ငုံးဥလို အသားအရည်မျိုး မဖြစ်ဖို့

ငံုးဥလို အသားအရည္မ်ိဳး မျဖစ္ဖို႔
အသားအရည္ဆိုတာ ျဖဴေဖြးနုထြတ္ေနမွ လွတာမဟုတ္ပါဘူူး။ညိဳစိမ့္စိမ့့္ေလးနဲ႔လည္း လွနိုင္ပါတယ္။စကားတစ္ခုေတာင္ ရိွပါေသးတယ္။ညိဳတဲ့သူလွရင္ ျဖဴတဲ့သူ လိုက္မမွီပါဘူးတဲ့။ဒါ အမွန္ပါပဲ။ျဖဴျဖဴညိဳညိဳ အသားအရည္စိုစိုေျပေျပ ညီညီညာညာေလးနဲ႔ဆို ၾကည့္လို႔အလြန္ေကာင္းပါတယ္။ဒါေပမဲ့ တခ်ိဳ႕က်ေတာ့ အသားက ပင္ကိုယ္ျဖဴပါရက္နဲ႔ မ်က္နွာျပင္ေပၚမွာ နဲနဲညိဳတိုတိုအကြက္ကေလးေတြ သမ္းေနတာမ်ိဳး  ပင္ကိုယ္အသားရည္ညိဳစိမ့္စိမ့္ေလးအေပၚမွာ အမဲကြက္ေလးေတြ ရိွေနတာမ်ိဳးေတြ ေတြ႔ရပါတယ္။ဒါမ်ိဳးကို အေရျပားအသားေရာင္ မညီတာလို႔ေခၚပါတယ္။ဘယ္ေလာက္ပဲ ျဖဴေဖြးနုထြတ္ပါေစဦးေတာ့ ဒီလိုမ်ိဳးအေရျပားအသားေရာင္ ညီညာမႈမရိွဘူးဆိုရင္ ၾကည့္ရတာအဆင္မေျပပါဘူး။
ဘာေၾကာင့္ ျဖစ္တာလဲ။

 

 

အေရျပားနဲ႔ဆံပင္ရဲ႕အေျခခံေရာင္ျခယ္ျဖစ္တဲ့ မယ္လနင္ (melanin) ေတြကို အဆမတန္ထုတ္လုပ္လာလို႔ပဲျဖစ္ပါတယ္။အဲဒီအခါ အေရျပားေပၚမွာ အညိဳကြက္အမဲကြက္ အညိဳစက္အမဲစက္ေလးေတြ ဟိုတကြက္ ဒီတစက္ေပၚလာၾကျပီး သင့္ကိုရိွရင္းစြဲထက္ အသက္၁၂ နွစ္ေလာက္ ပိုရင့္သြားေစပါတယ္။အေရျပားအသားေရာင္ မညီမႈကိုျဖစ္ေစနိုင္တဲ့အခ်က္ေတြကေတာ့
၁)ေနေရာင္နွင့္မၾကာခဏထိေတြ႔ျခင္
ေနေရာင္နဲ႔မၾကာမၾကာထိေတြ႔ေနရတဲ့အခါ ေနေရာင္မွာပါလာတဲ့ UV အလင္းတန္းေတြကို ကာကြယ္ဖို႔ အေရျပားက မယ္လနင္ေတြကို ပိုပိုျပီးထုတ္ပါတယ္။ဒီအခါမွာ အေရျပားေပၚမွာ အညိဳစက္ေတြ အမဲကြက္ေတြ ထြက္လာတတ္ပါတယ္။
၂)ေလထုညစ္ညမ္းျခင္း
ေန႔စဥ္လႈပ္ရွားသြားလာရင္း ကားလမ္းမေပၚက ညစ္ညမ္းတဲ့အခိုးအေငြ႔ေတြ အမႈန္အမႊားေတြနဲ႔ ထိေတြ႔ရတဲ့အခါ အမဲကြက္အမဲစက္ေတြဟာ အထူူးသျဖင့္ မ်က္နွာေပၚမွာ ထြက္လာတတ္ၾကပါတယ္။
၃)ေဟာ္မုန္းမ်ား
တင္းတိတ္လိုမ်ိဳး အမဲစက္အမဲကြက္ေတြဟာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ထြက္နိုင္ပါတယ္။ဥပမာ ကိုယ္ဝန္ေဆာင္တဲ့အခါမ်ိဳးမွာ သိပ္သိသာပါတယ္။တားေဆးေတြေသာက္ေနရတဲ့သူေတြမွာလည္း ဒီလို အသားအေရာင္မညီတာမ်ိဳး ၾကံဳရနိုင္ပါတယ္။
၄)အရည္အေသြးညံ့တဲ့မ်က္နွာျဖဴေဆးမ်ား
ျဖဴရင္လွျပီအထင္နဲ႔ ေတြ႔ကရာအလွအပ ပစၥည္းေတြစြတ္သံုးတဲ့အခါမ်ိဳးမွာလည္း မ်က္နွာအသားအရည္မညီမညာျဖစ္ကုန္တာမ်ိဳးေတြ ၾကံဳရနိုင္ပါတယ္။
၅)အမာရြတ္ကတဆင့္ မဲသြားတာ
ဝက္ျခံေပါက္ျပီးက်န္ခဲ့တဲ့အမာရြတ္ေတြ ထိခိုက္ဒဏ္ရာရျပီး က်န္ခဲ့တဲ့အမာရြတ္ေတြဟာ တေျဖးေျဖးမည္းသြားတတ္တာမို႔ အသားအေရာင္မညီတာမ်ိဳးျဖစ္ေစပါေသးတယ္။

