မိန်းမကိုယ်ရောင်ရမ်းခြင်းအကြောင်း

မိန္းမကိုယ္ေရာင္ရမး္ျခင္းဟာ အျဖစ္မ်ားတဲ႔ အမ်ိဳးသမီးျပသာနာတခုျဖစ္ပါတယ္။

အမ်ိဳးသမီးေတြအားလံုးနီးပါး ဘ၀မွာ မိန္းမကိုယ္ေရာင္ရမး္ျခင္းကို အနည္းဆံုး တၾကိမ္တခါ ခံစားေတြ႔ၾကံဳရနိုင္ပါတယ္။

မိန္းမကိုယ္ေရာင္ရမ္းျခင္းကိုျဖစ္ေစတဲ႔ အဓိကအေၾကာင္းရင္း၃ခ်က္ရွိပါတယ္။ အဲ႔ဒါေတြကေတာ႔ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ Bacterial Vaginosis ေခၚ ဘက္တီးရီးယားပိုး၀င္ေရာက္ကူးစက္ခံရတာ

မိန္းမကိုယ္အတြင္း ပံုမွန္ဆို အက်ိဳးျပဳဘက္တီးရီးယားပိုးနဲ႔ ဒုကၡေပးတဲ႔ဘက္တီးရီးယားပိုးေတြဟာ မွ်ေျခ တခုမွာရွိေနရပါတယ္။ အေၾကာင္းေၾကာင္းေၾကာင္႔ ဒုကၡေပးတဲ႔ ဘက္တီးရီးယားပိုးေတြ ပိုေပါက္ပြားနႈန္းမ်ားလာတဲ႔အခါ အက်ိဳးျပဳဘက္တီးရီးယားေတြနည္းလာျပီး မွ်ေျခပ်က္ကာ Bacterial vaginosis ဆိုတဲ႔ ဘက္တီးရီးယားပုိး၀င္ေရာက္ကူးစက္ခံရတဲ႔အေျခအေနျဖစ္လာပါတယ္။

အမ်ားအားျဖင္႔ေတာ႔ လိင္ဆက္ဆံမႈနဲ႔ ဆက္ႏြယ္ျပီးျဖစ္တတ္ေလ႔ရွိပါတယ္။ လိင္ဆက္ဆံေဖာ္မ်ားတာ သို႔မဟုတ္ လိင္ဆက္ဆံေဖာ္အသစ္နဲ႔ လိင္ဆက္ဆံတာ ေတြေၾကာင္႔ျဖစ္ေလ႔ရွိတယ္လို႔ ဆိုၾကပါတယ္။

ဒါေပမယ္႔ အရမ္းအသန္႔ၾကိဳက္ျပီး မိန္းမကိုယ္သန္႔စင္ေဆးရည္အလြန္အကြ်ံသံုးတဲ႔အမ်ိဳးသမီးေတြ၊ဆပ္ျပာေမႊးသံုးျပီး မိန္းမကိုယ္ကိုေဆးတဲ႔ အမ်ိဳးသမီးေတြမွာဆိုရင္လည္း သူတို႔သံုးတဲ႔ဆပ္ျပာေမႊးေတြ၊ မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြေၾကာင္႔ မိန္းမကိုယ္မွ်ေျခပ်က္သြားျပီး Bacterial vaginosis အေျခအေနျဖစ္နိုင္ပါတယ္။

Bacterial vaginosis ဟာ မိန္းမကိုယ္ေရာင္ရမး္ျခင္းကို အမ်ားဆံုးျဖစ္ေစတဲ႔အေၾကာင္းရင္းတခုျဖစ္ျပီး Bacterial vaginosis ျဖစ္တဲ႔အခါ ငါးညွီနံနံတဲ႔ အစိမ္းေရာင္သန္းတဲ႔အျဖဴ သို႔မဟုတ္ အျဖဴပ်စ္ ေတြဆင္းေလ႔ရွိပါတယ္။

၂။ မႈိပိုး၀င္ေရာက္ကူးစက္ခံရတာ

Candida မႈိပိုး၀င္ေရာက္ကူးစက္ခံရတာျဖစ္တဲ႔အခါမွာ မိန္းမကိုယ္ေရာင္ရမ္းျခင္းနဲ႔ ယားယံျခင္း၊ ဆီးက်င္ဆီးေအာင္႔ျခင္း၊ အျဖဴအပ်စ္ေတြဆင္းျခင္းေတြကို ခံစားေတြ႔ၾကံဳရနိုင္ပါတယ္။

