ဗိုက်ခွဲမွေးဖူးတဲ့အမျိုးသမီးတွေ  နောက်တကြိမ်ရိုးရိုးမွေးလို့ရမလား

ဗိုုက္ခြဲေမြးဖူးတဲ့အမ်ိဳးသမီးေတြ  ေနာက္တၾကိမ္ရိုုးရိုုးေမြးလိုု႔ရမလား

 

ဒီေမးခြန္းဟာ တခါဗိုက္ခြဲေမြးထားတဲ႔အမ်ိဳးသမီးေတြ ေနာက္တၾကိမ္ကိုယ္၀န္ရွိတဲ႔အခါ အေမးမ်ားတဲ႔ေမးခြန္းျဖစ္ပါတယ္။

ဒီေမးခြန္းဟာေျဖရခက္ပါတယ္။ဘာလို႔လဲဆိုေတာ႔ တခါဗိုက္ခြဲေမြးထားရင္ ေနာက္တၾကိမ္ကိုယ္၀န္မွာ ရိုးရိုးေမြးလို႔ရမရဆိုတာ ေအာက္ပါအခ်က္ေတြေပၚမူတည္လို႔ပါ။

၁။အရင္တခါကခြဲေမြးခဲ႔ရတဲ႔အေၾကာင္း

အရင္ကိုယ္၀န္ေဆာင္စဥ္ေသြးတိုးလို႔၊အခ်င္းေရွ႕ေရာက္လို႔ခြဲခဲ႔ရတာမ်ိဳးဆိုရင္ ခုကိုယ္၀န္မွာဒါေတြကျဖစ္ခ်င္မွ ျဖစ္မွာျဖစ္တဲ႔အတြက္ ခုကိုယ္၀န္က ရိုးရိုးေမြးလို႔ရနိုင္ေျခမ်ားပါတယ္။

သို႔ေသာ္ တင္ပဆံုရိုးကြင္းကက်ဥ္းလို႔ခြဲေမြးခဲ႔ရတာဆိုရင္ေတာ႔ ခုကိုယ္၀န္ေဆာင္တဲ႔အခါမွာလည္း ခြဲေမြးရဖို႔မ်ားပါတယ္။ဘာလို႔လဲဆိုေတာ႔ တင္ပဆံုရိုးကြင္းက က်ယ္လာနိုင္စရာအေၾကာင္းမရွိလို႔ပါ။

၂။ဘယ္အခ်ိန္မွာခြဲေမြးခဲ႔တာလဲ

ေန႔ေစ႔လေစ႔လို႔ခြဲေမြးတာလား သို႔မဟုတ္ အေၾကာင္းတခုခုေၾကာင္႔ လမေစ႔ဘဲနဲ႔ခြဲေမြးလိုက္ရတာလား ကိုဆိုလိုတာပါ။

ေန႔ေစ႔လေစ႔လို႕ခြဲေမြးရတာဆိုရင္ ခြဲတဲ႔အမာရြတ္က ခ်က္ေအာင္ ဆီးခံုေနရာမွာ အလ်ားလိုက္ရွိတဲ႔အမာရြတ္(LSCS scar)ျဖစ္ဖို႔မ်ားျပီး လမေစ႔ဘဲနဲ႔ခြဲေမြးတာဆိုရင္ေတာ႔ ခြဲတဲ႔အမာရြတ္က ခ်က္ေနရာမွာ ေဒါင္လိုက္ျဖတ္ရွိတဲ႔အမာရြတ္(Classical scar)ျဖစ္ဖို႔မ်ားပါတယ္။

ခြဲတဲ႔အမာရြတ္က ခ်က္ေနရာမွ ေဒါင္လိုက္ျဖတ္ရွိတဲ႔အမာရြတ္(Classical scar)ျဖစ္ရင္ေတာ႔ ခုကိုယ္၀န္မွာ ခြဲေမြးရဖို႔မ်ားျပီး ဆီးခံုေနရာမွာ အလ်ားလိုက္ရွိတဲ႔အမာရြတ္(LSCS scar)ဆိုရင္ေတာ႔ ခုကိုယ္၀န္မွာ ရိုးရိုးေမြးလို႔ရနိုင္ေျခမ်ားပါတယ္။

