သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ ကြောက်စရာလား

ေသြးဆံုုးျပီးမွ ေသြးျပန္ဆင္းတာ ေၾကာက္စရာလား

 

ဒီေနရာမွာ အေရးၾကီးတာက ေသြးဆံုးတယ္ဆိုတဲ႔သတ္မွတ္ခ်က္ပါ။ရာသီသံုးေလးလ သို႔မဟုတ္ ေလးငါးလ ဆက္တိုက္မေပၚတာနဲ႔တင္ ေသြးဆံုးျပီလို႔ သတ္မွတ္မရပါ။

အမ်ိဳးသမီးတေယာက္ ေသြးဆံုးတယ္လို႔ဘယ္အေျခအေနမွာသတ္မွတ္လဲဆိုရင္ ကိုယ္၀န္ သို႔မဟုတ္ တားနည္းတခုခုသံုးထားျခင္းမရွိဘဲ တနွစ္နဲ႔အထက္ ဆက္တိုက္ရာသီမေပၚဘူးဆိုမွသာ ထိုအမ်ိဳးသမီးကို ေသြးဆံုးျပီလို႔သတ္မွတ္လို႔ရပါမယ္။

အမ်ိဳးသမီးအခ်ိဳ႕အေနနဲ႔ ေသြးဆံုးျပီးတဲ႔ေနာက္မွာ ေသြးျပန္ဆင္းတာကို ၾကံဳရေလ႔ရွိပါတယ္။

ေသြးဆံုးျပီးေနာက္ ေသြးျပန္ဆင္းတာကို ေဆးပညာအရ Post Menopausal Bleeding လို႔ေခၚပါတယ္။

ေသြးဆံုးျပီးေနာက္ေသြးျပန္ဆင္းျခင္း(Post Menopausal Bleeding)ကိုျဖစ္ေစနိုင္တဲ႔ အေၾကာင္းေတြကေတာ႔ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။Atrophic Vaginitis(မိန္းမကိုယ္အတြင္းနံရံပါးျပီးေျခာက္ေသြ႔က်ံဳလွီလာကာေရာင္ရမ္းျခင္း)

ေသြးဆံုးျပီးတဲ႔အခါမွာ အီစတိုဂ်င္ေဟာ္မုန္းပမာဏ နည္းလာတဲ႔အတြက္ မိန္းမကိုယ္အတြင္းနံရံဟာ စိုစြတ္မႈနည္းျပီး ေျခာက္ေသြ႔က်ံဳလွီလာကာ ေရာင္ရမ္းလာပါတယ္။ဒီလိုအေျခအေနမွာ အတူေနလိင္ဆက္ဆံျပီးတဲ႔အခါ ေသြးဆင္းတာျဖစ္နိုင္ပါတယ္။

၂။Polyps(သားအိမ္အတြင္းနံရံ သို႔မဟုတ္ သားအိမ္ေခါင္းေနရာမွာ အလံုးအက်ိတ္ရွိျခင္း)

Polyps အလံုးအက်ိတ္ေတြက အမ်ားအားျဖင္႔ေတာ႔ ကင္ဆာအလံုးအက်ိတ္မဟုတ္ဘဲ ရိုးရိုးအလံုးအက်ိတ္ေတြျဖစ္ပါတယ္။

ဒါေပမယ္႔ သူတို႔ရွိေနျခင္းဟာ ေသြးဆံုးျပီးေနာက္ေသြးဆင္းျခင္း၊အတူေနလိင္ဆက္ဆံျပီးေနာက္ေသြးဆင္းျခင္းေတြကိုျဖစ္ေစနိုင္ပါတယ္။

၃။Endometrial thining(သားအိမ္နံရံပါးလာျခင္း)

ေသြးဆံုးျပီးတဲ႔အခါမွာ အီစတိုဂ်င္ေဟာ္မုန္းနည္းလာတဲ႔အတြက္ သားအိမ္နံရံဟာပါးလာျပီး ပ်က္စီးလာပါတယ္။အဲ႔အခါမွာ ေသြးဆင္းတာျဖစ္နိုင္ပါတယ္။

၄။Endometrial thickening(သားအိမ္နံရံထူလာျခင္း)

