ရေမွှာရည်နည်းခြင်း(Oligohydramnios)

ေရမႊာရည္နည္းျခင္း(Oligohydramnios)

ေရမႊာရည္ဆိုတာ သေႏၶသားေလးအသက္ရွင္ဖြံ႕ၿဖိဳးႀကီးထြားဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့အရာပါ။

ေရမႊာရည္ဟာ သေႏၶသားျပင္ပထိခိုက္မႈဒဏ္ေတြကေနကာကြယ္ေပးပါတယ္။(ဥပမာ ကိုယ္ဝန္ေဆာင္မိခင္ဗိုက္ကို မေတာ္တဆ  တခုခုနဲ႔ထိခိုက္မိတဲ့အခါမွာ ျဖစ္လာတဲ့သက္ေရာက္မႈအားကို အတတ္ႏိုင္ဆုံး သေႏၶသားဆီမသက္ေရာက္ေအာင္ကာကြယ္ေပးပါတယ္။)

လရင့္လာတာနဲ႔အမွ် ဗိုက္ထဲမွာ သေႏၶသားေလးဟာ တျဖည္းျဖည္းႀကီးလာေပမယ့္ ေရမႊာရည္ေၾကာင့္ လြယ္ကူလြပ္လပ္စြာ လွည့္လည္လႈပ္ရွားႏိုင္ပါတယ္။

ဒါ့အျပင္ သေႏၶသားရဲ႕ေျခလက္ေတြႂကြက္သားေတြအဆုတ္ေတြနဲ႔အစာေျခစနစ္ ဖြံ႕ၿဖိဳးဖို႔အတြက္လည္း မရွိမျဖစ္အေရးပါပါတယ္။

သေႏၶစတည္ၿပီးေနာက္ ၁၂ရက္ေလာက္အၾကာမွာ ေရမႊာအိတ္စျဖစ္လာပါတယ္။ေရမႊာအိတ္စျဖစ္တာနဲ႔ ေရမႊာရည္ကိုစထုတ္ေပးပါတယ္။

အစပိုင္းမွာ မိခင္ဆီကေန ရတဲ့ေရကေန ေရမႊာရည္ျဖစ္လာပါတယ္။ကိုယ္ဝန္အပတ္ႏွစ္ဆယ္ေနာက္ပိုင္းမွာေတာ့ သေႏၶသားရဲ႕ေက်ာက္ကပ္ဖြံ႕ၿဖိဳးလာၿပီး သေႏၶသားရဲ႕စြန႔္ထုတ္လိုက္တဲ့ဆီးကေနပါ ေရမႊာရည္ျဖစ္လာပါတယ္။တနည္းအားျဖင့္ေျပာရရင္ ေရမႊာရည္ထဲမွာေရတင္မဟုတ္ဘဲ သေႏၶသားရဲ႕ဆီးပါပါလာပါတယ္။

ေရမႊာရည္ပမာဏဟာ ကိုယ္ဝန္လအႏုအရင့္ေပၚမႈတည္ၿပီးေျပာင္းလဲမႈရွိပါတယ္။ကိုယ္ဝန္ဒုတိယသုံးလအတြင္းမွာ မ်ားၿပီး ေမြးခါနီးမွာ ေရမႊာရည္ပမာဏဟာ နည္းလာတတ္ပါတယ္။

ဒါေၾကာင့္ ေရမႊာရည္ပမာဏာ ရွိသင့္တာထက္ နည္းလား မ်ားလား ဆိုတာကို အာထရာေဆာင္း႐ိုက္ၿပီး Amniotic fluid index (AFI)လို႔ေခၚတဲ့ ေရမႊာရည္ပမာဏာ ၫြန္းကိန္းနဲ႔တိုင္းတာတြက္ခ်က္ပါတယ္။

