နို့သီးခေါင်း ဘာလို့မည်းရတယ် 

နိုု႔သီးေခါင္း ဘာလိုု႔မည္းရတယ္ 

ပ်ိဳေဖာ္ဝင္တဲ့အခ်ိန္ (Puberty) နဲ႔ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ (Pregnancy)တို႔မွာ အမ်ိဳးသမီးေတြရဲ႕ရင္သားမွာ အေျပာင္းအလဲေတြရိွလာပါတယ္။ႏို႔သီးေခါင္းရဲ႕ ပတ္ပတ္လည္က Areola လို႔ ေခၚတဲ့ အေရျပားရဲ႕အေရာင္ဟာ အညိဳေရာင္(သို႔မဟုတ္)အမည္းေရာင္ေျပာင္းလာျပီး နို႔သီးေခါင္းေတြပါ မည္းသြားတတ္ပါတယ္။ဒါမ်ိဳး နို႔သီးေခါင္းအေရာင္ေျပာင္းတာဟာ မ်ားေသာအားျဖင့္ ပံုမွန္ပဲဆိုေပမဲ့ တခ်ိဳ႕အေျခအေနေတြမွာေတာ့ ေဆးကုသမႈခံယူဖို႔ လိုအပ္နိုင္ပါတယ္။ဒီေဆာင္းပါးမွာေတာ့ နို႔သီးေခါင္းမည္းရတဲ့အေၾကာင္းအရင္းတခ်ိဳ႕ကို တင္ျပေပးသြားမွာပါ။

၁)ကိုယ္ဝန္တားေဆးမ်ားေသာက္ျခင္း

ေသာက္သံုးရတဲ့ ကိုယ္ဝန္တားေဆးေတြမွာ Oestrogen နဲ႔ Progesterone စတဲ့ ေဟာ္မုန္းေတြပါပါတယ္။ေဆးေသာက္သူအခ်ိဳ႕ရဲ႕ မ်က္နွာမွာ တင္းတိတ္လို႔ေခၚတဲ့အမည္းကြက္ကေလးေတြ ထြက္တတ္ပါတယ္။ဒါ့အျပင္ နို႔သီးေခါင္းနဲ႔အနားတဝိုက္မွာရိွတဲ့အေရျပားေတြကိုလည္း မည္းေစပါတယ္။ဒါေပမဲ့ေဆးေသာက္တာကို ရပ္လိုက္ရင္ေတာ့ ပံုမွန္ျပန္ျဖစ္တယ္လို႔ ဆိုပါတယ္။

၂)ပ်ိဳေဖာ္ဝင္အရြယ္ေရာက္ျခင္း(Puberty)

အမ်ိဳးသမီးေတြပ်ိဳေဖာ္ဝင္အရြယ္ေရာက္တဲ့အခါ သားဥအိမ္ကေန Oestrogen ဆိုတဲ့ ေဟာ္မုန္းကို ထုတ္ေပးပါတယ္။အဲဒီေဟာ္မုန္းေၾကာင့္ ရင္သားေတြၾကီးထြားဖြံ႔ၿဖိဳးလာၾကပါတယ္။ၾကီးထြားလာတာနဲ႔အတူတူ ျမဳပ္ေနတဲ့နို႔သီးေခါင္းေလးေတြအေပၚကို ေထာင္တက္လာျပီး အညိဳေရာင္(သို႔မဟုတ္)အမည္းေရာင္သမ္းလာပါတယ္။

၃)ကိုယ္ဝန္ေဆာင္ျခင္း

ရင္ေသြးငယ္ကို ဗိုက္ထဲမွာလြယ္ထားကတည္းက မိခင္ရဲ႕ရင္သားဟာ ေျပာင္းလဲမႈေတြစတင္ျဖစ္ေပၚစျပဳပါျပီ။Oestrogen နဲ႔ Progesterone ကို အရင္ကထက္ပိုျပီးထုတ္လာတဲ့အတြက္ နို႔သီးေခါင္းအေရာင္ေလးေတြပါ မည္းလာပါတယ္။မီးဖြားအျပီး နို႔တိုက္တဲ့ကာလျပီးရင္ေတာ့ နဂိုအေရာင္ျပန္ျဖစ္သြားပါတယ္။

၄)နို႔တိုက္ျခင္း

အထက္မွာလိုပါပဲ။ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ နို႔သီးေခါင္းေလးေတြ မည္းလာပါတယ္။ေနာက္တခုက ေမြးကင္းစေလးေတြမွာ အျမင္အာရံုခ်ိဳ႕တဲ့တာေၾကာင့္ နို႔စို႔တဲ့အခါျမင္သာထင္သာရိွေအာင္ မည္းမည္းေလးေတြ ျဖစ္သြားတာလို႔လည္း ဆိုပါတယ္။သူလည္း နို႔မတိုက္ေတာ့တဲ့အခါက် ပံုမွန္ျပန္ျဖစ္သြားပါတယ္။