 

 

အသားအေရာင္ညီေအာင္ ဘယ္လိုလုပ္မလဲ။
၁)ေနကာခရင္မ္(sunscreen) ေန႔စဥ္သံုးပါ။
၂)တစ္ပတ္တစ္ခါ မ်က္နွာဂ်ီးခြ်တ္ (exfoliation) ေပးပါ။
၃)သဘာဝအတိုင္း သစ္ပင္ပန္းမန္မ်ားမွ ေဖာ္စပ္ထားတဲ့ လိမ္းေဆးမ်ားသာအသံုးျပဳပါ။
၄)စိတ္ရွည္ပါ။အသားအေရာင္ ညီေအာင္ျပန္ညိွေပးဖို႔ဆိုတာ ျဗဳန္းခနဲဒိုင္းခနဲေတာ့ မရပါဘူး။အနည္းဆံုး နွစ္လကေန သံုးလေလာက္အခ်ိန္ေပးဖို႔လိုအပ္ပါတယ္။ဒါေၾကာင့္ စိတ္ရွည္ပါ။
ကဲ ဒီေလာက္ဆို အသားဆိုတာျဖဴဖို႔အေရးမၾကီးဘူး။ညီညာေခ်ာေမြ႔ေနဖို႔ပဲလိုတယ္ဆိုတာကို သေဘာေပါက္ေလာက္ျပီထင္ပါတယ္။ဒါေၾကာင့္ ညီညာေခ်ာေမြ႔တဲ့အသားအရည္ပိုင္ဆိုင္နိုင္ဖို႔ ၾကိဳးစားလ္ုက္ၾကပါစို႔။

 

Dr.KG

Unicode Version

ငုံးဥလို အသားအရည်မျိုး မဖြစ်ဖို့

အသားအရည်ဆိုတာ ဖြူဖွေးနုထွတ်နေမှ လှတာမဟုတ်ပါဘူူး။ညိုစိမ့်စိမ့်လေးနဲ့လည်း လှနိုင်ပါတယ်။စကားတစ်ခုတောင် ရှိပါသေးတယ်။ညိုတဲ့သူလှရင် ဖြူတဲ့သူ လိုက်မမှီပါဘူးတဲ့။ဒါ အမှန်ပါပဲ။ဖြူဖြူညိုညို အသားအရည်စိုစိုပြေပြေ ညီညီညာညာလေးနဲ့ဆို ကြည့်လို့အလွန်ကောင်းပါတယ်။ဒါပေမဲ့ တချို့ကျတော့ အသားက ပင်ကိုယ်ဖြူပါရက်နဲ့ မျက်နှာပြင်ပေါ်မှာ နဲနဲညိုတိုတိုအကွက်ကလေးတွေ သမ်းနေတာမျိုး  ပင်ကိုယ်အသားရည်ညိုစိမ့်စိမ့်လေးအပေါ်မှာ အမဲကွက်လေးတွေ ရှိနေတာမျိုးတွေ တွေ့ရပါတယ်။ဒါမျိုးကို အရေပြားအသားရောင် မညီတာလို့ခေါ်ပါတယ်။ဘယ်လောက်ပဲ ဖြူဖွေးနုထွတ်ပါစေဦးတော့ ဒီလိုမျိုးအရေပြားအသားရောင် ညီညာမှုမရှိဘူးဆိုရင် ကြည့်ရတာအဆင်မပြေပါဘူး။