ေရမႊာရည္ၫြန္းကိန္း(AFI)ဟာ ၈ နဲ႔ ၁၈ ၾကားမွာရွိရင္ ေရမႊာရည္ဟာပုံမွန္ပမာဏမွာရွိၿပီး

ေရမႊာရည္ၫြန္းကိန္း(AFI)ဟာ ၅ ေအာက္ေရာက္တယ္ဆိုရင္ေတာ့ ေရမႊာရည္နည္းတယ္(Oligohydramnios)လို႔ သတ္မွတ္ကာ

ေရမႊာရည္ၫြန္းကိန္း(AFI) ဟာ ၂၄ ထက္ေက်ာ္ရင္ေတာ့ ေရမႊာရည္မ်ားတယ္(Polyhydramnios)ဆိုၿပီး သတ္မွတ္ပါတယ္။

ခုတပတ္မွာေတာ့ ေရမႊာရည္နည္းတဲ့အေၾကာင္း(Oligohydramnios)ကို ေရးသားတင္ျပခ်င္ပါတယ္။

ကိုယ္ဝန္ေဆာင္အားလုံးရဲ႕ ၈ရာခိုင္ႏႈန္း(အေယာက္တရာမွာ ၈ေယာက္)ေလာက္ဟာ ေရမႊာရည္နည္းျခင္း ျပသာနာနဲ႔ႀကဳံရႏိုင္ပါတယ္။

ေရမႊာရည္နည္းတာဟာ ကိုယ္ဝန္ေဆာင္ခ်ိန္တေလွ်ာက္လုံး အခ်ိန္မေ႐ြးျဖစ္ႏိုင္ေပမယ့္ ကိုယ္ဝန္ေနာက္ဆုံး(တတိယ)သုံးလမွာ အျဖစ္မ်ားပါတယ္။

ေရမႊာရည္နည္းရတဲ့အေၾကာင္းရင္းအတိအက်ကိုေတာ့ေျပာရမလြယ္ပါ။

၁။သေႏၶသားမွာ ေမြးရာပါဆီးလမ္းေၾကာင္းစနစ္ ခ်ိဳ႕ယြင္းမႈရွိတာ

(ဥပမာ ေက်ာက္ကပ္တဖက္ သို႔မဟုတ္ ႏွစ္ဖက္လုံးမပါတာ၊ဆီးလမ္းေၾကာင္းပိတ္ေနတာစသျဖင့္)

၂။အခ်င္းကေကာင္းေကာင္းအလုပ္မလုပ္လို႔ မိခင္ဆီကေန သေႏၶသားက အစာအာဟာရေကာင္းစြာမရတာ

၃။အခ်ိန္မတိုင္မွီ ေရမႊာေစာေပါက္တာ

အခ်ိန္မတိုင္မွီ ေရမႊာေစာေပါက္တဲ့အခါ ေဝါခနဲဆင္းတာမ်ိဳးရွိသလို၊တစက္စက္နဲ႔က်ေနတာမ်ိဳးလည္းရွိပါတယ္။ဘယ္လိုမ်ိဳးပဲဆင္းဆင္း အခ်ိန္မတိုင္ခင္ ေရမႊာေပါက္ရင္ ေရမႊာရည္နည္းၿပီး သေႏၶသားမွာ အႏၲရာယ္ရွိႏိုင္လို႔ ေဆးခန္းေဆး႐ုံ ျမန္ျမန္ျပဖို႔လိုပါတယ္။

၄။သတ္မွတ္ရက္ေက်ာ္ေသာ္လည္းမေမြးေသးတာ

ပုံမွန္ဆိုရင္ ၃၉ ပတ္ကေန ၄၁ ပတ္အတြင္းမွာ ေမြးရပါတယ္။အဲ့လိုမဟုတ္ဘဲ ၄၂ပတ္ေက်ာ္တဲ့ထိမေမြးေသးဘူးဆိုရင္ အခ်င္းကေကာင္းေကာင္းအလုပ္မလုပ္ႏိုင္တာေၾကာင့္ ေရမႊာေရနည္းၿပီး သေႏၶသားအတြက္အႏၲရာယ္ရွိႏိုင္ပါတယ္။ဒါေၾကာင့္သတ္မွတ္ရက္(ခန႔္မွန္းမီးဖြားရက္)ေရာက္လို႔မွ ဗိုက္မနာရင္ ေဆးခန္းေဆး႐ုံျပဖို႔လိုပါတယ္။