၃။အရင္တခါခြဲေမြးတုန္းက မီးတြင္းကာလအေျခအေန

အရင္မီးတြင္းကာလမွာ ဖ်ားတာ၊ခြဲတဲ႔ဒဏ္ရာကေနပိုး၀င္တာေတြရွိခဲ႔ရင္ ခြဲတဲ႔အမာရြတ္က ေကာင္းေကာင္းမက်က္တာျဖစ္နိုင္ပါတယ္။အဲ႔လိုျဖစ္ရင္က် ခုကိုယ္၀န္မွာ ရိုးရိုးေမြးလို႔မရနိုင္ဘဲ ခြဲေမြးရနိုင္ေျခမ်ားပါတယ္။

၄။လက္ရွိကိုယ္၀န္အေျခအေန

လက္ရွိကိုယ္၀န္မွာ ကေလးကတေယာက္တည္းမဟုတ္ဘဲအျမႊာျဖစ္ေနတာ၊ကေလးကၾကီးေနတာ၊အေမက ေသြးတအားတိုးေနတာ၊ကေလးအေနထားက ေခါင္းေအာက္စိုက္မဟုတ္ဘဲ တင္ပဆံုစိုက္အေနအထားျဖစ္ေနတာ၊အခ်င္းေရွ႕ေရာက္ေနတာ စသျဖင္႔မူမမွန္တာေတြရွိရင္

ခုကိုယ္၀န္ေဆာင္တဲ႔အခ်ိန္မွာ အရင္ခြဲထားတဲ႔အမာရြတ္ကနာတာရွိရင္ ခြဲေမြးရနိုင္ေျခမ်ားပါတယ္။

အဲ႔လိုေတြမရွိဘူးဆိုရင္ေတာ႔ ရိုးရိုးေမြးနိုင္ေျခမ်ားပါတယ္။

 

ခုေဖာ္ျပပါ၄ခ်က္ထဲက ခြဲေမြးရနိုင္ေျခမ်ားတဲ႔အခ်က္ေတြမရွိဘဲ ရိုးရိုးေမြးနိုင္ေျခမ်ားတဲ႔အခ်က္ေတြနဲ႔ျပည္႔စံုရင္

(ဆိုလိုတာကအရင္တခါခြဲရတာကလည္းတင္ပဆံုရိုးကြင္းက်ဥ္းလို႔မဟုတ္၊ခြဲတာကလည္းေန႔ေစ႔လေစ႔၊ခြဲတဲ႔အမာရြတ္ကလည္း ခ်က္ေအာက္မွာအလ်ားလိုက္အမာရြတ္(LSCS scar)၊အရင္မီးတြင္းကာလမွာလည္း ဖ်ားတာ၊ခြဲတဲ႔ဒဏ္ရာပိုး၀င္ခဲ႔တာမရွိ၊ခုကိုယ္၀န္မွာ ကေလးကလည္းတေယာက္တည္း၊ကေလးအရြယ္အစားၾကီးေနတာ၊အခ်င္းေရွ႕ေရာက္ေနတာ၊တင္ပဆံုစိုက္ေနတာ စသျဖင္႔လို မူမမွန္တာတခုခုလည္းမရွိဘူးဆိုရင္) ခုကိုယ္၀န္မွာ ရိုးရိုးေမြးလို႔ရပါတယ္။

