ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ

ရာသီလာေနခ်ိန္ လစဥ္သံုးပစၥည္းကို တေန့တာလံုေလာက္ေအာင္မလဲရင္ ဘာေတြျဖစ္မလဲ

ေက်ာင္းသြား အလုပ္သြား အလုပ္ရွုပ္ျကတဲ့ ပ်ိုေမေတြဟာ လစဥ္ရာသီေသြးဆင္းခ်ိန္မွာ လစဥ္သံုးပစၥည္းကို လံုေလာက္ေအာင္ မလဲမိတာမ်ိုးဖစ္တတ္ပါတယ္……

လံုေလာက္ေအာင္လဲတယ္ဆိုတာဘာလဲ?

ေျခာက္နာရီျခားတခါလဲတာကိုဆိုလိုတာပါ……..ေသြးဆင္းမ်ားတဲ့ေန့ေတြမွာ ေလးနာရီျခားတစ္ခါလဲသင့္ပါတယ္။

မလဲရင္ဘာေတြျဖစ္မလဲ?

၁။ အေရျပားေျခာက္ကပ္ျပီး အနာျဖစ္မယ္

အရမ္းျကာသြားတဲ့အခါ ေျခာက္ပီး ပြန္းတာမ်ိုးုျဖစ္လို့ အေရျပားအနာေတြ ေပါက္နိုင္ပါတယ္။

၂။အနံ့ဆိုးထြက္မယ္။

ရာသီေသြးက အနံ့ဆုိးဆိုးရြားရြားထြက္တာ မဟုတ္ေပမယ့္ ပစၥည္းမလဲျဖစ္တဲ့အခါ ရာသီေသြးနဲ့ ခနၶာကိုယ္က ဘတ္တီးရီးယားေတြေပါင္းသြားျပီး ငါးညီွနံ့လို အနံ့ဆိုးဆိုးထြက္လာမွာပါ။

၃။ေရာဂါပိုး၀င္မယ္။

စိုစြတ္ပူေနြးေနတဲ့ လစဥ္သံုးပစၥည္းက ဘတ္တီးရီးယားေတြေပါက္ေစလို့ အနာေတြ အနီစက္ေတြျဖစ္ေစမယ့္အျပင္ ဆီးပိုး၀င္တာ ေက်ာက္ကပ္ထိခိုက္တာမ်ိုးေတြနဲ့ ေမြးလမ္းေျကာင္းပိုး၀င္တာေတြျဖစ္နိုင္မွာပါ။ဒီထက္ဆိုးလာတယ္ဆိုရင္ေတာ့ သားအိမ္ေရာင္ျခင္း၊သားသမီး မရတာေတြအထိျဖစ္နိုင္တာမို့ ေပါ့ဆလို့မရပါဘူး။

Tamponသံုးတယ္ဆိုရင္ေတာ့ ေသြးဆိပ္တက္တာအထိ(Toxic shock syndrome)ျဖစ္ေစနိုင္ပါတယ္။

ဒါေျကာင့္မို႕ သတိမမူ ဂူမျမင္ဆိုသလို မလိုလားအပ္တဲ့ ဆိုးက်ိဴးေတြ မျဖစ္ရေအာင္ သတိထားျပီးဂရုစိုက္ျကပါလို့ တိုက္တြန္းပါရေစ။

Dr.Aubrey Lai

Unicode Version

ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ

ကျောင်းသွား အလုပ်သွား အလုပ်ရှုပ်ကြတဲ့ ပျိုမေတွေဟာ လစဉ်ရာသီသွေးဆင်းချိန်မှာ လစဉ်သုံးပစ္စည်းကို လုံလောက်အောင် မလဲမိတာမျိုးဖစ်တတ်ပါတယ်……

လုံလောက်အောင်လဲတယ်ဆိုတာဘာလဲ?

ခြောက်နာရီခြားတခါလဲတာကိုဆိုလိုတာပါ……..သွေးဆင်းများတဲ့နေ့တွေမှာ လေးနာရီခြားတစ်ခါလဲသင့်ပါတယ်။

မလဲရင်ဘာတွေဖြစ်မလဲ?

၁။ အရေပြားခြောက်ကပ်ပြီး အနာဖြစ်မယ်

အရမ်းကြာသွားတဲ့အခါ ခြောက်ပီး ပွန်းတာမျိုးုဖြစ်လို့ အရေပြားအနာတွေ ပေါက်နိုင်ပါတယ်။

၂။အနံ့ဆိုးထွက်မယ်။

ရာသီသွေးက အနံ့ဆိုးဆိုးရွားရွားထွက်တာ မဟုတ်ပေမယ့် ပစ္စည်းမလဲဖြစ်တဲ့အခါ ရာသီသွေးနဲ့ ခန္ဓာကိုယ်က ဘတ်တီးရီးယားတွေပေါင်းသွားပြီး ငါးညှီနံ့လို အနံ့ဆိုးဆိုးထွက်လာမှာပါ။

၃။ရောဂါပိုးဝင်မယ်။

စိုစွတ်ပူနွေးနေတဲ့ လစဉ်သုံးပစ္စည်းက ဘတ်တီးရီးယားတွေပေါက်စေလို့ အနာတွေ အနီစက်တွေဖြစ်စေမယ့်အပြင် ဆီးပိုးဝင်တာ ကျောက်ကပ်ထိခိုက်တာမျိုးတွေနဲ့ မွေးလမ်းကြောင်းပိုးဝင်တာတွေဖြစ်နိုင်မှာပါ။ဒီထက်ဆိုးလာတယ်ဆိုရင်တော့ သားအိမ်ရောင်ခြင်း၊သားသမီး မရတာတွေအထိဖြစ်နိုင်တာမို့ ပေါ့ဆလို့မရပါဘူး။

Tamponသုံးတယ်ဆိုရင်တော့ သွေးဆိပ်တက်တာအထိ(Toxic shock syndrome)ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့ သတိမမူ ဂူမမြင်ဆိုသလို မလိုလားအပ်တဲ့ ဆိုးကျိူးတွေ မဖြစ်ရအောင် သတိထားပြီးဂရုစိုက်ကြပါလို့ တိုက်တွန်းပါရစေ။