ဘယ်လိုအခါမျိုးမှာ သားအိမ်ကွဲလဲ

ဘယ္လိုုအခါမ်ိဳးမွာ သားအိမ္ကြဲလဲ

 

ကိုယ္ဝန္သည္အမ်ဳိးသမီးမ်ားအတြက္ အစိုးရိမ္ဆံုးကိစၥတစ္ရပ္သည္ သားအိမ္ကြဲထြက္ျခင္းျဖစ္ပါတယ္။ဘယ္အခ်ိန္တြင္ သားအိမ္ကြဲထြက္မလဲ ဆိုေသာေမးခြန္းက ေမးေလ့ရွိပါတယ္။သို့ေသာ္ သားအိမ္ကြဲထြက္ျခင္းသည္ ရွားပါးေသာျဖစ္ရပ္တစ္ခုျဖစ္ေသာ္လည္းအဆိုးဝါးဆံုးေသာ ဆိုးက်ဳိးတစ္ခုျဖစ္ပါတယ္။သားအိမ္ကြဲထြက္ျခင္းေျကာင့္ ကေလးသည္သားအိမ္ထဲမွ ဝမ္းဗိုက္အတြင္းသို့ေရာက္ရွိကာ မိခင္သည္ေသြးထြက္လြန္ရ်္ ကေလးသည္ ေအာက္ဆီဂ်င္ျပတ္လပ္သည္အထိဆိုးက်ဳိးမ်ားပါတယ္။
အဆိုပါသားအိမ္ကြဲထြက္ျခင္းသည္ ကိုယ္ဝနိေဆာင္သည္ တစ္ရာခိုင္နူန္းျဖစ္နိုင္ပါတယ္။သားအိမ္ခြဲစိတ္ဖူးသူနွင့္ပထမကေလးခြဲေမြးသူမ်ားတြင္ သားအိမ္ကြဲထြက္ျခင္းျဖစ္နိုင္ေခ်မ်ားပါတယ္။ခြဲစိတိေမြးဖြားဖူးသုူတိုင္း ကြဲထြက္ရန္အခြင့္အလမ္းမ်ားပါတယ္။ထို့ေျကာင့္ ဆရာဝန္မ်ားအေနျဖင့္ ဦးဆံုးကေလးမ်ားခြဲစိတ္ဖူးသူသည္ ေနာက္ကေလးတြင္လည္း ရုိူရုိးေမြးရန္ေရွာင္ရွားေလ့ရွိပါတယ္။ခြဲစိတ္ေမြးဖြားဖူးသူမ်ားသည္ ရုိးရုိးေမြးျခင္းသည္ျဖစ္နိုင္ေသာ္လည္းအလြန္အႏၱရာယ္မ်ားေျကာင္းျကိုတင္သိရွိရန္လိုအပ္ပါတယ္။
ယခုေခတ္တြင္ ကိုယ္ဝန္ေဆာင္သည္ သံုးေယာက္လ်ွင္တစ္ေယာက္သည္ ခြဲစိတ္ေမြးဖြားျခင္းကိုေရြးခ်ယ္ျကပါတယ္။ထို့ေျကာင့္ သားအိမ္ကြဲထြက္ျခင္းျဖစ္ရန္အခြင့္အလမ္းမ်ားပါတယ္။
သားအိမ္ကြဲထြက္ျခင္း လကၡဏာမ်ားမွာ
သားအိမ္ကြဲထြက္ျခင္းသည္ လကၡဏာမ်ားစြာရွိနိုင္ေသာ္လည္း အခ်ဳိ့ျဖစ္ေစနိုင္ေသာလကၡဏာမ်ားမွာ
-မိန္းမကိုယ္မွ ေသြးမ်ားစြာဆင္းျခင္း
-သားအိမ္က်ဳံျခင္းေျကာင့္ အလြန္အမင္းနာက်င္ျခင္း
-ဝမ္းဗိုက္အလြန္နာက်င္ျခင္း
-ခြဲေျကာင္းေနရာရုတ္တရက္နာက်င္ျခင္း
-သားအိမ္ျကြက္သားေပ်ာ့ုျခင္း