၅။မိခင္ကေရေသာက္နည္းတာ၊ဆီးခ်ိဳေသြးတိုးအခံရွိတာ၊ကိုယ္ဝန္ေဆာင္စဥ္ေသြးဆိပ္တက္တာ

စတဲ့အေၾကာင္းေတြေၾကာင့္ ေရမႊာရည္နည္းျခင္းျဖစ္ႏိုင္ပါတယ္။

ေရမႊာရည္နည္းတာေၾကာင့္ ဘာေတြျဖစ္လာႏိုင္သလဲ။

ေရမႊာရည္နည္းျခင္းေၾကာင့္ ျဖစ္လာမယ့္ဆိုးက်ိဳးေတြကေတာ့ ကိုယ္ဝန္လအႏုအရင့္ေပၚမွာမူတည္ပါတယ္။

အေပၚမွာတခါေျပာခဲ့တဲ့အတိုင္း သေႏၶသားရဲ႕ေျခလက္ေတြႂကြက္သားေတြအဆုတ္ေတြနဲ႔အစာေျခစနစ္ ဖြံ႕ၿဖိဳးဖို႔အတြက္လည္း မရွိမျဖစ္အေရးပါတဲ့အတြက္ သေႏၶသားဖြံၿဖိဳးေနတဲ့

ပထမကိုယ္ဝန္၃လမွာ ေရမႊာရည္နည္းျခင္းျဖစ္တယ္ဆိုရင္ ကေလးရဲ႕ေျခလက္ႂကြက္သားေတြနဲ႔အဂၤါေတြမဖြံ႕ၿဖိဳးႏိုင္ဘဲ မ်က္ႏွာမညီတာ၊အဆုတ္ေကာင္းေကာင္းမျဖစ္တာ(တျခမ္းပဲျဖစ္တာ၊အ႐ြယ္ေသးတာ)စတဲ့ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြျဖစ္ၿပီး ကိုယ္ဝန္ပ်က္က်တာ၊ကေလးအေသေမြးတာေတြျဖစ္ႏိုင္ပါတယ္။

ဒုတိယသုံးလမွာ ေရမႊာရည္နည္းျခင္းျဖစ္တယ္ဆိုရင္ေတာ့ သေႏၶသားႀကီးထြားမႈနည္းၿပီး ေပါင္မျပည့္တဲ့ကေလးေမြးတာ၊လမေစ့ဘဲေမြးတာ၊ခ်က္ႀကိဳးက အဖိခံရၿပီး ကေလးဆီေအာက္စီဂ်င္အေရာက္နည္းတာ၊ေရမႊာရည္ေနာက္က်ိတာ၊ဗိုက္ခြဲေမြးရတာေတြျဖစ္ႏိုင္ပါတယ္။

ေရမႊာရည္နည္းျခင္းျဖစ္ပါက အိုဂ်ီနဲ႔ျပသၿပီး ခ်ိန္းတိုင္းမွန္မွန္သြားျပၿပီး ကုသမႈခံယူဖို႔လိုပါတယ္။ကုသမႈေတြအေနနဲ႔ကေတာ့ ကိုယ္ဝန္ကာလေပၚလိုက္ၿပီး ေစာေသးရင္ ေစာင့္ၾကည့္တာ၊မိခင္ကိုေရဓါတ္ ဆားဓါတ္ျဖည့္ေပးဖို႔အတြက္ ေရ အရည္မ်ားမ်ားေသာက္ခိုင္းတာ၊ေမြးခါနီးဆိုရင္ Ammiocentesis လုပ္ၿပီး ဆားရည္သြင္းေပးတာ(Injection of fluid) ေတြလုပ္ႏိုင္ပါတယ္။

