(Zawgyi ျဖင့္ ဖတ္ရန္)
သည္တစ္ပတ္ မဂၤလာေမာင္မယ္ စကားဝိုင္းမွာ ကိုယ္ဝန္ေဆာင္စဥ္ အာထရာေဆာင္း႐ိုက္ျခင္းအေၾကာင္း ေဆြးေႏြးထားပါတယ္။
ေမာင္ – ကိုယ္ဝန္သည္ အမ်ိဳးသမီး ဘယ္ႏွစ္ႀကိမ္ေလာက္ အာထရာေဆာင္း ႐ိုက္သင့္သလဲဆရာ။
ေဒါက္တာမဂၤလာ – ကိုယ္ဝန္ရွိစဥ္ အနိမ့္ဆုံး ႏွစ္ႀကိမ္႐ိုက္သင့္တယ္။ ပထမအႀကိမ္ သုံးလမွာ ႐ိုက္တာက ကိုယ္ဝန္ရွိမရွိ ႐ိုက္တာ၊ ဒုတိယအႀကိမ္ ကိုယ္ဝန္ရင့္စဥ္ ႐ိုက္တာက အခ်င္းေအာက္က်ျခင္း၊ သားအိမ္ျပင္ သေႏၶတည္ျခင္း၊ ေခါင္းႀကီးျခင္း၊ မိခင္တင္ပါးဆုံ အ႐ိုးကြင္းနဲ႔ မဆံ့ျခင္း၊ ရင္ခ်င္းဆက္ အမႊာမ်ား ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ရွိ၊ မရွိ ၾကည့္တာပါ။
မယ္ – အာထရာေဆာင္းရဲ႕ ရာဇဝင္ကို သိပါရေစဆရာ။
ေဒါက္တာမဂၤလာ – ၁၉၈၇ ခုႏွစ္ ဒ်ဴ႕တကၠသိုလ္မွ အိုလက္ဗြန္ရမ္နဲ႔ စတီဖင္စမစ္တို႔ တီထြင္ခဲ့တာ။ သေဘၤာသြားလာစဥ္ ေရေအာက္မီ အဖ်က္အေမွာင့္မ်ား၊ ေရငုတ္သေဘၤာ၊ လက္နက္စတဲ့ အႏၲရာယ္ေတြ ေရဆူအမွတ္စတဲ့ မျမင္ရတဲ့အပိုင္းကို ႐ိုက္ၾကည့္ႏိုင္ဖို႔ သုံးခဲ့ၾကတယ္။ လူမွာ အသုံးျပဳဖို႔ အႀကံရရွိသြားၿပီး ဝမ္းဗိုက္ထဲ ေရအျပည့္ရွိစဥ္ ကေလးငယ္ကို (ကိုယ္ဝန္) ရွိ၊ မရွိ၊ ကေလးႏွလုံးခုန္သံနဲ႔ သေႏၶသားရဲ႕ ေရာဂါရွာေဖြရာမွာ သုံးၾကတယ္။
ေမာင္ – ကိုယ္ဝန္ေဆာင္စဥ္ ပထမသုံးလမွာ ဘာေတြ ေတြ႕ႏိုင္သလဲဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသမီးမွ မ်ိဳးဥဟာ လစဥ္တစ္ခု (သို႔) ႏွစ္ခု ရင့္မွည့္ၿပီး ေႂကြက်လာတယ္။ မမ်ိဳးဥ ေႂကြက်ၿပီး သားဥႁပြန္တစ္ေလွ်ာက္ ဝင္လာစဥ္ ဖိုမဆက္ဆံေရးျပဳတဲ့အခါ မမ်ိဳးဥနဲ႔ ဖိုဗီဇတို႔ေတြ႕ၿပီး သေႏၶေအာင္တယ္။ က်န္သုတ္ပိုးက သားအိမ္အျပင္ ျပန္အန္ထြက္တယ္။ သေႏၶေအာင္ၿပီး မ်ိဳးဥဟာ သေႏၶႁပြန္မွာ ႀကီးရင္၊ သားအိမ္ဆီေ႐ြ႕လာတယ္။ သားအိမ္နံရံမွာ တြယ္ကပ္ၿပီး သုံးပတ္ေက်ာ္မွာ သေႏၶသားျဖစ္လာတယ္။ အလြန္ေသးငယ္တဲ့ ႏွလုံးစတင္ခုန္လာၿပီး ေလးပတ္ေက်ာ္မွာ အလြန္ေသးငယ္တဲ့ ဦးေႏွာက္ပါတဲ့ ႀကီးမားတဲ့ ဦးေခါင္းပိုင္း ေျခေထာက္နဲ႔ လက္ထြက္မယ့္ အဖုကေလးမ်ားပါ ေတြ႕ျမင္ႏိုင္ၿပီျဖစ္တယ္။
