အပျိုအအို ဘယ်လိုခွဲကြမလဲ
အပ်ိဳအအိုု ဘယ္လိုုခြဲၾကမလဲ
(6)ရာသီမမှန်ခြင်း
Dr.Pyae Shin
Unicode Version
အပျိုအအို ဘယ်လိုခွဲကြမလဲ
အပျိုစစ်မစစ် ဘယ်လိုခွဲမလဲ။တကယ်လက်တွေ့မှာတော့ ခွဲခြားဖို့ခက်ပါတယ်။ဒါပေမယ့် အချို့အချက်လေးတွေတော့ ဒိုင်လျိုလေးတွေရှိပါတယ်။အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံပြီးနောက် ဘာတွေပြောင်းလဲသွားလဲ ဆိုတာတော့ သင်သိခွင့်ရပါတယ်။အမျိုးသမီးတစ်ယောက် အပျိုစစ်စစ်မှ လိင်ဆက်ဆံပြီးနောက် ကိုယ်ခန္ဓာအစိတိအပိုင်းအချို့ ပြောင်းလဲမူကို သင်တွေ့ရှိနိုင်ပါလိမ့်မယ်။
လူအများလက်ခံယုံကြည်ထားသလို အပျိုစစ်စစ်နှင့် အအိုအမျိုးသမီးကို ခွဲခြားမှုတွင် ပြင်ပကိုယ်ခန္ဓာသွင်ပြင်ပြောင်းလဲမှုလက္ခဏာများဖြင့်သာ ခွဲခြားနိူင်သည်ဟု ထင်ခဲ့ကြပါတယ်။အအိုအမျိုးသမီးတစ်ယောက်သည် ရင်သားများကြီးထွားပြီး တင်းပါးရိုးခွင်ကျယ်လာသည်ဟု သတ်မှတ်ထားမှုသည် တကယ်တော့ မဟုတ်ပါ။လိင်ဆက်ဆံခြင်းသည် အမျိုးသမီးရဲ့ပြင်ပကိုယ်ခန္ဓာပုံစံအပေါ်သက်ရောက်မှုမရှိတတ်ပါ။
အမျိုးသမီးငယ်သည် အပျိုဖော်ဝင်စ တရှိန်ထိုးကိုယ်ခန္ဓာဖွံဖြိုးလာမှုအပေါ် လိင်ဆက်ဆံမှုရှိခဲ့သူဟူရျ် တသတ်မှတ်တည်းပြောမရပါ။အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံမှုပြုပြီးနောက် ကိုယ်ခန္ဓာပြောင်းလဲလာမှုရှိသည်ဟု ပြောနိုင်သောအချက်တစ်ချက်မှာ ကိုယ်ဝန်ရှိလာသောကြောင့် ကိုယ်ခန္ဓာကောက်ကြောင်း ပြောင်းလဲသွားသည်ဟူသောအချက်သာဖြစ်ပါတယ်။
(1)ရင်သားများ ပိုမိုတင်းရင်းလာခြင်း
လိင်ဆက်ဆံခြင်းအပြုအမူသည် ဦးနှောက်အာရုံကြောအဖွဲ့အစည်းကို လူံ့ဆော်မှုဖြစ်စေပြီး ကိုယ်တွင်းပြောင်းလဲမှုများကိုဖြစ်စေပါတယ်။သွေးကြောများ လှုံဆော်မှုများပြီး ရင်သားများပိုမိုဖောင်းတင်းလာပါတယ်။ရင်သားများသည် လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက် ၂၅ရာခိုင်နူန်းခန့်ပိုမိုကြီးမားလာပါလိမ့်မယ်။အရွယ်အစားနှင့်တင်းရင်းမှုသည် လိင်စိတ်ခံစားမူအခြေအနေပေါ်တွင်လည်းမူတည်ပါတယ်။ရင်သားများပိုမိုတင်းရင်းပြီး နို့သီးခေါင်းများပိုမိုပေါ်လွင်လာပါတယ်။
(2)နို့သီးခေါင်းများ ပိုမိုပေါ်လွင်လာခြင်း
လိင်ဆက်ဆံမှုပိုမိုများပြားလာသောအခါနို့သီးခေါင်းနှင့်အနီးတဝိုက်နေရာသို့ သွေးလည်ပတ်မှုပိုမိုစေပါတယ်။ထိုအခါ သွေးကြောတင်းရင်းလာသောအခါ နို့သီးခေါင်းများ မာလာပြီးပိုမိုပေါ်လွင်လာစေပါတယ်။လိင်စိတ်ခံစားမှုပြင်းထန်ချိန်တွင် နို့သီးခေါင်းသည် ပိုမိုလှုံ့ဆော်မှုများလာစေပါတယ်။
(3)စိတ်ပျော်ရွှင်ခြင်း
လိင်ဆက်ဆံစဉ်ထွက်သောဟော်မုန်းကြောင့် အမျိုးသမီးများသည် ပျော်ရွှင်မှု၊စိတ်ကျေနပ်မှုအခြေအနေများခံစားရနိုင်ပါတယ်။မိမိကိုယ်မိမိယုံကြည်မူတိုးစေပါတယ်။
(4)မိန်းမကိုယ်ပြောင်းလဲမှုများ
လိင်ဆက်ဆံမှုပြီးနောက် မိန်းမကိုယ်သည် သားရေကွင်းကဲ့သို့ ကျုံ့ဆန့်မှုပိုမိုပြုလုပ်နိုင်စွမ်းရှိလာပါတယ်။
(5)မိန်းမကိုယ်အရည်ပိုထွက်ခြင်း
လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှအရည်ပိုမိုထွက်ခြင်းဖြစ်စေပြီး ထိုသို့စိုစွတ်မှုသည် မိန်းမကိုယ်အတွင်းပိုးမွှားဝင်ရောက်မှုကာကွယ်နိုင်ပြီး အခြားသူအပေါ်စိတ်ကျေနပ်မှုပေးနိုင်ပါတယ်။
(6)ရာသီမမှန်ခြင်း
လိင်ဆက်ဆံပြီးနောက် ဟော်မုန်းပြောင်းလဲမှုဖြစ်ပြီး အဆိုပါပြောင်းလဲမှုကြောင့် အကောင်းအဆိုးဒွန်တွဲ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ရင်သားနာကျင်မှု နှင့် ရာသီမမှန်မှုများဖြစ်လာနိုင်ပါတယ်။ရာသီမမှန်မှုသည် ကိုယ်ဝန်တားဆေးများသောက်သုံးခြင်းကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။
(7)သွေးဆုံးခါနီးကဲ့သို့ခံစားရခြင်း
အမျိုးသမီးများသည် လိင်ဆက်ဆံပြီးနောက် ယာယီအားဖြင့် သွေးဆုံးခါနီးကဲ့သို့ ပျို့အန်ချင်သကဲ့သို့ဖြစ်ခြင်း၊မူးမောခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။ထို့ကြောင့်အချို့သူများသည် မိမိတွင်ကိုယ်ဝန်ရှိသယောင် ထင်မှတ်မှားကာအထူးစိုးရိမ်တတ်ကြပါတယ်။