သို႔ေသာ္ ေအာင္ျမင္မယ္လို႔ ေသခ်ာေျပာမရပါဘူး။

မေအာင္ျမင္တာလည္းျဖစ္နိုင္ပါတယ္။၇၀ရာခိုင္နႈန္းေလာက္ပဲေအာင္ျမင္နိုင္ေျခရွိပါတယ္။

ဒါ႔အျပင္ အေရးၾကီးဆံုးတခ်က္က အရင္တခါခြဲစိတ္ဖူးတဲ႔အမ်ိဳးသမီးေတြဟာ ခုကိုယ္၀န္မွာ ရိုးရိုးေမြးနိုင္တဲ႔အခ်က္ေတြနဲ႔ကိုက္ညီလို႔ ရိုးရိုးေမြးလို႔ရတယ္ဆိုရင္ေတာင္ အိမ္မွာလက္သည္နဲ႔ ေမြးလို႔မရပါဘူး။

ေဆးရံုတက္ေမြးဖို႔ လိုကိုလိုပါတယ္။ေဆးရံုေတာင္မွ အိုဂ်ီရွိျပီး ခြဲစိတ္ခန္း ခြဲစိတ္ကိရိယာ စမ္းသပ္စစ္ေဆးတဲ႔ကိရိယာျပည္႔ျပည္႔စံုစံုရွိ၊ေသြးသြင္းဖို႕ျပည္႔ျပည္႔စံုစံုရွိ၊အကူဆရာ၀န္ေတြလံုလံုေလာက္ေလာက္ရွိေသာ ေဆးရံုမ်ိဳးကိုတက္ေမြးဖို႔လိုပါတယ္။

ဘာလို႔လဲဆိုေတာ႔ ရိုးရိုးေမြးေနစဥ္မွာ အခန္႔မသင္႔ရင္ အရင္ခြဲတဲ႔အမာရြတ္ေနရာကေန ကြဲထြက္ျပီး သားအိမ္ကြဲတာ(Uterine Rupture)ျဖစ္နိုင္လို႔ပါ။အဲ႔အခါက် အခ်ိန္မွီမခြဲနိုင္ရင္ ကေလးအဖတ္မတင္တာ၊ေသြးဆင္းမ်ားျပီး သားအိမ္ထုတ္ရတာ၊အေမပါ အသက္အႏၱရာယ္ထိခိုက္တာေတြျဖစ္နိုင္လို႔ပါ။

ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔ေျပာရရင္ တခါခြဲဗိုက္ခြဲေမြးတဲ႔သူေတြ ေနာက္တခါကိုယ္၀န္ေဆာင္တဲ႔အခါ ရိုးရိုးေမြးနိုင္ေျခမ်ားတဲ႔အခ်က္ေတြနဲ႔ကိုက္ညီလို႔ ရိုးရိုးေမြးမယ္ဆိုရင္ ေဆးရံုတက္္ေမြးပါ လို႔ အေလးအနက္ထားအၾကံေပးခ်င္ပါတယ္။

 

Dr 528

Unicode Version

ဗိုက်ခွဲမွေးဖူးတဲ့အမျိုးသမီးတွေ  နောက်တကြိမ်ရိုးရိုးမွေးလို့ရမလား

ဒီမေးခွန်းဟာ တခါဗိုက်ခွဲမွေးထားတဲ့အမျိုးသမီးတွေ နောက်တကြိမ်ကိုယ်ဝန်ရှိတဲ့အခါ အမေးများတဲ့မေးခွန်းဖြစ်ပါတယ်။

ဒီမေးခွန်းဟာဖြေရခက်ပါတယ်။ဘာလို့လဲဆိုတော့ တခါဗိုက်ခွဲမွေးထားရင် နောက်တကြိမ်ကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ရမရဆိုတာ အောက်ပါအချက်တွေပေါ်မူတည်လို့ပါ။

၁။အရင်တခါကခွဲမွေးခဲ့ရတဲ့အကြောင်း

အရင်ကိုယ်ဝန်ဆောင်စဉ်သွေးတိုးလို့၊အချင်းရှေ့ရောက်လို့ခွဲခဲ့ရတာမျိုးဆိုရင် ခုကိုယ်ဝန်မှာဒါတွေကဖြစ်ချင်မှ ဖြစ်မှာဖြစ်တဲ့အတွက် ခုကိုယ်ဝန်က ရိုးရိုးမွေးလို့ရနိုင်ခြေများပါတယ်။

