”အိုမာ” ဖြစ်ချင်သလား

”အိုုမာ” ျဖစ္ခ်င္သလား

‘ အဲဒါေျပာတာပဲ ဆရာေရ. . .အသက္ၾကီးလာလို႔ကေတာ့ ဘယ္ဟာမွ မေကာင္းေတာ့ဘူး။ နည္းနည္းလႈပ္လိုက္တာနဲ႔ ဟုိနားကနာ၊ သည္နားကနာ။ ျပီးေတာ့ လမ္းနညး္နည္းေလ်ွာက္တာမ်ားသြားတာနဲ႕ လူက ေမာေနျပီ။ မ်က္စိကလည္းမႈန္လာ သတိေတြကလည္းေမ့၊ အခုေလးတင္လုပ္လိုက္တယ္ အခုျပန္စဥ္းစားတာ ေဟာ စဥ္းစားလို႔မရေတာ့ဘူး။ သည္ၾကားထဲ အခုလို ေသြးတိုး၊ ဆီးခ်ိဳေရာဂါေတြကလည္း ၀င္လာေသး. . .အင္း ေတာ္ေတာ္မေကာင္းေတာ့တာပဲ ဆရာရဲ႕ သိရဲ႕လား’

‘သိပါတယ္ ဦးေလးရ..ေျပာပါဦး အသက္ၾကီးလို႔မေကာင္းေတာ့တာ ဒါေတြပဲလား. .  အိမ္က သားသမီး ေျမးျမစ္ေတြ၊ ေဆြမ်ိဳးေတြကေကာ ဘယ္လိုေနလဲ’

‘ေၾသာ္ ေတြ႔လား ဆရာေတာင္ ေကာင္းေကာင္းသိေနျပီ။ အိမ္က ကေလးေတြကေတာ့ ေျပာမေနပါနဲ႕ ကြ်န္ေတာ့္ကို အဘိုးၾကီးျဖစ္ေနျပီ ဆိုျပီး ေနရာတကာ သူတို႔သိ သူတို႔တတ္ၾကီး ျဖစ္ကုန္ၾကတာပါပဲ။ ကုိယ္ကလည္းကိုယ္ပဲေလ တစ္ခုခုဆို ဖုန္းႏိွပ္မရတာျဖစ္ျဖစ္၊ တီဗြီၾကည့္ခ်င္တာျဖစ္ျဖစ္၊ ယုတ္စြအဆံုး ဟိုနားသည္နားသြားဖို႔ေတာင္ အေဖာ္ေခၚခ်င္လို႔ သူတို႔မ်က္ႏွာၾကည့္ေနရတာေလ။ တစ္ခါတစ္ေလ ကိုယ့္ဟာကိုယ္လူပိုၾကီးလုိ႔ ေအာက္ေမ့မိတာပါပဲ’

‘အမွန္က ဦးေလးရဲ႕၊ ဒါ. . . ပံုမွန္ပဲ’

‘ဗ်ာ. . ‘

‘ေၾသာ္ ဒါက ပံုမွန္ အသက္အရြယ္ၾကီးရင့္လာသူေတြမွာ ေတြ႔ၾကံဳေနရတဲ႔ ျပႆနာေတြပဲလို႔ေျပာတာပါ။ ဦးေလးမွ မဟုတ္ဘူး ကြ်န္ေတာ္တုိ႔ဆီက လူၾကီးပိုင္းေတြလိုလိုမွာ ျဖစ္ေနတဲ့ ကိစၥေတြပဲေလ။ ခုနက ဦးေလးေျပာတဲံ့ ေ၀ဒနာေတြက ခႏၶာကိုယ္ရဲ႕ဇီ၀ကမၼျဖစ္စဥ္ေတြ အားေလ်ာ့လာတဲ့သဘာ၀ေၾကာင့္ျဖစ္လာရတာပါ။ Physiological decline လို႔ေခၚတယ္။ အသက္အရြယ္ၾကီးရင့္လာတဲ့အခါမွာ ေသြးေၾကာနံရံေတြထူလာတယ္၊ အဆုတ္ထဲမွာေလရွဴႏိုင္တဲ့ပမာဏနည္းလာတယ္၊ ဦးေႏွာက္အတြင္းတံု႔ျပန္မႈေတြေႏွးလာတယ္၊ အရိုးေတြပြလာတယ္၊ ၾကြက္သားေတြက်ံဳ႔လာတယ္၊ ေက်ာက္ကပ္အလုပ္လုပ္မႈေလ်ာ့လာတယ္. . .အဲဒါေတြက လူတိုင္းလိုလိုမွာ ျဖစ္လာတာပဲ။ ဒါေၾကာင့္မို႔ ဦးေလးေျပာတဲ့ ခုနကျပသ၁နာ ေတြေပၚလာတာေပါ့။ ေနာက္ျပီး အိမ္ကမိသားစုကိစၥကိုလည္း ကြ်န္ေတာ္က တမင္ေမးလိုက္တာပါ။ ဦးေလးျဖစ္သလို ကိုယ္ဟာအေရးမပါေတာ့သလို၊ အထီးက်န္သလိုခံစားလာရတာလည္း အသက္အရြယ္ၾကီးရင့္ျခင္းရဲ႕ အျဖစ္မ်ားတဲ့ လူမႈေရးဆိုင္ရာ ေနာက္ဆက္တြဲျပသ၁နာတစ္ခုပါပဲ။’