အမ်ားအားျဖင္႔ေတာ႔ ေသြးဆံုးျပီးတဲ႔အခါမွာ အီစတိုဂ်င္ေဟာ္မုန္းနည္းလာတဲ႔အတြက္ သားအိမ္နံရံဟာပါးလာပါတယ္။ဒါေပမယ္႔ တအား၀တဲ႔အမ်ိဳးသမီးေတြ သို႔မဟုတ္ ေသြးဆံုးျပီးေနာက္အေၾကာင္းတခုခုေၾကာင္႔ ေဟာ္မုန္းေဆးေတြေသာက္ေနရတဲ႔အမ်ိဳးသမီးေတြမွာဆိုရင္ အီစတိုဂ်င္ေဟာ္မုန္းက နည္းမသြားဘဲမ်ားလာတဲ႔အတြက္ သားအိမ္နံရံဟာလည္း ပါးမသြားဘဲ ပိုလို႔ေတာင္ထူလာပါတယ္။

အဲ႔လိုထူလာတဲ႔အခါမွာ ေသြးဆံုးျပီးေနာက္ေသြးျပန္ဆင္းျခင္းကိုျဖစ္ေစနိုင္ပါတယ္။

ဒါ႔အျပင္သားအိမ္နံရံတအားထူလာပါက သားအိမ္ကင္ဆာျဖစ္နိုင္ေျခလည္းရွိပါတယ္။

၅။Cervical carcinoma,Endometrial carcinoma(သားအိမ္ေခါင္းကင္ဆာ၊သားအိမ္ကင္ဆာျဖစ္ျခင္း)

သားအိမ္ေခါင္းကင္ဆာ၊သားအိမ္ကင္ဆာေတြျဖစ္တဲ႔အခါမွာလည္း ေသြးဆံုးျပီးေနာက္ ေသြးျပန္ဆင္းတာျဖစ္နိုင္ပါတယ္။

ေသြးဆံုးျပီးေနာက္ေသြးျပန္ဆင္းတဲ႔ရတဲ႔အေၾကာင္းရင္းေတြထဲမွာ စိုးရိမ္ရတဲ႔အေၾကာင္းရင္းေတြလည္းပါသလို မစိုးရိမ္ရတဲ႔အေၾကာင္းရင္းေတြလည္းပါပါတယ္။

ဒါေပမယ္႔ အတိအက်ကေတာ႔ ဆရာ၀န္နဲ႔ျပသစမ္းသပ္ျပီးစစ္ေဆးမႈေတြလုပ္ၾကည္႔မွ ေသခ်ာသိမွာမို႔ ေသြးဆံုးျပီးလို႔ ေသြးျပန္ဆင္းတာျဖစ္တာအခါ ေပါ႔ေပါ႔မေနဘဲ အိုဂ်ီနဲ႔ျပသစမ္းသပ္ဖို႔လိုပါတယ္။

စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ မိန္းမကိုယ္ကိုစမ္းသပ္စစ္ေဆးတာ၊အာထရာေဆာင္းရိုက္တာ၊လိုအပ္ရင္ သားအိမ္နံရံအသားစယူစစ္ေဆးတာေတြပါ လုပ္ရနိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ျဖစ္တဲ႔အေၾကာင္းရင္းေပၚမူတည္ျပီး လိုအပ္တဲ႔ကုသမႈကို အိုဂ်ီက ေပးပါလိမ္႔မယ္။

ျဖစ္ရတဲ႔အေၾကာင္းရင္းေပၚမူတည္ျပီး ေသာက္ေဆး၊လိမ္းေဆးေတြေလာက္ပဲလိုတာရွိသလို ခြဲစိတ္ကုထံုး၊ကင္ဆာေဆးသြင္းကုထံုး၊ဓါတ္ေရာင္ျခည္ကုထံုး လိုတာမ်ိဳးေတြလည္းရွိနိုင္ပါတယ္။

Dr 528

Unicode Version

သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ ကြောက်စရာလား

ဒီနေရာမှာ အရေးကြီးတာက သွေးဆုံးတယ်ဆိုတဲ့သတ်မှတ်ချက်ပါ။ရာသီသုံးလေးလ သို့မဟုတ် လေးငါးလ ဆက်တိုက်မပေါ်တာနဲ့တင် သွေးဆုံးပြီလို့ သတ်မှတ်မရပါ။

အမျိုးသမီးတယောက် သွေးဆုံးတယ်လို့ဘယ်အခြေအနေမှာသတ်မှတ်လဲဆိုရင် ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားခြင်းမရှိဘဲ တနှစ်နဲ့အထက် ဆက်တိုက်ရာသီမပေါ်ဘူးဆိုမှသာ ထိုအမျိုးသမီးကို သွေးဆုံးပြီလို့သတ်မှတ်လို့ရပါမယ်။

အမျိုးသမီးအချို့အနေနဲ့ သွေးဆုံးပြီးတဲ့နောက်မှာ သွေးပြန်ဆင်းတာကို ကြုံရလေ့ရှိပါတယ်။

သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတာကို ဆေးပညာအရ Post Menopausal Bleeding လို့ခေါ်ပါတယ်။

သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်း(Post Menopausal Bleeding)ကိုဖြစ်စေနိုင်တဲ့ အကြောင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။Atrophic Vaginitis(မိန်းမကိုယ်အတွင်းနံရံပါးပြီးခြောက်သွေ့ကျုံလှီလာကာရောင်ရမ်းခြင်း)

သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတဲ့အတွက် မိန်းမကိုယ်အတွင်းနံရံဟာ စိုစွတ်မှုနည်းပြီး ခြောက်သွေ့ကျုံလှီလာကာ ရောင်ရမ်းလာပါတယ်။ဒီလိုအခြေအနေမှာ အတူနေလိင်ဆက်ဆံပြီးတဲ့အခါ သွေးဆင်းတာဖြစ်နိုင်ပါတယ်။

၂။Polyps(သားအိမ်အတွင်းနံရံ သို့မဟုတ် သားအိမ်ခေါင်းနေရာမှာ အလုံးအကျိတ်ရှိခြင်း)

Polyps အလုံးအကျိတ်တွေက အများအားဖြင့်တော့ ကင်ဆာအလုံးအကျိတ်မဟုတ်ဘဲ ရိုးရိုးအလုံးအကျိတ်တွေဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရှိနေခြင်းဟာ သွေးဆုံးပြီးနောက်သွေးဆင်းခြင်း၊အတူနေလိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

၃။Endometrial thining(သားအိမ်နံရံပါးလာခြင်း)

သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင်ဟော်မုန်းနည်းလာတဲ့အတွက် သားအိမ်နံရံဟာပါးလာပြီး ပျက်စီးလာပါတယ်။အဲ့အခါမှာ သွေးဆင်းတာဖြစ်နိုင်ပါတယ်။

၄။Endometrial thickening(သားအိမ်နံရံထူလာခြင်း)

အများအားဖြင့်တော့ သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင်ဟော်မုန်းနည်းလာတဲ့အတွက် သားအိမ်နံရံဟာပါးလာပါတယ်။ဒါပေမယ့် တအားဝတဲ့အမျိုးသမီးတွေ သို့မဟုတ် သွေးဆုံးပြီးနောက်အကြောင်းတခုခုကြောင့် ဟော်မုန်းဆေးတွေသောက်နေရတဲ့အမျိုးသမီးတွေမှာဆိုရင် အီစတိုဂျင်ဟော်မုန်းက နည်းမသွားဘဲများလာတဲ့အတွက် သားအိမ်နံရံဟာလည်း ပါးမသွားဘဲ ပိုလို့တောင်ထူလာပါတယ်။

အဲ့လိုထူလာတဲ့အခါမှာ သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင်သားအိမ်နံရံတအားထူလာပါက သားအိမ်ကင်ဆာဖြစ်နိုင်ခြေလည်းရှိပါတယ်။

၅။Cervical carcinoma,Endometrial carcinoma(သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာဖြစ်ခြင်း)

သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာတွေဖြစ်တဲ့အခါမှာလည်း သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတာဖြစ်နိုင်ပါတယ်။

သွေးဆုံးပြီးနောက်သွေးပြန်ဆင်းတဲ့ရတဲ့အကြောင်းရင်းတွေထဲမှာ စိုးရိမ်ရတဲ့အကြောင်းရင်းတွေလည်းပါသလို မစိုးရိမ်ရတဲ့အကြောင်းရင်းတွေလည်းပါပါတယ်။

ဒါပေမယ့် အတိအကျကတော့ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီးစစ်ဆေးမှုတွေလုပ်ကြည့်မှ သေချာသိမှာမို့ သွေးဆုံးပြီးလို့ သွေးပြန်ဆင်းတာဖြစ်တာအခါ ပေါ့ပေါ့မနေဘဲ အိုဂျီနဲ့ပြသစမ်းသပ်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ မိန်းမကိုယ်ကိုစမ်းသပ်စစ်ဆေးတာ၊အာထရာဆောင်းရိုက်တာ၊လိုအပ်ရင် သားအိမ်နံရံအသားစယူစစ်ဆေးတာတွေပါ လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုကို အိုဂျီက ပေးပါလိမ့်မယ်။

ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး သောက်ဆေး၊လိမ်းဆေးတွေလောက်ပဲလိုတာရှိသလို ခွဲစိတ်ကုထုံး၊ကင်ဆာဆေးသွင်းကုထုံး၊ဓါတ်ရောင်ခြည်ကုထုံး လိုတာမျိုးတွေလည်းရှိနိုင်ပါတယ်။

Dr 528