ေရမႊာရည္မ်ားျခင္း(Polyhydramnios)

ေရမႊာရည္မ်ားျခင္း(Polyhydramnios)

 

ေရမႊာရည္မ်ားျခင္းကို ေဆးပညာအရ Polyhdramnios လို႔ေခၚပါတယ္။

ေရမႊာရည္ၫြန္းကိန္း(AFI)ဟာ ၈ နဲ႔ ၁၈ ၾကားမွာရွိရင္ ေရမႊာရည္ဟာပုံမွန္ပမာဏမွာရွိၿပီး

ေရမႊာရည္ၫြန္းကိန္း(AFI)ဟာ ၅ ေအာက္ေရာက္တယ္ဆိုရင္ေတာ့ ေရမႊာရည္နည္းတယ္(Oligohydramnios)လို႔ သတ္မွတ္ကာ

ေရမႊာရည္ၫြန္းကိန္း(AFI) ဟာ ၂၄ ထက္ေက်ာ္ရင္ေတာ့ ေရမႊာရည္မ်ားတယ္(Polyhydramnios)ဆိုၿပီး သတ္မွတ္ပါတယ္။

ေရမႊာရည္မ်ားတာဟာ ေရမႊာရည္နည္းျခင္းထက္စာရင္ အလြန္အျဖစ္နည္းပါတယ္။ကိုယ္ဝန္ေဆာင္အေယာက္တရာမွာ တေယာက္ေလာက္ပဲျဖစ္ပါတယ္။

ေရမႊာရည္မ်ားျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းအတိအက်ကိုေတာ့ မသိေသးပါ။

၁။မိခင္က ဆီးခ်ိဳေရာဂါရွိတာ(Diabetes Mellitus)

၂။အခ်င္းရဲ႕ ေသြးေၾကာေတြထဲမွာ အလုံးအက်ိတ္ျဖစ္တာ(Choriangioma)

၃။အမႊာကိုယ္ဝန္ျဖစ္တာ

၄။သေႏၶသားရဲ႕ ေသြးျပန္ေၾကာနဲ႔ေသြးလႊတ္ေၾကာေတြၾကားထဲမွာ ပုံမွန္မဟုတ္တဲ့ တိုးလွ်ိဳးေပါက္ျဖစ္ေနၿပီးဆက္ေနတာ(AV fistula)

၅။သေႏၶသားရဲ႕ အစာေရမ်ိဳႁပြန္(esophagus)နဲ႔အသက္ရႈလမ္းေၾကာင္း(Trachea)ၾကား တိုးလွ်ိဳးေပါက္ျဖစ္ၿပီးဆက္ေနတာ (TE fistula)

၆။သေႏၶသားရဲ႕ အစာေရမ်ိဳႁပြန္က်ဥ္းၿပီးပိတ္ေနတာ(Esophageal Atresia)၊အူသိမ္လမ္းေၾကာင္းက်ဥ္းၿပီးပိတ္ေနတာ(Duodenal atresia)

၇။သေႏၶသားရဲ႕ ဦးေႏွာက္နဲ႔အာ႐ုံေၾကာဖြံ႕ၿဖိဳးမႈမွာခ်ိဳ႕ယြင္းခ်က္ရွိေနတာ (neurological abnormalities such as anencephaly)

စတဲ့ အေၾကာင္းေတြေၾကာင့္ ေရမႊာရည္မ်ားျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

ေရမႊာရည္မ်ားျခင္းေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြအေနနဲ႔

ကေလးအေနအထားမမွန္တာ

အခ်င္းေစာကြာတာ

ေရမႊာေစာေပါက္တာ

လမေစ့ဘဲကေလးေမြးတာ

ကေလးေမြးၿပီးမွခ်က္ႀကိဳးထြက္ရမွာကို ေရမႊာရည္မ်ားေနတာေၾကာင့္ ကေလးမေမြးခင္ သို႔မဟုတ္ ကေလးေမြးရင္းနဲ႔ ခ်က္ႀကိဳးထြက္က်ၿပီး ခ်က္ႀကိဳးက ညႇပ္ေနကာ ကေလးေအာက္စီဂ်င္ေကာင္းေကာင္းမရဘဲ အသက္ေသဆုံးတာ

စသျဖင့္ ျဖစ္ႏိုင္ပါတယ္။

ေရမႊာရည္မ်ားျခင္းျဖစ္ပါက အိုဂ်ီနဲ႔ျပသၿပီး ခ်ိန္းတိုင္းမွန္မွန္သြားျပၿပီး ကုသမႈခံယူဖို႔လိုပါတယ္။ကုသမႈေတြအေနနဲ႔ကေတာ့ ေရမႊာရည္မ်ားတဲ့ပမာဏေပၚမူတည္ၿပီး သိပ္မမ်ားရင္ တအားမဆိုးရင္ေစာင့္ၾကည့္တာ၊ေရမႊာရည္ပမာဏတအားမ်ားရင္ ေဆး႐ုံတက္တာ ေတြလုပ္ရႏိုင္ပါတယ္။

အဆုံးသတ္အေနနဲ႔အႀကံေပးခ်င္တာကေတာ့ ကိုယ္ဝန္ေဆာင္ေမေမမ်ားအေနနဲ႔ ေရမႊာရည္မ်ားလား နည္းလား ပုံမွန္လား သိႏိုင္ရန္အတြက္ အာထရာေဆာင္းကို ကိုယ္ဝန္ရွိစဥ္မွာ ပထမသုံးလမွာတခါ ဒုတိယသုံးလမွာတခါ တတိယသုံးလမွာတခါ အနည္းဆုံး သုံးႀကိမ္ေလာက္ေတာ့႐ိုက္သင့္ပါတယ္။