၅)နို႔သီးေခါင္းနားတြင္ အေမႊးေပါက္ျခင္း

နို႔သီးေခါင္းနားမွာ အေမြးနုနုေလးေတြ ေပါက္တာ မထူးဆန္းပါဘူး။ဒါေပမဲ့ နို႔သီးေခါင္းနဲ႔ခပ္နီးနီးမွာ အေမြးနက္နက္ေလးေတြေပါက္ရင္ေတာ့ နို႔သီးေခါင္းပါ မည္းလာတတ္ပါသတဲ့။

၆)ရာသီလာျခင္း

ရာသီလာတဲ့အခ်ိန္ေတြမွာ ရင္သားတင္းတာ ၾကီးလာတာ ထိရင္နာတာေတြ ျဖစ္တတ္တဲ့အျပင္ နို႔သီးေခါင္းေလးေတြလည္း အနည္းငယ္ပိုမည္းလာတတ္ပါတယ္။က်န္တဲ့အခ်ိန္ေတြမွာေတာ့ ပံုမွန္ပါပဲ။

၇)ကင္ဆာ

Paget’s Disease ဆိုတာ ရွားပါးတဲ့ရင္သားကင္ဆာတမ်ိဳးျဖစ္ျပီး နို႔သီးေခါင္းနားကေန စျဖစ္တတ္ပါတယ္။ေရာဂါရဲ႕ ကနဦးလကၡဏာေတြက

– နို႔သီးေခါင္း မည္းလာမယ္။ျပားလာမယ္။
-အဝါ သို႔ ေသြးလိုအရည္ေတြထြက္မယ္။
-နို႔သီးေခါင္းတဝိုက္အေရျပားဟာ ေျခာက္ၾကမ္းၾကမ္းၾကီးျဖစ္ျပီး အျဖဴကြက္ေတြထလာမယ္။
-နို႔သီးေခါင္းဟာ တင္းျပီး ယားေနမယ္။

လူငယ္ေတြထက္ လူၾကီးေတြမွာ ပိုျဖစ္ေလ့ရိွပါတယ္။ဒီလကၡဏာေတြ ၾကံဳရင္ေတာ့ ေဆးခန္းျပဖို႔ လိုလာပါျပီ။

အခုေျပာခဲ့တဲ့ နို႔သီးေခါင္းမည္းရတဲ့အခ်က္ေတြထဲမွာ ေနာက္ဆံုးတခ်က္ကလြဲလို႔ က်န္တဲ့အခ်က္ေတြြက သဘာဝျဖစ္စဥ္ေတြမို႔ သိပ္ျပီး စိတ္ပူစရာမရိွပါဘူး။တကယ္လို႔ ေနာက္ဆံုးေျပာခဲ့တဲ့အခ်က္နဲ႔ သံသယဝင္စရာေတြျဖစ္လာရင္ေတာ့ ေဆးရံုေဆးခန္းျပဖို႔ မေနွာင့္ေနွးၾကဖို႔ အၾကံေပးလိုက္ပါရေစ။

Dr.KG

Unicode Version

နို့သီးခေါင်း ဘာလို့မည်းရတယ်

ပျိုဖော်ဝင်တဲ့အချိန် (Puberty) နဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန် (Pregnancy)တို့မှာ အမျိုးသမီးတွေရဲ့ရင်သားမှာ အပြောင်းအလဲတွေရှိလာပါတယ်။နို့သီးခေါင်းရဲ့ ပတ်ပတ်လည်က Areola လို့ ခေါ်တဲ့ အရေပြားရဲ့အရောင်ဟာ အညိုရောင်(သို့မဟုတ်)အမည်းရောင်ပြောင်းလာပြီး နို့သီးခေါင်းတွေပါ မည်းသွားတတ်ပါတယ်။ဒါမျိုး နို့သီးခေါင်းအရောင်ပြောင်းတာဟာ များသောအားဖြင့် ပုံမှန်ပဲဆိုပေမဲ့ တချို့အခြေအနေတွေမှာတော့ ဆေးကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ နို့သီးခေါင်းမည်းရတဲ့အကြောင်းအရင်းတချို့ကို တင်ပြပေးသွားမှာပါ။

၁)ကိုယ်ဝန်တားဆေးများသောက်ခြင်း

သောက်သုံးရတဲ့ ကိုယ်ဝန်တားဆေးတွေမှာ Oestrogen နဲ့ Progesterone စတဲ့ ဟော်မုန်းတွေပါပါတယ်။ဆေးသောက်သူအချို့ရဲ့ မျက်နှာမှာ တင်းတိတ်လို့ခေါ်တဲ့အမည်းကွက်ကလေးတွေ ထွက်တတ်ပါတယ်။ဒါ့အပြင် နို့သီးခေါင်းနဲ့အနားတဝိုက်မှာရှိတဲ့အရေပြားတွေကိုလည်း မည်းစေပါတယ်။ဒါပေမဲ့ဆေးသောက်တာကို ရပ်လိုက်ရင်တော့ ပုံမှန်ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။

