ကိုယ်ဝန်ဆောင် လေယာဉ်စီးရင် ဘာဖြစ်တတ်လဲ

ကိုုယ္ဝန္ေဆာင္ ေလယာဥ္စီးရင္ ဘာျဖစ္တတ္လဲ

 

အၾကမ္းအားျဖင္႔ျခံဳေျပာရရင္

ကိုယ္၀န္ေဆာင္မိခင္က ကိုယ္၀န္ဆိပ္တက္တာ(ကိုယ္၀န္ေဆာင္စဥ္ေသြးတိုးတာ)၊ကိုယ္၀န္ေဆာင္စဥ္ဆီးခ်ိဳတက္တာ၊ကိုယ္၀န္ေဆာင္စဥ္ေသြးဆင္းတာမရွိဘူးဆိုရင္

ကိုယ္၀န္ကလည္း အျမႊာကိုယ္၀န္မဟုတ္ဘူး၊အခ်င္းေရွ႔ေရာက္တာ၊အခ်င္းေစာကြာတာမ်ိဳးမရွိဘူးဆိုရင္

ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႔ ကိုယ္၀န္ ၃၇ပတ္ မတိုင္မွီအထိ ေလေၾကာင္းခရီးသြားလို႔ရပါတယ္။

၃၇ပတ္နဲ႔အထက္ဆိုရင္ေတာ႔ ေမြးခါနီးျပီျဖစ္တဲ႔အတြက္ ဆရာ၀န္ေတြကလည္း ေလယာဥ္စီးဖို႔ မေထာက္ခံသလို ေလေၾကာင္းလိုင္းအေတာ္မ်ားမ်ားကလည္း စီးဖို႔ခြင္႔ျပဳမွာမဟုတ္ပါဘူး။

ကိုယ္၀န္စရွိခါစကေန ၃၇ပတ္မတိုင္မွီအထိ ေလေၾကာင္းခရီးသြားလို႔ရတယ္ဆိုေပမယ္႔

ကိုယ္၀န္ပထမသံုးလအတြင္းမွာဆိုရင္ေတာ႔ မျဖစ္မေနမဟုတ္ရင္မသြားတာေကာင္းပါတယ္။

ဘာလို႔လဲဆိုေတာ႔ ကိုယ္၀န္ပထမသံုးလဟာ ကိုယ္၀န္နုစဥ္ကာလျဖစ္တဲ႔အတြက္ ဒီအတိုင္းအိမ္မွာျငိမ္ျငိမ္ေလးေနရင္ေတာင္မွ ကိုယ္၀န္ပ်က္က်နိုင္ေျခဟာရွိေနတတ္လို႔ပါ။

ဒါ႔အျပင္ ကိုယ္၀န္ရွိတဲ႔အခါမွာျဖစ္တဲ႔ဗိုက္ၾကီးနာစြဲျခင္း(ပ်ိဳ႕အန္ျခင္း)အစာစားလို႔မေကာင္းျခင္းေတြဟာလည္း ကိုယ္၀န္ပထမသံုးလအတြင္းမွာ ေတာ္ေတာ္ဆိုးဆိုး၀ါး၀ါးျဖစ္ေလ႔ရွိပါတယ္။

ကိုယ္၀န္ေဆာင္ ဒုတိယသံုးလအတြင္း(၁၂ပတ္ကေန ၂၄ပတ္အတြင္း)မွာ ေလေၾကာင္းခရီးသြားတာဟာ မိခင္အတြက္ပိုျပီးသက္ေတာင္႔သက္သာရွိေစမွာပါ။

ဘာလို႔လဲဆိုေတာ႔ ဒုတိယသံုးလအတြင္းမွာဆိုရင္ ကိုယ္၀န္ေဆာင္စဥ္မွာျဖစ္တတ္တဲ႔ ဗိုက္ၾကီးနာစြဲတာ(ပ်ိဳ႕အန္တာ)ကလည္းအေတာ္အသင္႔သက္သာသြားျပီး စားလို႔ေသာက္လို႔လည္းေကာင္းလာ ေနရထိုင္ရတာလည္းသက္ေတာင္႔သက္သာျဖစ္လာလို႔ပါ။

ကိုယ္၀န္ေဆာင္ေတြေလေၾကာင္းခရီးသြားမယ္ဆိုရင္ လုပ္ေဆာင္သင္႔တဲ႔အခ်က္ေတြက

၁။မသြားခင္မွာ ျဖစ္နိုင္လွ်င္ စိတ္ရွင္းေအာင္ စိတ္ေအးေအာင္ သားဖြားမီးယပ္ဆရာ၀န္နဲ႔တေခါက္ စမ္းသပ္စစ္ေဆးဖို႔လိုပါတယ္။