သို့သော် တင်ပဆုံရိုးကွင်းကကျဉ်းလို့ခွဲမွေးခဲ့ရတာဆိုရင်တော့ ခုကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ခွဲမွေးရဖို့များပါတယ်။ဘာလို့လဲဆိုတော့ တင်ပဆုံရိုးကွင်းက ကျယ်လာနိုင်စရာအကြောင်းမရှိလို့ပါ။

၂။ဘယ်အချိန်မှာခွဲမွေးခဲ့တာလဲ

နေ့စေ့လစေ့လို့ခွဲမွေးတာလား သို့မဟုတ် အကြောင်းတခုခုကြောင့် လမစေ့ဘဲနဲ့ခွဲမွေးလိုက်ရတာလား ကိုဆိုလိုတာပါ။

နေ့စေ့လစေ့လို့ခွဲမွေးရတာဆိုရင် ခွဲတဲ့အမာရွတ်က ချက်အောင် ဆီးခုံနေရာမှာ အလျားလိုက်ရှိတဲ့အမာရွတ်(LSCS scar)ဖြစ်ဖို့များပြီး လမစေ့ဘဲနဲ့ခွဲမွေးတာဆိုရင်တော့ ခွဲတဲ့အမာရွတ်က ချက်နေရာမှာ ဒေါင်လိုက်ဖြတ်ရှိတဲ့အမာရွတ်(Classical scar)ဖြစ်ဖို့များပါတယ်။

ခွဲတဲ့အမာရွတ်က ချက်နေရာမှ ဒေါင်လိုက်ဖြတ်ရှိတဲ့အမာရွတ်(Classical scar)ဖြစ်ရင်တော့ ခုကိုယ်ဝန်မှာ ခွဲမွေးရဖို့များပြီး ဆီးခုံနေရာမှာ အလျားလိုက်ရှိတဲ့အမာရွတ်(LSCS scar)ဆိုရင်တော့ ခုကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ရနိုင်ခြေများပါတယ်။

၃။အရင်တခါခွဲမွေးတုန်းက မီးတွင်းကာလအခြေအနေ

အရင်မီးတွင်းကာလမှာ ဖျားတာ၊ခွဲတဲ့ဒဏ်ရာကနေပိုးဝင်တာတွေရှိခဲ့ရင် ခွဲတဲ့အမာရွတ်က ကောင်းကောင်းမကျက်တာဖြစ်နိုင်ပါတယ်။အဲ့လိုဖြစ်ရင်ကျ ခုကိုယ်ဝန်မှာ ရိုးရိုးမွေးလို့မရနိုင်ဘဲ ခွဲမွေးရနိုင်ခြေများပါတယ်။

၄။လက်ရှိကိုယ်ဝန်အခြေအနေ

လက်ရှိကိုယ်ဝန်မှာ ကလေးကတယောက်တည်းမဟုတ်ဘဲအမြွှာဖြစ်နေတာ၊ကလေးကကြီးနေတာ၊အမေက သွေးတအားတိုးနေတာ၊ကလေးအနေထားက ခေါင်းအောက်စိုက်မဟုတ်ဘဲ တင်ပဆုံစိုက်အနေအထားဖြစ်နေတာ၊အချင်းရှေ့ရောက်နေတာ စသဖြင့်မူမမှန်တာတွေရှိရင်

ခုကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရင်ခွဲထားတဲ့အမာရွတ်ကနာတာရှိရင် ခွဲမွေးရနိုင်ခြေများပါတယ်။

အဲ့လိုတွေမရှိဘူးဆိုရင်တော့ ရိုးရိုးမွေးနိုင်ခြေများပါတယ်။

ခုဖော်ပြပါ၄ချက်ထဲက ခွဲမွေးရနိုင်ခြေများတဲ့အချက်တွေမရှိဘဲ ရိုးရိုးမွေးနိုင်ခြေများတဲ့အချက်တွေနဲ့ပြည့်စုံရင်