မယ္ – သေႏၶသားရဲ႕ ႏွလုံးခုန္သံ တစ္မိနစ္မွာ ဘယ္ေလာက္ရွိသလဲဆရာ။
ေဒါက္တာမဂၤလာ – သေႏၶသား တစ္လခြဲအခ်ိန္၊ ႏွလုံးခုန္ႏႈန္းက တစ္မိနစ္မွာ အႀကိမ္ ၉၀ မွ ၁၀၀ ရွိၿပီး ကိုယ္ဝန္ ကိုးလႏွင့္ အထက္မွာ ႏွလုံးခုန္ႏႈန္းအႀကိမ္၊ ၁၄၀ မွ ၁၇၀ ရွိတယ္။ ေမြးဖြားၿပီး ကေလးက အႀကိမ္ ၉၀ ခုန္ၿပီး ပုံမွန္က တစ္မိနစ္ ၇၂ ႀကိမ္ခုန္တယ္။
ေမာင္ – ကိုယ္ဝန္ေဆာင္စဥ္ ဒုတိယ သုံးလမွာ အာထရာေဆာင္းက ဘာေတြျမင္ႏိုင္သလဲဆရာ။
ေဒါက္တာမဂၤလာ – သေႏၶသားမွာ ေခါင္းပိုင္းေကာင္းေကာင္း ဖြံ႕ၿဖိဳးလာၿပီး ႏုစဥ္ကလို ေခါင္းႀကီးကိုယ္ေသး မျဖစ္ဘဲ ဦးေခါင္းနဲ႔ ခႏၶာကိုယ္အေနအထား မွ်တလာတယ္။ မ်က္ႏွာမွာ မ်က္စိ၊ ပါးစပ္၊ ႏွာေခါင္း၊ နား႐ြက္၊ မ်က္ခုံး၊ မ်က္ေတာင္ေမႊးတို႔ ဖြဲ႕စည္းျဖစ္ေပၚလာၿပီး ငါးလမွာ ေကာင္းေကာင္းလႈပ္ရွားႏိုင္လို႔ သေႏၶသားရဲ႕ လႈပ္ရွားမႈကို မိခင္က သိလာတယ္။ သေႏၶသားငါးလ (သို႔) ေျခာက္လမွာ အေတြ႕အထိေပၚ အာ႐ုံခံစားႏိုင္ၿပီး မိခင္ရဲ႕အသံ၊ ပတ္ဝန္းက်င္အသံမ်ား၊ ေတးဂီတအသံမ်ား ၾကားႏိုင္မွတ္ႏိုင္စြမ္း စတင္ဖြံ႕ၿဖိဳးလာၿပီ ျဖစ္တယ္။
မယ္ – ကိုယ္ဝန္ေဆာင္စဥ္ တတိယ သုံးလအေျခအေနကို ေျပာျပပါဦးဆရာ။
ေဒါက္တာမဂၤလာ – သေႏၶေဆာင္စဥ္ ခုႏွစ္လမွ ေနာက္ပိုင္းမွာ ထိန္းေပးျခင္း၊ လုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ပါၿပီ။ ခႏၶာကိုယ္တြင္း အဂၤါရပ္ျဖစ္တဲ့ အဆုတ္လည္းေကာင္းေကာင္း ဖြံ႕ၿဖိဳးလာၿပီး ေမြးဖြားလာတာနဲ႔ အသက္ရွဴႏိုင္ဖို႔ အသင့္ျဖစ္ကာ ကိုယ္လက္အဂၤါ လႈပ္ရွားႏိုင္တယ္။ ခုႏွစ္လျပည့္တဲ့အခါ အလင္းေရာင္ ခံစားႏိုင္ၿပီး အျမင္အာ႐ုံ ရရွိပါတယ္။ ရွစ္လမွာ နာဗ္ေၾကာအဖြဲ႕ ျပည့္စုံလာတယ္။ အေၾကာလႈပ္ရွားမႈကို လုပ္ေဆာင္ႏိုင္သလို မွတ္ဉာဏ္ခြန္အား ဖြံ႕တိုးတက္ေစျခင္း၊ စိတ္ကူးျခင္း၊ သတင္းပို႔ျခင္းတို႔ ဖြံ႕ၿဖိဳးလာတယ္။ ကိုးလမွာ သေႏၶသား ႀကီးထြားမႈ အဆင့္ဆင့္ ျဖစ္ေပၚလာၿပီး ေမြးဖြားဖို႔ အဆင့္ျဖစ္ေနတယ္။ အဂၤါအဖြဲ႕အစည္း လုပ္ေဆာင္မႈ စြမ္းအားရရွိေနၿပီး သေႏၶသားဟာ ပုံမွန္အေနအထား ျဖစ္လာတယ္။ အာထရာေဆာင္း ႐ိုက္ျခင္းက ကိုယ္ဝန္သည္ေတြအတြက္ ဘယ္လိုအက်ိဳးသက္ေရာက္ျခင္းက ၁၆ မွ ၁၇ ပတ္မွာ ေခါင္းမွ ေျခေထာက္အထိ ဘယ္ေလာက္ရွည္သလဲ သိႏိုင္တယ္။ ေခါင္းေဘးႏွစ္ဖက္ အကြာအေဝးနဲ႔ ေခါင္းရဲ႕ လုံးပတ္သိရွိတယ္။ ကိုယ္ဝန္ ၂၀ ပတ္မတိုင္ခင္ စမ္းသပ္ျခင္းက သေႏၶသားမွာ ဦးေခါင္းထဲ အရည္မ်ားေနတာ ေတြ႕ရမယ္။ ဦးေႏွာက္ေျမႇးအိတ္ ခ်ိဳ႕ယြင္းျခင္း၊ ခါးဆစ္ကေန အာ႐ုံေၾကာက်ဳံ႔ထြက္ေနျခင္း စတာေတြ သိႏိုင္တယ္။ ေနာက္ဆုံးေပၚစက္ဆိုရင္ ဇီကာဗိုင္းရပ္ေၾကာင့္ ဦးေခါင္းေသးတာ၊ ေအာ္တစ္ဇင္ (သို႔) လႈပ္ရွားလြန္း ကေလးျဖစ္ႏိုင္မႈရွိ၊ မရွိ ၊ အာေခါင္ကြဲေရာဂါ၊ ႏွလုံးေရာဂါရွိ မရွိ ပါ သိရွိႏိုင္တယ္။
မယ္ – အျခားသိႏိုင္တဲ့ အေျခအေနေတြကေရာ ဆရာ။
ေဒါက္တာမဂၤလာ – အခ်င္းတည္ေနရာသိရတဲ့အတြက္ လိုအပ္တဲ့အခ်က္မ်ား (၁) အခ်င္းက ေအာက္က်ၿပီး၊ သားအိမ္ဝနားေရာက္ေနရင္၊ မခြဲမျဖစ္ ခြဲေမြးဖို႔၊ (၂) အမႊာရွိမရွိ သိျခင္းက ေရမႊာရည္အနည္းအမ်ားနဲ႔ ႐ိုး႐ိုးေမြးႏိုင္၊ မေမြးႏိုင္ သိႏိုင္ပါတယ္။ (၃) ဗိုက္ထဲက ကေလးေသ၊ မေသ သိႏိုင္တယ္။ (၄) သေႏၶသားရဲ႕ အေနအထားက ေခါင္းပိုင္းလား၊ တင္ပါးဆုံပိုင္းလား၊ ေျခေထာက္ကအရင္ စထြက္မွာလား။ (၅) တည္ရွိေနပုံ အေသးစိတ္ သိႏိုင္တယ္။ သေႏၶသားက က်ားလား၊ မလားကို ၁၈ပတ္မွ ၂၂ ပတ္အတြင္း စစ္ေဆးႏိုင္တယ္။ ေျခာက္လ သားအိမ္ထဲ အလုံး (သို႔) သားဥအက်ိတ္ ရွိ၊ မရွိ သိႏိုင္ပါတယ္။
ေမာင္ – ကိုယ္ဝန္ေဆာင္စဥ္ အာထရာေဆာင္း ႏွစ္ႀကိမ္႐ိုက္တာ၊ မလိုတဲ့ ကိုယ္ဝန္ဆိုရင္ေရာဆရာ။
ေဒါက္တာမဂၤလာ – အခ်ိဳ႕ႏိုင္ငံေတြမွာ ရင္ခ်င္းဆက္ အမႊာ၊ ေမြးရာပါ ဇီကာဗို္င္းရပ္ေၾကာင့္ ဦးေႏွာက္ မဖြံ႕ၿဖိဳးတာ၊ ေအာ္တစ္ဇင္ကေလးရဲ႕ အေစာပိုင္း သေႏၶကိုဖ်က္ဆီးျခင္းအေပၚ ဥပေဒက ခြင့္ျပဳထားတယ္။ ကိုယ္ဝန္ရင့္လာရင္ သေႏၶသားရဲ႕ အေနအထား ေျပာင္းလဲသြားတယ္။ ဖ်က္ခ်ရင္ မိခင္ႏွင့္ ကေလးအသက္ အႏၲရာယ္ရွိႏိုင္တယ္။