အဆုံးသတ္အေနနဲ႔အႀကံေပးခ်င္တာကေတာ့ ကိုယ္ဝန္ေဆာင္ေမေမမ်ားအေနနဲ႔ ေရမႊာရည္နည္းမနည္းသိႏိုင္ရန္အတြက္ အာထရာေဆာင္းကို ကိုယ္ဝန္ရွိစဥ္မွာ ပထမသုံးလမွာတခါ ဒုတိယသုံးလမွာတခါ တတိယသုံးလမွာတခါ အနည္းဆုံး သုံးႀကိမ္ေလာက္ေတာ့႐ိုက္သင့္ပါတယ္။

အာထရာေဆာင္းဆိုတာဟာ ကေလးက မိန္းကေလးလား ေယာက္်ားေလးလားသိဖို႔ရာအတြက္ပဲ တႀကိမ္ပဲ ႐ိုက္ရတာမဟုတ္ပါဘူး လို႔ အႀကံေပးခ်င္ပါတယ္။

Dr 528

(Unicode version)

ရေမွှာရည်နည်းခြင်း(Oligohydramnios)
ရေမွှာရည်ဆိုတာ သန္ဓေသားလေးအသက်ရှင်ဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ရေမွှာရည်ဟာ သန္ဓေသားပြင်ပထိခိုက်မှုဒဏ်တွေကနေကာကွယ်ပေးပါတယ်။(ဥပမာ ကိုယ်ဝန်ဆောင်မိခင်ဗိုက်ကို မတော်တဆ  တခုခုနဲ့ထိခိုက်မိတဲ့အခါမှာ ဖြစ်လာတဲ့သက်ရောက်မှုအားကို အတတ်နိုင်ဆုံး သန္ဓေသားဆီမသက်ရောက်အောင်ကာကွယ်ပေးပါတယ်။)

လရင့်လာတာနဲ့အမျှ ဗိုက်ထဲမှာ သန္ဓေသားလေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် ရေမွှာရည်ကြောင့် လွယ်ကူလွပ်လပ်စွာ လှည့်လည်လှုပ်ရှားနိုင်ပါတယ်။

ဒါ့အပြင် သန္ဓေသားရဲ့ခြေလက်တွေကြွက်သားတွေအဆုတ်တွေနဲ့အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါပါတယ်။

သန္ဓေစတည်ပြီးနောက် ၁၂ရက်လောက်အကြာမှာ ရေမွှာအိတ်စဖြစ်လာပါတယ်။ရေမွှာအိတ်စဖြစ်တာနဲ့ ရေမွှာရည်ကိုစထုတ်ပေးပါတယ်။

အစပိုင်းမှာ မိခင်ဆီကနေ ရတဲ့ရေကနေ ရေမွှာရည်ဖြစ်လာပါတယ်။ကိုယ်ဝန်အပတ်နှစ်ဆယ်နောက်ပိုင်းမှာတော့ သန္ဓေသားရဲ့ကျောက်ကပ်ဖွံ့ဖြိုးလာပြီး သန္ဓေသားရဲ့စွန့်ထုတ်လိုက်တဲ့ဆီးကနေပါ ရေမွှာရည်ဖြစ်လာပါတယ်။တနည်းအားဖြင့်ပြောရရင် ရေမွှာရည်ထဲမှာရေတင်မဟုတ်ဘဲ သန္ဓေသားရဲ့ဆီးပါပါလာပါတယ်။

ရေမွှာရည်ပမာဏဟာ ကိုယ်ဝန်လအနုအရင့်ပေါ်မှုတည်ပြီးပြောင်းလဲမှုရှိပါတယ်။ကိုယ်ဝန်ဒုတိယသုံးလအတွင်းမှာ များပြီး မွေးခါနီးမှာ ရေမွှာရည်ပမာဏဟာ နည်းလာတတ်ပါတယ်။