‘ဇရာေပါ့ေလ။ ဇာတိ ျပီးရင္ ဇရာ၊ မရဏ လာမွာပါပဲ။ ခႏၶာကိုယ္ၾကီးလည္း အို၊ စိတ္ပိုင္း လူမႈေရးအပိုင္းလည္း အို ျပီးရင္ နာ ေသ။ တရားသေဘာေတြပါပဲေလ။ ဟုတ္ပါတယ္ ဆရာေျပာတာ အမွန္ပါပဲ ျဖစ္ရိုးျဖစ္စဥ္ေတြပါ။ မထူးဆန္းပါဘူး’

‘မထူးဆန္းဘူးဆိုေပမယ့္ ထူးဆန္းတာက ကြ်န္ေတာ္တို႔ဆီမွာ သည္ကိစၥကို သိသိၾကီးနဲ႔ ဒီအတိုင္းလက္ခံေနၾကတာဗ်’

‘ဟင္ ဆရာပဲေျပာေတာ့ ဒါပံုမွန္ ကိစၥပဲဆို။ အဲဒါဆို ဒီအတိုင္း လက္မခံလို႔ ဘယ္လိုလုပ္မလဲ။ ျငင္းပယ္လို႔မွ မရတာ’

‘အင္း ကြ်န္ေတာ္ျမင္သေလာက္ ဒီေနရာမွာ ကြ်န္ေတာ္တို႔က တရားသေဘာေတြကို တလြဲအသံုးခ်ေနတာထင္တယ္ဗ်။ အသက္ၾကီးရင္ပ်က္စီးမွာပါပဲဆိုျပီး ျဖစ္သလိုအရွဳံးေပးျပီးေနတာကေတာ့ ေလာကီအျမင္ နဲ႔ ေလာကုတၱရာအျမင္ ေရာေထြးျပီိး က်န္းမာေရးအသိပညာမရွိရာေရာက္ကုန္တာထင္တာဗ်’

‘ဆရာေျပာခ်င္တာက  သမုတိ နဲ႕ ပရမတၱ သစၥာခ်င္းမကြဲတာလို႔ဆိုခ်င္ပံုရတယ္။ ေျပာပါဦး ဆရာရဲ႕ အဲဒါဆို ဘယ္လို က်န္းမာေရးအသိရွိရမလဲ ဆိုတာ’

‘ဒီလိုပါ ခုနက ေျပာခဲ့တဲ့ ျဖစ္ရိုးျဖစ္စဥ္ ပ်က္စီးယိုယြင္းမႈေတြ မရွိေအာင္၊ ဒါမွမဟုတ္ နည္းႏိုင္သမွ်နည္းေအာင္ ေနထိုင္လို႔ရပါတယ္။ အဲဒါကို ေအာင္ျမင္စြာအိုမင္းျခင္း (Successful ageing) လို႔ေခၚတယ္ဗ်။ အသက္ၾကီးေပမယ့္ မပ်က္စီးဘူး ေပါ့။ ဒါေပမယ့္ အဲဒါက ငယ္စဥ္ကတည္းက က်န္းမာေရးလိုက္စားရမယ္။ ေဘးဥပါဒ္ျဖစ္တာေတြ ေရွာင္ႏိုင္ရမယ္။ ေရာဂါဘယေတြကိုလည္း ၾကိဳတင္ကာကြယ္မႈရွိရမယ္။ ျဖစ္လာတဲ့ ေရာဂါေတြကိုလည္း ျမန္ျမန္ဆန္ဆန္ကုသေပ်ာက္ကင္းႏိုင္ရမယ္ စတာေတြနဲ႕ ျပည့္စံုဖို႔လိုပါတယ္။ ဆိုေတာ့ တကယ္တမ္း လူအမ်ားစု ေအာင္ျမင္ဖို႔ဆိုတာ သိပ္မလြယ္ၾကဘူး။ အဲသည္ေတာ့ အဲဒီအစား က်န္းမာစြာအသက္ၾကီးျခင္း (Healthy ageing) ဆိုတာကို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ထုတ္ျပန္လာတာ ရွိပါတယ္။’

‘အဲ့ ဆရာ့စကားေတြကလည္း အဆန္းပါလား။ ေအာင္ျမင္စြာအိုမင္းျခင္း၊ က်န္းမာစြာအသက္ၾကီးျခင္း ဆိုေတာ့’

