အဖြူမဆင်းအောင် ဒါတွေဆောင်

အျဖဴမဆင္းေအာင္ ဒါေတြေဆာင္

အျဖဴဆင္းေနလုိ႔ စိတ္မညစ္ပါနဲ႔။ မိန္းကေလး ေတြမွာ အျဖဴဆင္း တာကလည္း ဓမၼတာ တစ္ခုပါပဲ။ အပ်ဳိေဖာ္ ဝင္စကေန ေသြးဆံုး ခ်ိန္အထိ အျဖဴဆင္း တတ္ၾကပါတယ္။ သာမန္ ျဖစ္႐ိုး ျဖစ္စဥ္ ႐ိုး႐ိုး အျဖဴဆင္း တာပဲ ျဖစ္တာေၾကာင့္ ေရာဂါရယ္ လို႔ေတာ့ သံသယ မဝင္သင့္ပါဘူး။ သင့္မွာ ေရာဂါ တစ္ခုခု ရွိလာတဲ့ အခါ အျဖဴဆင္းတာ ေျပာင္းလဲ သြားႏုိင္ပါတယ္။ ခႏၶာကိုယ္ရဲ႕ မေဟာ္မုန္း အီစထ႐ိုဂ်င္ အနည္း အမ်ား ေပၚမူတည္ၿပီး ရာသီမလာခင္နဲ႔ လာအၿပီးမွာ အျဖဴဆင္းတာ အနည္း အမ်ား ကြာျခား ႏုိင္ပါတယ္။ မိန္းကေလး တစ္ဦးနဲ႔ တစ္ဦး အျဖဴဆင္းတဲ့ ပမာဏ ခ်င္းလည္း မတူညီ ႏုိင္ပါဘူး။

တခ်ဳိ႕ မိန္းကေလး ေတြက အသန္႔ ႀကိဳက္လြန္း တာေၾကာင့္ မိန္းမ ကိုယ္သန္႔စင္ ေဆးရည္ေတြကို အလြန္အကၽြံ ဝယ္သံုးမိတတ္ ၾကပါတယ္။ မိန္းမကိုယ္ကို အလြန္အမင္း သန္႔စင္ လြန္းတာကလည္း မိန္းမကိုယ္ရဲ႕ pH Level ကို ထိခိုက္ေစၿပီး မိန္းမကိုယ္မွာ ရွိတဲ့ အက်ဳိးျပဳ ဘက္တီးရီးယား ေတြကို ဖယ္ရွား လုိက္တာေၾကာင့္ ျပင္ပက ေရာဂါ ျဖစ္ေစတဲ့ ပိုးမႊားေတြကို မတိုက္ထုတ္ ႏုိင္ေတာ့ဘဲ ပိုးဝင္ လြယ္ေစတယ္။

အျဖဴဆင္းမ်ား ရတဲ့ အေၾကာင္းေတြက စိတ္ဖိစီးမႈ မ်ားတာ၊ ပင္ပန္းလြန္းၿပီး အားနည္းေနတာ၊ စိတ္ဆႏၵ ျဖစ္ေပၚေနတာ၊ မ်ဳိးဥ ေႂကြခ်ိန္နဲ႔ ကိုယ္ဝန္ေဆာင္ ခ်ိန္ေတြမွာ အျဖဴဆင္းတာ မ်ားတတ္ပါ တယ္။

မိန္းမကိုယ္မွာ ပိုးစြဲ ကပ္တာကို သိႏုိင္တဲ့ အခ်က္ေတြ ရွိေနပါတယ္။ မိန္းမကိုယ္ ယားယံ ေနတယ္၊ အျဖဴဆင္းတဲ့ အခါ အနံ႔နံမယ္၊ အေရာင္ေျပာင္း ေနမယ္။ ညိဳညစ္ညစ္ အေရာင္ ျဖစ္ေနတာ၊ ဒါမွမဟုတ္ အစိမ္းေရာင္၊ ႏုိ႔ႏွစ္ေရာင္ ျဖစ္ေနတာ၊ အျမႇပ္ထေနတာေတြ ျဖစ္လာရင္ မိန္းမကိုယ္မွာ ပိုးဝင္ေနတယ္လုိ႔ ယူဆႏုိင္ပါတယ္။

အလြန္အမင္း သန္႔စင္လြန္းတာကို ေရွာင္ၾကဥ္ပါ၊ အမ်ဳိးသားနဲ႔ အတူေနၿပီးတဲ့အခါ ဆီးသြားေပးပါ။မိန္းမကိုယ္ကို သန္႔ရွင္း ေျခာက္ေသြ႕ေအာင္ ထားပါ။

တင္းက်ပ္လြန္းတဲ့ အတြင္းခံေဘာင္းဘီ ဝတ္ဆင္တာကို ေရွာင္ရွားပါ၊ ဆီး၊ ဝမ္းသြားၿပီးတဲ့အခါ အေရွ႕မွအေနာက္သို႔ သန္႔စင္ေဆးေၾကာပါ၊Tampon အစား လစဥ္သံုး ဂြမ္းထုပ္ကိုသာ အသုံးျပဳေပးႏိုင္ပါတယ္

Dr.Z

Unicode Version

အဖြူမဆင်းအောင် ဒါတွေဆောင်

အဖြူဆင်းနေလို့ စိတ်မညစ်ပါနဲ့။ မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ သွေးဆုံး ချိန်အထိ အဖြူဆင်း တတ်ကြပါတယ်။ သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ ချင်းလည်း မတူညီ နိုင်ပါဘူး။

တချို့ မိန်းကလေး တွေက အသန့် ကြိုက်လွန်း တာကြောင့် မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ဖယ်ရှား လိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ် နိုင်တော့ဘဲ ပိုးဝင် လွယ်စေတယ်။

အဖြူဆင်းများ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါ တယ်။

မိန်းမကိုယ်မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်းတဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။ ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ၊ အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ၊ ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ၊Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပေးနိုင်ပါတယ်

Dr.Z