HIV အမေ ကလေးယူလို့ရလား

HIV အေမ ကေလးယူလို့ရလား

အိမ္ေထာင္ရယ္လို့ ျဖစ္လာရင္ ခ်က္ခ်င္း သားသမီး မယူျဖစ္ေသးရင္ေတာင္ တစ္ခ်ိန္ခ်ိန္မွာ သားသမီး ယူဖို့ အစီအစဥ္ရွိတတ္ျကပါတယ္ ပံုမွန္အိမ္ေထာင္သည္ေတြမွာတင္မကဘဲ တစ္ခ်ို့ေသာေရာဂါရွိေနသူေတြမွာပါ ဒီလိုစိတ္ကူးမ်ိုး ရွိတတ္ပါတယ္ ။
ဒီထဲမွာမွ HIV ေရာဂါပိုးရွိေနတဲ႔သူေတြမွာေရာ သားသမီးယူလို့ ရမရဆိုတာနဲ႕ ပက္သက္ျပီး ေဆာင္းပါးေလး ေရးေပးတာပါ ။
HIV ဗိုင္းရပ္စ္ ပိုးက ကိုယ္ခႏၶာရဲ႔ ခုခံအားကို က်ဆင္းေစတတ္တဲ႔ ေရာဂါပါ HIV ေရာဂါရွိတဲ႔သူေတြမွာ ကိုယ္ဝန္ေဆာင္မယ္ဆို က်န္းမာေရးအတြက္ျကည့္ရမယ့္သူက အေမေရာ ကေလးေရာပါ ။
HIV ပိုးရွိေနတဲ႔ အိမ္ေထာင္ရွင္တစ္ေယာက္အေနနဲ႔ ကေလးမယူရဘူးလို့ မသတ္မွတ္ထားပါဘူး ဒါေပမယ့္ ကေလးမယူခင္မွာေတာ့ မိမိရဲ႔က်န္းမာေရးအေျခအေနကို ျကိုတင္ျပင္ဆင္သင့္ပါတယ္ ကိုယ္ဝန္ေဆာင္ကာလဆိုတာ အရမ္းဂရုစိုက္ရပါတယ္ ဒီျကားထဲကမွာ ကိုယ္ဝန္ေဆာင္အေမက HIV ပိုးရွိတယ္ဆိုရင္ ကိုယ္ဝန္ေတာက္ေလ်ွာက္ အေမေရာကေလးေရာ က်န္းမာဖို့ အဖက္ဖက္က ျကို္တင္ျပင္ဆင္ရပါမယ္ ။
HIV ပိုးရွိေနတဲ႔ အိမ္ေထာင္ရွင္မတစ္ေယာက္အေနနဲ႔ ကိုယ္ဝန္မေဆာင္ခင္မွာ မိမိရဲ႔ HIV ဗိုင္းရပ္စ္ပိုးေကာင္ေရနဲ႔ CD4 လို့ေခၚတဲ႔ ေရာဂါခုခံအားေလးကိုေတာ့ ျကိုတင္စစ္ေဆးထားဖို့လိုပါတယ္ ပိုးေကာင္ေရမ်ားေနတာတို့ CD4 count နည္းေနတာတို့ဆိုရင္ ကိုယ္ဝန္မယူခင္မွာ ေဆးေသခ်ာကုဖို့ လိုပါတယ္ ။
CD 4 Count ၂၀၀ ေအာက္နည္းေနတယ္ဆိုရင္ HIV ကေန AIDS လို့ေခၚတဲ႔ ခုခံအားက်ဆင္းတဲ႔ ေရာဂါလို့ သတ္မွတ္ထားပါတယ္ ဒီလိုအေျခအေနဆိုရင္ေတာ့ ခ်က္ခ်င္းျကီးကိုယ္ဝန္ေဆာင္လိုက္ဖို့ မျဖစ္သင့္ပါဘူး AIDS ေရာဂါအဆင့္ေရာက္ျပီိဆိုရင္ ကိုယ္ခႏၶာမွာ ခုခံအားေတြက်ဆင္းေနျပီျဖစ္တာေျကာင့္ အျပင္ကေရာဂါမ်ိုးစံု ျဖစ္လာနိုင္ပါတယ္ ပိုးသတ္ေဆးျပင္းတာေတြလည္း ေသာက္ဖို့လိုတဲ႔ အေျခအေနျဖစ္ေနတာေျကာင့္ CD4 အရမ္းနည္းေနရင္ေတာ့ ကိုယ္ဝန္ေဆာင္ဖို့ကို ဆရာဝန္ေတြက တားျမစ္မွာပါ ။
HIV ရွိတဲ႔သူတစ္ေယာက္အေနနဲ႔ ဗိုင္းရပ္စ္ပိုးေကာင္ေရလည္း နည္းမယ္ CD4 Count ေလးလည္း မ်ားတယ္ဆိုရင္ေတာ့ ကိုယ္ဝန္ယူမယ္ဆိုရင္ ဆရာဝန္ေတြနဲ႔ တိုင္ပင္ျပီးယူလို့ရပါတယ္ ။
