သားအိမ်ခြစ်ခဲ့ဖူးရင်

သားအိမ္ျခစ္ခဲ့ဖူးရင္

သားအိမ္ျခစ္တယ္ဆိုတာ သားအိမ္ေခါင္းအ၀ကို ကိရိယာ သို႔မဟုတ္ေဆး ေတြသံုးျပီး က်ယ္ေအာင္ခ်ဲ႕ကာ အထူးျပဳလုပ္ထားေသာ ဇြန္းလိုပံုစံရွိ ကိရိယာငယ္ေလး ထည္႔ျပီး သားအိမ္နံရံအတြင္းတစ္သွ်ဴးလႊာကို ျခစ္တာျဖစ္ပါတယ္။

ေဆးပညာအရေတာ႔ Dilatation and Curettage(D and C)လုပ္တယ္လို႔ ေခၚပါတယ္။

ဘာေၾကာင္႔သားအိမ္ျခစ္ရတာလဲ။

သားအိမ္ျခစ္ရျခင္းအေၾကာင္းေတြကအမ်ားၾကီးရွိနိုင္ပါတယ္။

စပ်စ္သီးသေႏၶတည္တာ သို႔မဟုတ္

ကိုယ္၀န္ပ်က္က်ျပီးေနာက္သားအိမ္ထဲမွာ သေႏၶသားအပိုင္းအစက်န္ေနခဲ႔တာ သို႔မဟုတ္

ကေလးေမြးျပီးေနာက္ သားအိမ္ထဲမွာ အခ်င္းရဲ႕အပိုင္းအစက်န္ေနခဲ႔တာေတြျဖစ္လို႔ အဲ႔တာေတြကို ဖယ္ရွားဖို႔အတြက္ သားအိမ္ ျခစ္ရနိုင္သလို

ရာသီမေပၚတာ၊ရာသီလာရမယ္႔ရက္မဟုတ္ဘဲၾကားရက္ေတြမွာေသြးဆင္းတာ၊ေသြးဆင္းမ်ားတာ၊ေသြးဆင္းရက္ၾကာတာ၊ေသြးဆံုးျပီးေနာက္ပိုင္းေသြးျပန္ဆင္းတာ စတဲ႔ အေျခအေနေတြမွာဆိုရင္လည္း ဘာေၾကာင္႔ျဖစ္မွန္းအေၾကာင္းရင္းကိုသိေအာင္ လုပ္တဲ႔စမ္းသပ္စစ္ေဆးမႈတခုအေနနဲ႔လည္း သားအိမ္ျခစ္တာလုပ္ရနိုင္ပါတယ္။

သားအိမ္ျခစ္တဲ႔အခါ ျခစ္မယ္႔ဆရာ၀န္က

ရိုးရိုးထံုေဆး၊ခါးဆစ္ရိုးထံုေဆး၊ေမ႔ေဆးအေပ်ာ႔စား ေတြထဲက လူနာနဲ႔သင္႔ေတာ္မယ္႔ တမ်ိဳးမ်ိဳးကို သံုးျပီးျခစ္ပါတယ္။

ၾကာခ်ိန္အေနနဲ႔ကေတာ႔ အမ်ားအားျဖင္႔ ၁၅ မိနစ္၊မိနစ္၂၀ေလာက္ပဲၾကာပါတယ္။

ဒါေပမယ္႔ ျခစ္ျပီးျပီးခ်င္းအိမ္ျပန္လို႔မရပါဘူး။ေဆးရံုမွာ ေန႔တပိုင္း သို႔မဟုတ္ တရက္ေလာက္ေတာ႔ ေနရတတ္ပါတယ္။

သားအိမ္ျခစ္ျပီးတဲ႔ေနာက္ မိန္းမကိုယ္ကနာက်င္ကိုက္ခဲတာ၊ေသြးအနည္းငယ္ဆင္းတာ ေတြကို ရက္အနည္းငယ္ၾကာသည္အထိ(အၾကမ္းအားျဖင္႔ ၁၀ရက္ေလာက္ထိ)ခံစားရနိုင္ပါတယ္။