မယ္ – သရီးဒီ အာထရာေဆာင္းအေၾကာင္း ေဆြးေႏြးပါဦးဆရာ။
ေဒါက္တာမဂၤလာ – သုံးဖက္ျမင္အာထရာေဆာင္း႐ိုက္ရင္ သေႏၶသားကို သုံးဖက္ျမင္ပုံစံႏွင့္ ေတြ႕ရမွာျဖစ္တယ္။ တကယ္ေတာ့ ႏွစ္ဖက္ျမင္ ျမင္ရတယ္။ အသံလႈိင္းလႊတ္ေပးၿပီး ပဲ့တင္သံကို ထုထည္အျဖစ္ ပုံေဖာ္ဖန္တီးထားလို႔ သုံးဖက္ျမင္ျဖစ္သြားတယ္။ ေလးဖက္ျမင္က သုံးဖက္ျမင္နဲ႔ ဆင္တူတယ္။ အခ်ိန္နဲ႔ ဆက္စပ္ထားတာပဲ ကြာတယ္။ FDA က မျပည့္ဖို႔၊ မမ်ားဖို႔ ကန႔္သတ္ထားတယ္။ 4Dနဲ႔ ႐ိုက္ျခင္းက သေႏၶသား ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ ရွိ၊ မရွိ ေသခ်ာသိႏိုင္ပါၿပီ။
ေမာင္ – အာထရာေဆာင္းရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကေရာဆရာ။
ေဒါက္တာမဂၤလာ – ေဘးထြက္ဆိုးက်ိဳး အင္မတန္ နည္းပါတယ္။ အခ်ိဳ႕အသံစူးလြန္းလို႔ ကေလးနားေလးတာ၊ ဦးေႏွာက္ ထိခိုက္တာ ျဖစ္လာႏိုင္တယ္။ လွ်ပ္စစ္သံလိုက္လႈိင္းျဖစ္လို႔ ဆဲလ္ဖုန္းေတြ အသုံးမ်ားရင္ ျဖစ္တဲ့နားေလးတာ၊ တက္တာ၊ ဦးေႏွာက္အက်ိတ္၊ ဦးေႏွာက္မူမမွန္ျခင္း စတာေတြ ျဖစ္ႏိုင္သလို မိခင္အတြက္ ကိုယ္လက္မအီမသာ ျဖစ္က်န္ခဲ့ၿပီး ဓာတ္ေရာင္ျခည္ သင့္ႏိုင္ပါတယ္။
မယ္ – သီးျခားမွတ္သားစရာေတြ မိန႔္ပါဦးဆရာ။
ေဒါက္တာမဂၤလာ – အာထရာေဆာင္းေပၚလာလို႔ ကိုယ္ဝန္ေဆာင္အျပင္ အျခားေရာဂါ ေဝဒနာေတြကိုပါ ေတြ႕ရွိလာႏိုင္လို႔ အဖိုးမျဖတ္ႏိုင္တဲ့ သိပၸံပညာရပ္ပဲ ျဖစ္တယ္။ အလြန္လွ်င္ျမန္တဲ့ အသံလႈိင္း ျဖစ္ေပၚေစၿပီး ကြန္ပ်ဴတာ ေမာ္နီတာက ပုံရိပ္ေဖာ္ေပးတယ္။ သေႏၶသား ထိခိုက္ေလာက္ေအာင္ အႀကိမ္ႀကိမ္ ႐ိုက္ျခင္းမ်ိဳး ေရွာင္ရွားရပါမယ္။
Author: ေဒါက္တာမဂၤလာ, Healthcare Journal vol 7,no 49
(Unicode)
သည်တစ်ပတ် မင်္ဂလာမောင်မယ် စကားဝိုင်းမှာ ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်းရိုက်ခြင်းအကြောင်း ဆွေးနွေးထားပါတယ်။