ပံုမွန္အားျဖင့္ HIV ေရာဂါရွိသူေတြမွာ CD 4 ကိုမျကည့္ဘဲ ေဆးေပးလို့ရေပမယ့္ ေဆးလိုအပ္ခ်က္အရေတာ့ CD4 count ၃၅၀ ေအာက္ဆိုရင္ ART စေပးတတ္ျကတယ္ HIV အိမ္ေထာင္ရွင္အမ်ိုးသမီးတစ္ဦးအေနနဲ႔ ကိုယ္ဝန္မရခင္တည္းက ART ေဆးျကိုေသာက္ေနရတာလည္း ျဖစ္နိုင္တယ္ ေဆးမေသာက္ဘဲ ပံုမွန္ရက္ခ်ိန္းျပေနရတာလည္း ျဖစ္နိုင္တယ္ ေဆးေသာက္ေနတဲ႕သူေတြကေတာ့ကိုယ္ဝန္ရသြားလည္း ေဆးေတာက္ေလ်ွာက္ဆက္ေသာက္ရမွာပါ ေဆးမေသာက္ရေသးတဲ႔သူေတြအေနနဲ႔ေတာ့ ကိုယ္ဝန္ ၂၄ပတ္ ေရာက္လာျပီဆိုရင္ CD4 count ကို မျကည့္ဘဲ ART ေဆးစေသာက္ဖို့လိုပါတယ္ ေမြးတဲ႔အထိေတာက္ေလ်ွာက္ေသာက္ေပးရမွာပါ ။
တစ္ခ်ို့အမ်ိုးသမီးေတြမွာေတာ့ ကိုယ္ဝန္ရွိလို့ ေဆးစစ္ရင္းမွာ HIV ရွိေနတာမ်ိုးလည္း ရွိတတ္တယ္ ဒီလိုအေျခအေနဆိုလည္း သားဖြားမီးယပ္ဆရာဝန္ေဆြနဲ႔ ေသခ်ာတိုင္ပင္ေဆြးေႏြးဖို့ လိုပါတယ္ ကိုယ္ဝန္ကာလ ၂၄ ပတ္မွာလည္း ART ေဆးစေသာက္ဖို့ လိုပါတယ္ ။
HIV ပိုးရွိတဲ႔ ကိုယ္ဝန္ေဆာင္မိခင္ဟာ ေဆးရံုရက္ခ်ိန္းတိုင္းေသခ်ာျပဖို့လိုပါတယ္ က်န္းမာေရးျပႆနာတစ္ခုခုျကံုတုိင္းလည္း ဆရာဝန္ေတြ ေသခ်ာျပျပီးကုသမႈခံယူဖို့လိုပါတယ္ ။
ကေလးေမြးတဲ႔ အခါမွာလည္း ေဆးရံုမွာ ေမြးတာက ကေလးေရာ အေမေရာအတြက္ စိတ္ခ်ရပါတယ္ ေမြးတဲ႔အခါမွာေတာ့ ခြဲေမြးျခင္းက ရိုးရိုးေမြးျခင္းထက္ ကေလးကို HIV ကူးနိုင္ေခ် ေလ်ွာ့ခ်ေပးပါတယ္ ဗိုင္းရပ္စ္ပိုး မ်ားေနတယ္ဆိုရင္ေတာ့ မျဖစ္မေန ခြဲေမြးဖို့လိုပါတယ္ ။
ကေလးေလးေမြးျပီးတဲ႔အခါလည္း ကေလးကို HIV ပိုးကူးနိုင္ေခ်ေလ်ာ့နည္းေစဖို့အတြက္ ေဆးတိုက္ဖို့ လိုပါတယ္ ေမြးစကေန ေလးပတ္အထိ တိုက္ရပါတယ္ အေမနို့တိုက္ျခင္းနဲ႔ နို့ဗူးတိုက္ျခင္းေတြမွာေတာ့ အခုေနာက္ပိုင္းမွာ နို့ဗူးတိုက္ျခင္းကို ပိုအားေပးလာျကပါတယ္ နွစ္မ်ိုးစလံုးေရာတိုက္လို့ေတာ့ မရပါဘူး ။
ေမြးလာတဲ႔ ကေလးကို ေဆးေလးပတ္တိုက္ျပီးတဲ႔အခါ HIV ျပန္စစ္ေပးဖို့ လိုပါတယ္ အေျဖေပၚျကည့္ျပီး ကေလးမွာ HIV ရွိမရွိကို ဆံုးျဖတ္ေပးမွာပါ HIV ရွိေနတဲ႔ အေမကေတာ့ ေဆးေတာက္ေလ်ွာက္ဆက္ေသာက္ဖို့ လိုပါတယ္ ေဆးလည္းေသာက္ရင္း ပိုးေကာင္ေရနဲ႔ CD4 count စစ္ရင္းပဲ HIV ကို ဆက္ကုေနရမွာပါ ။
ဒါဆိုရင္ေတာ့ HIV ရွိတဲ႔ အမ်ိုးသမီးတစ္ယာက္အေနနဲ႔ ကေလးယူလို့ရမရဆိုတာ နားလည္နိုင္ျကမယ္လို့ ေမ်ွာ္လင့္ပါတယ္ ။