အာထရာေဆာင္းဆိုတာဟာ ကေလးက မိန္းကေလးလား ေယာက္်ားေလးလားသိဖို႔ရာအတြက္ပဲ တႀကိမ္ပဲ ႐ိုက္ရတာမဟုတ္ပါဘူး လို႔ အႀကံေပးခ်င္ပါတယ္။

Dr 528

(Unicode Version)

ရေမွှာရည်များခြင်း(Polyhydramnios)

ရေမွှာရည်များခြင်းကို ဆေးပညာအရ Polyhdramnios လို့ခေါ်ပါတယ်။

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၈ နဲ့ ၁၈ ကြားမှာရှိရင် ရေမွှာရည်ဟာပုံမှန်ပမာဏမှာရှိပြီး

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၅ အောက်ရောက်တယ်ဆိုရင်တော့ ရေမွှာရည်နည်းတယ်(Oligohydramnios)လို့ သတ်မှတ်ကာ

ရေမွှာရည်ညွန်းကိန်း(AFI) ဟာ ၂၄ ထက်ကျော်ရင်တော့ ရေမွှာရည်များတယ်(Polyhydramnios)ဆိုပြီး သတ်မှတ်ပါတယ်။

ရေမွှာရည်များတာဟာ ရေမွှာရည်နည်းခြင်းထက်စာရင် အလွန်အဖြစ်နည်းပါတယ်။ကိုယ်ဝန်ဆောင်အယောက်တရာမှာ တယောက်လောက်ပဲဖြစ်ပါတယ်။

ရေမွှာရည်များခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုတော့ မသိသေးပါ။

၁။မိခင်က ဆီးချိုရောဂါရှိတာ(Diabetes Mellitus)

၂။အချင်းရဲ့ သွေးကြောတွေထဲမှာ အလုံးအကျိတ်ဖြစ်တာ(Choriangioma)

၃။အမွှာကိုယ်ဝန်ဖြစ်တာ

၄။သန္ဓေသားရဲ့ သွေးပြန်ကြောနဲ့သွေးလွှတ်ကြောတွေကြားထဲမှာ ပုံမှန်မဟုတ်တဲ့ တိုးလျှိုးပေါက်ဖြစ်နေပြီးဆက်နေတာ(AV fistula)

၅။သန္ဓေသားရဲ့ အစာရေမျိုပြွန်(esophagus)နဲ့အသက်ရှုလမ်းကြောင်း(Trachea)ကြား တိုးလျှိုးပေါက်ဖြစ်ပြီးဆက်နေတာ (TE fistula)

၆။သန္ဓေသားရဲ့ အစာရေမျိုပြွန်ကျဉ်းပြီးပိတ်နေတာ(Esophageal Atresia)၊အူသိမ်လမ်းကြောင်းကျဉ်းပြီးပိတ်နေတာ(Duodenal atresia)

၇။သန္ဓေသားရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုမှာချို့ယွင်းချက်ရှိနေတာ (neurological abnormalities such as anencephaly)

စတဲ့ အကြောင်းတွေကြောင့် ရေမွှာရည်များခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေမွှာရည်များခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့

ကလေးအနေအထားမမှန်တာ

အချင်းစောကွာတာ

ရေမွှာစောပေါက်တာ

လမစေ့ဘဲကလေးမွေးတာ

ကလေးမွေးပြီးမှချက်ကြိုးထွက်ရမှာကို ရေမွှာရည်များနေတာကြောင့် ကလေးမမွေးခင် သို့မဟုတ် ကလေးမွေးရင်းနဲ့ ချက်ကြိုးထွက်ကျပြီး ချက်ကြိုးက ညှပ်နေကာ ကလေးအောက်စီဂျင်ကောင်းကောင်းမရဘဲ အသက်သေဆုံးတာ

စသဖြင့် ဖြစ်နိုင်ပါတယ်။

ရေမွှာရည်များခြင်းဖြစ်ပါက အိုဂျီနဲ့ပြသပြီး ချိန်းတိုင်းမှန်မှန်သွားပြပြီး ကုသမှုခံယူဖို့လိုပါတယ်။ကုသမှုတွေအနေနဲ့ကတော့ ရေမွှာရည်များတဲ့ပမာဏပေါ်မူတည်ပြီး သိပ်မများရင် တအားမဆိုးရင်စောင့်ကြည့်တာ၊ရေမွှာရည်ပမာဏတအားများရင် ဆေးရုံတက်တာ တွေလုပ်ရနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ ရေမွှာရည်များလား နည်းလား ပုံမှန်လား သိနိုင်ရန်အတွက် အာထရာဆောင်းကို ကိုယ်ဝန်ရှိစဉ်မှာ ပထမသုံးလမှာတခါ ဒုတိယသုံးလမှာတခါ တတိယသုံးလမှာတခါ အနည်းဆုံး သုံးကြိမ်လောက်တော့ရိုက်သင့်ပါတယ်။

အာထရာဆောင်းဆိုတာဟာ ကလေးက မိန်းကလေးလား ယောက်ျားလေးလားသိဖို့ရာအတွက်ပဲ တကြိမ်ပဲ ရိုက်ရတာမဟုတ်ပါဘူး လို့ အကြံပေးချင်ပါတယ်။

Dr 528