‘ဘာသာျပန္တာကေတာ့ တိုက္ရိုက္ျပန္ထားတာဆိုေတာ့ နည္းနည္းမ်ားေထာက္ေနမလားမသိဘူး။ က်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားတာတစ္ခုေတာ့ လွလွပပရွိတယ္။ ‘ေပ်ာ္ရႊင္တက္ၾကြ သက္ၾကီးဘ၀’တဲ့၊ Active ageing ေပါ့ဗ်ာ’

‘အင္း စိတ္ေတာ့၀င္စားစရာပဲဗ်။ အသက္ရွည္လာမယ္၊ အရြယ္အိုလာမယ္။ ဒါေပမယ့္ ျဖတ္လတ္က်န္းမာစြာပဲ အသက္ရွည္အိုမင္းလာမယ္ ဆိုေတာ့ ကြ်န္ေတာ့္အျမင္ အဓိပါၸယ္ရွိစြာအသက္ရွည္ျခင္း လို႔ ေခၚရင္ရမယ္ထင္တယ္’

‘အဲ ဟုတ္တယ္ဗ် Meaningful ageing ေပါ့. . ဟဲဟဲ ဘယ္သူမွေတာ့ အဲသလိုမသံုးေသးဘူး။ ဦးေလးနဲ႕ ကြ်န္ေတာ္နဲ႕ေပါင္းျပီး စထြင္လိုက္တဲ့ ေ၀ါဟာရအျဖစ္ နာမည္ၾကီးခ်င္ၾကီးသြားႏိုင္တယ္ဗ်။ အသက္ၾကီးရင္ၾကီးလာပေလ့ေစ အိပ္ရာထဲမွာလဲမေနခ်င္ဘူး၊ လူပိုၾကီးလို ပတ္၀န္းက်င္နဲ႕ ကင္းကြာမေနခ်င္ဘူး၊ ျဖတ္ျဖတ္လတ္လတ္ တက္တက္ၾကြၾကြနဲ႔႔ပဲ အိိုမင္းျခင္းကို ရင္ဆိုင္မယ္။ ကုိယ့္လုပ္စရာရွိတာလုပ္မယ္။ တရားရွာရင္ရွာမယ္။ ခရီးသြားရင္သြားမယ္။ သူမ်ားအေပၚမမွီခိုပဲနဲ႕ အသက္ရွည္ရွည္ေနမယ္။ ေကာင္းတယ္ဗ်။ ကြ်န္ေတာ္ျဖစ္ေစခ်င္တာ သည္လိုမ်ိဳး အသက္အရြယ္ၾကီးရင့္ျခင္းမ်ိဳးပဲ။ ဒါမွ တကယ့္ အဓိပါၸယ္ရွိေသာအသက္ရွည္ျခင္း၊ က်န္းမာေသာအသက္ရွည္ျခင္း၊ ေအာင္ျမင္စြာအိုမင္းျခင္း ပဲဗ်။ ကဲ ဦးေလးလည္း အဲသလိုမ်ိဳးပဲ အသက္ရွည္ရွည္ေနပါဗ်ာ။ အသက္ၾကီးျပီဆိုျပီး ခုနကလို စိတ္ပ်က္အားေလ်ာ့ေနရင္ေတာ့ ဘ၀က အဓိပါၸယ္မဲ့ေနမွာပဲ’

‘ဟုတ္ပါျပီဗ်ာ၊ ဆရာေျပာတာ နားေထာင္ရေတာ့ အေကာင္းသား။ ဒါေပမယ့္ ဘယ္လိုလုပ္ အဲသည္လို က်န္းမာစြာအိုမင္းေအာင္ ေနရမွာလဲဆိုတာေတာ့ ေျပာမျပရေသးဘူးေလ။ အဲဒါေလးလည္းလုပ္ပါဦး။ ဆရာေျပာသလို ျဖတ္ျဖတ္လတ္လတ္တက္တက္ၾကြၾကြ အို ခ်င္ပါတယ္ဗ် အဟဲ’

‘ဟုတ္သား။ အဲသည္က်န္းမာစြာအိုမင္းျခင္းအတြက္က အဓိကလိုအပ္တဲ့အခ်က္ေတြကို ေျပာရရင္…

၁) ပံုမွန္ကိုယ္လက္လႈပ္ရွားမႈရွိပါတဲ့။ ေန႕စဥ္ နာရီ၀က္ခန္႔ လမ္းေလွွ်ာက္တာ၊ ခပ္ရြရြေျပးတာ၊ အသက္ရွဴေလ့က်င့္ခန္းေတြျပဳလုပ္တာတို႔ ပါ၀င္ပါတယ္။ တရုတ္ရိုးရာ ထိုက္က်ိကစားတာတို႔၊ ေျခလက္ေတြကို အသာအယာႏွိပ္ႏွယ္မႈခံယူတာတို႔လည္း ျပဳလုပ္လို႔ရပါတယ္

