မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း

မိန္းမကိုယ္မွ အနံ႕ဆိုးထြက္ျခင္း

မိန္းမကိုယ္မွ အနံ႕ဆိုးထြက္ျခင္းဟာ အမ်ိဳးသမီးတိုင္း ၾကံဳရတတ္တဲ႔ ကိိစၥတခုျဖစ္ျပီး အမ်ိဳးသမီးေတြကို စိတ္ဒုကၡအေတာ္ေရာက္ေစတဲ႔ ကိစၥတခုလည္းျဖစ္ပါတယ္။

မိန္းမကိုယ္ဟာ အမ်ားအားျဖင္႔ ျပင္းျပမႈမရွိတဲ႔အသားနံ႕ခပ္ေပ်ာ႔ေပ်ာ႔ ရွိတတ္ပါတယ္။

တကိုယ္ေရသန္႔ရွင္းမႈအားနည္းတာ

အသန္႔အၾကိဳက္လြန္ျပီး မိန္းမကိုယ္ကို ဆပ္ျပာေမႊးေတြသံုးျပီးေဆးတာ၊သန္႔စင္ေဆးရည္ေတြအလြန္အကြ်ံသံုးတာ

ေခြ်းထြက္မ်ားတာ

ဓမၼတာဆင္းတာ

ဘက္တီးရီးယားပိုး၀င္တာ

မႈိပိုး၀င္တာ

မသန္႔ရွင္းတဲ႔လိင္ဆက္ဆံရာမွတဆင္႔ Ganorrhoea နဲ႔ Chlamydia ေရာဂါျဖစ္တာ

ရာသီလာတဲ႔အခါမိန္းမကိုယ္ထဲထည္႔သံုးရတဲ႔ တန္ပြန္(Tampon)ထည္႔ျပီး ျပန္ထုပ္ဖို႔ေမ႔တာ

မိန္းမကိုယ္ကင္ဆာျဖစ္တာ

သားအိမ္ေခါင္းကင္ဆာျဖစ္တာ

မိန္းမကိုယ္နဲ႔အူမၾကီးၾကားမွာပံုမွန္မဟုတ္တဲ႔လမ္းေၾကာင္းတခုျဖစ္ျပီးဆက္ေနတာ စတဲ႔အေၾကာင္းေတြေၾကာင္႔ မိန္းမကို္ယ္ကေန အနံ႕ဆိုးေတြထြက္နိုင္ပါတယ္။

မိန္းမကိုယ္ကအနံ႕ဆိုးထြက္တိုင္း အရမ္းစိုးရိမ္စရာမလိုပါ။

ဓမၼတာလာေနစဥ္မွာ သတၳဳနံ႕ သို႔မဟုတ္ သံအနံ႕ ထြက္ေလ႔ရွိျပီး လိင္ဆက္ဆံျပီးအခ်ိန္မွာလည္း ညီွစို႔စို႔အနံ႔ ထြက္နိုင္ပါတယ္။

ဓမၼတာလာေနစဥ္အနံ႕ထြက္တာက လစဥ္သံုးဂြမ္းထုပ္ကို မၾကာခဏလဲလွယ္ေပးတာ၊သန္႔ရွင္းေျခာက္ေသြ႔ျပီး ေလ၀င္ေလထြက္ေကာင္းတဲ႔အတြင္းခံ၀တ္တာေတြလုပ္ေပးျခင္းျဖင္႔ သက္သာနိုင္ျပီး ဓမၼတာလာတာျပီးတဲ႔အခါမွာ အနံ႕ေပ်ာက္သြားပါတယ္။

လိင္ဆက္ဆံျပီးခ်ိန္ညီွစို႔စို႔အနံ႔ထြက္တာကလည္း ေရေဆးလိုက္ပါက အနံ႔သက္သာနိုင္ျပီး နာရီအနည္းငယ္ၾကာရင္ အနံ႕ေပ်ာက္သြားတတ္ပါတယ္။

တကယ္လို႔ မိန္းမကိုယ္က အနံ႔ဆိုးထြက္တာက အခ်ိန္ၾကာတဲ႔အထိမေပ်ာက္ဘူး၊ပိုပိုအနံ႕ျပင္းလာတယ္

ငါးညီွနံ႕လိုအနံ႕လည္းထြက္လာတယ္၊အျဖဴအဆင္းမ်ားတာ၊ဆင္းတဲ႔အျဖဴထဲအျဖဴဖတ္ေတြပါလာတာ၊စိမ္း၀ါေရာင္သမ္းျပီးအျမဳပ္ထတဲ႔အျဖဴေတြဆင္းတာ၊မိန္းမကိုယ္ယားတာ၊နာတာ၊ဆီးစပ္ေတြကိုက္တာ စတဲ႔ လကၡဏာေတြပါ တြဲျဖစ္တယ္ဆိုရင္ေတာ႔ စိုးရိမ္ရပါတယ္။ဆရာ၀န္နဲ႔ျပသစမ္းသပ္ျပီး ေသခ်ာကုဖို႔လိုပါတယ္။