သားအိမ္ျခစ္ျပီးတဲ႔အခါ သားအိမ္ေခါင္းနဲ႔သားအိမ္ကေရာင္ေနျပီး ပိုး၀င္နိုင္ေျခမ်ားတဲ႔အတြက္

အတူေနလိင္ဆက္ဆံျခင္းကို နွစ္ပတ္ေလာက္ေရွာင္ဖို႔လိုသလို ေသြးဆင္းတဲ႔အခါမွာ မိန္းမကိုယ္ထဲထည္႔သံုးရတဲ႔ Menstrual cup(ရာသီခံခြက္)၊Tampons(တန္ပြန္)ေတြသံုးတာကိုလည္း နွစ္ပတ္ခန္႔ေရွာင္ရပါမယ္။ေသြးဆင္းတဲ႔အခါ ဂြမ္းဖတ္(Pad)ပဲသံုးပါ။

သားအိမ္ျခစ္တဲ႔အခါ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္တာမ်ိဳးကေတာ႔ရွားပါတယ္။

သို႔ေသာ္တခါတရံမွာ ျခစ္ေနရင္းနဲ႔သားအိမ္ေပါက္တာ၊သားအိမ္ေခါင္းဒဏ္ရာရတာ

ေတြျဖစ္နိုင္သလို ျခစ္ျပီးေနာက္ပိုင္း ပိုး၀င္တာ၊ေသြးဆင္းမ်ားတာ၊ရက္ၾကာရွည္ေသြးဆင္းတာ၊သားအိမ္နံရံမွာအမာရြတ္တစ္သွ်ဴးေတြျဖစ္တာ စသျဖင္႔ ျဖစ္တတ္ပါတယ္။

သားအိမ္ျခစ္ျပီးေနာက္

အျပင္းဖ်ားတာ

နာက်င္ကိုက္ခဲမႈကတျဖည္းျဖည္းသက္သာမသြားဘဲပိုပိုဆိုးလာတာ

တနာရီျခားတခါ ဂြမ္းဖတ္လဲရေအာင္ ေသြးဆင္းတာကတအားမ်ားလာတာ

မိန္းမကိုယ္ကေန အနံ႕အသက္မေကာင္းတဲ႔အရည္ေတြဆင္းလာတာ

ေတြရွိပါက ခ်က္ခ်င္းေဆးခန္းျပန္ျပဖို႔လိုပါတယ္။

Dr 528

Unicode Vesion

သားအိမ်ခြစ်ခဲ့ဖူးရင်

သားအိမ်ခြစ်တယ်ဆိုတာ သားအိမ်ခေါင်းအဝကို ကိရိယာ သို့မဟုတ်ဆေး တွေသုံးပြီး ကျယ်အောင်ချဲ့ကာ အထူးပြုလုပ်ထားသော ဇွန်းလိုပုံစံရှိ ကိရိယာငယ်လေး ထည့်ပြီး သားအိမ်နံရံအတွင်းတစ်သျှူးလွှာကို ခြစ်တာဖြစ်ပါတယ်။

ဆေးပညာအရတော့ Dilatation and Curettage(D and C)လုပ်တယ်လို့ ခေါ်ပါတယ်။

ဘာကြောင့်သားအိမ်ခြစ်ရတာလဲ။

သားအိမ်ခြစ်ရခြင်းအကြောင်းတွေကအများကြီးရှိနိုင်ပါတယ်။

စပျစ်သီးသန္ဓေတည်တာ သို့မဟုတ်

ကိုယ်ဝန်ပျက်ကျပြီးနောက်သားအိမ်ထဲမှာ သန္ဓေသားအပိုင်းအစကျန်နေခဲ့တာ သို့မဟုတ်

ကလေးမွေးပြီးနောက် သားအိမ်ထဲမှာ အချင်းရဲ့အပိုင်းအစကျန်နေခဲ့တာတွေဖြစ်လို့ အဲ့တာတွေကို ဖယ်ရှားဖို့အတွက် သားအိမ် ခြစ်ရနိုင်သလို