၂) အဟာရျပည္႔၀ေအာင္ စားသံုးပါတဲ့။ အဓိကစားသံုးသင့္တာကေတာ့ ႏို႔နဲ႕ႏို႔ထြက္ပစၥည္းေတြ၊ ဟင္းသီးဟင္းရြက္ေတြ နဲ႕ လတ္ဆတ္တဲ့သစ္သီး၀လံ၊ အသားငါးေတြလို႔ေျပာပါတယ္။ ေရလည္းမ်ားမ်ားေသာက္သင့္ပါတယ္ (တစ္ေန႔ကို အနည္းဆံုး ႏွစ္လီတာေလာက္ေသာက္ဖို႔လုိပါတယ္)။ အဲဒါဆို အရိုးေတြ၊ ၾကြက္သားေတြအားရွိျပီး ျဖတ္လတ္တက္ၾကြႏိုင္ပါတယ္။

၃) ေဆးလိပ္၊ အရက္၊ ကြမ္း စတဲ့ ေဘးဥပါဒ္ေပးႏိုင္တဲ့ အရာေတြကို ေရွာင္ၾကဥ္ဖို႔၊ သံုးစြဲေနေသးရင္လည္း ျဖတ္ဖို႔လိုပါတယ္။”

‘ဟာ အဲဒါကေတာ့ ကြ်န္ေတာ္လံုး၀မလုပ္ေတာ့ဘူးဗ်၊ အဆင္ေျပတယ္’

‘ေကာင္းတာေပါ့ ဦးေလး အသက္အရြယ္ၾကီးလာရင္ ဒါေတြ ဒုကၡပိုေပးလာမွာဗ်။ ေနာက္ဆံုးအေနနဲ႕က..

၄) နာတာရွည္ေရာဂါေတြကို ေသခ်ာစစ္ေဆးကုသပါေပါ့။ ေသြးတိုး၊ ႏွလံုး၊ ကင္ဆာ စတဲ့ေရာဂါေတြအျပင္ ထိခိုက္ဒဏ္ရာရတာေတြ၊ အာရံုေၾကာေရာဂါေတြ ဒါေတြကို ဆိုလိုတာေပါ့။

‘အင္း ဆရာေျပာတာေတြကို က်န္တဲ့ ကြ်န္ေတာ္နဲ႕ရြယ္တူ လူၾကီးပိုင္းေတြကိုပါ ေျပာျပရမယ္။ အသက္ၾကီးေပမယ့္ မပ်က္စီးေအာင္ ျဖတ္လတ္တက္ၾကြေအာင္ ဘယ္လိုေနရမလဲဆိုတာကိုေပါ့။”

‘ဟုတ္တယ္ ဦးေလး။ အဲဒါအျပင္ အေရးအၾကီးဆံုးက ဦးေလးတို႔နဲ႕ အတူေနမိသားစုေတြ၊ ၀ိုင္း၀န္းျပဳစုေစာင့္ေရွာက္ေပးမယ့္လူေတြကိုလည္း ေျပာျပဖို႔လိုတယ္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါေတြအားလံုးလုပ္ႏိုင္ဖို႔က သက္ၾကီးရြယ္အိုေတြကို လူအား၊ ေငြအား၊ စိတ္ဓါတ္အားနဲ႕ ေဘးကေန ၀ိုင္း၀န္းေစာင့္ေရွာက္ေပးဖို႔ လူေတြလိုပါတယ္။ အနညး္ဆံုး စကားေျပာေဖာ္၊ ၾကည္႔ရွဴေစာင့္ေရွာက္ေပးေဖာ္ တစ္ေယာက္ေလာက္ေဘးမွ ရွိမွ အဆင္ေျပမွာပါ။ ရုပ္ပိုင္းဆိုင္ရာအရအျပင္ စိတ္ပိုင္းဆိုင္ရာေရာ လူမႈေရးပိုင္းဆိုင္ရာမွာပါ အေထာက္အကူျပဳဖို႔လိုအပ္တယ္ဆိုတဲ့ သေဘာပါ။’

‘ဒါကေတာ့ ကြ်န္ေတာ့္အျမင္ တစ္ျခားအေနာက္ႏိုင္ငံေတြထက္ေတာ့ ကြ်န္ေတာ္တို႔ကသာတယ္ထင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လူၾကီးတစ္ေယာက္ကိုေတာ့ အိမ္မွာေခၚတင္ထားဖို႔ေတာ့ ၀န္မေလးၾကဘူးေလ။ ကြ်န္ေတာ့္အိမ္မွာလည္း ဘယ္ေလာက္ပဲ ကြ်န္ေတာ္က လူပိုၾကီးျဖစ္တယ္ဆိုဆို လူၾကီးသူမဆိုျပီးေတာ့ အိမ္ဦးခန္းမွာထားျပီး ရိုရိုေသေသဆက္ဆံၾကသား။ သူမ်ားႏိုင္ငံေတြမွာဆိုရင္ ကိုယ့္အိမ္နဲ႕ကိုယ္ခြဲျပီးေနၾကရေတာ့ အေတာ္အထီးက်န္ၾကတယ္ၾကားဖူးတယ္’

