြအေၾကာင္း ေျပာျပသြားပါမယ္။

(၁) အနီရဲရဲ

တကယ္ေတာ့ ရာသီလာတယ္ဆိုတာ သားအိမ္နံရံကအလႊာေတြ ကြာက်တာကို ေျပာတာပါပဲ။သေႏၶသားေလာင္းေလး ျငိတြယ္ဖို႔  လိုအပ္တဲ့အာဟာရေတြ ရရိွဖို႔ သားအိမ္နံရံဟာ နီနီရဲရဲ ထူထူထဲထဲနဲ႔ ခပ္စိုစိုေလး ရိွေနပါလိမ့္မယ္။လာတြယ္ကပ္မဲ့ သေႏၶသားမရိွတဲ့အခါမွာ သားအိမ္နံရံသားေလးေတြဟာ နီနီရဲရဲေသြးေတြအျဖစ္နဲ႔ တေျဖးေျဖးကြာက်ပါတယ္။ဒါကို ရာသီလာတယ္ ေခၚတာေပါ့။ဒါေၾကာင့္ ပံုမွန္ ရာသီေသြးဟာ နီနီရဲရဲေလးျဖစ္ေနပါလိမ့္မယ္။

(၂)အနီေဖ်ာ့ေဖ်ာ့ (သို႔မဟုတ္) ပန္းေရာင္

က်န္းမာတဲ့ေသြးျဖစ္ဖို႔ အနီေရာင္ေသြးဆဲလ္ေတြ လံုလံုေလာက္ေလာက္ ပါဝင္ဖို႔လိုပါတယ္။တကယ္လို႔ သင့္ရာသီေသြးက အနီေဖ်ာ့ေဖ်ာ့ (သို႔) ပန္းေရာင္ ျဖစ္ေနခဲ့ရင္ သင့္မွာ ေသြးအားနည္းေရာဂါ  အာဟာရမျပည့္တာ ဒါမွမဟုတ္ အစာအိမ္လမ္းေၾကာင္းျပႆနာေတြ ရိွေနနိုင္ပါတယ္။

(၃)အညိဳေရာင္ (သို႔မဟုတ္) သံေခ်းေရာင္

တကယ္လို႔ ရာသီေသြးအေရာင္က ညိဳညိဳညစ္ညစ္အေရာင္ ျဖစ္ေနခဲ့ရင္ေတာ့ သင့္ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္ေနတဲ့ သေဘာပါပဲ။တကယ္လို႔ ရာသီလာခါစ အခ်ိန္မွာ ဖ်ားနာျပီး ကိုယ္ေတြပါပူေနခဲ့ရင္ ဒီလိုအေရာင္မ်ိဳးေတြ႔ရနိုင္ပါတယ္။

(၄)ျပာနွမ္းနွမ္းအေရာင္

သူကေတာ့ ေျပာင္းျပန္ပါ။ခႏၶာကိုယ္အပူခ်ိန္ အလြန္အမင္းက်ဆင္းတဲ့အခါမ်ိဳးမွာ ရာသီေသြးဟာ ခုလို အေရာင္မ်ိဳး ရိွေနနိုင္ပါတယ္။အာ့လိုအခါမ်ိဳးမွာ နာက်င္မႈကို ပိုမိုခံစားရတတ္ျပီး ေသြးခဲေတြပါ ေတြ႔ျမင္ရတတ္ပါတယ္။ပံုမွန္ကိုယ္အပူခ်ိန္ေရာက္တဲ့အခါ ေသြးအေရာင္ဟာ ပံုမွန္ျပန္ျဖစ္သြားမွာျဖစ္ျပီး ကိုက္ခဲမႈေတြလည္း သက္သာသြားပါလိမ့္မယ္။