(ဆိုလိုတာကအရင်တခါခွဲရတာကလည်းတင်ပဆုံရိုးကွင်းကျဉ်းလို့မဟုတ်၊ခွဲတာကလည်းနေ့စေ့လစေ့၊ခွဲတဲ့အမာရွတ်ကလည်း ချက်အောက်မှာအလျားလိုက်အမာရွတ်(LSCS scar)၊အရင်မီးတွင်းကာလမှာလည်း ဖျားတာ၊ခွဲတဲ့ဒဏ်ရာပိုးဝင်ခဲ့တာမရှိ၊ခုကိုယ်ဝန်မှာ ကလေးကလည်းတယောက်တည်း၊ကလေးအရွယ်အစားကြီးနေတာ၊အချင်းရှေ့ရောက်နေတာ၊တင်ပဆုံစိုက်နေတာ စသဖြင့်လို မူမမှန်တာတခုခုလည်းမရှိဘူးဆိုရင်) ခုကိုယ်ဝန်မှာ ရိုးရိုးမွေးလို့ရပါတယ်။

သို့သော် အောင်မြင်မယ်လို့ သေချာပြောမရပါဘူး။

မအောင်မြင်တာလည်းဖြစ်နိုင်ပါတယ်။၇၀ရာခိုင်နှုန်းလောက်ပဲအောင်မြင်နိုင်ခြေရှိပါတယ်။

ဒါ့အပြင် အရေးကြီးဆုံးတချက်က အရင်တခါခွဲစိတ်ဖူးတဲ့အမျိုးသမီးတွေဟာ ခုကိုယ်ဝန်မှာ ရိုးရိုးမွေးနိုင်တဲ့အချက်တွေနဲ့ကိုက်ညီလို့ ရိုးရိုးမွေးလို့ရတယ်ဆိုရင်တောင် အိမ်မှာလက်သည်နဲ့ မွေးလို့မရပါဘူး။

ဆေးရုံတက်မွေးဖို့ လိုကိုလိုပါတယ်။ဆေးရုံတောင်မှ အိုဂျီရှိပြီး ခွဲစိတ်ခန်း ခွဲစိတ်ကိရိယာ စမ်းသပ်စစ်ဆေးတဲ့ကိရိယာပြည့်ပြည့်စုံစုံရှိ၊သွေးသွင်းဖို့ပြည့်ပြည့်စုံစုံရှိ၊အကူဆရာဝန်တွေလုံလုံလောက်လောက်ရှိသော ဆေးရုံမျိုးကိုတက်မွေးဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ရိုးရိုးမွေးနေစဉ်မှာ အခန့်မသင့်ရင် အရင်ခွဲတဲ့အမာရွတ်နေရာကနေ ကွဲထွက်ပြီး သားအိမ်ကွဲတာ(Uterine Rupture)ဖြစ်နိုင်လို့ပါ။အဲ့အခါကျ အချိန်မှီမခွဲနိုင်ရင် ကလေးအဖတ်မတင်တာ၊သွေးဆင်းများပြီး သားအိမ်ထုတ်ရတာ၊အမေပါ အသက်အန္တရာယ်ထိခိုက်တာတွေဖြစ်နိုင်လို့ပါ။

ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောရရင် တခါခွဲဗိုက်ခွဲမွေးတဲ့သူတွေ နောက်တခါကိုယ်ဝန်ဆောင်တဲ့အခါ ရိုးရိုးမွေးနိုင်ခြေများတဲ့အချက်တွေနဲ့ကိုက်ညီလို့ ရိုးရိုးမွေးမယ်ဆိုရင် ဆေးရုံတက်မွေးပါ လို့ အလေးအနက်ထားအကြံပေးချင်ပါတယ်။

Dr 528