မမေ့ထားသင့်တဲ့ ကိုယ်ခန္ဓာလုပ်ဆောင်မှုအတွက် အရေးပါသော သံဓာတ်
1)လက္ခဏာများမှာ
-အားအင်ကုန်ခမ်းခြင်း
-အားနည်းခြင်း
-မူးဝေခြင်း
-ခေါင်းကိုက်ခြင်း
-ခြေလက်အေးခြင်း
-အသက်ရှုမဝခြင်း
-ခြေလက်အေးခြင်း
-ရင်ဘတ်အောင့်ခြင်း
-ဆံပင်ကျွတိခြင်း
-လျှာနာခြင်း
(1)အစားအစာ
(3)သွေးထွက်များခြင်း
-ရာသီလာတာများခြင်း
-နှလုံးထိခိုက်ခြင်း
3)ရောဂါဖြစ်စေနိုင်သောအကြောင်းရင်းပေါ်မူတည်ရ်ျ ရှာဖွေစမ်းသပ်မူပြုလုပ်ရပါတယ်။
Dr. ပြည့်ရှင်း
(Unicode Version)
မမေ့ထားသင့်တဲ့ ကိုယ်ခန္ဓာလုပ်ဆောင်မှုအတွက် အရေးပါသော သံဓာတ်
အားအင်ကုန်ခမ်း မူးမောလာလျှင် မိမိတွင် ဘာဓာတ်အားနည်းနေသလဲဆိုတာ သင် သိချင်ပါလိမ့်မယ်။အမျိုးသမီးတွေမှာ အဖြစ်များသလို အမျိုးသားတွေပါဖြစ်တတိပါတယ်။သံဓာတ်သည် ကိုယ်ခန္ဓာအတွက် လွန်စွာအရေးပါသော သတ္တူဓာတ်တစ်မျိုးဖြစ်ပါတယ်။သွေးထဲတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ရာတွင်အရေးပါပါတယ်။ဟော်မုန်းတွေထုတ်ရာတွင်အရေးကြီးသလို ဆဲလ်များ လုပ်ဆောင်မူ္ခ္ခတွင်လည်း လိုအပ်ပါတယ်။အကယ်ရျ် လူ့ကိုယ်ခန္ဓာတွင် သံဓာတ်အားနည်းလျင် မိမိကိုယ်ခန္ဓာလုပ်ဆောင်မူအားလုံးကျလာပါလိမ့်မယ်။ထိုကဲ့သို့ဖြစ်လာလျှင် အချိန်မှီကုသလျှင် ပျောက်ကင်းနိုင်ပါတယ်။
1)လက္ခဏာများမှာ
သံဓာတ်အားနည်းလျှင် ခံစားရသောလက္ခဏာများမှာ အမျိုးမျိုးရှိပါတယ်။သံဓာတ်အားနည်းသောပမာဏပေါ်မူတည်ရျ် ပြင်းထန်လေ့ရှိပါတယ်။သံဓာတ်အားနည်းမူပိုဆိုးလာလျှင် သွေးအားနည်းသည်အထိ ဖြစ်လာပါတယ်။သံဓာတ်အားနည်းမူ နည်းလျင် သိသာထင်ရှားသော လက္ခဏာမပြတတ်ပါ။သွေးအားနည်းလာလျှင်ဖြစ်လာနိုင်သောလက္ခဏာများမှာ
-အားအင်ကုန်ခမ်းခြင်း
-အားနည်းခြင်း
-မူးဝေခြင်း
-ခေါင်းကိုက်ခြင်း
-ခြေလက်အေးခြင်း
-အသက်ရှုမဝခြင်း
-ခြေလက်အေးခြင်း
-ရင်ဘတ်အောင့်ခြင်း
-ရင်တုန်ခြင်း စသောလက္ခဏာများခံစားရနိုင်ပါတယ်။
အခြားဖြစ်ပေါ်လာနိုင်သောလက္ခဏာများမှာ
-လက်သည်းခြေသည်းကျွတ်ဆတ်ခြင်း
-နူတ်ခမ်းထောင့်ကွဲခြင်း
-ဆံပင်ကျွတိခြင်း
-လျှာနာခြင်း
-အသားအရေဖြူဖျော့ခြင်း
-ရင်တုန်ခြငိးစသည်တို့လည်းစမ်းသပ်တွေ့ရှိနိုင်ပါတယ်။
2)ဖြစ်စေနိုင်သောအကြောင်းအရာများမှာ
သံဓာတ်ချို့တဲ့ရသောအကြောင်းရင်းများစွာရှိပါတယ်။
(1)အစားအစာ
သံဓာတ်ကြွယ်ဝသောအစားအစာ ဥပမာ ငါး။ပဲ။အစိမ်းရောင်အရွက်များကိုနေ့စဉ်လိုအပ်သောပမာဏကိုလုံလောက်စွာမစားလျှင် အားနည်းလာနိုင်ပါတယ်။
(2)သံဓာတ်စုပ်ယူမူအားနည်းခြင်း
အချို့ဆေးဝါးများနှင့်ရောဂါအခြေအနေများကြောင့်သံဓာတ်ပြည့်ဝသောအစာအစားများစားသုံးသော်လည်းစုပ်ယူအားနည်းခြင်းဖြစ်နိုင်ပါတယ်။
သံဓာတ်စုပ်ယူမူအားနည်းစေသောအခြေအနေများမှာ
-အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများ
-အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်ထားခြင်း
(3)သွေးထွက်များခြင်း
ကိုယ်ခန္ဓာမှအကြောင်းတခုခုကြောင့်သွေးထွက်များခြင်း
-အစာအိမ်အနာနှင့်ကင်ဆာတို့ကြောင့်သွေးယိုစိမ့်ခြင်း
-အကိုက်အခဲပျောက်ဆေးများ
-ရာသီလာတာများခြင်း
-ဆီးလမ်းကြောင်းသွေးထွက်ခြင်း
-ခွဲစိတ်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
အခြားသောအကြောင်းရင်းများမှာ
-ကျောက်ကပ်ပျက်ဆီးခြင်း
-နှလုံးထိခိုက်ခြင်း
-အဝလွန်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
သံဓာတ်သည် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအတွက် အထူးအရေးကြီးပါတယ်။
3)ရောဂါဖြစ်စေနိုင်သောအကြောင်းရင်းပေါ်မူတည်ရျ် ရှာဖွေစမ်းသပ်မူပြုလုပ်ရပါတယ်။
4)ကုသမူနည်းလမ်းများမှာ
သံဓာတ်အားနည်းခြင်းကြောင့် တိကျသောကုသမူသည် ဖြစ်စေနိုင်သောအကြောင်းအရငိးပေါ်မူတည်ကုသသင့်ပါတယ်။
-သံဓာတ်အားဆေးသောက်ခြင်း
-လိုအပ်လျှင်သွေးသွင်းခြင်း
-ခွဲစိတ်ကုသခြင်းစသည်တို့ကိုပြုလုပ်ရပါတယ်။မိမိတွင်သံဓာတ်အားနည်းသောလက္ခဏာခံစားရပါက သံဓာတ်အားဆေးမှန်မှန်ရေရှည်စွဲသောက်ရန်လိုအပ်သလို အစားအစားများလည်းရွေးခဖယ်စားသုံးပေးပါ။
Dr. ပြည့်ရှင်း
(Unicode Version)