‘ဟုတ္တာေပါ့ဦးရယ္။ ကြ်န္ေတာ္တို႔ဆီက ၀ိုင္း၀န္းေစာင့္ေရွာက္ေပးတတ္တဲ့ အေလ့အက်င့္ေတြနဲ႕ သူမ်ားေတြဆီက တက္တက္ၾကြၾကြ ေနတတ္တဲ့ အေလ့အက်င့္ေတြ အကုန္ေပါင္းလိုက္ႏိုင္မယ္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔လိုခ်င္တဲ့ အဓိပါၸယ္ရွိတဲ့ ေပ်ာ္ရႊင္က်န္းမာသြက္လက္တက္ၾကြတဲ့ သက္ၾကီးရြယ္အိုဘ၀ကို လူတိုင္းပိုင္ဆိုင္ႏိုင္ၾကမွာေပါ့ဗ်ာ။ အဲသည္လိုျမန္ျမန္ ျဖစ္ၾကပါေစလို႔လည္း ဆုေတာင္းလိုက္ရပါတယ္ဗ်ာ’

ေဒါက္တာထြန္းလင္း

Ref; Standardized Health Messages 2017 (Ministry of Health and Sports, Myanmar)

      https://www.who.it/ageing/healthy-ageing/en/

(Unicode Version)

”အိုမာ” ဖြစ်ချင်သလား

‘ အဲဒါပြောတာပဲ ဆရာရေ. . .အသက်ကြီးလာလို့ကတော့ ဘယ်ဟာမှ မကောင်းတော့ဘူး။ နည်းနည်းလှုပ်လိုက်တာနဲ့ ဟိုနားကနာ၊ သည်နားကနာ။ ပြီးတော့ လမ်းနည်းနည်းလျှောက်တာများသွားတာနဲ့ လူက မောနေပြီ။ မျက်စိကလည်းမှုန်လာ သတိတွေကလည်းမေ့၊ အခုလေးတင်လုပ်လိုက်တယ် အခုပြန်စဉ်းစားတာ ဟော စဉ်းစားလို့မရတော့ဘူး။ သည်ကြားထဲ အခုလို သွေးတိုး၊ ဆီးချိုရောဂါတွေကလည်း ဝင်လာသေး. . .အင်း တော်တော်မကောင်းတော့တာပဲ ဆရာရဲ့ သိရဲ့လား’

‘သိပါတယ် ဦးလေးရ..ပြောပါဦး အသက်ကြီးလို့မကောင်းတော့တာ ဒါတွေပဲလား. . အိမ်က သားသမီး မြေးမြစ်တွေ၊ ဆွေမျိုးတွေကကော ဘယ်လိုနေလဲ’

‘သြော် တွေ့လား ဆရာတောင် ကောင်းကောင်းသိနေပြီ။ အိမ်က ကလေးတွေကတော့ ပြောမနေပါနဲ့ ကျွန်တော့်ကို အဘိုးကြီးဖြစ်နေပြီ ဆိုပြီး နေရာတကာ သူတို့သိ သူတို့တတ်ကြီး ဖြစ်ကုန်ကြတာပါပဲ။ ကိုယ်ကလည်းကိုယ်ပဲလေ တစ်ခုခုဆို ဖုန်းနှိပ်မရတာဖြစ်ဖြစ်၊ တီဗွီကြည့်ချင်တာဖြစ်ဖြစ်၊ ယုတ်စွအဆုံး ဟိုနားသည်နားသွားဖို့တောင် အဖော်ခေါ်ချင်လို့ သူတို့မျက်နှာကြည့်နေရတာလေ။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်လူပိုကြီးလို့ အောက်မေ့မိတာပါပဲ’

‘အမှန်က ဦးလေးရဲ့၊ ဒါ. . . ပုံမှန်ပဲ’