၂)ပျိုဖော်ဝင်အရွယ်ရောက်ခြင်း(Puberty)

အမျိုးသမီးတွေပျိုဖော်ဝင်အရွယ်ရောက်တဲ့အခါ သားဥအိမ်ကနေ Oestrogen ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။အဲဒီဟော်မုန်းကြောင့် ရင်သားတွေကြီးထွားဖွံ့ဖြိုးလာကြပါတယ်။ကြီးထွားလာတာနဲ့အတူတူ မြုပ်နေတဲ့နို့သီးခေါင်းလေးတွေအပေါ်ကို ထောင်တက်လာပြီး အညိုရောင်(သို့မဟုတ်)အမည်းရောင်သမ်းလာပါတယ်။

၃)ကိုယ်ဝန်ဆောင်ခြင်း

ရင်သွေးငယ်ကို ဗိုက်ထဲမှာလွယ်ထားကတည်းက မိခင်ရဲ့ရင်သားဟာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်စပြုပါပြီ။Oestrogen နဲ့ Progesterone ကို အရင်ကထက်ပိုပြီးထုတ်လာတဲ့အတွက် နို့သီးခေါင်းအရောင်လေးတွေပါ မည်းလာပါတယ်။မီးဖွားအပြီး နို့တိုက်တဲ့ကာလပြီးရင်တော့ နဂိုအရောင်ပြန်ဖြစ်သွားပါတယ်။

၄)နို့တိုက်ခြင်း

အထက်မှာလိုပါပဲ။ဟော်မုန်းအပြောင်းအလဲကြောင့် နို့သီးခေါင်းလေးတွေ မည်းလာပါတယ်။နောက်တခုက မွေးကင်းစလေးတွေမှာ အမြင်အာရုံချို့တဲ့တာကြောင့် နို့စို့တဲ့အခါမြင်သာထင်သာရှိအောင် မည်းမည်းလေးတွေ ဖြစ်သွားတာလို့လည်း ဆိုပါတယ်။သူလည်း နို့မတိုက်တော့တဲ့အခါကျ ပုံမှန်ပြန်ဖြစ်သွားပါတယ်။

၅)နို့သီးခေါင်းနားတွင် အမွှေးပေါက်ခြင်း

နို့သီးခေါင်းနားမှာ အမွေးနုနုလေးတွေ ပေါက်တာ မထူးဆန်းပါဘူး။ဒါပေမဲ့ နို့သီးခေါင်းနဲ့ခပ်နီးနီးမှာ အမွေးနက်နက်လေးတွေပေါက်ရင်တော့ နို့သီးခေါင်းပါ မည်းလာတတ်ပါသတဲ့။

၆)ရာသီလာခြင်း

ရာသီလာတဲ့အချိန်တွေမှာ ရင်သားတင်းတာ ကြီးလာတာ ထိရင်နာတာတွေ ဖြစ်တတ်တဲ့အပြင် နို့သီးခေါင်းလေးတွေလည်း အနည်းငယ်ပိုမည်းလာတတ်ပါတယ်။ကျန်တဲ့အချိန်တွေမှာတော့ ပုံမှန်ပါပဲ။

၇)ကင်ဆာ

Paget’s Disease ဆိုတာ ရှားပါးတဲ့ရင်သားကင်ဆာတမျိုးဖြစ်ပြီး နို့သီးခေါင်းနားကနေ စဖြစ်တတ်ပါတယ်။ရောဂါရဲ့ ကနဦးလက္ခဏာတွေက

– နို့သီးခေါင်း မည်းလာမယ်။ပြားလာမယ်။
-အဝါ သို့ သွေးလိုအရည်တွေထွက်မယ်။
-နို့သီးခေါင်းတဝိုက်အရေပြားဟာ ခြောက်ကြမ်းကြမ်းကြီးဖြစ်ပြီး အဖြူကွက်တွေထလာမယ်။
-နို့သီးခေါင်းဟာ တင်းပြီး ယားနေမယ်။

လူငယ်တွေထက် လူကြီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ဒီလက္ခဏာတွေ ကြုံရင်တော့ ဆေးခန်းပြဖို့ လိုလာပါပြီ။

အခုပြောခဲ့တဲ့ နို့သီးခေါင်းမည်းရတဲ့အချက်တွေထဲမှာ နောက်ဆုံးတချက်ကလွဲလို့ ကျန်တဲ့အချက်တွေက သဘာဝဖြစ်စဉ်တွေမို့ သိပ်ပြီး စိတ်ပူစရာမရှိပါဘူး။တကယ်လို့ နောက်ဆုံးပြောခဲ့တဲ့အချက်နဲ့ သံသယဝင်စရာတွေဖြစ်လာရင်တော့ ဆေးရုံဆေးခန်းပြဖို့ မနှောင့်နှေးကြဖို့ အကြံပေးလိုက်ပါရစေ။

Dr.KG