(၅)မည္းညစ္ညစ္အေရာင္

ျဖစ္ခဲေပမဲ့  ဒီလို ရာသီေသြးအေရာင္ဆိုရင္ေတာ့ ဒါဟာ ဂရုစိုက္ရမဲ့ကိစၥတစ္ခုပါပဲ။ေသြးဟာ အရမ္းပ်စ္ခဲေစးကပ္တဲ့အခါ အမည္းေရာင္လိုျဖစ္သြားတတ္ပါတယ္။နာက်င္ကိုက္ခဲမႈေတြ ခံစားရမွာျဖစ္သလို
အခဲေတြပံုစံနဲ႔လည္း ရိွေနပါလိမ့္မယ္။ဒါမ်ိဳးအေရာင္ကိုေတာ့ သားအိမ္အသားလံုးျဖစ္ဖူးတဲ့အမ်ိဳးသမီးေတြ Endometriosis ျဖစ္ဖူးတဲ့အမ်ိဳးသမီးေတြမွာ ေတြ႔နိုင္ပါတယ္။

အထက္ပါ  ရာသီေသြးအေရာင္အမ်ိဳးမ်ိဳးအနက္ ပံုမွန္အေရာင္မွလြဲျပီးေတာ့ အျခားအေရာင္ေတြဆင္းခဲ့ရင္ ကေလးရနိုင္ေျခကို နည္းပါးေစတတ္ေၾကာင္းေလ့လာေတြ႔ရိွထားပါတယ္။

Dr.KG

Unicode Version

ရာသီသွေးကပြောတဲ့ ကျန်းမာရေး
မိန်းကလေးတွေ အရွယ်ရောက်လာပြီဆို ရှောင်လွှဲလို့မရတာက ဓမ္မတာလာခြင်းပါပဲ။ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ သွေးမဆုံးခင်အချိန်ထိ လစဉ်ကြုံတွေ့ရနိုင်တဲ့ ကိစ္စပေါ့။အရပ်စကားအရတော့ ရာသီလာတယ် သွေးဆင်းတယ် စသဖြင့်ပြောကြပြီး English လိုတော့  Menstruation ခေါ်ပါတယ်။ပုံမှန်အားဖြင့် ဒီလိုရာသီလာနေတဲ့အချိန်မှာ အမျိုးသမီးတွေဟာ ဗိုက်အောင့်တာ ကိုယ်လက်နာကျင်ကိုက်ခဲတာ စိတ်အထိအရှလွယ်တာတွေ ဖြစ်လေ့ရှိပါတယ်။ဒါတွေက ပုံမှန်ဖြစ်လေ့ရှိတာတွေဖြစ်ပြီး ရာသီသွေးဆင်းလို့ပြီးတဲ့အခါ သက်သာသွားကြပါတယ်။ဒါပေမဲ့ တခါတလေ ရာသီသွေးဟာ ပုံမှန်ဆင်းရမဲ့ရက် မဆင်းတာမျိုး  ပုံမှန်ပမာဏထက် နည်းတာများတာမျိုးတွေ ရှိတတ်သလို ပုံမှန်ရှိရမဲ့အရောင်မျိုး မရှိတာတွေ ကြုံတွေ့ရတတ်ပါတယ်။ဒီဆောင်းပါးမှာတော့ ရာသီသွေးရဲ့ ပုံမှန်အရောင်နဲ့ ပုံမှန်မဟုတ်တဲ့အရောင်တွေအကြောင်း ပြောပြသွားပါမယ်။

(၁) အနီရဲရဲ

တကယ်တော့ ရာသီလာတယ်ဆိုတာ သားအိမ်နံရံကအလွှာတွေ ကွာကျတာကို ပြောတာပါပဲ။သန္ဓေသားလောင်းလေး ငြိတွယ်ဖို့  လိုအပ်တဲ့အာဟာရတွေ ရရှိဖို့ သားအိမ်နံရံဟာ နီနီရဲရဲ ထူထူထဲထဲနဲ့ ခပ်စိုစိုလေး ရှိနေပါလိမ့်မယ်။လာတွယ်ကပ်မဲ့ သန္ဓေသားမရှိတဲ့အခါမှာ သားအိမ်နံရံသားလေးတွေဟာ နီနီရဲရဲသွေးတွေအဖြစ်နဲ့ တဖြေးဖြေးကွာကျပါတယ်။ဒါကို ရာသီလာတယ် ခေါ်တာပေါ့။ဒါကြောင့် ပုံမှန် ရာသီသွေးဟာ နီနီရဲရဲလေးဖြစ်နေပါလိမ့်မယ်။

