မီးဖွားပြီးရင် ဒါတွေစားပါ

မီးဖွားပြီး အမျိုးသမီးများသည် မီးဖွားခြင်းမှ နာလန်ပြန်ထရန် အချိန်လိုအပ်သည်။ ယင်းအတွက် မီးဖွားပြီး အမျိုးသမီး၏ ကယ်လိုရီကို စောင့်ကြည့်ခြင်းမတိုင်မီ အနည်းဆုံး သီတင်းရှစ်ပတ် စောင့်ကြည့်ရန် လိုအပ်သည်။ ၎င်းအမျိုးသမီးများသည် ကျန်းမာရေးနှင့်ညီသော ကယ်လိုရီပါဝင်မှု မမြင့်မားသော အစားအစာများ စားသောက်ရန်လိုသည်။

ကျန်းမာရေးမထိခိုက်စေဘဲ မီးဖွားပြီးနောက် အမျိုးသမီးများ စားသုံးသင့်သော အစားအစာများကို ဖော်ပြလိုက်ပါသည်။

ဒိန်ချဉ်၊ နို့ စသော အစားအစာများကဲ့သို့ နို့ထွက်ပစ္စည်းများသည် နို့ချိုတိုက်ကျွေးရေးအတွက် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်လုပ်ဆောင်သော အစားအစာများဖြစ်သည်။ မွေးကင်းစကလေးကို နို့တိုက်ကျွေးစဉ်အတွင်း နို့ထွက်ပစ္စည်းများ လုံလောက်စွာ စားသုံးရန်လိုအပ်သည်။

အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် မြင့်တက်လာသော ကိုယ်အလေးချိန်များကို လျှော့ချလိုသောဆန္ဒများ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် လျင်မြန်စွာ ကိုယ်အလေးချိန် လျော့ကျခြင်း၏ ဆိုးကျိုးများကို သိထားရန် အလွန်အရေးကြီးသည်။ လျင်မြန်စွာ ကိုယ်အလေးချိန်လျော့ကျသွားပါက နို့ထွက်နည်းခြင်း၊ စွမ်းအင်နည်းပါးခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ဆန်လုံးညိုစားခြင်းဖြင့် စွမ်းအင်မြင့်တက်နိုင်ပြီး မိခင်နို့အရည်အသွေးကို အားကောင်းစေသည့် လိုအပ်သော ကယ်လိုရီများ ရရှိနိုင်သည်။

ပရိုတိန်းဓာတ်ကြွယ်ဝသော ဥများသည် အစားအစာမှ လိုအပ်သော ပရိုတိန်းဓာတ်ရရှိစေမည့် အကောင်းဆုံးအစားအစာ များဖြစ်သည်။

ဆော်လမွန်ငါးများသည် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များကို ပေးစွမ်းနိုင်သော အစားအစာဖြစ်သည်။ ဆော်လမွန်ငါးတွင် ကလေး၏ အာရုံကြောစနစ် ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အဆီဓာတ်ပါဝင် သည်။

ပဲတီစိမ်းသည် တိရစ္ဆာန်အစားအစာမဟုတ်သော ပရိုတိန်းဓာတ် ပေးစွမ်းနိုင်သည့် အစားအစာဖြစ်ပြီး လိမ္မော်သီးနှင့် အချဉ်ဓာတ်ပါဝင်သည့် အသီးအနှံများကိုလည်း မီးဖွားပြီး အမျိုးသမီးများ စားပေးသင့်သည်။

မိခင်များသည် ဒေါက်ခွရွက်နှင့် အစိမ်းရောင်ပန်းဂေါ်ဖီကဲ့သို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အမြဲတမ်းစားပေးသင့်သည်။ ယင်းအစားအစာများသည် ဗီတာမင်အေကြွယ်ဝပြီး မိခင်နှင့် ကလေး နှစ်ဦးစလုံး ကျန်းမာရေးကောင်းစေသော အစားအစာ ဖြစ်သည်။

နို့တိုက်မိခင်များသည် ရေဓာတ်ခန်းခြောက်နိုင်သဖြင့် နို့ထွက် ကောင်းစေရေး၊ စွမ်းအင်ပြည့်ဝစေရေး ရေဓာတ်ပြည့်ဝနေရန် အရေးကြီးသည်။ သို့သော် ကဖိန်းဓာတ်သောက်သုံးမှုကို ရှောင်ရှား သင့်သည်။

Dr.Z

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image