‘ဗျာ. . ‘

‘သြော် ဒါက ပုံမှန် အသက်အရွယ်ကြီးရင့်လာသူတွေမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေပဲလို့ပြောတာပါ။ ဦးလေးမှ မဟုတ်ဘူး ကျွန်တော်တို့ဆီက လူကြီးပိုင်းတွေလိုလိုမှာ ဖြစ်နေတဲ့ ကိစ္စတွေပဲလေ။ ခုနက ဦးလေးပြောတဲံ့ ဝေဒနာတွေက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေ အားလျော့လာတဲ့သဘာဝကြောင့်ဖြစ်လာရတာပါ။ Physiological decline လို့ခေါ်တယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ သွေးကြောနံရံတွေထူလာတယ်၊ အဆုတ်ထဲမှာလေရှူနိုင်တဲ့ပမာဏနည်းလာတယ်၊ ဦးနှောက်အတွင်းတုံ့ပြန်မှုတွေနှေးလာတယ်၊ အရိုးတွေပွလာတယ်၊ ကြွက်သားတွေကျုံ့လာတယ်၊ ကျောက်ကပ်အလုပ်လုပ်မှုလျော့လာတယ်. . .အဲဒါတွေက လူတိုင်းလိုလိုမှာ ဖြစ်လာတာပဲ။ ဒါကြောင့်မို့ ဦးလေးပြောတဲ့ ခုနကပြသ၁နာ တွေပေါ်လာတာပေါ့။ နောက်ပြီး အိမ်ကမိသားစုကိစ္စကိုလည်း ကျွန်တော်က တမင်မေးလိုက်တာပါ။ ဦးလေးဖြစ်သလို ကိုယ်ဟာအရေးမပါတော့သလို၊ အထီးကျန်သလိုခံစားလာရတာလည်း အသက်အရွယ်ကြီးရင့်ခြင်းရဲ့ အဖြစ်များတဲ့ လူမှုရေးဆိုင်ရာ နောက်ဆက်တွဲပြသ၁နာတစ်ခုပါပဲ။’

‘ဇရာပေါ့လေ။ ဇာတိ ပြီးရင် ဇရာ၊ မရဏ လာမှာပါပဲ။ ခန္ဓာကိုယ်ကြီးလည်း အို၊ စိတ်ပိုင်း လူမှုရေးအပိုင်းလည်း အို ပြီးရင် နာ သေ။ တရားသဘောတွေပါပဲလေ။ ဟုတ်ပါတယ် ဆရာပြောတာ အမှန်ပါပဲ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ မထူးဆန်းပါဘူး’

‘မထူးဆန်းဘူးဆိုပေမယ့် ထူးဆန်းတာက ကျွန်တော်တို့ဆီမှာ သည်ကိစ္စကို သိသိကြီးနဲ့ ဒီအတိုင်းလက်ခံနေကြတာဗျ’

‘ဟင် ဆရာပဲပြောတော့ ဒါပုံမှန် ကိစ္စပဲဆို။ အဲဒါဆို ဒီအတိုင်း လက်မခံလို့ ဘယ်လိုလုပ်မလဲ။ ငြင်းပယ်လို့မှ မရတာ’

‘အင်း ကျွန်တော်မြင်သလောက် ဒီနေရာမှာ ကျွန်တော်တို့က တရားသဘောတွေကို တလွဲအသုံးချနေတာထင်တယ်ဗျ။ အသက်ကြီးရင်ပျက်စီးမှာပါပဲဆိုပြီး ဖြစ်သလိုအရှုံးပေးပြီးနေတာကတော့ လောကီအမြင် နဲ့ လောကုတ္တရာအမြင် ရောထွေးပြီး ကျန်းမာရေးအသိပညာမရှိရာရောက်ကုန်တာထင်တာဗျ’

‘ဆရာပြောချင်တာက သမုတိ နဲ့ ပရမတ္တ သစ္စာချင်းမကွဲတာလို့ဆိုချင်ပုံရတယ်။ ပြောပါဦး ဆရာရဲ့ အဲဒါဆို ဘယ်လို ကျန်းမာရေးအသိရှိရမလဲ ဆိုတာ’

‘ဒီလိုပါ ခုနက ပြောခဲ့တဲ့ ဖြစ်ရိုးဖြစ်စဉ် ပျက်စီးယိုယွင်းမှုတွေ မရှိအောင်၊ ဒါမှမဟုတ် နည်းနိုင်သမျှနည်းအောင် နေထိုင်လို့ရပါတယ်။ အဲဒါကို အောင်မြင်စွာအိုမင်းခြင်း (Successful ageing) လို့ခေါ်တယ်ဗျ။ အသက်ကြီးပေမယ့် မပျက်စီးဘူး ပေါ့။ ဒါပေမယ့် အဲဒါက ငယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားရမယ်။ ဘေးဥပါဒ်ဖြစ်တာတွေ ရှောင်နိုင်ရမယ်။ ရောဂါဘယတွေကိုလည်း ကြိုတင်ကာကွယ်မှုရှိရမယ်။ ဖြစ်လာတဲ့ ရောဂါတွေကိုလည်း မြန်မြန်ဆန်ဆန်ကုသပျောက်ကင်းနိုင်ရမယ် စတာတွေနဲ့ ပြည့်စုံဖို့လိုပါတယ်။ ဆိုတော့ တကယ်တမ်း လူအများစု အောင်မြင်ဖို့ဆိုတာ သိပ်မလွယ်ကြဘူး။ အဲသည်တော့ အဲဒီအစား ကျန်းမာစွာအသက်ကြီးခြင်း (Healthy ageing) ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်လာတာ ရှိပါတယ်။’