ဒါ႔ျပင္

တခ်ိဳ႕ေလေၾကာင္းလိုင္းေတြက ကိုယ္၀န္၂၈ပတ္ေက်ာ္ရင္ ခန္႔မွန္းမီးဖြားရက္ေသခ်ာေအာင္၊မိခင္ေရာကေလးပါ က်န္းမာေၾကာင္းေသခ်ာေအာင္ ဆရာ၀န္ဆီက ေထာက္ခံခ်က္ေဆးစာေတာင္းတာမ်ိဳးရွိတဲ႔အတြက္ ကိုယ္၀န္၂၈ပတ္ေက်ာ္တဲ႔ကိုယ္၀န္ေဆာင္သည္ေတြအေနနဲ႔ ေလေၾကာင္းခရီးမသြားခင္မွာ သားဖြားမီးယပ္ဆရာ၀န္နဲ႔ျပသျပီး ဆရာ၀န္ဆီက ေထာက္ခံေၾကာင္းေဆးစာယူဖို႔လိုပါတယ္။

၂။မိမိေသာက္ရမယ္႔ေဆးေတြနဲ႔ေဆးမွတ္တမ္းေတြ စစ္ေဆးခ်က္ေတြအားလံုးယူေဆာင္သြားပါ။

၃။ေလေၾကာင္းခရီးရွည္သြားတဲ႔အခါဆိုရင္ အခ်ိန္အၾကာၾကီးထိုင္ရတာေၾကာင္႔ ေသြးလည္ပတ္စီးဆင္းမႈကိုေနွးေစျပီး ေျခေထာက္ပိုင္းမွာရွိတဲ႔ေသြးျပန္ေၾကာေတြထဲမွာ ေသြးခဲေလး ျဖစ္ေစတတ္ပါတယ္။ေဆးပညာအရေတာ႔ Deep Vein thrombosisလို႔ေခၚပါတယ္။

ကိုယ္၀န္ေဆာင္မွာဆိုရင္ Deep Vein thrombosis ျဖစ္နို္င္ေျခဟာ သာမန္လူေတြထက္ ေလးဆ ကေန ငါးဆထိ ပိုမ်ားပါတယ္။ဘာလို႔လဲဆိုေတာ႔ ကိုယ္၀န္ရွိတဲ႔အခါ သားအိမ္က ကိုယ္ေအာက္ပိုင္းေသြးေၾကာေတြကိုဖိထားသလိုျဖစ္တဲ႔အတြက္ ေျခေထာက္ကေသြးေတြကနွလံုးဆီေကာင္းစြာျပန္မေရာက္နိုင္တာရယ္ ကိုယ္၀န္ရွိတဲ႔အခါမွာ ေသြးခဲေစတဲ႔ပရိုတင္းေတြမ်ားလာျပီး ေသြးက်ဲေစတဲ႔ပရိုတင္းေတြဟာ နည္းလာတာေတြရယ္ေၾကာင္႔ပါ။

အခန္႔မသင္႔တဲ႔အခါမွာ ေျခေထာက္ပိုင္းေသြးျပန္ေၾကာေတြမွာျဖစ္တဲ႔ ေသြးခဲေလးကျပဳတ္ထြက္ျပီး ေသြးျပန္ေၾကာလမ္းေၾကာင္းမွတဆင္႔အဆုတ္ကိုေရာက္ရွိကာ အဆုတ္ေသြးလႊတ္ေၾကာမွာပိတ္တတ္ပါတယ္။

အဲ႔အခါမွာ အသက္အႏၱရာယ္ထိခိုက္တတ္ပါတယ္။

ဒါေၾကာင္႔ကိုယ္၀န္ေဆာင္ေတြေလေၾကာင္းခရီးရွည္သြားမယ္ဆိုရင္ ေျခေထာက္ကို ေကြးလိုက္ဆန္႔လိုက္၊ေျမွာက္လိုက္၊ခ်လိုက္ မၾကာမၾကာလုပ္ေပးပါ။

Compression stockings ေခၚ ဒူးအထိေရာက္တဲ႔ေျခအိတ္အရွည္ကိုယူသြားျပီး စြပ္လိုက္ခြ်တ္လိုက္ မၾကာခဏလုပ္ေပးပါ။