ဘာကြောင့် ဖြစ်တာလဲ။

အရေပြားနဲ့ဆံပင်ရဲ့အခြေခံရောင်ခြယ်ဖြစ်တဲ့ မယ်လနင် (melanin) တွေကို အဆမတန်ထုတ်လုပ်လာလို့ပဲဖြစ်ပါတယ်။အဲဒီအခါ အရေပြားပေါ်မှာ အညိုကွက်အမဲကွက် အညိုစက်အမဲစက်လေးတွေ ဟိုတကွက် ဒီတစက်ပေါ်လာကြပြီး သင့်ကိုရှိရင်းစွဲထက် အသက်၁၂ နှစ်လောက် ပိုရင့်သွားစေပါတယ်။အရေပြားအသားရောင် မညီမှုကိုဖြစ်စေနိုင်တဲ့အချက်တွေကတော့

၁)နေရောင်နှင့်မကြာခဏထိတွေ့ခြင်း

နေရောင်နဲ့မကြာမကြာထိတွေ့နေရတဲ့အခါ နေရောင်မှာပါလာတဲ့ UV အလင်းတန်းတွေကို ကာကွယ်ဖို့ အရေပြားက မယ်လနင်တွေကို ပိုပိုပြီးထုတ်ပါတယ်။ဒီအခါမှာ အရေပြားပေါ်မှာ အညိုစက်တွေ အမဲကွက်တွေ ထွက်လာတတ်ပါတယ်။

၂)လေထုညစ်ညမ်းခြင်း

နေ့စဉ်လှုပ်ရှားသွားလာရင်း ကားလမ်းမပေါ်က ညစ်ညမ်းတဲ့အခိုးအငွေ့တွေ အမှုန်အမွှားတွေနဲ့ ထိတွေ့ရတဲ့အခါ အမဲကွက်အမဲစက်တွေဟာ အထူူးသဖြင့် မျက်နှာပေါ်မှာ ထွက်လာတတ်ကြပါတယ်။

၃)ဟော်မုန်းများ

တင်းတိတ်လိုမျိုး အမဲစက်အမဲကွက်တွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်နိုင်ပါတယ်။ဥပမာ ကိုယ်ဝန်ဆောင်တဲ့အခါမျိုးမှာ သိပ်သိသာပါတယ်။တားဆေးတွေသောက်နေရတဲ့သူတွေမှာလည်း ဒီလို အသားအရောင်မညီတာမျိုး ကြုံရနိုင်ပါတယ်။

၄)အရည်အသွေးညံ့တဲ့မျက်နှာဖြူဆေးများ

ဖြူရင်လှပြီအထင်နဲ့ တွေ့ကရာအလှအပ ပစ္စည်းတွေစွတ်သုံးတဲ့အခါမျိုးမှာလည်း မျက်နှာအသားအရည်မညီမညာဖြစ်ကုန်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

၅)အမာရွတ်ကတဆင့် မဲသွားတာ

ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့အမာရွတ်တွေ ထိခိုက်ဒဏ်ရာရပြီး ကျန်ခဲ့တဲ့အမာရွတ်တွေဟာ တဖြေးဖြေးမည်းသွားတတ်တာမို့ အသားအရောင်မညီတာမျိုးဖြစ်စေပါသေးတယ်။

အသားအရောင်ညီအောင် ဘယ်လိုလုပ်မလဲ။

၁)နေကာခရင်မ်(sunscreen) နေ့စဉ်သုံးပါ။
၂)တစ်ပတ်တစ်ခါ မျက်နှာဂျီးချွတ် (exfoliation) ပေးပါ။
၃)သဘာဝအတိုင်း သစ်ပင်ပန်းမန်များမှ ဖော်စပ်ထားတဲ့ လိမ်းဆေးများသာအသုံးပြုပါ။
၄)စိတ်ရှည်ပါ။အသားအရောင် ညီအောင်ပြန်ညှိပေးဖို့ဆိုတာ ဗြုန်းခနဲဒိုင်းခနဲတော့ မရပါဘူး။အနည်းဆုံး နှစ်လကနေ သုံးလလောက်အချိန်ပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် စိတ်ရှည်ပါ။

ကဲ ဒီလောက်ဆို အသားဆိုတာဖြူဖို့အရေးမကြီးဘူး။ညီညာချောမွေ့နေဖို့ပဲလိုတယ်ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ဒါကြောင့် ညီညာချောမွေ့တဲ့အသားအရည်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလ်ုက်ကြပါစို့။

Dr.KG