ဒါကြောင့် ရေမွှာရည်ပမာဏာ ရှိသင့်တာထက် နည်းလား များလား ဆိုတာကို အာထရာဆောင်းရိုက်ပြီး Amniotic fluid index (AFI)လို့ခေါ်တဲ့ ရေမွှာရည်ပမာဏာ ညွန်းကိန်းနဲ့တိုင်းတာတွက်ချက်ပါတယ်။

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၈ နဲ့ ၁၈ ကြားမှာရှိရင် ရေမွှာရည်ဟာပုံမှန်ပမာဏမှာရှိပြီး

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၅ အောက်ရောက်တယ်ဆိုရင်တော့ ရေမွှာရည်နည်းတယ်(Oligohydramnios)လို့ သတ်မှတ်ကာ

ရေမွှာရည်ညွန်းကိန်း(AFI) ဟာ ၂၄ ထက်ကျော်ရင်တော့ ရေမွှာရည်များတယ်(Polyhydramnios)ဆိုပြီး သတ်မှတ်ပါတယ်။

ခုတပတ်မှာတော့ ရေမွှာရည်နည်းတဲ့အကြောင်း(Oligohydramnios)ကို ရေးသားတင်ပြချင်ပါတယ်။

ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၈ရာခိုင်နှုန်း(အယောက်တရာမှာ ၈ယောက်)လောက်ဟာ ရေမွှာရည်နည်းခြင်း ပြသာနာနဲ့ကြုံရနိုင်ပါတယ်။

ရေမွှာရည်နည်းတာဟာ ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး အချိန်မရွေးဖြစ်နိုင်ပေမယ့် ကိုယ်ဝန်နောက်ဆုံး(တတိယ)သုံးလမှာ အဖြစ်များပါတယ်။

ရေမွှာရည်နည်းရတဲ့အကြောင်းရင်းအတိအကျကိုတော့ပြောရမလွယ်ပါ။

၁။သန္ဓေသားမှာ မွေးရာပါဆီးလမ်းကြောင်းစနစ် ချို့ယွင်းမှုရှိတာ

(ဥပမာ ကျောက်ကပ်တဖက် သို့မဟုတ် နှစ်ဖက်လုံးမပါတာ၊ဆီးလမ်းကြောင်းပိတ်နေတာစသဖြင့်)

၂။အချင်းကကောင်းကောင်းအလုပ်မလုပ်လို့ မိခင်ဆီကနေ သန္ဓေသားက အစာအာဟာရကောင်းစွာမရတာ

၃။အချိန်မတိုင်မှီ ရေမွှာစောပေါက်တာ

အချိန်မတိုင်မှီ ရေမွှာစောပေါက်တဲ့အခါ ဝေါခနဲဆင်းတာမျိုးရှိသလို၊တစက်စက်နဲ့ကျနေတာမျိုးလည်းရှိပါတယ်။ဘယ်လိုမျိုးပဲဆင်းဆင်း အချိန်မတိုင်ခင် ရေမွှာပေါက်ရင် ရေမွှာရည်နည်းပြီး သန္ဓေသားမှာ အန္တရာယ်ရှိနိုင်လို့ ဆေးခန်းဆေးရုံ မြန်မြန်ပြဖို့လိုပါတယ်။

၄။သတ်မှတ်ရက်ကျော်သော်လည်းမမွေးသေးတာ

ပုံမှန်ဆိုရင် ၃၉ ပတ်ကနေ ၄၁ ပတ်အတွင်းမှာ မွေးရပါတယ်။အဲ့လိုမဟုတ်ဘဲ ၄၂ပတ်ကျော်တဲ့ထိမမွေးသေးဘူးဆိုရင် အချင်းကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် ရေမွှာရေနည်းပြီး သန္ဓေသားအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်သတ်မှတ်ရက်(ခန့်မှန်းမီးဖွားရက်)ရောက်လို့မှ ဗိုက်မနာရင် ဆေးခန်းဆေးရုံပြဖို့လိုပါတယ်။