မောင် – ကိုယ်ဝန်သည် အမျိုးသမီး ဘယ်နှစ်ကြိမ်လောက် အာထရာဆောင်း ရိုက်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ကိုယ်ဝန်ရှိစဉ် အနိမ့်ဆုံး နှစ်ကြိမ်ရိုက်သင့်တယ်။ ပထမအကြိမ် သုံးလမှာ ရိုက်တာက ကိုယ်ဝန်ရှိမရှိ ရိုက်တာ၊ ဒုတိယအကြိမ် ကိုယ်ဝန်ရင့်စဉ် ရိုက်တာက အချင်းအောက်ကျခြင်း၊ သားအိမ်ပြင် သန္ဓေတည်ခြင်း၊ ခေါင်းကြီးခြင်း၊ မိခင်တင်ပါးဆုံ အရိုးကွင်းနဲ့ မဆံ့ခြင်း၊ ရင်ချင်းဆက် အမွှာများ မွေးရာပါ ချို့ယွင်းချက်ရှိ၊ မရှိ ကြည့်တာပါ။
မယ် – အာထရာဆောင်းရဲ့ ရာဇဝင်ကို သိပါရစေဆရာ။
ဒေါက်တာမင်္ဂလာ – ၁၉၈၇ ခုနှစ် ဒျူ့တက္ကသိုလ်မှ အိုလက်ဗွန်ရမ်နဲ့ စတီဖင်စမစ်တို့ တီထွင်ခဲ့တာ။ သင်္ဘောသွားလာစဉ် ရေအောက်မီ အဖျက်အမှောင့်များ၊ ရေငုတ်သင်္ဘော၊ လက်နက်စတဲ့ အန္တရာယ်တွေ ရေဆူအမှတ်စတဲ့ မမြင်ရတဲ့အပိုင်းကို ရိုက်ကြည့်နိုင်ဖို့ သုံးခဲ့ကြတယ်။ လူမှာ အသုံးပြုဖို့ အကြံရရှိသွားပြီး ဝမ်းဗိုက်ထဲ ရေအပြည့်ရှိစဉ် ကလေးငယ်ကို (ကိုယ်ဝန်) ရှိ၊ မရှိ၊ ကလေးနှလုံးခုန်သံနဲ့ သန္ဓေသားရဲ့ ရောဂါရှာဖွေရာမှာ သုံးကြတယ်။
မောင် – ကိုယ်ဝန်ဆောင်စဉ် ပထမသုံးလမှာ ဘာတွေ တွေ့နိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသမီးမှ မျိုးဥဟာ လစဉ်တစ်ခု (သို့) နှစ်ခု ရင့်မှည့်ပြီး ကြွေကျလာတယ်။ မမျိုးဥ ကြွေကျပြီး သားဥပြွန်တစ်လျှောက် ဝင်လာစဉ် ဖိုမဆက်ဆံရေးပြုတဲ့အခါ မမျိုးဥနဲ့ ဖိုဗီဇတို့တွေ့ပြီး သန္ဓေအောင်တယ်။ ကျန်သုတ်ပိုးက သားအိမ်အပြင် ပြန်အန်ထွက်တယ်။ သန္ဓေအောင်ပြီး မျိုးဥဟာ သန္ဓေပြွန်မှာ ကြီးရင်၊ သားအိမ်ဆီရွေ့လာတယ်။ သားအိမ်နံရံမှာ တွယ်ကပ်ပြီး သုံးပတ်ကျော်မှာ သန္ဓေသားဖြစ်လာတယ်။ အလွန်သေးငယ်တဲ့ နှလုံးစတင်ခုန်လာပြီး လေးပတ်ကျော်မှာ အလွန်သေးငယ်တဲ့ ဦးနှောက်ပါတဲ့ ကြီးမားတဲ့ ဦးခေါင်းပိုင်း ခြေထောက်နဲ့ လက်ထွက်မယ့် အဖုကလေးများပါ တွေ့မြင်နိုင်ပြီဖြစ်တယ်။