‘အဲ့ ဆရာ့စကားတွေကလည်း အဆန်းပါလား။ အောင်မြင်စွာအိုမင်းခြင်း၊ ကျန်းမာစွာအသက်ကြီးခြင်း ဆိုတော့’

‘ဘာသာပြန်တာကတော့ တိုက်ရိုက်ပြန်ထားတာဆိုတော့ နည်းနည်းများထောက်နေမလားမသိဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတစ်ခုတော့ လှလှပပရှိတယ်။ ‘ပျော်ရွှင်တက်ကြွ သက်ကြီးဘဝ’တဲ့၊ Active ageing ပေါ့ဗျာ’

‘အင်း စိတ်တော့ဝင်စားစရာပဲဗျ။ အသက်ရှည်လာမယ်၊ အရွယ်အိုလာမယ်။ ဒါပေမယ့် ဖြတ်လတ်ကျန်းမာစွာပဲ အသက်ရှည်အိုမင်းလာမယ် ဆိုတော့ ကျွန်တော့်အမြင် အဓိပါ္ပယ်ရှိစွာအသက်ရှည်ခြင်း လို့ ခေါ်ရင်ရမယ်ထင်တယ်’

‘အဲ ဟုတ်တယ်ဗျ Meaningful ageing ပေါ့. . ဟဲဟဲ ဘယ်သူမှတော့ အဲသလိုမသုံးသေးဘူး။ ဦးလေးနဲ့ ကျွန်တော်နဲ့ပေါင်းပြီး စထွင်လိုက်တဲ့ ဝေါဟာရအဖြစ် နာမည်ကြီးချင်ကြီးသွားနိုင်တယ်ဗျ။ အသက်ကြီးရင်ကြီးလာပလေ့စေ အိပ်ရာထဲမှာလဲမနေချင်ဘူး၊ လူပိုကြီးလို ပတ်ဝန်းကျင်နဲ့ ကင်းကွာမနေချင်ဘူး၊ ဖြတ်ဖြတ်လတ်လတ် တက်တက်ကြွကြွနဲ့ပဲ အိုမင်းခြင်းကို ရင်ဆိုင်မယ်။ ကိုယ့်လုပ်စရာရှိတာလုပ်မယ်။ တရားရှာရင်ရှာမယ်။ ခရီးသွားရင်သွားမယ်။ သူများအပေါ်မမှီခိုပဲနဲ့ အသက်ရှည်ရှည်နေမယ်။ ကောင်းတယ်ဗျ။ ကျွန်တော်ဖြစ်စေချင်တာ သည်လိုမျိုး အသက်အရွယ်ကြီးရင့်ခြင်းမျိုးပဲ။ ဒါမှ တကယ့် အဓိပါ္ပယ်ရှိသောအသက်ရှည်ခြင်း၊ ကျန်းမာသောအသက်ရှည်ခြင်း၊ အောင်မြင်စွာအိုမင်းခြင်း ပဲဗျ။ ကဲ ဦးလေးလည်း အဲသလိုမျိုးပဲ အသက်ရှည်ရှည်နေပါဗျာ။ အသက်ကြီးပြီဆိုပြီး ခုနကလို စိတ်ပျက်အားလျော့နေရင်တော့ ဘဝက အဓိပါ္ပယ်မဲ့နေမှာပဲ’

‘ဟုတ်ပါပြီဗျာ၊ ဆရာပြောတာ နားထောင်ရတော့ အကောင်းသား။ ဒါပေမယ့် ဘယ်လိုလုပ် အဲသည်လို ကျန်းမာစွာအိုမင်းအောင် နေရမှာလဲဆိုတာတော့ ပြောမပြရသေးဘူးလေ။ အဲဒါလေးလည်းလုပ်ပါဦး။ ဆရာပြောသလို ဖြတ်ဖြတ်လတ်လတ်တက်တက်ကြွကြွ အို ချင်ပါတယ်ဗျ အဟဲ’

‘ဟုတ်သား။ အဲသည်ကျန်းမာစွာအိုမင်းခြင်းအတွက်က အဓိကလိုအပ်တဲ့အချက်တွေကို ပြောရရင်…

၁) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိပါတဲ့။ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အသက်ရှူလေ့ကျင့်ခန်းတွေပြုလုပ်တာတို့ ပါဝင်ပါတယ်။ တရုတ်ရိုးရာ ထိုက်ကျိကစားတာတို့၊ ခြေလက်တွေကို အသာအယာနှိပ်နှယ်မှုခံယူတာတို့လည်း ပြုလုပ်လို့ရပါတယ်

၂) အဟာရပြည့်ဝအောင် စားသုံးပါတဲ့။ အဓိကစားသုံးသင့်တာကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ လတ်ဆတ်တဲ့သစ်သီးဝလံ၊ အသားငါးတွေလို့ပြောပါတယ်။ ရေလည်းများများသောက်သင့်ပါတယ် (တစ်နေ့ကို အနည်းဆုံး နှစ်လီတာလောက်သောက်ဖို့လိုပါတယ်)။ အဲဒါဆို အရိုးတွေ၊ ကြွက်သားတွေအားရှိပြီး ဖြတ်လတ်တက်ကြွနိုင်ပါတယ်။