၅။မိခင်ကရေသောက်နည်းတာ၊ဆီးချိုသွေးတိုးအခံရှိတာ၊ကိုယ်ဝန်ဆောင်စဉ်သွေးဆိပ်တက်တာ

စတဲ့အကြောင်းတွေကြောင့် ရေမွှာရည်နည်းခြင်းဖြစ်နိုင်ပါတယ်။

ရေမွှာရည်နည်းတာကြောင့် ဘာတွေဖြစ်လာနိုင်သလဲ။

ရေမွှာရည်နည်းခြင်းကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေကတော့ ကိုယ်ဝန်လအနုအရင့်ပေါ်မှာမူတည်ပါတယ်။

အပေါ်မှာတခါပြောခဲ့တဲ့အတိုင်း သန္ဓေသားရဲ့ခြေလက်တွေကြွက်သားတွေအဆုတ်တွေနဲ့အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါတဲ့အတွက် သန္ဓေသားဖွံဖြိုးနေတဲ့

ပထမကိုယ်ဝန်၃လမှာ ရေမွှာရည်နည်းခြင်းဖြစ်တယ်ဆိုရင် ကလေးရဲ့ခြေလက်ကြွက်သားတွေနဲ့အင်္ဂါတွေမဖွံ့ဖြိုးနိုင်ဘဲ မျက်နှာမညီတာ၊အဆုတ်ကောင်းကောင်းမဖြစ်တာ(တခြမ်းပဲဖြစ်တာ၊အရွယ်သေးတာ)စတဲ့ မွေးရာပါချို့ယွင်းချက်တွေဖြစ်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ကလေးအသေမွေးတာတွေဖြစ်နိုင်ပါတယ်။

ဒုတိယသုံးလမှာ ရေမွှာရည်နည်းခြင်းဖြစ်တယ်ဆိုရင်တော့ သန္ဓေသားကြီးထွားမှုနည်းပြီး ပေါင်မပြည့်တဲ့ကလေးမွေးတာ၊လမစေ့ဘဲမွေးတာ၊ချက်ကြိုးက အဖိခံရပြီး ကလေးဆီအောက်စီဂျင်အရောက်နည်းတာ၊ရေမွှာရည်နောက်ကျိတာ၊ဗိုက်ခွဲမွေးရတာတွေဖြစ်နိုင်ပါတယ်။

ရေမွှာရည်နည်းခြင်းဖြစ်ပါက အိုဂျီနဲ့ပြသပြီး ချိန်းတိုင်းမှန်မှန်သွားပြပြီး ကုသမှုခံယူဖို့လိုပါတယ်။ကုသမှုတွေအနေနဲ့ကတော့ ကိုယ်ဝန်ကာလပေါ်လိုက်ပြီး စောသေးရင် စောင့်ကြည့်တာ၊မိခင်ကိုရေဓါတ် ဆားဓါတ်ဖြည့်ပေးဖို့အတွက် ရေ အရည်များများသောက်ခိုင်းတာ၊မွေးခါနီးဆိုရင် Ammiocentesis လုပ်ပြီး ဆားရည်သွင်းပေးတာ(Injection of fluid) တွေလုပ်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ ရေမွှာရည်နည်းမနည်းသိနိုင်ရန်အတွက် အာထရာဆောင်းကို ကိုယ်ဝန်ရှိစဉ်မှာ ပထမသုံးလမှာတခါ ဒုတိယသုံးလမှာတခါ တတိယသုံးလမှာတခါ အနည်းဆုံး သုံးကြိမ်လောက်တော့ရိုက်သင့်ပါတယ်။

အာထရာဆောင်းဆိုတာဟာ ကလေးက မိန်းကလေးလား ယောက်ျားလေးလားသိဖို့ရာအတွက်ပဲ တကြိမ်ပဲ ရိုက်ရတာမဟုတ်ပါဘူး လို့ အကြံပေးချင်ပါတယ်။

Dr 528

(Unicode version)