မယ် – သန္ဓေသားရဲ့ နှလုံးခုန်သံ တစ်မိနစ်မှာ ဘယ်လောက်ရှိသလဲဆရာ။
ဒေါက်တာမင်္ဂလာ – သန္ဓေသား တစ်လခွဲအချိန်၊ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ် ၉၀ မှ ၁၀၀ ရှိပြီး ကိုယ်ဝန် ကိုးလနှင့် အထက်မှာ နှလုံးခုန်နှုန်းအကြိမ်၊ ၁၄၀ မှ ၁၇၀ ရှိတယ်။ မွေးဖွားပြီး ကလေးက အကြိမ် ၉၀ ခုန်ပြီး ပုံမှန်က တစ်မိနစ် ၇၂ ကြိမ်ခုန်တယ်။
မောင် – ကိုယ်ဝန်ဆောင်စဉ် ဒုတိယ သုံးလမှာ အာထရာဆောင်းက ဘာတွေမြင်နိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – သန္ဓေသားမှာ ခေါင်းပိုင်းကောင်းကောင်း ဖွံ့ဖြိုးလာပြီး နုစဉ်ကလို ခေါင်းကြီးကိုယ်သေး မဖြစ်ဘဲ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနေအထား မျှတလာတယ်။ မျက်နှာမှာ မျက်စိ၊ ပါးစပ်၊ နှာခေါင်း၊ နားရွက်၊ မျက်ခုံး၊ မျက်တောင်မွှေးတို့ ဖွဲ့စည်းဖြစ်ပေါ်လာပြီး ငါးလမှာ ကောင်းကောင်းလှုပ်ရှားနိုင်လို့ သန္ဓေသားရဲ့ လှုပ်ရှားမှုကို မိခင်က သိလာတယ်။ သန္ဓေသားငါးလ (သို့) ခြောက်လမှာ အတွေ့အထိပေါ် အာရုံခံစားနိုင်ပြီး မိခင်ရဲ့အသံ၊ ပတ်ဝန်းကျင်အသံများ၊ တေးဂီတအသံများ ကြားနိုင်မှတ်နိုင်စွမ်း စတင်ဖွံ့ဖြိုးလာပြီ ဖြစ်တယ်။
မယ် – ကိုယ်ဝန်ဆောင်စဉ် တတိယ သုံးလအခြေအနေကို ပြောပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – သန္ဓေဆောင်စဉ် ခုနှစ်လမှ နောက်ပိုင်းမှာ ထိန်းပေးခြင်း၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ပါပြီ။ ခန္ဓာကိုယ်တွင်း အင်္ဂါရပ်ဖြစ်တဲ့ အဆုတ်လည်းကောင်းကောင်း ဖွံ့ဖြိုးလာပြီး မွေးဖွားလာတာနဲ့ အသက်ရှူနိုင်ဖို့ အသင့်ဖြစ်ကာ ကိုယ်လက်အင်္ဂါ လှုပ်ရှားနိုင်တယ်။ ခုနှစ်လပြည့်တဲ့အခါ အလင်းရောင် ခံစားနိုင်ပြီး အမြင်အာရုံ ရရှိပါတယ်။ ရှစ်လမှာ နာဗ်ကြောအဖွဲ့ ပြည့်စုံလာတယ်။ အကြောလှုပ်ရှားမှုကို လုပ်ဆောင်နိုင်သလို မှတ်ဉာဏ်ခွန်အား ဖွံ့တိုးတက်စေခြင်း၊ စိတ်ကူးခြင်း၊ သတင်းပို့ခြင်းတို့ ဖွံ့ဖြိုးလာတယ်။ ကိုးလမှာ သန္ဓေသား ကြီးထွားမှု အဆင့်ဆင့် ဖြစ်ပေါ်လာပြီး မွေးဖွားဖို့ အဆင့်ဖြစ်နေတယ်။ အင်္ဂါအဖွဲ့အစည်း လုပ်ဆောင်မှု စွမ်းအားရရှိနေပြီး သန္ဓေသားဟာ ပုံမှန်အနေအထား ဖြစ်လာတယ်။ အာထရာဆောင်း ရိုက်ခြင်းက ကိုယ်ဝန်သည်တွေအတွက် ဘယ်လိုအကျိုးသက်ရောက်ခြင်းက ၁၆ မှ ၁၇ ပတ်မှာ ခေါင်းမှ ခြေထောက်အထိ ဘယ်လောက်ရှည်သလဲ သိနိုင်တယ်။ ခေါင်းဘေးနှစ်ဖက် အကွာအဝေးနဲ့ ခေါင်းရဲ့ လုံးပတ်သိရှိတယ်။ ကိုယ်ဝန် ၂၀ ပတ်မတိုင်ခင် စမ်းသပ်ခြင်းက သန္ဓေသားမှာ ဦးခေါင်းထဲ အရည်များနေတာ တွေ့ရမယ်။ ဦးနှောက်မြှေးအိတ် ချို့ယွင်းခြင်း၊ ခါးဆစ်ကနေ အာရုံကြောကျုံ့ထွက်နေခြင်း စတာတွေ သိနိုင်တယ်။ နောက်ဆုံးပေါ်စက်ဆိုရင် ဇီကာဗိုင်းရပ်ကြောင့် ဦးခေါင်းသေးတာ၊ အော်တစ်ဇင် (သို့) လှုပ်ရှားလွန်း ကလေးဖြစ်နိုင်မှုရှိ၊ မရှိ ၊ အာခေါင်ကွဲရောဂါ၊ နှလုံးရောဂါရှိ မရှိ ပါ သိရှိနိုင်တယ်။
မယ် – အခြားသိနိုင်တဲ့ အခြေအနေတွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အချင်းတည်နေရာသိရတဲ့အတွက် လိုအပ်တဲ့အချက်များ (၁) အချင်းက အောက်ကျပြီး၊ သားအိမ်ဝနားရောက်နေရင်၊ မခွဲမဖြစ် ခွဲမွေးဖို့၊ (၂) အမွှာရှိမရှိ သိခြင်းက ရေမွှာရည်အနည်းအများနဲ့ ရိုးရိုးမွေးနိုင်၊ မမွေးနိုင် သိနိုင်ပါတယ်။ (၃) ဗိုက်ထဲက ကလေးသေ၊ မသေ သိနိုင်တယ်။ (၄) သန္ဓေသားရဲ့ အနေအထားက ခေါင်းပိုင်းလား၊ တင်ပါးဆုံပိုင်းလား၊ ခြေထောက်ကအရင် စထွက်မှာလား။ (၅) တည်ရှိနေပုံ အသေးစိတ် သိနိုင်တယ်။ သန္ဓေသားက ကျားလား၊ မလားကို ၁၈ပတ်မှ ၂၂ ပတ်အတွင်း စစ်ဆေးနိုင်တယ်။ ခြောက်လ သားအိမ်ထဲ အလုံး (သို့) သားဥအကျိတ် ရှိ၊ မရှိ သိနိုင်ပါတယ်။
မောင် – ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်း နှစ်ကြိမ်ရိုက်တာ၊ မလိုတဲ့ ကိုယ်ဝန်ဆိုရင်ရောဆရာ။