၃) ဆေးလိပ်၊ အရက်၊ ကွမ်း စတဲ့ ဘေးဥပါဒ်ပေးနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်ဖို့၊ သုံးစွဲနေသေးရင်လည်း ဖြတ်ဖို့လိုပါတယ်။”

‘ဟာ အဲဒါကတော့ ကျွန်တော်လုံးဝမလုပ်တော့ဘူးဗျ၊ အဆင်ပြေတယ်’

‘ကောင်းတာပေါ့ ဦးလေး အသက်အရွယ်ကြီးလာရင် ဒါတွေ ဒုက္ခပိုပေးလာမှာဗျ။ နောက်ဆုံးအနေနဲ့က..

၄) နာတာရှည်ရောဂါတွေကို သေချာစစ်ဆေးကုသပါပေါ့။ သွေးတိုး၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါတွေအပြင် ထိခိုက်ဒဏ်ရာရတာတွေ၊ အာရုံကြောရောဂါတွေ ဒါတွေကို ဆိုလိုတာပေါ့။

‘အင်း ဆရာပြောတာတွေကို ကျန်တဲ့ ကျွန်တော်နဲ့ရွယ်တူ လူကြီးပိုင်းတွေကိုပါ ပြောပြရမယ်။ အသက်ကြီးပေမယ့် မပျက်စီးအောင် ဖြတ်လတ်တက်ကြွအောင် ဘယ်လိုနေရမလဲဆိုတာကိုပေါ့။”

‘ဟုတ်တယ် ဦးလေး။ အဲဒါအပြင် အရေးအကြီးဆုံးက ဦးလေးတို့နဲ့ အတူနေမိသားစုတွေ၊ ဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးမယ့်လူတွေကိုလည်း ပြောပြဖို့လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးလုပ်နိုင်ဖို့က သက်ကြီးရွယ်အိုတွေကို လူအား၊ ငွေအား၊ စိတ်ဓါတ်အားနဲ့ ဘေးကနေ ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ လူတွေလိုပါတယ်။ အနည်းဆုံး စကားပြောဖော်၊ ကြည့်ရှူစောင့်ရှောက်ပေးဖော် တစ်ယောက်လောက်ဘေးမှ ရှိမှ အဆင်ပြေမှာပါ။ ရုပ်ပိုင်းဆိုင်ရာအရအပြင် စိတ်ပိုင်းဆိုင်ရာရော လူမှုရေးပိုင်းဆိုင်ရာမှာပါ အထောက်အကူပြုဖို့လိုအပ်တယ်ဆိုတဲ့ သဘောပါ။’

‘ဒါကတော့ ကျွန်တော့်အမြင် တစ်ခြားအနောက်နိုင်ငံတွေထက်တော့ ကျွန်တော်တို့ကသာတယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတစ်ယောက်ကိုတော့ အိမ်မှာခေါ်တင်ထားဖို့တော့ ဝန်မလေးကြဘူးလေ။ ကျွန်တော့်အိမ်မှာလည်း ဘယ်လောက်ပဲ ကျွန်တော်က လူပိုကြီးဖြစ်တယ်ဆိုဆို လူကြီးသူမဆိုပြီးတော့ အိမ်ဦးခန်းမှာထားပြီး ရိုရိုသေသေဆက်ဆံကြသား။ သူများနိုင်ငံတွေမှာဆိုရင် ကိုယ့်အိမ်နဲ့ကိုယ်ခွဲပြီးနေကြရတော့ အတော်အထီးကျန်ကြတယ်ကြားဖူးတယ်’

‘ဟုတ်တာပေါ့ဦးရယ်။ ကျွန်တော်တို့ဆီက ဝိုင်းဝန်းစောင့်ရှောက်ပေးတတ်တဲ့ အလေ့အကျင့်တွေနဲ့ သူများတွေဆီက တက်တက်ကြွကြွ နေတတ်တဲ့ အလေ့အကျင့်တွေ အကုန်ပေါင်းလိုက်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ အဓိပါ္ပယ်ရှိတဲ့ ပျော်ရွှင်ကျန်းမာသွက်လက်တက်ကြွတဲ့ သက်ကြီးရွယ်အိုဘဝကို လူတိုင်းပိုင်ဆိုင်နိုင်ကြမှာပေါ့ဗျာ။ အဲသည်လိုမြန်မြန် ဖြစ်ကြပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်ဗျာ’

ဒေါက်တာထွန်းလင်း

Ref; Standardized Health Messages 2017 (Ministry of Health and Sports, Myanmar)

https://www.who.it/ageing/healthy-ageing/en/