ဒီမႈိပိုးဟာ ကိုယ္၀န္ေဆာင္ေတြ၊ အေၾကာင္းေၾကာင္းေၾကာင္႔ ပိုးသတ္ေဆးအျပင္းေတြေသာက္ေနရတဲ႔သူေတြ၊ ကိုယ္ခံအားက်ေနသူေတြ၊ ဆီးခ်ိဳရွိတဲ႔သူေတြမွာ ၀င္ေရာက္ကူးစက္နိုင္ေျခမ်ားပါတယ္။

၃။ကပ္ပါးပိုး၀င္ေရာက္ကူးစက္ခံရတာ

မသန္႔ရွင္းတဲ႔လိင္ဆက္ဆံရာမွတဆင္႔ သို႔မဟုတ္ ေရာဂါပိုးရွိသူနဲ႔လိင္ဆက္ဆံရာမွတဆင့္ Trichomaonas ကပ္ပါးပိုး၀င္ေရာက္ကူးစက္ခံရျပီး မိန္းမကိုယ္ေရာင္ရမ္းတာ၊ ယားတာ၊ မူမမွန္အျဖဴဆင္းတာေတြ ျဖစ္နိုင္ပါတယ္။

ဒီသံုးခ်က္အျပင္ ရာသီလာရင္မိန္းမကိုယ္ထဲထည္႔သံုးရတဲ႔ တန္ပြန္နဲ႔ဓါတ္မတည္႔တာ၊ သုတ္ေကာင္ေသေစတဲ႔ဓါတ္ပါတဲ႔ ကြန္ဒံုးေတြနဲ႔ဓါတ္မည္႔တာ၊ မိန္းမကိုယ္သန္႔စင္ရည္၊ ဆပ္ျပာေမႊးေတြနဲ႔ဓါတ္မတည္႔တာ၊ သားအိမ္တြင္းထည္႔ပစၥည္းနဲ႔ဓါတ္မတည္႔တာေတြေၾကာင္႔လည္းျဖစ္နိုင္ပါတယ္။

အပ်ိဳေဖာ္မ၀င္ေသးတဲ႔အမ်ိဳးသမီးငယ္ေလးေတြမွာဆိုရင္ မိန္းမကိုယ္နႈတ္ခမ္းသားေတြေကာင္းေကာင္းမဖြံ႕ျဖိဳးေသးတာ၊ အီစတိုဂ်င္ေဟာ္မုန္းမထြက္ေသးတာေၾကာင္႔ မိန္းမကိုယ္ေျခာက္ေသြ႔တာ၊ ဆီးခံုေမႊးေတြျပည္႔စံုစြာမေပါက္ေသးတာ စတဲ႔အခ်က္ေတြေၾကာင္႔ ပိုး၀င္နိုင္ေျခမ်ားျပီး မိန္းမကိုယ္ေရာင္ရမး္ျခင္း ျဖစ္နိုင္ေျခပိုမ်ားပါတယ္။

ဒါ႔ျပင္

– ကိုယ္၀န္ရွိတဲ႔အမ်ိဳးသမီးေတြ

– ဆီးခ်ိဳေရာဂါရွိတဲ႔အမ်ိဳးသမီးေတြ

– လိင္ဆက္ဆံေဖာ္မ်ားတဲ႔အမ်ိဳးသမီးေတြ

– အသန္႔အၾကိဳက္လြန္ျပီး မိန္းမကိုယ္ေဆးတဲ႔အခါ သန္႔စင္ရည္၊ဆပ္ျပာေမႊးေတြအလြန္အကြ်န္သံုးတဲ႔အမ်ိဳးသမီးေတြ

– သားအိမ္ထဲပစၥည္းထည္႔တဲ႔အမ်ိဳးသမီးေတြ

– က်ပ္ျပီးေလ၀င္ေလထြက္မေကာင္းတဲ႔အသားနဲ႔ခ်ဳပ္ထားတဲ႔အတြင္းခံေတြကို၀တ္တဲ႔အမ်ိဳးသမီးေတြ ဟာဆိုရင္လည္း မိန္းမကိုယ္ေရာင္ရမ္းျခင္း ျဖစ္နိုင္ေျခမ်ားပါတယ္။