(၂)အနီဖျော့ဖျော့ (သို့မဟုတ်) ပန်းရောင်

ကျန်းမာတဲ့သွေးဖြစ်ဖို့ အနီရောင်သွေးဆဲလ်တွေ လုံလုံလောက်လောက် ပါဝင်ဖို့လိုပါတယ်။တကယ်လို့ သင့်ရာသီသွေးက အနီဖျော့ဖျော့ (သို့) ပန်းရောင် ဖြစ်နေခဲ့ရင် သင့်မှာ သွေးအားနည်းရောဂါ  အာဟာရမပြည့်တာ ဒါမှမဟုတ် အစာအိမ်လမ်းကြောင်းပြဿနာတွေ ရှိနေနိုင်ပါတယ်။

(၃)အညိုရောင် (သို့မဟုတ်) သံချေးရောင်

တကယ်လို့ ရာသီသွေးအရောင်က ညိုညိုညစ်ညစ်အရောင် ဖြစ်နေခဲ့ရင်တော့ သင့်ခန္ဓာကိုယ်အပူချိန်မြင့်တက်နေတဲ့ သဘောပါပဲ။တကယ်လို့ ရာသီလာခါစ အချိန်မှာ ဖျားနာပြီး ကိုယ်တွေပါပူနေခဲ့ရင် ဒီလိုအရောင်မျိုးတွေ့ရနိုင်ပါတယ်။

(၄)ပြာနှမ်းနှမ်းအရောင်

သူကတော့ ပြောင်းပြန်ပါ။ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းတဲ့အခါမျိုးမှာ ရာသီသွေးဟာ ခုလို အရောင်မျိုး ရှိနေနိုင်ပါတယ်။အာ့လိုအခါမျိုးမှာ နာကျင်မှုကို ပိုမိုခံစားရတတ်ပြီး သွေးခဲတွေပါ တွေ့မြင်ရတတ်ပါတယ်။ပုံမှန်ကိုယ်အပူချိန်ရောက်တဲ့အခါ သွေးအရောင်ဟာ ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပြီး ကိုက်ခဲမှုတွေလည်း သက်သာသွားပါလိမ့်မယ်။

(၅)မည်းညစ်ညစ်အရောင်

ဖြစ်ခဲပေမဲ့  ဒီလို ရာသီသွေးအရောင်ဆိုရင်တော့ ဒါဟာ ဂရုစိုက်ရမဲ့ကိစ္စတစ်ခုပါပဲ။သွေးဟာ အရမ်းပျစ်ခဲစေးကပ်တဲ့အခါ အမည်းရောင်လိုဖြစ်သွားတတ်ပါတယ်။နာကျင်ကိုက်ခဲမှုတွေ ခံစားရမှာဖြစ်သလို
အခဲတွေပုံစံနဲ့လည်း ရှိနေပါလိမ့်မယ်။ဒါမျိုးအရောင်ကိုတော့ သားအိမ်အသားလုံးဖြစ်ဖူးတဲ့အမျိုးသမီးတွေ Endometriosis ဖြစ်ဖူးတဲ့အမျိုးသမီးတွေမှာ တွေ့နိုင်ပါတယ်။

အထက်ပါ  ရာသီသွေးအရောင်အမျိုးမျိုးအနက် ပုံမှန်အရောင်မှလွဲပြီးတော့ အခြားအရောင်တွေဆင်းခဲ့ရင် ကလေးရနိုင်ခြေကို နည်းပါးစေတတ်ကြောင်းလေ့လာတွေ့ရှိထားပါတယ်။

Dr.KG

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image