မွေးခါနီး  သွေးအချွဲဆင်းတာ အရေးပေါ်အခြေအနေလား
-အဆက်မပြတ်ခါးနာခြင်း
Dr.Pyae Shin
Unicode Version
မွေးခါနီး  သွေးအချွဲဆင်းတာ အရေးပေါ်အခြေအနေလား
ကိုယ်ဝန်ဆောင်သည်များကို မွေးခါနီးလရင့်လာသောအခါ ကိုယ်ဝန်စောင့်ရှောက်မူပေးနေသော ဆရာဝန် ဆရာမများကအမြဲမှာကြားသည်မှာရေဆင်း။သွေးဆင်း။ဗိုက်နာပြန်လာပါဟု မှာကြားလိုက်ပါတယ်။ထိုအခါ အများစုသည် ရေဆင်း။ဗိုက်နာခြင်းကိုနားလည်သော်လည်းသွေးဆင်းခြင်းကို ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။
မွေးခါနီးလရင့်သောအခါ ကိုယ်ဝန်ဆောင်သည်များသည် မိန်းမကိူယ်မှ အချွဲနှင့်သွေးများပါသောအကျိအချွဲများဆငိးတတ်ပါတယ်။မွေးခါနီး ကိုယ်ဝန်ဆောင်သည်တိုင်းဖြစ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်သည်ကာလတလျောက် အဖြူရည်ကြည်ဆင်းသည်မှာပုံမှန်ဖြစ်ပါတယ်။အမျိုးသမီးဟော်မုန်းပမာဏအပြောင်းအလဲပေါ်မူတည်ရျ်  အဖြူရည် အပစ်အကျဲ ပမာဏကွဲပြားနိုင်ပါတယ်။ကိုယ်ဝန်ဆောင်သည်များသည် အဖြူရည်ကိုအမြဲစောင့်ကြည့်နေသင့်ပါတယ်။အထူးဖြင့်မွေးခါနီးရက်ပိုင်းအလိုကာလအတွင်း ပိုမိုအရေးကြီးပါတယ်။သွေးစအကျိအချွဲဆင်းခြင်းသည် ကိုယ်ဝန်ဆောင်သည်အတွက်ပုံမှန်ဟုယူဆနိုင်သလို မွေးဖွားခါနီးအစလက္ခဏာတစ်ခုဟုလည်းဖြစ်နိုင်ပါတယ်။
သွေးရောင်ဆင်းခြင်းသည် မိန်းမကိုယ်မှဆင်းသောအရည်တစ်မျိုးဖြစ်ပါတယ်။သွေးရောင်ပါောအကျိအချွဲဖြစ်ပါတယ်။ဆင်းခြင်းသည် မမွေးခင်တွင် ဆင်းတတ်ပါတယ်။သိူ့သော်မွေးသောအချိန်နှင့်သွေးအကျိအချွဲထွက်သောအချိန်ကွာခြားမူသည်တစ်ဦးနင့်တစ်ဦးမတူပါ။
သွေးအချွဲဆင်းတိုင်း အရေးပေါ်အခြေအနေဟူရျ်ပြောမရပါ။သွေးဆင်းတိုင်းပျက်ကျသည်ဟု ယူဆမရပါ။သွေးဆင်းခြင်း အကျိအချွဲဆင်းခြင်းအပါအဝင်အချို့အခြေများသည် ကိုယ်ဝန်ဆောင်စဉ် ပုံမှန်ဟု ယူဆနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလအစပိုင်းတွင်အနည်းငယ်တစ်၂စက်ဆင်းခြင်းသည် ဖြစ်တတ်ပါတယ်။သားအိမ်ခေါင်းတွင်ပသားပိုရှိခြင်းရောင်ရမ်းခြင်းကြောင့်လည်း သွေးအနည်းငယ်ဆင်းတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ဒုတိယအပိုင်းအခြားနှင့်တတိယအပိုင်းအခြားတွင်သွေးအများကြီးဆင်းလျင် စိုးရိမိစရာအခြေအနေမျာကြောင့် ဥပမာအချင်းကွာကျခြင်း ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်လမစေ့ခင် သွေးဆင်းလျှင် အထူးဂရုစိုက်ကုသရန်လိုအပ်ပါတယ်။
လစေ့နေသောကိုယ်ဝန်ဆောင်သည် သွေးအကျိအချွဲဆင်းပါက အခြားသောမွေးခါနီးလက္ခဏာများရှိမရှိစောင့်ကြည့်ပါ။
မွေးခါနီးလက္ခဏာများမှာ
-အဆက်မပြတ်ခါးနာခြင်း
-အဆက်မပြတ်ဗိုက်နာခြင်း
-သားအိမ်ကျုံခြင်းပိုစိပ်လာခြင်း
-ရေမွှာပေါက်ခြင်းစသည့်တို့ဖြစ်ပါတယ်။
သွေးဆင်းခြင်းသည် သားအိမ်ခေါင်းကျယ်လာပြီးမွေးရန်အသင့်အနေထားဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။အမျိုးသမီးများသည်သွေးအကျိအချွဲဆင်းပါက အခြားသောမွေးချင်သောလက္ခဏာများကိုစောင့်ကြည့်ပါ။ထို့ကြောင့်သွေးအကျိအချွဲဆင်းကြောင့် ကလေးမွေးချိန်နီးမနီးဟုအတိအကျမပြောနိုင်ပါ။လမစေ့ခင် သွေးဆင်းလျင် အထူးဂရုစိုက်ရနိလိုအပ်ပါတယ်။
Dr.Pyae Shin