မိန္းမကိုယ္ေရာင္ရမ္းတဲ႔အခါ မိန္းမကိုယ္နႈတ္ခမ္းသားေတြနီရဲေရာင္ရမ္းေနတာအျပင္

– မိန္းမကိုယ္ယားတာ

– အနံဆိုးထြက္တာ

– မူမမွန္တဲ႔အျဖဴေတြဆင္းတာ

– ဆီးသြားတဲ႔အခါ ဆီးက်င္၊ဆီးေအာင္႔တာ

– အတူေနလိင္ဆက္ဆံတဲ႔အခါ နာက်င္တာ စသျဖင္႔ပါ တြဲျပီးခံစားရနိုင္ပါတယ္။

ဒီလကၡဏာေတြခံစားရျပီဆိုရင္ မိန္းမကိုယ္ေရာင္ရမ္းျခင္းဟုတ္မဟုတ္ ေသခ်ာေအာင္ ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးၾကည္႔ဖုိ႔လိုပါတယ္။

စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ သားအိမ္ေခါင္းနဲ႔မိန္းမကိုယ္အက်ိအခြ်ဲယူစစ္တာ၊မိန္းမကိုယ္pH စစ္တာေတြလုပ္ရနိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ျဖစ္ရတဲ႔အေၾကာင္းရင္းေပၚမူတည္ျပီး ကုရပါတယ္။

မိန္းမကိုယ္ေရာင္ရမ္းျခင္းျဖစ္တဲ႔အခါသက္သာေအာင္ ……..

အတူေနလိင္ဆက္ဆံျခင္းကို ခဏေရွာင္ပါ။

ေရာင္ရမ္းတဲ႔ေနရာကိုေရခဲကပ္ပါ။

အကိုက္အခဲေပ်ာက္ေဆးတမ်ိဳးမ်ိဳးကိုအစာစားျပီးေသာက္ပါ။ အစာအိမ္ေရာဂါရွိပါက ဆရာ၀န္နဲ႔ျပသျပီးမွေသာက္ပါ။

မိန္းမကိုယ္ေရာင္ရမ္းျခင္းျဖစ္နိုင္ေျခနည္းေအာင္ ………..

တကိုယ္ေရ သန္႔ရွင္းမႈဂရုစိုက္ပါ။ သို႔ေသာ္ အသန္႔အၾကိဳက္လြန္ျပီး မိန္းမကိုယ္သန္႔စင္ေဆးရည္၊ ဆပ္ျပာေမႊးေတြအလြန္အကၽြံသံုးတာကိုေရွာင္ရပါမယ္။

မိမိနဲ႔မက်ပ္တဲ႔ ခ်ည္သားနဲ႔ရက္လုပ္ထားတဲ႔ အတြင္းခံေတြ၀တ္ပါ။ တေန႔တထည္လဲပါ။ စိုထိုင္းျပီးေခြ်းထြက္တာမ်ားရင္ တေန႔တထည္ထက္ပိုျပီး လဲပါ။

ညအိပ္တဲ႔အခါ အတြင္းခံမ၀တ္ပါနဲ႔။

အတြင္းခံကို ေသခ်ာေလွ်ာ္ဖြတ္ျပီး ေနေရာင္ေကာင္းစြာရတဲ႔ေနရာမွာေနပူလွမ္းပါ သို႔မဟုတ္ မီးပူတိုက္ပါ။

၀မ္းမခ်ဳပ္ပါေစနဲ႔

ဆီးသြားျပီးတဲ႔အခါတိုင္းမိန္းမကိုယ္ကိုေရနဲ႔သန္႔စင္ေအာင္ေဆးျပီး အ၀တ္သန္႔ သို႔မဟုတ္ စကၠဴသန္႔နဲ႔ေျခာက္ေအာင္သုတ္ပါ။

ကြန္ဒံုးနဲ႔ဓါတ္မတည္႔ပါက တျခားတားနည္းတခုခု ေျပာင္းသံုးပါ။မိန္းမကိုယ္ေျခာက္ေသြ႔ပါက ေခ်ာဆီတခုခုသံုးေပးပါ။

Dr 528

(Unicode Version)