မိန္းမကိုယ္အနံ႕ဆိုးထြက္ျခင္း ျဖစ္နိုင္ေျခနည္းေအာင္ေအာက္ပါအခ်က္မ်ားကိုဂရုစိုက္လိုက္နာပါ။

ေလ၀င္ေလထြက္ေကာင္းေသာ ခ်ည္သားအတြင္းခံကိုပဲ၀တ္ပါ။တအားၾကပ္တဲ႔ဆုိက္(size)ေတြမ၀တ္ပါနဲ႔။ခပ္ေခ်ာင္ေခ်ာင္ကိုသာ၀တ္ပါ။တေန႔တထည္လဲပါ။ စိုထိုင္းတာမ်ားရင္ တေန႔တထည္ထက္ပိုျပီး လဲပါ။

ညအိပ္တဲ႔အခါ အတြင္းခံမ၀တ္ပါနဲ႔။

အတြင္းခံကို ေသခ်ာေလွ်ာ္ဖြတ္ျပီး ေနေရာင္ေကာင္းစြာရတဲ႔ေနရာမွာေနပူလွမ္းပါ သို႔မဟုတ္ မီးပူတိုက္ပါ။

၀မ္းမခ်ဳပ္ပါေစနဲ႔

ဆီးသြားျပီးတဲ႔အခါတိုင္းမိန္းမကိုယ္ကိုေရနဲ႔သန္႔စင္ေအာင္ေဆးျပီး အ၀တ္သန္႔ သို႔မဟုတ္ စကၠဴသန္႔နဲ႔ေျခာက္ေအာင္သုတ္ပါ။ဆပ္ျပာေမႊးေတြသံုးျပီးေဆးတာ၊မိန္းမကိုယ္ကိုအေမႊးနံ႕သာေတြဖ်န္းတာ၊လိမ္းတာေတြ မလုပ္ပါနဲ႔။

မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြ သံုးမယ္ဆိုရင္လည္း တေန႔ တၾကိမ္ထက္ပိုမသံုးပါနဲ႔။

အိမ္သာတက္ပီး ခ်ီးကုန္းတဲ႔အခါ လက္က ေရွ႔ဘက္ကေန ေနာက္စအိုရွိရာဘက္သို႔ ဦးတည္ရာတဖက္တည္းကိုပဲသြားပါ ေနာက္ကေန ေရွ႔ျပန္မလာပါနဲ႔။

အိမ္ေထာင္ရွိပါက အတူေနလိင္ဆက္ဆံျပီးတိုင္းမွာ မိန္းမကိုယ္ကိုေရနဲ႔ေသခ်ာေဆးပါ။

ဓမၼတာဆင္းေနတဲ႔အခ်ိန္မွာ ေရမခ်ိဳးဘဲေနတာမ်ိဳးမလုပ္ပါနဲ႔။ေန႔စဥ္မွန္မွန္ေရခ်ိဳးသင္႔ပါတယ္။ရာသီလာေနစဥ္သံုးတဲ႔ လစဥ္သံုးဂြမ္းထုပ္ကိုလည္း တအားစိုရြဲမွလဲလွယ္တာမ်ိဳးမလုပ္ဘဲ

မၾကာခဏလဲေပးပါ။

ဒိန္ခ်ဥ္မၾကာခဏစားေပးပါ။

Dr 528

Unicode Version

မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း

မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်းဟာ အမျိုးသမီးတိုင်း ကြုံရတတ်တဲ့ ကိစ္စတခုဖြစ်ပြီး အမျိုးသမီးတွေကို စိတ်ဒုက္ခအတော်ရောက်စေတဲ့ ကိစ္စတခုလည်းဖြစ်ပါတယ်။

မိန်းမကိုယ်ဟာ အများအားဖြင့် ပြင်းပြမှုမရှိတဲ့အသားနံ့ခပ်ပျော့ပျော့ ရှိတတ်ပါတယ်။

တကိုယ်ရေသန့်ရှင်းမှုအားနည်းတာ

အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်ကို ဆပ်ပြာမွှေးတွေသုံးပြီးဆေးတာ၊သန့်စင်ဆေးရည်တွေအလွန်အကျွံသုံးတာ