Dr. CST

Unicode Version

HIV အမေ ကလေးယူလို့ရလား

အိမ်ထောင်ရယ်လို့ ဖြစ်လာရင် ချက်ချင်း သားသမီး မယူဖြစ်သေးရင်တောင် တစ်ချိန်ချိန်မှာ သားသမီး ယူဖို့ အစီအစဉ်ရှိတတ်ကြပါတယ် ပုံမှန်အိမ်ထောင်သည်တွေမှာတင်မကဘဲ တစ်ချို့သောရောဂါရှိနေသူတွေမှာပါ ဒီလိုစိတ်ကူးမျိုး ရှိတတ်ပါတယ် ။
ဒီထဲမှာမှ HIV ရောဂါပိုးရှိနေတဲ့သူတွေမှာရော သားသမီးယူလို့ ရမရဆိုတာနဲ့ ပက်သက်ပြီး ဆောင်းပါးလေး ရေးပေးတာပါ ။
HIV ဗိုင်းရပ်စ် ပိုးက ကိုယ်ခန္ဓာရဲ့ ခုခံအားကို ကျဆင်းစေတတ်တဲ့ ရောဂါပါ HIV ရောဂါရှိတဲ့သူတွေမှာ ကိုယ်ဝန်ဆောင်မယ်ဆို ကျန်းမာရေးအတွက်ကြည့်ရမယ့်သူက အမေရော ကလေးရောပါ ။
HIV ပိုးရှိနေတဲ့ အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ ကလေးမယူရဘူးလို့ မသတ်မှတ်ထားပါဘူး ဒါပေမယ့် ကလေးမယူခင်မှာတော့ မိမိရဲ့ကျန်းမာရေးအခြေအနေကို ကြိုတင်ပြင်ဆင်သင့်ပါတယ် ကိုယ်ဝန်ဆောင်ကာလဆိုတာ အရမ်းဂရုစိုက်ရပါတယ် ဒီကြားထဲကမှာ ကိုယ်ဝန်ဆောင်အမေက HIV ပိုးရှိတယ်ဆိုရင် ကိုယ်ဝန်တောက်လျှောက် အမေရောကလေးရော ကျန်းမာဖို့ အဖက်ဖက်က ကြိုတင်ပြင်ဆင်ရပါမယ် ။
HIV ပိုးရှိနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ကိုယ်ဝန်မဆောင်ခင်မှာ မိမိရဲ့ HIV ဗိုင်းရပ်စ်ပိုးကောင်ရေနဲ့ CD4 လို့ခေါ်တဲ့ ရောဂါခုခံအားလေးကိုတော့ ကြိုတင်စစ်ဆေးထားဖို့လိုပါတယ် ပိုးကောင်ရေများနေတာတို့ CD4 count နည်းနေတာတို့ဆိုရင် ကိုယ်ဝန်မယူခင်မှာ ဆေးသေချာကုဖို့ လိုပါတယ် ။
CD 4 Count ၂၀၀ အောက်နည်းနေတယ်ဆိုရင် HIV ကနေ AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ ရောဂါလို့ သတ်မှတ်ထားပါတယ် ဒီလိုအခြေအနေဆိုရင်တော့ ချက်ချင်းကြီးကိုယ်ဝန်ဆောင်လိုက်ဖို့ မဖြစ်သင့်ပါဘူး AIDS ရောဂါအဆင့်ရောက်ပြီဆိုရင် ကိုယ်ခန္ဓာမှာ ခုခံအားတွေကျဆင်းနေပြီဖြစ်တာကြောင့် အပြင်ကရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ် ပိုးသတ်ဆေးပြင်းတာတွေလည်း သောက်ဖို့လိုတဲ့ အခြေအနေဖြစ်နေတာကြောင့် CD4 အရမ်းနည်းနေရင်တော့ ကိုယ်ဝန်ဆောင်ဖို့ကို ဆရာဝန်တွေက တားမြစ်မှာပါ ။
HIV ရှိတဲ့သူတစ်ယောက်အနေနဲ့ ဗိုင်းရပ်စ်ပိုးကောင်ရေလည်း နည်းမယ် CD4 Count လေးလည်း များတယ်ဆိုရင်တော့ ကိုယ်ဝန်ယူမယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးယူလို့ရပါတယ် ။
