မေမေ့ဗိုက်ထဲက ကလေးလေး  ဘယ်လိုကြီးလာတာလဲ။
(1)ပထမလ
(2)ဒုတိယလ
(3)တတိယလ
(4)စတုတ္တလ
(5)ပဉ္စမလ
(6)ဆဌမလ
(7)သတ္တမလ
(8)အဌမလ
(9)နဝမလ
Dr.ပြည့်ရှင်း
Unicode Version
မေမေ့ဗိုက်ထဲက ကလေးလေး  ဘယ်လိုကြီးလာတာလဲ။
မိခင်လောင်းများအနေဖြင့် မိမိလွယ်ထားသောကိုယ်ဝန်အတွက် သားသားလား မီးမီးလား သိချင်သူများရှိသကဲ့သို့။ကလေးလေးကိုယ်အင်္ဂါစုံရဲ့လား?ဘယ်အချိန်နှလုံးခုန်မလဲကအစ ရင်ခုန်စိတ်လူပ်ရှားမူအပြည့်ဖြင့် သိချင်ဇောများဖြင့်Ondr တွင်မေးခွန်းများပေးပို့လာတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ရက်စတွက်ရာတွင် အမျိုးသမီးရဲ့နောက်ဆုံးရာသီလာသည့်ပထမဦးဆုံးရက်က စတင်တွက်ချက်ပါတယ်။ကိုယ်ဝန်ပတ်၄၀ခန့်လွယ်ထားရပါတယ်။ကိုယ်ဝန်လွယ်ထားရသည့်ကို ၃ပိုင်းပိုင်းရျ်အမည်တပ်သတ်မှတ်လေ့ရှိပါတယ်။ပထမ။ဒုတ်ယနှင့်တတိယပိုင်းဟူရျ် တပိုင်းလျှင်၃လစီသတ်မှတ်ထားပါတယ်။မိခင်တွေအလွယ်တကူနားလည်စေရန် လအပိုင်းအခြားလိုက်တလအတွင်းကြီးထွားမူကို ဗဟုသုတအဖြစ်မှတ်သားရန်ရေးသားပေးလိုက်ပါတယ်။
(1)ပထမလ
မမျိုးဥနှင့်သုတ်ပိုးတွေ့ရှိကာသန္ဓေအောင်မြင်ပြီးနောက် သန္ဓေသားလောင်းသည်ရေမြုပ်ကဲ့သို့ကာရံထားသောအိတ်အတွင်းစတင်ကြီးထွားစဉ်ကာလဖြစ်ပါတယ်။မိခင်နှင့်ဆက်သွယ်ရန်အချင်းဖြစ်ပေါ်ပြီး မျက်နှာနှင့်နှလုံးအဖြစ်ကြီးထွားရန်ကနဦးအစပိုင်းကာလလည်းဖြစ်ပါတယ်။ပထမတလပြီးနောက်သန္ဓေသားလောင်းသည် တစ်လက်မရဲ့၄ပုံ၁ပုံခန့်ရှည်လျားနေပါသည်။
(2)ဒုတိယလ
ကိုယ်ဝန်၂လအချိန်တွင်ကလေးမျက်နှာအသွင်အပြင်ဖွံဖြိုးလာပြီးခြေချောင်း။လက်ချောင်း။မျက်စိစတင်ကြီးထွားရန်အစပျိုးသောကာလပင်ဖြစ်ပါတယ်။ဦးနှောက်နှင့်အစာအိမ်လမ်းကြောင်း။အရိုးစသည်တို့လည်းအစပျိုးကြီးထွားချိန်ဖြစ်ပါတယ်။ကိုယ်ဝန်၂လတွင်သန္ဓေသားလောင်းသည် ၁လက်မခန့်နှင့်၁/၃၀အောင်စခန့်ရှိနေပါပြီး။
(3)တတိယလ