ေလယာဥ္ခံုေတြၾကားကေလွ်ာက္လမ္းမွာလမ္းေလွ်ာက္လို႔လည္းရေပမယ္႔ အက်င္႔မရွိရင္ ေလယာဥ္တုန္ခါမႈျဖစ္ရင္ လဲက်နိုင္တာေၾကာင္႔ အဲ႔လိုနည္းကိုေတာ႔ သိပ္အားမေပးပါ။

၄။အက်ီ၊ေဘာင္းဘီ၊ထမီ စတဲ႔အ၀တ္အစားေတြကို ပြပြေခ်ာင္ေခ်ာင္ဟာေတြ၀တ္ပါ။

၅။အရည္မ်ားမ်ားေသာက္ေပးပါ။သို႔ေသာ္ေလယာဥ္မစီးခင္မွာ ဂက္စ္ပါတဲ႔အရည္ေတြ၊ဗိုက္ပြျပီးရင္ျပည္႔ရင္ကယ္ျဖစ္ေစမယ္႔အစားစာေတြ(ဥပမာ အာလူး၊ေျပာင္းဖူး၊ေဂၚဖီထုပ္၊ပဲ၊နို႔) ေတြကိုေရွာင္ပါ။

Dr 528

Unicode Version

ကိုယ်ဝန်ဆောင် လေယာဉ်စီးရင် ဘာဖြစ်တတ်လဲ

အကြမ်းအားဖြင့်ခြုံပြောရရင်

ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ဆိပ်တက်တာ(ကိုယ်ဝန်ဆောင်စဉ်သွေးတိုးတာ)၊ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်တာ၊ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းတာမရှိဘူးဆိုရင်

ကိုယ်ဝန်ကလည်း အမြွှာကိုယ်ဝန်မဟုတ်ဘူး၊အချင်းရှေ့ရောက်တာ၊အချင်းစောကွာတာမျိုးမရှိဘူးဆိုရင်

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန် ၃၇ပတ် မတိုင်မှီအထိ လေကြောင်းခရီးသွားလို့ရပါတယ်။

၃၇ပတ်နဲ့အထက်ဆိုရင်တော့ မွေးခါနီးပြီဖြစ်တဲ့အတွက် ဆရာဝန်တွေကလည်း လေယာဉ်စီးဖို့ မထောက်ခံသလို လေကြောင်းလိုင်းအတော်များများကလည်း စီးဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။

ကိုယ်ဝန်စရှိခါစကနေ ၃၇ပတ်မတိုင်မှီအထိ လေကြောင်းခရီးသွားလို့ရတယ်ဆိုပေမယ့်

ကိုယ်ဝန်ပထမသုံးလအတွင်းမှာဆိုရင်တော့ မဖြစ်မနေမဟုတ်ရင်မသွားတာကောင်းပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ်ဝန်ပထမသုံးလဟာ ကိုယ်ဝန်နုစဉ်ကာလဖြစ်တဲ့အတွက် ဒီအတိုင်းအိမ်မှာငြိမ်ငြိမ်လေးနေရင်တောင်မှ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာရှိနေတတ်လို့ပါ။

ဒါ့အပြင် ကိုယ်ဝန်ရှိတဲ့အခါမှာဖြစ်တဲ့ဗိုက်ကြီးနာစွဲခြင်း(ပျို့အန်ခြင်း)အစာစားလို့မကောင်းခြင်းတွေဟာလည်း ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင် ဒုတိယသုံးလအတွင်း(၁၂ပတ်ကနေ ၂၄ပတ်အတွင်း)မှာ လေကြောင်းခရီးသွားတာဟာ မိခင်အတွက်ပိုပြီးသက်တောင့်သက်သာရှိစေမှာပါ။

ဘာလို့လဲဆိုတော့ ဒုတိယသုံးလအတွင်းမှာဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တတ်တဲ့ ဗိုက်ကြီးနာစွဲတာ(ပျို့အန်တာ)ကလည်းအတော်အသင့်သက်သာသွားပြီး စားလို့သောက်လို့လည်းကောင်းလာ နေရထိုင်ရတာလည်းသက်တောင့်သက်သာဖြစ်လာလို့ပါ။

ကိုယ်ဝန်ဆောင်တွေလေကြောင်းခရီးသွားမယ်ဆိုရင် လုပ်ဆောင်သင့်တဲ့အချက်တွေက

၁။မသွားခင်မှာ ဖြစ်နိုင်လျှင် စိတ်ရှင်းအောင် စိတ်အေးအောင် သားဖွားမီးယပ်ဆရာဝန်နဲ့တခေါက် စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