-နွလံုးခုန္ျမန္ျခင္း။ေသြးေပါင္က်ျခင္း
-သတိလစ္ျခင္း
-ကေလးနွလံုးခုန္မမွန္ျခင္းနွင္႔သဘာဝအတိုင္းေမြးရန္ခက္ခဲျခင္းစသည္တို့ျဖစ္ပါတယ္။
သားအိမ္ကြဲထြက္ျခင္းျဖစ္ေစေသာအေျကာင္းရင္း
ကေလးေမြးဖြားစဥ္ ကေလးကိုမိန္းမကိုယ္မွတိုးထြက္ရန္ဖိအားျဖင့္ထြက္ေစျပီး အဆိုပါဖိအားေျကာင့္သားအိမ္ကြဲသြားတတ္ပါတယ္။အရင္ခြဲေျကာင္းအေဟာင္းေနရာမွ ကြဲထြက္တတ္ပါတယ္။ကြဲေျကာင္းေနရာမွ ကေလးသည္ဝမ္းဗိုက္အတြင္းထြက္သြားနိုင္ပါတယ္။
သားအိမ္ကြဲထြက္ျခင္းအက်ဳိးဆက္
သားအိမ္ကြဲျခင္းအက်ဳိးဆက္အေနျဖင့္ ကေလးမ်ား ေျခာက္ရာခိုင္နွန္းသည္ အသက္ဆံူုးရႈံးရနိုင္ပါတယ္။မိခင္တစ္ရာခိုင္နူန္းသည္အသက္ဆံုးရႈံးရနိုင္ပါတယ္။မိခင္တြင္ ေသြးထြက္မ်ားျခင္းျဖစ္ေစနိုင္ပါတယ္သားအိမ္ကြဲထြက္ျခင္ူသည္ကေလးအတြက္အသက္အႏၱရာယ္မ်ားပါတယ္။ကေလူကိုလ်င္ျမန္စြာေမြးျပီး မိနစ္ေလးဆယ္အတြင္း မေမြးနိုင္ပါက ကေလးအသက္ေသဆံုးနိုင္ပါတယ္ဝသားအိမ္ကြဲထြက္ျခင္းကိုေစာစီးစြာသိရွိကုသမူေပးလ်ွင္ မိခင္ေရာကေလးပါ အသက္ရွင္ရန္အခြင့္အလမ္းမ်ားနိုင္ပါတယ္။
စမ္းသပ္မူျပုလုပ္ျခင္း
သားအိမ္ကြဲထြက္ျခင္းသည္ရုတ္တရက္ခ်က္ခ်င္းျမန္ဆန္စြာျဖစ္တတ္ေသာေျကာင့္ ဆရာဝန္သည္သာအလ်င္အျမန္သတိရွိရန္လိုအပ္ပါတယ္။
ကုသနည္းမ်ား
သားအိမ္ကြဲထြက္ျခင္းေျကာင့္ျဖစ္ေစေေသြးထြက္လြန္ျခင္းကိုကုသရန္ အမ်ဳိးသမီးသားအိမ္ထုတ္ရန္သာနည္းလမ္းရွိပါတယ္။ေသြးသြင္းရန္လိုအပ္ပါတယ္။မိခင္သည္ သားအိမ္ထုတ္ျပီးေနာက္ ေနာက္တစ္ျကိမ္ကိုယ္ဝန္မေဆာင္နိုင္ေတာ့ပါ။
သားအိမ္ကြဲထြက္ျခင္းသည္ကာကြယ္နိုင္ပါသလား?
သားအိမ္ကြဲထြက္ျခင္းကိုကာကြယ္ရန္နည္းလမ္းမွာ ခြဲစိတ္ေမြးဖြားျခင္းျဖစ္ပါတယ္။ကိုယ္ဝနိေစာစီးစြာအပ္ရ်္ သားဖြားမီးယပ္အထူးကုနွင့္ရက္ခ်ိ္န္းမွန္မွနိျပပါ။