ရာသီမပေါ်တာ၊ရာသီလာရမယ့်ရက်မဟုတ်ဘဲကြားရက်တွေမှာသွေးဆင်းတာ၊သွေးဆင်းများတာ၊သွေးဆင်းရက်ကြာတာ၊သွေးဆုံးပြီးနောက်ပိုင်းသွေးပြန်ဆင်းတာ စတဲ့ အခြေအနေတွေမှာဆိုရင်လည်း ဘာကြောင့်ဖြစ်မှန်းအကြောင်းရင်းကိုသိအောင် လုပ်တဲ့စမ်းသပ်စစ်ဆေးမှုတခုအနေနဲ့လည်း သားအိမ်ခြစ်တာလုပ်ရနိုင်ပါတယ်။

သားအိမ်ခြစ်တဲ့အခါ ခြစ်မယ့်ဆရာဝန်က

ရိုးရိုးထုံဆေး၊ခါးဆစ်ရိုးထုံဆေး၊မေ့ဆေးအပျော့စား တွေထဲက လူနာနဲ့သင့်တော်မယ့် တမျိုးမျိုးကို သုံးပြီးခြစ်ပါတယ်။

ကြာချိန်အနေနဲ့ကတော့ အများအားဖြင့် ၁၅ မိနစ်၊မိနစ်၂၀လောက်ပဲကြာပါတယ်။

ဒါပေမယ့် ခြစ်ပြီးပြီးချင်းအိမ်ပြန်လို့မရပါဘူး။ဆေးရုံမှာ နေ့တပိုင်း သို့မဟုတ် တရက်လောက်တော့ နေရတတ်ပါတယ်။

သားအိမ်ခြစ်ပြီးတဲ့နောက် မိန်းမကိုယ်ကနာကျင်ကိုက်ခဲတာ၊သွေးအနည်းငယ်ဆင်းတာ တွေကို ရက်အနည်းငယ်ကြာသည်အထိ(အကြမ်းအားဖြင့် ၁၀ရက်လောက်ထိ)ခံစားရနိုင်ပါတယ်။

သားအိမ်ခြစ်ပြီးတဲ့အခါ သားအိမ်ခေါင်းနဲ့သားအိမ်ကရောင်နေပြီး ပိုးဝင်နိုင်ခြေများတဲ့အတွက်

အတူနေလိင်ဆက်ဆံခြင်းကို နှစ်ပတ်လောက်ရှောင်ဖို့လိုသလို သွေးဆင်းတဲ့အခါမှာ မိန်းမကိုယ်ထဲထည့်သုံးရတဲ့ Menstrual cup(ရာသီခံခွက်)၊Tampons(တန်ပွန်)တွေသုံးတာကိုလည်း နှစ်ပတ်ခန့်ရှောင်ရပါမယ်။သွေးဆင်းတဲ့အခါ ဂွမ်းဖတ်(Pad)ပဲသုံးပါ။

သားအိမ်ခြစ်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တာမျိုးကတော့ရှားပါတယ်။

သို့သော်တခါတရံမှာ ခြစ်နေရင်းနဲ့သားအိမ်ပေါက်တာ၊သားအိမ်ခေါင်းဒဏ်ရာရတာ

တွေဖြစ်နိုင်သလို ခြစ်ပြီးနောက်ပိုင်း ပိုးဝင်တာ၊သွေးဆင်းများတာ၊ရက်ကြာရှည်သွေးဆင်းတာ၊သားအိမ်နံရံမှာအမာရွတ်တစ်သျှူးတွေဖြစ်တာ စသဖြင့် ဖြစ်တတ်ပါတယ်။

သားအိမ်ခြစ်ပြီးနောက်

အပြင်းဖျားတာ

နာကျင်ကိုက်ခဲမှုကတဖြည်းဖြည်းသက်သာမသွားဘဲပိုပိုဆိုးလာတာ

တနာရီခြားတခါ ဂွမ်းဖတ်လဲရအောင် သွေးဆင်းတာကတအားများလာတာ

မိန်းမကိုယ်ကနေ အနံ့အသက်မကောင်းတဲ့အရည်တွေဆင်းလာတာ

တွေရှိပါက ချက်ချင်းဆေးခန်းပြန်ပြဖို့လိုပါတယ်။

Dr 528