ပုံမှန်အားဖြင့် HIV ရောဂါရှိသူတွေမှာ CD 4 ကိုမကြည့်ဘဲ ဆေးပေးလို့ရပေမယ့် ဆေးလိုအပ်ချက်အရတော့ CD4 count ၃၅၀ အောက်ဆိုရင် ART စပေးတတ်ကြတယ် HIV အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်ဝန်မရခင်တည်းက ART ဆေးကြိုသောက်နေရတာလည်း ဖြစ်နိုင်တယ် ဆေးမသောက်ဘဲ ပုံမှန်ရက်ချိန်းပြနေရတာလည်း ဖြစ်နိုင်တယ် ဆေးသောက်နေတဲ့သူတွေကတော့ကိုယ်ဝန်ရသွားလည်း ဆေးတောက်လျှောက်ဆက်သောက်ရမှာပါ ဆေးမသောက်ရသေးတဲ့သူတွေအနေနဲ့တော့ ကိုယ်ဝန် ၂၄ပတ် ရောက်လာပြီဆိုရင် CD4 count ကို မကြည့်ဘဲ ART ဆေးစသောက်ဖို့လိုပါတယ် မွေးတဲ့အထိတောက်လျှောက်သောက်ပေးရမှာပါ ။
တစ်ချို့အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ရှိလို့ ဆေးစစ်ရင်းမှာ HIV ရှိနေတာမျိုးလည်း ရှိတတ်တယ် ဒီလိုအခြေအနေဆိုလည်း သားဖွားမီးယပ်ဆရာဝန်ဆွေနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ် ကိုယ်ဝန်ကာလ ၂၄ ပတ်မှာလည်း ART ဆေးစသောက်ဖို့ လိုပါတယ် ။
HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးရုံရက်ချိန်းတိုင်းသေချာပြဖို့လိုပါတယ် ကျန်းမာရေးပြဿနာတစ်ခုခုကြုံတိုင်းလည်း ဆရာဝန်တွေ သေချာပြပြီးကုသမှုခံယူဖို့လိုပါတယ် ။
ကလေးမွေးတဲ့ အခါမှာလည်း ဆေးရုံမှာ မွေးတာက ကလေးရော အမေရောအတွက် စိတ်ချရပါတယ် မွေးတဲ့အခါမှာတော့ ခွဲမွေးခြင်းက ရိုးရိုးမွေးခြင်းထက် ကလေးကို HIV ကူးနိုင်ချေ လျှော့ချပေးပါတယ် ဗိုင်းရပ်စ်ပိုး များနေတယ်ဆိုရင်တော့ မဖြစ်မနေ ခွဲမွေးဖို့လိုပါတယ် ။
ကလေးလေးမွေးပြီးတဲ့အခါလည်း ကလေးကို HIV ပိုးကူးနိုင်ချေလျော့နည်းစေဖို့အတွက် ဆေးတိုက်ဖို့ လိုပါတယ် မွေးစကနေ လေးပတ်အထိ တိုက်ရပါတယ် အမေနို့တိုက်ခြင်းနဲ့ နို့ဗူးတိုက်ခြင်းတွေမှာတော့ အခုနောက်ပိုင်းမှာ နို့ဗူးတိုက်ခြင်းကို ပိုအားပေးလာကြပါတယ် နှစ်မျိုးစလုံးရောတိုက်လို့တော့ မရပါဘူး ။
မွေးလာတဲ့ ကလေးကို ဆေးလေးပတ်တိုက်ပြီးတဲ့အခါ HIV ပြန်စစ်ပေးဖို့ လိုပါတယ် အဖြေပေါ်ကြည့်ပြီး ကလေးမှာ HIV ရှိမရှိကို ဆုံးဖြတ်ပေးမှာပါ HIV ရှိနေတဲ့ အမေကတော့ ဆေးတောက်လျှောက်ဆက်သောက်ဖို့ လိုပါတယ် ဆေးလည်းသောက်ရင်း ပိုးကောင်ရေနဲ့ CD4 count စစ်ရင်းပဲ HIV ကို ဆက်ကုနေရမှာပါ ။
ဒါဆိုရင်တော့ HIV ရှိတဲ့ အမျိုးသမီးတစ်ယာက်အနေနဲ့ ကလေးယူလို့ရမရဆိုတာ နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ။

Dr. CST