Dr.Pyae Shin

Unicode Version

ဘယ်လိုအခါမျိုးမှာ သားအိမ်ကွဲလဲ

ကိုယ်ဝန်သည်အမျိုးသမီးများအတွက် အစိုးရိမ်ဆုံးကိစ္စတစ်ရပ်သည် သားအိမ်ကွဲထွက်ခြင်းဖြစ်ပါတယ်။ဘယ်အချိန်တွင် သားအိမ်ကွဲထွက်မလဲ ဆိုသောမေးခွန်းက မေးလေ့ရှိပါတယ်။သို့သော် သားအိမ်ကွဲထွက်ခြင်းသည် ရှားပါးသောဖြစ်ရပ်တစ်ခုဖြစ်သော်လည်းအဆိုးဝါးဆုံးသော ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။သားအိမ်ကွဲထွက်ခြင်းကြောင့် ကလေးသည်သားအိမ်ထဲမှ ဝမ်းဗိုက်အတွင်းသို့ရောက်ရှိကာ မိခင်သည်သွေးထွက်လွန်ရျ် ကလေးသည် အောက်ဆီဂျင်ပြတ်လပ်သည်အထိဆိုးကျိုးများပါတယ်။
အဆိုပါသားအိမ်ကွဲထွက်ခြင်းသည် ကိုယ်ဝနိဆောင်သည် တစ်ရာခိုင်နူန်းဖြစ်နိုင်ပါတယ်။သားအိမ်ခွဲစိတ်ဖူးသူနှင့်ပထမကလေးခွဲမွေးသူများတွင် သားအိမ်ကွဲထွက်ခြင်းဖြစ်နိုင်ချေများပါတယ်။ခွဲစိတိမွေးဖွားဖူးသုူတိုင်း ကွဲထွက်ရန်အခွင့်အလမ်းများပါတယ်။ထို့ကြောင့် ဆရာဝန်များအနေဖြင့် ဦးဆုံးကလေးများခွဲစိတ်ဖူးသူသည် နောက်ကလေးတွင်လည်း ရိုူရိုးမွေးရန်ရှောင်ရှားလေ့ရှိပါတယ်။ခွဲစိတ်မွေးဖွားဖူးသူများသည် ရိုးရိုးမွေးခြင်းသည်ဖြစ်နိုင်သော်လည်းအလွန်အန္တရာယ်များကြောင်းကြိုတင်သိရှိရန်လိုအပ်ပါတယ်။
ယခုခေတ်တွင် ကိုယ်ဝန်ဆောင်သည် သုံးယောက်လျှင်တစ်ယောက်သည် ခွဲစိတ်မွေးဖွားခြင်းကိုရွေးချယ်ကြပါတယ်။ထို့ကြောင့် သားအိမ်ကွဲထွက်ခြင်းဖြစ်ရန်အခွင့်အလမ်းများပါတယ်။
သားအိမ်ကွဲထွက်ခြင်း လက္ခဏာများမှာ
သားအိမ်ကွဲထွက်ခြင်းသည် လက္ခဏာများစွာရှိနိုင်သော်လည်း အချို့ဖြစ်စေနိုင်သောလက္ခဏာများမှာ
-မိန်းမကိုယ်မှ သွေးများစွာဆင်းခြင်း
-သားအိမ်ကျုံခြင်းကြောင့် အလွန်အမင်းနာကျင်ခြင်း
-ဝမ်းဗိုက်အလွန်နာကျင်ခြင်း
-ခွဲကြောင်းနေရာရုတ်တရက်နာကျင်ခြင်း