ကိုယ်ဝန်ဆောင်၃လချိန်တွင် ကလေးသည် ခြေ။လက်များပပီပီပြင်ပြင်ကြီးထွားလာပါပြီ။ကျား/မခွဲခြားရန်မလွယ်ကူသော်လည်း မျိုးပွားအင်္ဂါစတင်ကြီးထွားချိန်ဖြစ်ပါတယ်။၃လပြည့်သည်နှင့် ကလေးလေးသည် အင်္ဂါစုံလင်ပြီး သွေးလည်ပတ်စတင်ကာ ဆီးလမ်းကြောင်ူစတင်အလုပ်လုပ်ရျ်အသည်းမှလည်း သည်းခြေအရည်စတင်ထုတ်ချိန်ဖြစ်ပါတယ်။ကလေးသည် ၄လက်မအရှည်ရှိပြီးတစ်အောင်စအလေးချိန်သို့ကြီးထွားလာပါပြီ။
(4)စတုတ္တလ
၄လတွင် သင့်ကလေးနှလုံးခုန်သံကို နားထောင်သောကိရိယာဖြင့်ကြားနေရပါပြီ။မျက်နှာအနေအထားပြည့်စုံပြီးခြေလက်လူပ်ရှားမူစတင်နေချိန်ဖြစ်ပါတယ်။အာရုံကြောများကောင်းစွာအလုပ်လုပ်ပြီး ကျား/မခွဲခြားရျ် ရနိုင်ချိန်လည်းဖြစ်ပါတယ်။ကလေးသည် ၆လက်မရှည်ပြီ၄အောင်စအလေးချိန်ရောက်နေပါပြီ။
(5)ပဉ္စမလ
ကိုယ်ဝန်ဆောင်ချ်န်၅လသည် ကလေးလေးစတင်လူပ်ရှားခြင်းကိုမိခင်မှခံစားသိနိုင်ချိန်ဖြစ်ပါတယ်။ဆံပင်မှအစအရေပြားစသည့်အသေးစိတ်အင်္ဂါများဖွံ့ဖြိုးပြီး ၁၀လက်မရှည်ပြီး တစ်ပေါင်ခွဲမှတစ်ပေါင်ခန့်အလေးချိန်ရှိလာပါပြီ။
(6)ဆဌမလ
ကိုယ်ဝန်၆လတွင်ကလေးလေးသည် အသားအရေအရောင်နှင့်ခြေရာလက်ရာထင်ရှားလာပြီးမျက်လုံးပွင့်လာပါပြီ။အသံကိုတုံပြန့်နိုင်စွမ်းရှိလာပါပြီ။ကိုယ်ဝန်၆လတွင် ၁၂လက်မရှည်ပြီး၂ပေါင်အလေးချိန်ထိကြီးထွားလာပါပြီ။
(7)သတ္တမလ
ကိုယ်ဝန်ဆောင်၇လတွင် ကလေးသည်ကောင်းစွာကြီးထွားပြီး တုံ့ပြန်မူအားကောင်းလာပါတယ်။လစေ့သောကလေးအဖြစ်သို့ရောက်ရှိကာ ၁၄လက်မအရှည်ရှိပြီး ၄ပေါင်ထိဖွံဖြိုးလာပါပြီ။၇လနှင့်စောမွေးသော် ကလေးအသက်ရှင်ရန်အခွင့်အလမ်းများပါလိမ့်မယ်။
(8)အဌမလ
ကိုယ်ဝန်ဆောင်ကာလ၈လမြောက်တွင်ကလေးသည် လူပ်ရှားမူအားကောင်းကာဦးနှောက်ကောင်းစွာအလုပ်လုပ်နေပါပြီ။အဆုတ်မှာမူ ဖွံဖြိုးဆဲအခြေအနေသာရှိပါသေးသည်။၁၈လက်မနှင့်၅ပေါင်ခန့်သို့ ကြီးထွားလာပါပြီ။
(9)နဝမလ
ကိုယ်ဝန်ဆောင်ကာလ၉လတွင် အဆုတ်သည် ကောင်းစွာဖွံ့ဖြိုးပြီး မွေးဖွားရန်အသင့်အနေအထားအဖြစ်မွေးလမ်းကြောင်းသို့ရောက်ရှိနေပါပြီ။မိခင်တင်ပါးဆုံကွင်းအတွင်းကလေးခေါင်းရောက်ရှိနေပါပြီ။ကလေးသည် ၂၀လက်မခန့်နှင့် ၇ပေါင်အလေးချ်န်ရှိနေပါပြီ။
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image