မိန်းမကိုယ်ရောင်ရမ်းခြင်းဟာ အဖြစ်များတဲ့ အမျိုးသမီးပြသာနာတခုဖြစ်ပါတယ်။

အမျိုးသမီးတွေအားလုံးနီးပါး ဘဝမှာ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အနည်းဆုံး တကြိမ်တခါ ခံစားတွေ့ကြုံရနိုင်ပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ Bacterial Vaginosis ခေါ် ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတာ

မိန်းမကိုယ်အတွင်း ပုံမှန်ဆို အကျိုးပြုဘက်တီးရီးယားပိုးနဲ့ ဒုက္ခပေးတဲ့ဘက်တီးရီးယားပိုးတွေဟာ မျှခြေ တခုမှာရှိနေရပါတယ်။ အကြောင်းကြောင်းကြောင့် ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုးတွေ ပိုပေါက်ပွားနှုန်းများလာတဲ့အခါ အကျိုးပြုဘက်တီးရီးယားတွေနည်းလာပြီး မျှခြေပျက်ကာ Bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတဲ့အခြေအနေဖြစ်လာပါတယ်။

အများအားဖြင့်တော့ လိင်ဆက်ဆံမှုနဲ့ ဆက်နွယ်ပြီးဖြစ်တတ်လေ့ရှိပါတယ်။ လိင်ဆက်ဆံဖော်များတာ သို့မဟုတ် လိင်ဆက်ဆံဖော်အသစ်နဲ့ လိင်ဆက်ဆံတာ တွေကြောင့်ဖြစ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အရမ်းအသန့်ကြိုက်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်အလွန်အကျွံသုံးတဲ့အမျိုးသမီးတွေ၊ဆပ်ပြာမွှေးသုံးပြီး မိန်းမကိုယ်ကိုဆေးတဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း သူတို့သုံးတဲ့ဆပ်ပြာမွှေးတွေ၊ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကြောင့် မိန်းမကိုယ်မျှခြေပျက်သွားပြီး Bacterial vaginosis အခြေအနေဖြစ်နိုင်ပါတယ်။

Bacterial vaginosis ဟာ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတခုဖြစ်ပြီး Bacterial vaginosis ဖြစ်တဲ့အခါ ငါးညှီနံနံတဲ့ အစိမ်းရောင်သန်းတဲ့အဖြူ သို့မဟုတ် အဖြူပျစ် တွေဆင်းလေ့ရှိပါတယ်။

၂။ မှိုပိုးဝင်ရောက်ကူးစက်ခံရတာ

Candida မှိုပိုးဝင်ရောက်ကူးစက်ခံရတာဖြစ်တဲ့အခါမှာ မိန်းမကိုယ်ရောင်ရမ်းခြင်းနဲ့ ယားယံခြင်း၊ ဆီးကျင်ဆီးအောင့်ခြင်း၊ အဖြူအပျစ်တွေဆင်းခြင်းတွေကို ခံစားတွေ့ကြုံရနိုင်ပါတယ်။

ဒီမှိုပိုးဟာ ကိုယ်ဝန်ဆောင်တွေ၊ အကြောင်းကြောင်းကြောင့် ပိုးသတ်ဆေးအပြင်းတွေသောက်နေရတဲ့သူတွေ၊ ကိုယ်ခံအားကျနေသူတွေ၊ ဆီးချိုရှိတဲ့သူတွေမှာ ဝင်ရောက်ကူးစက်နိုင်ခြေများပါတယ်။

၃။ကပ်ပါးပိုးဝင်ရောက်ကူးစက်ခံရတာ

မသန့်ရှင်းတဲ့လိင်ဆက်ဆံရာမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူနဲ့လိင်ဆက်ဆံရာမှတဆင့် Trichomaonas ကပ်ပါးပိုးဝင်ရောက်ကူးစက်ခံရပြီး မိန်းမကိုယ်ရောင်ရမ်းတာ၊ ယားတာ၊ မူမမှန်အဖြူဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဒီသုံးချက်အပြင် ရာသီလာရင်မိန်းမကိုယ်ထဲထည့်သုံးရတဲ့ တန်ပွန်နဲ့ဓါတ်မတည့်တာ၊ သုတ်ကောင်သေစေတဲ့ဓါတ်ပါတဲ့ ကွန်ဒုံးတွေနဲ့ဓါတ်မည့်တာ၊ မိန်းမကိုယ်သန့်စင်ရည်၊ ဆပ်ပြာမွှေးတွေနဲ့ဓါတ်မတည့်တာ၊ သားအိမ်တွင်းထည့်ပစ္စည်းနဲ့ဓါတ်မတည့်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အပျိုဖော်မဝင်သေးတဲ့အမျိုးသမီးငယ်လေးတွေမှာဆိုရင် မိန်းမကိုယ်နှုတ်ခမ်းသားတွေကောင်းကောင်းမဖွံ့ဖြိုးသေးတာ၊ အီစတိုဂျင်ဟော်မုန်းမထွက်သေးတာကြောင့် မိန်းမကိုယ်ခြောက်သွေ့တာ၊ ဆီးခုံမွှေးတွေပြည့်စုံစွာမပေါက်သေးတာ စတဲ့အချက်တွေကြောင့် ပိုးဝင်နိုင်ခြေများပြီး မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေပိုများပါတယ်။