ချွေးထွက်များတာ

ဓမ္မတာဆင်းတာ

ဘက်တီးရီးယားပိုးဝင်တာ

မှိုပိုးဝင်တာ

မသန့်ရှင်းတဲ့လိင်ဆက်ဆံရာမှတဆင့် Ganorrhoea နဲ့ Chlamydia ရောဂါဖြစ်တာ

ရာသီလာတဲ့အခါမိန်းမကိုယ်ထဲထည့်သုံးရတဲ့ တန်ပွန်(Tampon)ထည့်ပြီး ပြန်ထုပ်ဖို့မေ့တာ

မိန်းမကိုယ်ကင်ဆာဖြစ်တာ

သားအိမ်ခေါင်းကင်ဆာဖြစ်တာ

မိန်းမကိုယ်နဲ့အူမကြီးကြားမှာပုံမှန်မဟုတ်တဲ့လမ်းကြောင်းတခုဖြစ်ပြီးဆက်နေတာ စတဲ့အကြောင်းတွေကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။

မိန်းမကိုယ်ကအနံ့ဆိုးထွက်တိုင်း အရမ်းစိုးရိမ်စရာမလိုပါ။

ဓမ္မတာလာနေစဉ်မှာ သတ္ထုနံ့ သို့မဟုတ် သံအနံ့ ထွက်လေ့ရှိပြီး လိင်ဆက်ဆံပြီးအချိန်မှာလည်း ညှီစို့စို့အနံ့ ထွက်နိုင်ပါတယ်။

ဓမ္မတာလာနေစဉ်အနံ့ထွက်တာက လစဉ်သုံးဂွမ်းထုပ်ကို မကြာခဏလဲလှယ်ပေးတာ၊သန့်ရှင်းခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့အတွင်းခံဝတ်တာတွေလုပ်ပေးခြင်းဖြင့် သက်သာနိုင်ပြီး ဓမ္မတာလာတာပြီးတဲ့အခါမှာ အနံ့ပျောက်သွားပါတယ်။

လိင်ဆက်ဆံပြီးချိန်ညှီစို့စို့အနံ့ထွက်တာကလည်း ရေဆေးလိုက်ပါက အနံ့သက်သာနိုင်ပြီး နာရီအနည်းငယ်ကြာရင် အနံ့ပျောက်သွားတတ်ပါတယ်။

တကယ်လို့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာက အချိန်ကြာတဲ့အထိမပျောက်ဘူး၊ပိုပိုအနံ့ပြင်းလာတယ်

ငါးညှီနံ့လိုအနံ့လည်းထွက်လာတယ်၊အဖြူအဆင်းများတာ၊ဆင်းတဲ့အဖြူထဲအဖြူဖတ်တွေပါလာတာ၊စိမ်းဝါရောင်သမ်းပြီးအမြုပ်ထတဲ့အဖြူတွေဆင်းတာ၊မိန်းမကိုယ်ယားတာ၊နာတာ၊ဆီးစပ်တွေကိုက်တာ စတဲ့ လက္ခဏာတွေပါ တွဲဖြစ်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး သေချာကုဖို့လိုပါတယ်။

မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း ဖြစ်နိုင်ခြေနည်းအောင်အောက်ပါအချက်များကိုဂရုစိုက်လိုက်နာပါ။

လေဝင်လေထွက်ကောင်းသော ချည်သားအတွင်းခံကိုပဲဝတ်ပါ။တအားကြပ်တဲ့ဆိုက်(size)တွေမဝတ်ပါနဲ့။ခပ်ချောင်ချောင်ကိုသာဝတ်ပါ။တနေ့တထည်လဲပါ။ စိုထိုင်းတာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။

ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။

အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့နေရာမှာနေပူလှမ်းပါ သို့မဟုတ် မီးပူတိုက်ပါ။

ဝမ်းမချုပ်ပါစေနဲ့

ဆီးသွားပြီးတဲ့အခါတိုင်းမိန်းမကိုယ်ကိုရေနဲ့သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ခြောက်အောင်သုတ်ပါ။ဆပ်ပြာမွှေးတွေသုံးပြီးဆေးတာ၊မိန်းမကိုယ်ကိုအမွှေးနံ့သာတွေဖျန်းတာ၊လိမ်းတာတွေ မလုပ်ပါနဲ့။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးမယ်ဆိုရင်လည်း တနေ့ တကြိမ်ထက်ပိုမသုံးပါနဲ့။

အိမ်သာတက်ပီး ချီးကုန်းတဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲသွားပါ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။

အိမ်ထောင်ရှိပါက အတူနေလိင်ဆက်ဆံပြီးတိုင်းမှာ မိန်းမကိုယ်ကိုရေနဲ့သေချာဆေးပါ။

ဓမ္မတာဆင်းနေတဲ့အချိန်မှာ ရေမချိုးဘဲနေတာမျိုးမလုပ်ပါနဲ့။နေ့စဉ်မှန်မှန်ရေချိုးသင့်ပါတယ်။ရာသီလာနေစဉ်သုံးတဲ့ လစဉ်သုံးဂွမ်းထုပ်ကိုလည်း တအားစိုရွဲမှလဲလှယ်တာမျိုးမလုပ်ဘဲ

မကြာခဏလဲပေးပါ။

ဒိန်ချဉ်မကြာခဏစားပေးပါ။

Dr 528