-သားအိမ်ကြွက်သားပျော့ုခြင်း
-နှလုံးခုန်မြန်ခြင်း။သွေးပေါင်ကျခြင်း
-သတိလစ်ခြင်း
-ကလေးနှလုံးခုန်မမှန်ခြင်းနှင့်သဘာဝအတိုင်းမွေးရန်ခက်ခဲခြင်းစသည်တို့ဖြစ်ပါတယ်။
သားအိမ်ကွဲထွက်ခြင်းဖြစ်စေသောအကြောင်းရင်း
ကလေးမွေးဖွားစဉ် ကလေးကိုမိန်းမကိုယ်မှတိုးထွက်ရန်ဖိအားဖြင့်ထွက်စေပြီး အဆိုပါဖိအားကြောင့်သားအိမ်ကွဲသွားတတ်ပါတယ်။အရင်ခွဲကြောင်းအဟောင်းနေရာမှ ကွဲထွက်တတ်ပါတယ်။ကွဲကြောင်းနေရာမှ ကလေးသည်ဝမ်းဗိုက်အတွင်းထွက်သွားနိုင်ပါတယ်။
သားအိမ်ကွဲထွက်ခြင်းအကျိုးဆက်
သားအိမ်ကွဲခြင်းအကျိုးဆက်အနေဖြင့် ကလေးများ ခြောက်ရာခိုင်နှန်းသည် အသက်ဆူံုးရှုံးရနိုင်ပါတယ်။မိခင်တစ်ရာခိုင်နူန်းသည်အသက်ဆုံးရှုံးရနိုင်ပါတယ်။မိခင်တွင် သွေးထွက်များခြင်းဖြစ်စေနိုင်ပါတယ်သားအိမ်ကွဲထွက်ခြင်ူသည်ကလေးအတွက်အသက်အန္တရာယ်များပါတယ်။ကလေူကိုလျင်မြန်စွာမွေးပြီး မိနစ်လေးဆယ်အတွင်း မမွေးနိုင်ပါက ကလေးအသက်သေဆုံးနိုင်ပါတယ်ဝသားအိမ်ကွဲထွက်ခြင်းကိုစောစီးစွာသိရှိကုသမူပေးလျှင် မိခင်ရောကလေးပါ အသက်ရှင်ရန်အခွင့်အလမ်းများနိုင်ပါတယ်။
စမ်းသပ်မူပြုလုပ်ခြင်း
သားအိမ်ကွဲထွက်ခြင်းသည်ရုတ်တရက်ချက်ချင်းမြန်ဆန်စွာဖြစ်တတ်သောကြောင့် ဆရာဝန်သည်သာအလျင်အမြန်သတိရှိရန်လိုအပ်ပါတယ်။
ကုသနည်းများ
သားအိမ်ကွဲထွက်ခြင်းကြောင့်ဖြစ်စေေသွေးထွက်လွန်ခြင်းကိုကုသရန် အမျိုးသမီးသားအိမ်ထုတ်ရန်သာနည်းလမ်းရှိပါတယ်။သွေးသွင်းရန်လိုအပ်ပါတယ်။မိခင်သည် သားအိမ်ထုတ်ပြီးနောက် နောက်တစ်ကြိမ်ကိုယ်ဝန်မဆောင်နိုင်တော့ပါ။
သားအိမ်ကွဲထွက်ခြင်းသည်ကာကွယ်နိုင်ပါသလား?
သားအိမ်ကွဲထွက်ခြင်းကိုကာကွယ်ရန်နည်းလမ်းမှာ ခွဲစိတ်မွေးဖွားခြင်းဖြစ်ပါတယ်။ကိုယ်ဝနိစောစီးစွာအပ်ရျ် သားဖွားမီးယပ်အထူးကုနှင့်ရက်ချိန်းမှန်မှနိပြပါ။

Dr.Pyae Shin