ဒါ့ပြင်

တချို့လေကြောင်းလိုင်းတွေက ကိုယ်ဝန်၂၈ပတ်ကျော်ရင် ခန့်မှန်းမီးဖွားရက်သေချာအောင်၊မိခင်ရောကလေးပါ ကျန်းမာကြောင်းသေချာအောင် ဆရာဝန်ဆီက ထောက်ခံချက်ဆေးစာတောင်းတာမျိုးရှိတဲ့အတွက် ကိုယ်ဝန်၂၈ပတ်ကျော်တဲ့ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ လေကြောင်းခရီးမသွားခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ဆီက ထောက်ခံကြောင်းဆေးစာယူဖို့လိုပါတယ်။

၂။မိမိသောက်ရမယ့်ဆေးတွေနဲ့ဆေးမှတ်တမ်းတွေ စစ်ဆေးချက်တွေအားလုံးယူဆောင်သွားပါ။

၃။လေကြောင်းခရီးရှည်သွားတဲ့အခါဆိုရင် အချိန်အကြာကြီးထိုင်ရတာကြောင့် သွေးလည်ပတ်စီးဆင်းမှုကိုနှေးစေပြီး ခြေထောက်ပိုင်းမှာရှိတဲ့သွေးပြန်ကြောတွေထဲမှာ သွေးခဲလေး ဖြစ်စေတတ်ပါတယ်။ဆေးပညာအရတော့ Deep Vein thrombosisလို့ခေါ်ပါတယ်။

ကိုယ်ဝန်ဆောင်မှာဆိုရင် Deep Vein thrombosis ဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် လေးဆ ကနေ ငါးဆထိ ပိုများပါတယ်။ဘာလို့လဲဆိုတော့ ကိုယ်ဝန်ရှိတဲ့အခါ သားအိမ်က ကိုယ်အောက်ပိုင်းသွေးကြောတွေကိုဖိထားသလိုဖြစ်တဲ့အတွက် ခြေထောက်ကသွေးတွေကနှလုံးဆီကောင်းစွာပြန်မရောက်နိုင်တာရယ် ကိုယ်ဝန်ရှိတဲ့အခါမှာ သွေးခဲစေတဲ့ပရိုတင်းတွေများလာပြီး သွေးကျဲစေတဲ့ပရိုတင်းတွေဟာ နည်းလာတာတွေရယ်ကြောင့်ပါ။

အခန့်မသင့်တဲ့အခါမှာ ခြေထောက်ပိုင်းသွေးပြန်ကြောတွေမှာဖြစ်တဲ့ သွေးခဲလေးကပြုတ်ထွက်ပြီး သွေးပြန်ကြောလမ်းကြောင်းမှတဆင့်အဆုတ်ကိုရောက်ရှိကာ အဆုတ်သွေးလွှတ်ကြောမှာပိတ်တတ်ပါတယ်။

အဲ့အခါမှာ အသက်အန္တရာယ်ထိခိုက်တတ်ပါတယ်။

ဒါကြောင့်ကိုယ်ဝန်ဆောင်တွေလေကြောင်းခရီးရှည်သွားမယ်ဆိုရင် ခြေထောက်ကို ကွေးလိုက်ဆန့်လိုက်၊မြှောက်လိုက်၊ချလိုက် မကြာမကြာလုပ်ပေးပါ။

Compression stockings ခေါ် ဒူးအထိရောက်တဲ့ခြေအိတ်အရှည်ကိုယူသွားပြီး စွပ်လိုက်ချွတ်လိုက် မကြာခဏလုပ်ပေးပါ။

လေယာဉ်ခုံတွေကြားကလျှောက်လမ်းမှာလမ်းလျှောက်လို့လည်းရပေမယ့် အကျင့်မရှိရင် လေယာဉ်တုန်ခါမှုဖြစ်ရင် လဲကျနိုင်တာကြောင့် အဲ့လိုနည်းကိုတော့ သိပ်အားမပေးပါ။

၄။အကျီ၊ဘောင်းဘီ၊ထမီ စတဲ့အဝတ်အစားတွေကို ပွပွချောင်ချောင်ဟာတွေဝတ်ပါ။

၅။အရည်များများသောက်ပေးပါ။သို့သော်လေယာဉ်မစီးခင်မှာ ဂက်စ်ပါတဲ့အရည်တွေ၊ဗိုက်ပွပြီးရင်ပြည့်ရင်ကယ်ဖြစ်စေမယ့်အစားစာတွေ(ဥပမာ အာလူး၊ပြောင်းဖူး၊ဂေါ်ဖီထုပ်၊ပဲ၊နို့) တွေကိုရှောင်ပါ။

Dr 528

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image