ဒါ့ပြင်

– ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေ

– ဆီးချိုရောဂါရှိတဲ့အမျိုးသမီးတွေ

– လိင်ဆက်ဆံဖော်များတဲ့အမျိုးသမီးတွေ

– အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်ဆေးတဲ့အခါ သန့်စင်ရည်၊ဆပ်ပြာမွှေးတွေအလွန်အကျွန်သုံးတဲ့အမျိုးသမီးတွေ

– သားအိမ်ထဲပစ္စည်းထည့်တဲ့အမျိုးသမီးတွေ

– ကျပ်ပြီးလေဝင်လေထွက်မကောင်းတဲ့အသားနဲ့ချုပ်ထားတဲ့အတွင်းခံတွေကိုဝတ်တဲ့အမျိုးသမီးတွေ ဟာဆိုရင်လည်း မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေများပါတယ်။

မိန်းမကိုယ်ရောင်ရမ်းတဲ့အခါ မိန်းမကိုယ်နှုတ်ခမ်းသားတွေနီရဲရောင်ရမ်းနေတာအပြင်

– မိန်းမကိုယ်ယားတာ

– အနံဆိုးထွက်တာ

– မူမမှန်တဲ့အဖြူတွေဆင်းတာ

– ဆီးသွားတဲ့အခါ ဆီးကျင်၊ဆီးအောင့်တာ

– အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်တာ စသဖြင့်ပါ တွဲပြီးခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေခံစားရပြီဆိုရင် မိန်းမကိုယ်ရောင်ရမ်းခြင်းဟုတ်မဟုတ် သေချာအောင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သားအိမ်ခေါင်းနဲ့မိန်းမကိုယ်အကျိအချွဲယူစစ်တာ၊မိန်းမကိုယ်pH စစ်တာတွေလုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုရပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်တဲ့အခါသက်သာအောင် ……..

အတူနေလိင်ဆက်ဆံခြင်းကို ခဏရှောင်ပါ။

ရောင်ရမ်းတဲ့နေရာကိုရေခဲကပ်ပါ။

အကိုက်အခဲပျောက်ဆေးတမျိုးမျိုးကိုအစာစားပြီးသောက်ပါ။ အစာအိမ်ရောဂါရှိပါက ဆရာဝန်နဲ့ပြသပြီးမှသောက်ပါ။

မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ခြေနည်းအောင် ………..

တကိုယ်ရေ သန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်၊ ဆပ်ပြာမွှေးတွေအလွန်အကျွံသုံးတာကိုရှောင်ရပါမယ်။

မိမိနဲ့မကျပ်တဲ့ ချည်သားနဲ့ရက်လုပ်ထားတဲ့ အတွင်းခံတွေဝတ်ပါ။ တနေ့တထည်လဲပါ။ စိုထိုင်းပြီးချွေးထွက်တာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။

ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။

အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့နေရာမှာနေပူလှမ်းပါ သို့မဟုတ် မီးပူတိုက်ပါ။

ဝမ်းမချုပ်ပါစေနဲ့

ဆီးသွားပြီးတဲ့အခါတိုင်းမိန်းမကိုယ်ကိုရေနဲ့သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ခြောက်အောင်သုတ်ပါ။

ကွန်ဒုံးနဲ့ဓါတ်မတည့်ပါက တခြားတားနည်းတခုခု ပြောင်းသုံးပါ။မိန်းမကိုယ်ခြောက်သွေ့ပါက ချောဆီတခုခုသုံးပေးပါ။

Dr 528