ဒေါက်တာမင်္ဂလာ – အချို့နိုင်ငံတွေမှာ ရင်ချင်းဆက် အမွှာ၊ မွေးရာပါ ဇီကာဗို်င်းရပ်ကြောင့် ဦးနှောက် မဖွံ့ဖြိုးတာ၊ အော်တစ်ဇင်ကလေးရဲ့ အစောပိုင်း သန္ဓေကိုဖျက်ဆီးခြင်းအပေါ် ဥပဒေက ခွင့်ပြုထားတယ်။ ကိုယ်ဝန်ရင့်လာရင် သန္ဓေသားရဲ့ အနေအထား ပြောင်းလဲသွားတယ်။ ဖျက်ချရင် မိခင်နှင့် ကလေးအသက် အန္တရာယ်ရှိနိုင်တယ်။
မယ် – သရီးဒီ အာထရာဆောင်းအကြောင်း ဆွေးနွေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – သုံးဖက်မြင်အာထရာဆောင်းရိုက်ရင် သန္ဓေသားကို သုံးဖက်မြင်ပုံစံနှင့် တွေ့ရမှာဖြစ်တယ်။ တကယ်တော့ နှစ်ဖက်မြင် မြင်ရတယ်။ အသံလှိုင်းလွှတ်ပေးပြီး ပဲ့တင်သံကို ထုထည်အဖြစ် ပုံဖော်ဖန်တီးထားလို့ သုံးဖက်မြင်ဖြစ်သွားတယ်။ လေးဖက်မြင်က သုံးဖက်မြင်နဲ့ ဆင်တူတယ်။ အချိန်နဲ့ ဆက်စပ်ထားတာပဲ ကွာတယ်။ FDA က မပြည့်ဖို့၊ မများဖို့ ကန့်သတ်ထားတယ်။ 4Dနဲ့ ရိုက်ခြင်းက သန္ဓေသား မွေးရာပါ ချို့ယွင်းချက် ရှိ၊ မရှိ သေချာသိနိုင်ပါပြီ။
မောင် – အာထရာဆောင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ – ဘေးထွက်ဆိုးကျိုး အင်မတန် နည်းပါတယ်။ အချို့အသံစူးလွန်းလို့ ကလေးနားလေးတာ၊ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။ လျှပ်စစ်သံလိုက်လှိုင်းဖြစ်လို့ ဆဲလ်ဖုန်းတွေ အသုံးများရင် ဖြစ်တဲ့နားလေးတာ၊ တက်တာ၊ ဦးနှောက်အကျိတ်၊ ဦးနှောက်မူမမှန်ခြင်း စတာတွေ ဖြစ်နိုင်သလို မိခင်အတွက် ကိုယ်လက်မအီမသာ ဖြစ်ကျန်ခဲ့ပြီး ဓာတ်ရောင်ခြည် သင့်နိုင်ပါတယ်။
မယ် – သီးခြားမှတ်သားစရာတွေ မိန့်ပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – အာထရာဆောင်းပေါ်လာလို့ ကိုယ်ဝန်ဆောင်အပြင် အခြားရောဂါ ဝေဒနာတွေကိုပါ တွေ့ရှိလာနိုင်လို့ အဖိုးမဖြတ်နိုင်တဲ့ သိပ္ပံပညာရပ်ပဲ ဖြစ်တယ်။ အလွန်လျှင်မြန်တဲ့ အသံလှိုင်း ဖြစ်ပေါ်စေပြီး ကွန်ပျူတာ မော်နီတာက ပုံရိပ်ဖော်ပေးတယ်။ သန္ဓေသား ထိခိုက်လောက်အောင် အကြိမ်ကြိမ် ရိုက်ခြင်းမျိုး ရှောင်ရှားရပါမယ်။
Author: ဒေါက်တာမင်္ဂလာ, Healthcare Journal vol 7,no 49